HomeEntertainmentFilmနှစ်ကုန်ပိုင်းမှာကြည့်ရှုရတော့မယ့် Percy Jackson and the Olympians ဇာတ်လမ်းတွဲ

နှစ်ကုန်ပိုင်းမှာကြည့်ရှုရတော့မယ့် Percy Jackson and the Olympians ဇာတ်လမ်းတွဲ

Disney+ က ထွက်ရှိလာမယ့် Percy Jackson and the Olympians ဇာတ်လမ်းတွဲရဲ့ ပထမဆုံးထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီထွေလာထဲမှာတော့ Ares ၊ Medusa နဲ့ Grover ရဲ့ Satyr (လူတစ်ပိုင်း ဆိတ်တစ်ပိုင်း) ခြေထောက်တို့ကို ပြသသွားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စာရေးဆရာ Rick Riordan ရဲ့ အရောင်းရဆုံးဖြစ်တဲ့ Percy Jackson စာအုပ်တွေကိုပဲ အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

photo credit Disney Studios

ဒီဇာတ်လမ်းတွဲထဲမှာတော့ Percy Jackson အနေနဲ့ Walker Scobell ၊ Annabeth အနေနဲ့ Leah Jeffries ၊ Grover အနေနဲ့ Aryan Simhadri တို့ ပါဝင်ထားပါတယ်။ Ares အနေနဲ့တော့ Adam Copeland က ပါဝင်ထားပြီး Jessica Parker Kennedy ကတော့ Medusa အနေနဲ့ ပါဝင်ထားပါတယ်။ ပထမဆုံး ထွက်လာတဲ့ ထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ဒီထွေလာထဲမှာတော့ Ares နဲ့ Medusa တို့နှစ်ယောက်ကိုပဲ ပြသခဲ့ပေမယ့် အခြားသော အရေးပါတဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Zeus ၊ Dionysus ၊ Hephaestus ၊ Poseidon နဲ့ Hades တို့လည်း ပါဝင်လာဦးမှာပါ။ ထွေလာထဲမှာ မြင်ရသလောက် ဆိုရင်တော့ Percy Jackson က သူ့ကိုယ်သူ့ Demigod တစ်ယောက‌ြဖြစ်ကြောင်း စတင်သိရပုံကနေ စွန့်စားခန်းတွေ ကြုံတွေ့ရတာကို ကြည့်ရှုရမယ်လို့ ယူဆရပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ အရင်ကထွက်ထားတဲ့ ရုပ်ရှင်နှစ်ကားထက် ဝတ္ထုထဲက အချက်အလက်တွေကို ပိုပြီးတိကျအောင် ဖန်တီးထားတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အရင်ကထွက်ခဲ့တဲ့ ရုပ်ရှင်နှစ်ကားကို ဝေဖန်ခဲ့တဲ့ စာရေးဆရာ Rick Riordan ကိုယ်တိုင်က ဒီဇာတ်လမ်းတွဲထဲမှာ Co-Creator ၊ Executive Producer နဲ့ ဇာတ်ညွှန်းရေးဆရာအဖြစ် ပါဝင်ထားလို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ လာမယ့်ဒီဇင်ဘာလ (၂၀)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular