HomeEntertainmentFilmJohn Wick ဇာတ်ကားရဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာဖြစ်ရပ်များ 

John Wick ဇာတ်ကားရဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာဖြစ်ရပ်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

John Wick ဟာ အက်ရှင်ဇာတ်ကား နှစ်သက်သူတွေ အသည်းစွဲရတဲ့ franchise တစ်ခုဖြစ်ပြီး အောင်မြင်မှုတွေလည်း အကြီးအကျယ် ရရှိထားပါတယ်။ ခွေးချစ်သူ လုပ်ကြံရေးသမားဟောင်းတစ်ယောက်ရဲ့ ကလဲ့စားချေမှုမှာ နစ်မျောခဲ့ရတဲ့ ပရိသတ်တွေအနေနဲ့ ရိုက်ကွင်းနောက်ကွယ်က အားထုတ်မှုတွေကိုပါ သိလိုက်ရရင် ဒီဇာတ်ကားကို ပိုပြီးနှစ်သက်မိလာမှာ မလွဲပါပဲ။ ဒါကြောင့် John Wick ဇာတ်ကားတွေရဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာဖြစ်ရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

John Wick ရဲ့ အတိတ်နောက်ကြောင်း
Photo via IMDb

John Wick ဇာတ်ကားမှာဆိုရင် ပရိသတ်တွေကို သူ့ရဲ့ဘဝအကြောင်းတွေ၊ နောက်ခံဖြစ်ရပ်တွေ ဘာကိုမှ မရှင်းပြဘဲနဲ့ ခပ်မြန်မြန်ပဲ သူ့ရဲ့ကြေးစားလုပ်ကြံရေးသမားတွေရဲ့ ကမ္ဘာထဲကို ခေါ်သွားခံခဲ့ရပါတယ်။ ဇာတ်ကားအစမှာဆိုရင် ဇနီးဖြစ်သူကို ဆုံးရှုံးထားရပြီး သူ့ဘဝကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ကိုသာ တွေ့မြင်ခဲ့ကြရပါတယ်။ ပရိသတ်တွေ မသိကြရတာကတော့ အဲ့ဒီ့လူရဲ့ အတိတ်ဇာတ်ကြောင်း၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာပါပဲ။

မူလတုန်းက John Wick ပထမဇာတ်ကားရဲ့ အစပိုင်းမှာ သူ့ရဲ့အတိတ်နဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းပြထားတာ၊ နောက်ကြောင်းပြန်ပြထားတာတွေကို ထည့်သွင်းခဲ့ပါသေးတယ်။ သို့ပေမယ့် နောက်ပိုင်းမှာတော့ ပရိသတ်တွေအတွက် John Wick ဟာ အသိရခက်တဲ့ လူတစ်ယောက် ဖြစ်နေတာ ပိုကောင်းတယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်လုပ်သူတွေက နောက်ကြောင်းပြန် ပြကွက်တွေကို ဖြုတ်ပစ်ခဲ့ကြပါတယ်။

ဒေါ်လာငါးထောင်တန် ခွေးမစင်ပုံ
©David Lee/ Summit Entertainment

John Wick ဇာတ်ကားရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကတော့ သူ့ရဲ့ခွေးလေးပဲ ဖြစ်ပါတယ်။ ဒီချစ်စရာခွေးလေးကြောင့် ကြေကွဲဝမ်းနည်းနေရတဲ့ သူ့ဘဝမှာ ဖြေသိမ့်ရာတစ်ခု ရနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် ခွေးလေးရဲ့ ဝမ်းနည်းစရာ သေဆုံးသွားမှုဟာ သူ့အတွက် အကြမ်းတမ်းဆုံး ကလဲ့စားချေမှုတွေကို ဖန်တီးစေခဲ့ပါတယ်။

ပထမဇာတ်ကားရဲ့ အစောပိုင်းအခန်းတွေမှာ John Wick တစ်ယောက် ခွေးလေးရဲ့ မစင်တွေကို ရှင်းလင်း သန့်ရှင်းရေး လုပ်နေတာကို မြင်တွေ့ခဲ့ကြရပါတယ်။ ရိုးရှင်းတယ်လို့ ထင်ရတဲ့ ဒီဇာတ်ဝင်ခန်းလေးအတွက် ပိုက်ဆံအတော်လေး ကုန်ကျခဲ့ပါတယ်။ အကြောင်းကတော့ ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ ခွေးလေးကို ဝမ်းနှုတ်ဆေးတိုက်ဖို့ ခွင့်ပြုချက် မရရှိသလို သူ့အလိုလို မစင်စွန့်လာမယ့်အချိန်ကိုလည်း မစောင့်နိုင်တာကြောင့် ခွေးရဲ့မစင်ပုံအတွက် CGI သုံးပြီးတော့ ဖန်တီးခဲ့ရပါတယ်။ အဲ့ဒီ့အတွက် ကုန်ကျငွေကတော့ ဒေါ်လာငါးထောင်ခန့် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Long Take နဲ့ Keanu Reeves ရဲ့ ပရိုဆန်မှု
©David Lee/ Summit Entertainment

ရုပ်ရှင်ထုတ်လုပ်သူတွေဟာ John Wick ဇာတ်ကားနဲ့ ပတ်သက်လို့ အမှတ်တရတွေကို ပြောပြခဲ့ရာမှာ မင်းသား Keanu Reeves ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေကိုလည်း အသိအမှတ်ပြု၊ ချီးမွမ်းခဲ့ကြပါတယ်။ မင်းသားရဲ့ အလုပ်အပေါ် အာရုံစိုက်ပြီး နှစ်မြုပ်မှုကြောင့်သာ သူတို့လိုချင်တဲ့ အတိုင်းအတာအထိ ရရှိခဲ့တာပါလို့ ဆိုခဲ့ကြပါတယ်။ အထူးသဖြင့် long take လို့ခေါ်တဲ့ တစ်ဆက်တည်း တောက်လျှောက် ရိုက်ကူးရတဲ့ အက်ရှင်ခန်းတွေမှာ ပိုပြီးသိသာတယ်လို့ ရုပ်ရှင်ထုတ်လုပ်သူတွေက ဆိုထားပါတယ်။

John Wick ဇာတ်ကားကို လူကြိုက်များစေတဲ့ အချက်တစ်ခုကတော့ အက်ရှင်ခန်းတွေကို တစ်ကဒ်နဲ့ တစ်ကဒ် ဖြတ်ညှပ်ကပ် မလုပ်ဘဲ တစ်ခန်းလုံးကို တောက်လျှောက် ရိုက်ကူးသွားတာတွေက ကြည့်ရှုသူတွေအတွက် ရင်သပ်ရှုမောဖွယ် ဖြစ်စေပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ အဆိုအရ သရုပ်ဆောင်မကောင်းတဲ့ လူတွေဆိုရင် ဒီလို long take တွေမှာ အမှားတွေ ပါလေ့ရှိလို့ ဖြတ်ထုတ်ရတာမျိုးတွေ ရှိပေမယ့် Keanu Reeves ကတော့ အမှားမရှိသလောက်နဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တုပ်ကွေးနဲ့ ဖျားနေရင်း ရိုက်ကူးခဲ့တဲ့ အက်ရှင်ခန်းများ
Photo via IMDb

မင်းသား Keanu Reeves မှာ နာမည်ကြီး အက်ရှင်ဇာတ်ရုပ်များစွာ ရှိခဲ့ပါတယ်။ သို့ပေမယ့် John Wick ကတော့ သူ့ရဲ့အထင်ကရ အဖြစ်ဆုံး အက်ရှင်ဇာတ်ရုပ်လို့ ပြောရမှာပါ။ သူဟာ ဒီဇာတ်ကောင်နဲ့ အံဝင်ခွင်ကျ ဖြစ်နေသလို အပိုအလိုမရှိ ကာရိုက်တာနဲ့ လိုက်ဖက်နေတာလည်း ဖြစ်ပါတယ်။ John Wick ဇာတ်ကားမှာဆိုရင်လည်း Keanu ဟာ စတန့်ပြကွက် အများစုကို သူကိုယ်တိုင် ပြုလုပ်ခဲ့တာပါ။ သို့ပေမယ့် သူ့ဇာတ်ကောင်အပေါ်မှာ ဘယ်လောက်ထိ စိတ်မြှုပ်နှံထားလည်းဆိုတာကတော့ အများစု ထင်ထားတာထက် ပိုပါတယ်။

John Wick ပထမဇာတ်ကားရဲ့ ကလပ်ထဲမှာ တိုက်ခိုက်ခဲ့တဲ့ အက်ရှင်ခန်းတွေအတွက် ရိုက်ကူးချိန်ဟာ အချိန်နှစ်ရက်သာ ရရှိခဲ့ပါတယ်။ အဲ့ဒီ့နှစ်ရက်စလုံးမှာ Keanu ဟာ တုပ်ကွေးမိပြီး ဖျားနေခဲ့တာ ဖြစ်ပါတယ်။ သာမန်အလုပ်က လူတွေဆိုရင်တောင် တုပ်ကွေးနဲ့ဖျားရင် ခွင့်ယူပြီး အနားယူတတ်ကြပေမယ့် Keanu ကတော့ အဖျားကြီးနဲ့တောင် တစ်ချက်မနားဘဲ ရိုက်ကူးခဲ့တဲ့အပြင် စတန့်တွေကိုပါ သူကိုယ်တိုင် ပြုလုပ်ခဲ့ပါသေးတယ်။

ဒါကတော့ နာမည်ကြီးအက်ရှင်ဇာတ်ကား John Wick နဲ့ ပတ်သက်တဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာ ဖြစ်ရပ်အချို့ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

John Wick ဟာ အက္ရွင္ဇာတ္ကား ႏွစ္သက္သူေတြ အသည္းစြဲရတဲ့ franchise တစ္ခုျဖစ္ၿပီး ေအာင္ျမင္မႈေတြလည္း အႀကီးအက်ယ္ ရရွိထားပါတယ္။ ေခြးခ်စ္သူ လုပ္ႀကံေရးသမားေဟာင္းတစ္ေယာက္ရဲ႕ ကလဲ့စားေခ်မႈမွာ နစ္ေမ်ာခဲ့ရတဲ့ ပရိသတ္ေတြအေနနဲ႔ ႐ိုက္ကြင္းေနာက္ကြယ္က အားထုတ္မႈေတြကိုပါ သိလိုက္ရရင္ ဒီဇာတ္ကားကို ပိုၿပီးႏွစ္သက္မိလာမွာ မလြဲပါပဲ။ ဒါေၾကာင့္ John Wick ဇာတ္ကားေတြရဲ႕ ႐ိုက္ကြင္းေနာက္ကြယ္က စိတ္ဝင္စားစရာျဖစ္ရပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

John Wick ရဲ႕ အတိတ္ေနာက္ေၾကာင္း
Photo via IMDb

John Wick ဇာတ္ကားမွာဆိုရင္ ပရိသတ္ေတြကို သူ႔ရဲ႕ဘဝအေၾကာင္းေတြ၊ ေနာက္ခံျဖစ္ရပ္ေတြ ဘာကိုမွ မရွင္းျပဘဲနဲ႔ ခပ္ျမန္ျမန္ပဲ သူ႔ရဲ႕ေၾကးစားလုပ္ႀကံေရးသမားေတြရဲ႕ ကမာၻထဲကို ေခၚသြားခံခဲ့ရပါတယ္။ ဇာတ္ကားအစမွာဆိုရင္ ဇနီးျဖစ္သူကို ဆုံးရႈံးထားရၿပီး သူ႔ဘဝကို ျပန္လည္ထူေထာင္ဖို႔ ႀကိဳးစားေနတဲ့ လူတစ္ေယာက္ကိုသာ ေတြ႕ျမင္ခဲ့ၾကရပါတယ္။ ပရိသတ္ေတြ မသိၾကရတာကေတာ့ အဲ့ဒီ့လူရဲ႕ အတိတ္ဇာတ္ေၾကာင္း၊ ဘာေတြျဖစ္ခဲ့တယ္ဆိုတာပါပဲ။

မူလတုန္းက John Wick ပထမဇာတ္ကားရဲ႕ အစပိုင္းမွာ သူ႔ရဲ႕အတိတ္နဲ႔ ပတ္သက္ၿပီး အနည္းငယ္ ရွင္းျပထားတာ၊ ေနာက္ေၾကာင္းျပန္ျပထားတာေတြကို ထည့္သြင္းခဲ့ပါေသးတယ္။ သို႔ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပရိသတ္ေတြအတြက္ John Wick ဟာ အသိရခက္တဲ့ လူတစ္ေယာက္ ျဖစ္ေနတာ ပိုေကာင္းတယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္နဲ႔ ထုတ္လုပ္သူေတြက ေနာက္ေၾကာင္းျပန္ ျပကြက္ေတြကို ျဖဳတ္ပစ္ခဲ့ၾကပါတယ္။

ေဒၚလာငါးေထာင္တန္ ေခြးမစင္ပုံ
©David Lee/ Summit Entertainment

John Wick ဇာတ္ကားရဲ႕ အဓိကက်တဲ့ အခန္းက႑မွာ ပါဝင္ေနတာကေတာ့ သူ႔ရဲ႕ေခြးေလးပဲ ျဖစ္ပါတယ္။ ဒီခ်စ္စရာေခြးေလးေၾကာင့္ ေၾကကြဲဝမ္းနည္းေနရတဲ့ သူ႔ဘဝမွာ ေျဖသိမ့္ရာတစ္ခု ရေနတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ေခြးေလးရဲ႕ ဝမ္းနည္းစရာ ေသဆုံးသြားမႈဟာ သူ႔အတြက္ အၾကမ္းတမ္းဆုံး ကလဲ့စားေခ်မႈေတြကို ဖန္တီးေစခဲ့ပါတယ္။

ပထမဇာတ္ကားရဲ႕ အေစာပိုင္းအခန္းေတြမွာ John Wick တစ္ေယာက္ ေခြးေလးရဲ႕ မစင္ေတြကို ရွင္းလင္း သန႔္ရွင္းေရး လုပ္ေနတာကို ျမင္ေတြ႕ခဲ့ၾကရပါတယ္။ ႐ိုးရွင္းတယ္လို႔ ထင္ရတဲ့ ဒီဇာတ္ဝင္ခန္းေလးအတြက္ ပိုက္ဆံအေတာ္ေလး ကုန္က်ခဲ့ပါတယ္။ အေၾကာင္းကေတာ့ ႐ုပ္ရွင္ထုတ္လုပ္သူေတြအေနနဲ႔ ေခြးေလးကို ဝမ္းႏႈတ္ေဆးတိုက္ဖို႔ ခြင့္ျပဳခ်က္ မရရွိသလို သူ႔အလိုလို မစင္စြန႔္လာမယ့္အခ်ိန္ကိုလည္း မေစာင့္ႏိုင္တာေၾကာင့္ ေခြးရဲ႕မစင္ပုံအတြက္ CGI သုံးၿပီးေတာ့ ဖန္တီးခဲ့ရပါတယ္။ အဲ့ဒီ့အတြက္ ကုန္က်ေငြကေတာ့ ေဒၚလာငါးေထာင္ခန႔္ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

Long Take နဲ႔ Keanu Reeves ရဲ႕ ပ႐ိုဆန္မႈ
©David Lee/ Summit Entertainment

႐ုပ္ရွင္ထုတ္လုပ္သူေတြဟာ John Wick ဇာတ္ကားနဲ႔ ပတ္သက္လို႔ အမွတ္တရေတြကို ေျပာျပခဲ့ရာမွာ မင္းသား Keanu Reeves ရဲ႕ ပေရာ္ဖက္ရွင္နယ္ဆန္မႈနဲ႔ အေကာင္းဆုံး ႀကိဳးစားအားထုတ္မႈေတြကိုလည္း အသိအမွတ္ျပဳ၊ ခ်ီးမြမ္းခဲ့ၾကပါတယ္။ မင္းသားရဲ႕ အလုပ္အေပၚ အာ႐ုံစိုက္ၿပီး ႏွစ္ျမဳပ္မႈေၾကာင့္သာ သူတို႔လိုခ်င္တဲ့ အတိုင္းအတာအထိ ရရွိခဲ့တာပါလို႔ ဆိုခဲ့ၾကပါတယ္။ အထူးသျဖင့္ long take လို႔ေခၚတဲ့ တစ္ဆက္တည္း ေတာက္ေလွ်ာက္ ႐ိုက္ကူးရတဲ့ အက္ရွင္ခန္းေတြမွာ ပိုၿပီးသိသာတယ္လို႔ ႐ုပ္ရွင္ထုတ္လုပ္သူေတြက ဆိုထားပါတယ္။

John Wick ဇာတ္ကားကို လူႀကိဳက္မ်ားေစတဲ့ အခ်က္တစ္ခုကေတာ့ အက္ရွင္ခန္းေတြကို တစ္ကဒ္နဲ႔ တစ္ကဒ္ ျဖတ္ညႇပ္ကပ္ မလုပ္ဘဲ တစ္ခန္းလုံးကို ေတာက္ေလွ်ာက္ ႐ိုက္ကူးသြားတာေတြက ၾကည့္ရႈသူေတြအတြက္ ရင္သပ္ရႈေမာဖြယ္ ျဖစ္ေစပါတယ္။ ႐ုပ္ရွင္ထုတ္လုပ္သူေတြရဲ႕ အဆိုအရ သ႐ုပ္ေဆာင္မေကာင္းတဲ့ လူေတြဆိုရင္ ဒီလို long take ေတြမွာ အမွားေတြ ပါေလ့ရွိလို႔ ျဖတ္ထုတ္ရတာမ်ိဳးေတြ ရွိေပမယ့္ Keanu Reeves ကေတာ့ အမွားမရွိသေလာက္နဲ႔ အေကာင္းဆုံး လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

တုပ္ေကြးနဲ႔ ဖ်ားေနရင္း ႐ိုက္ကူးခဲ့တဲ့ အက္ရွင္ခန္းမ်ား
Photo via IMDb

မင္းသား Keanu Reeves မွာ နာမည္ႀကီး အက္ရွင္ဇာတ္႐ုပ္မ်ားစြာ ရွိခဲ့ပါတယ္။ သို႔ေပမယ့္ John Wick ကေတာ့ သူ႔ရဲ႕အထင္ကရ အျဖစ္ဆုံး အက္ရွင္ဇာတ္႐ုပ္လို႔ ေျပာရမွာပါ။ သူဟာ ဒီဇာတ္ေကာင္နဲ႔ အံဝင္ခြင္က် ျဖစ္ေနသလို အပိုအလိုမရွိ ကာ႐ိုက္တာနဲ႔ လိုက္ဖက္ေနတာလည္း ျဖစ္ပါတယ္။ John Wick ဇာတ္ကားမွာဆိုရင္လည္း Keanu ဟာ စတန႔္ျပကြက္ အမ်ားစုကို သူကိုယ္တိုင္ ျပဳလုပ္ခဲ့တာပါ။ သို႔ေပမယ့္ သူ႔ဇာတ္ေကာင္အေပၚမွာ ဘယ္ေလာက္ထိ စိတ္ျမႇဳပ္ႏွံထားလည္းဆိုတာကေတာ့ အမ်ားစု ထင္ထားတာထက္ ပိုပါတယ္။

John Wick ပထမဇာတ္ကားရဲ႕ ကလပ္ထဲမွာ တိုက္ခိုက္ခဲ့တဲ့ အက္ရွင္ခန္းေတြအတြက္ ႐ိုက္ကူးခ်ိန္ဟာ အခ်ိန္ႏွစ္ရက္သာ ရရွိခဲ့ပါတယ္။ အဲ့ဒီ့ႏွစ္ရက္စလုံးမွာ Keanu ဟာ တုပ္ေကြးမိၿပီး ဖ်ားေနခဲ့တာ ျဖစ္ပါတယ္။ သာမန္အလုပ္က လူေတြဆိုရင္ေတာင္ တုပ္ေကြးနဲ႔ဖ်ားရင္ ခြင့္ယူၿပီး အနားယူတတ္ၾကေပမယ့္ Keanu ကေတာ့ အဖ်ားႀကီးနဲ႔ေတာင္ တစ္ခ်က္မနားဘဲ ႐ိုက္ကူးခဲ့တဲ့အျပင္ စတန႔္ေတြကိုပါ သူကိုယ္တိုင္ ျပဳလုပ္ခဲ့ပါေသးတယ္။

ဒါကေတာ့ နာမည္ႀကီးအက္ရွင္ဇာတ္ကား John Wick နဲ႔ ပတ္သက္တဲ့ ႐ိုက္ကြင္းေနာက္ကြယ္က စိတ္ဝင္စားစရာ ျဖစ္ရပ္အခ်ိဳ႕ ျဖစ္ပါတယ္။ ဒီေဆာင္းပါးကို ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular