HomeCelebs Update NewsInternationalDior brand နဲ့ ဒေါ်လာသန်းကျော်တန် ကြော်ငြာစာချုပ်ချုပ်လိုက်ရတဲ့ Johnny Depp

Dior brand နဲ့ ဒေါ်လာသန်းကျော်တန် ကြော်ငြာစာချုပ်ချုပ်လိုက်ရတဲ့ Johnny Depp

မင်းသားကြီး Johnny Depp ကတော့ သူ့ရဲ့ဇနီးဟောင်း Amber Heard နဲ့ အမှုအခင်းတွေကြား ဗျာများပြီး နာမည်ပျက်တွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်တည်းက Dior Brand ရဲ့ အားပေးမှုကို ဆက်တိုက်ဆိုသလို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မင်းသားကြီးဟာ Amber Heard နဲ့အမှုမှာ အနိုင်ရပြီး နာမည်ပျက်ကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်တာကြောင့် Dior ဟာ မင်းသားကြီးနဲ့ ဒေါ်လာသန်းကျော်တန်တဲ့ ကြော်ငြာစာချုပ်ကို ချုပ်ဆိုလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ မင်းသားကြီးဟာ Dior ရဲ့ နာမည်ကြီးရေမွှေး Sauvage cologne ရဲ့ ကိုယ်စားလှယ်အဖြစ် နှစ်နဲ့ချီ ဆောင်ရွက်ဖို့ စာချုပ်ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ သဘောတူစာချုပ်ရဲ့ တန်ဖိုးကတော့ ဒေါ်လာသန်းနဲ့ချီပြီး တန်ကြေးရှိတယ်လို့ ဆိုပါတယ်။

Photo: diorbeauty/ Instagram

တကယ်တော့ Dior ဟာ ၂၀၁၇ ခုနှစ်တည်းက Depp နဲ့ လက်တွဲလာခဲ့တာ ဖြစ်ပါတယ်။ အခုသဘောတူညီချက်ကိုတော့ Dior Beauty က သူတို့ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ မင်းသားကြီးရဲ့ ပါရီမြို့က ဖျော်ဖြေခဲ့တဲ့ပုံရိပ်ကို မျှဝေပြီး အတည်ပြုထားပါတယ်။ အဆိုပါ ပို့စ်အောက်မှာတော့ မင်းသားကြီးရဲ့ ပရိသတ်တွေဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး အခုနှစ်ပိုင်းတွေမှာ ဝေဖန်မှုတွေများစွာ ဖြစ်ပေါ်နေပေမယ့် မင်းသားကြီးနဲ့ လက်တွဲမဖြုတ်တဲ့အတွက် Dior ကိုလည်း ချီးကျူးနေကြပါတယ်။

Photo: jetmaghk/ Instagram

Depp ဟာ Dior ရဲ့ Sauvage ရေမွှေးကို ကြော်ငြာပေးလာခဲ့တာ ငါးနှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ မင်းသားကြီးရဲ့ အရှိန်အဝါကြောင့်ပဲ Dior Sauvage ရေမွှေးဟာလည်း ကမ္ဘာ့အရောင်းရဆုံး ရေမွှေးတွေထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ Depp တစ်ယောက် The Sun နဲ့အမှုကိစ္စမှာ ရှုံးနိမ့်ခဲ့ပြီး ပရောဂျက်များစွာ ရပ်ဆိုင်းခံခဲ့ရပေမယ့် Dior ကတော့ မင်းသားကြီးနဲ့ လုံးဝလက်တွဲမဖြုတ်ခဲ့တာ ယနေ့အထိတိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Depp နဲ့ Dior တို့ လက်တွဲပြီး ရှေ့အနာဂတ်မှာ ပိုမိုအောင်မြင်သွားဦးမယ်လို့ ယူဆရပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular