HomeCelebs Update NewsInternationalFantastic Beasts 3 အတွက် သရုပ်ဆောင်ကြေး သန်းဆယ်နဲ့ချီပြီး ရရှိဦးမယ့် Johnny Depp 

Fantastic Beasts 3 အတွက် သရုပ်ဆောင်ကြေး သန်းဆယ်နဲ့ချီပြီး ရရှိဦးမယ့် Johnny Depp 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားကြီး Johnny Depp ဟာ Fantastic Beasts 3 ဇာတ်ကားကနေ ထွက်ခွာသွားခဲ့ရပေမယ့် သူ့ရဲ့သရုပ်ဆောင်ကြေးကတော့ အပြည့်ရရှိမယ်လို့ သိရှိရပါတယ်။

Depp ဟာ The Sun သတင်းစာနဲ့ အမှုမှာ ရှုံးနိမ့်ခဲ့ပြီးနောက် Warner Bros. ရဲ့ တောင်းဆိုမှုကြောင့် Fantastic Beasts 3 ကနေ ထွက်ခွာသွားရပေမယ့် သူ့ရဲ့မူလသရုပ်ဆောင်ကြေးကိုတော့ အပြည့်အဝ ရရှိမှာဖြစ်တယ်လို့ The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိပါတယ်။ Warner Bros. နဲ့ သဘောတူထားတဲ့ Depp ရဲ့ မူလသရုပ်ဆောင်ကြေးကတော့ ဒေါ်လာ သန်းဆယ်ချီတယ်လို့ သိရပါတယ်။

Photo via IMDb

ဒီပြဿနာတွေ ဖြစ်မလာခင်က Warner Bros. နဲ့ Depp တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ စတူဒီယိုဘက်က သရုပ်ဆောင် ထပ်ရွေးသည်ဖြစ်စေ၊ ဇာတ်ကားကို ရပ်နားလိုက်သည်ဖြစ်စေ၊ ဒါမှမဟုတ် ရိုက်ကူးရေးကို အပြီးသတ် ရပ်ဆိုင်းလိုက်သည်ဖြစ်စေ မင်းသားကို သရုပ်ဆောင်ကြေး အပြည့်အဝ ပေးချေရမှာ ဖြစ်ပါတယ်။ သဘောကတော့ စတူဒီယိုဘက်က ဆုံးဖြတ်ချက်တစ်ခုခုကြောင့် အပြောင်းအလဲ ဖြစ်လာခဲ့မယ်ဆိုရင် စတူဒီယိုဘက်က သရုပ်ဆောင်ကြေးကို အပြည့်အဝ ပေးချေရမှာ ဖြစ်သလို သရုပ်ဆောင်ဘက်ကလည်း သူ့သဘောဆန္ဒနဲ့ ဒီရုပ်ရှင်က ထွက်သွားခဲ့မယ်ဆိုရင် စတူဒီယိုဘက်ကို ပြန်လည်လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။

Depp ကတော့ စက်တင်ဘာလ(၂၀)ရက်နေ့က ရိုက်ကူးရေး ပြန်စခဲ့တဲ့ Fantastic Beasts 3 အတွက် ဇာတ်ဝင်ခန်း တစ်ခန်းသာ ရိုက်ကူးရသေးတယ်လို့ သိရပါတယ်။

Photo via IMDb

Fantastic Beasts franchise ဟာ အဓိက သရုပ်ဆောင်နေရာအတွက် ကြေးမြင့်တဲ့ မင်းသားသုံးယောက်ကို သုံးစွဲထားတာ ဖြစ်ပါတယ်။ အဲ့ဒီ့သုံးယောက်ကတော့ Eddie Redmayne ၊ Jude Law နဲ့ Johnny Depp တို့ ဖြစ်ပါတယ်။ ယခုလာမယ့် တတိယမြောက် ဇာတ်ကားအတွက်ဆိုရင်တော့ Dumbledore နဲ့ Grindelwald တို့ကြားက ဇာတ်လမ်းဟာ အဓိက plot  ဖြစ်လာမယ်လို့ သိရပါတယ်။ သို့ပေမယ့် Depp က ယခုလို ထွက်ခွာသွားရတာကြောင့် စတူဒီယိုအနေနဲ့ နောက်ထပ် သရုပ်ဆောင်တစ်ယောက်ကို ပြန်လည်ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

Fantastic Beasts franchise ဟာ လက်ရှိမှာ နှစ်ကား ထွက်ရှိထားပြီးဖြစ်ကာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ (၁.၄)ဘီလျံခန့် ဝင်ငွေ ရရှိပြီး ဖြစ်ပါတယ်။ ပထမဇာတ်ကားဖြစ်တဲ့ Fantastic Beasts And Where To Find Them ဟာ box-office ဝင်ငွေ ဒေါ်လာ(၈၁၂.၅)သန်း ရရှိခဲ့ပြီး ဒုတိယဇာတ်ကားဖြစ်တဲ့ Fantastic Beasts: The Crimes of Grindelwald ကတော့ ဝင်ငွေ ဒေါ်လာ(၆၅၄.၉)သန်း ရရှိခဲ့ပါတယ်။

©Warner Bros.

Depp ဟာ နောက်ထပ် နာမည်ကြီး franchise တစ်ခုဖြစ်တဲ့ Pirates of the Caribbean ထဲမှာလည်း Captain Jack Sparrow အဖြစ် ကာလကြာရှည်စွာ ပါဝင်ခဲ့ပေမယ့် franchise တစ်ခုလုံးကို reboot ပြန်ရိုက်ဖို့ Disney က ဆွေးနွေးရာမှာတော့ သူ့ကို ပြန်လည်ရွေးချယ်ခြင်း မပြုဘဲ ငြင်းပယ်ခံခဲ့ရပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

မင္းသားႀကီး Johnny Depp ဟာ Fantastic Beasts 3 ဇာတ္ကားကေန ထြက္ခြာသြားခဲ့ရေပမယ့္ သူ႔ရဲ႕သ႐ုပ္ေဆာင္ေၾကးကေတာ့ အျပည့္ရရွိမယ္လို႔ သိရွိရပါတယ္။

Depp ဟာ The Sun သတင္းစာနဲ႔ အမႈမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ Warner Bros. ရဲ႕ ေတာင္းဆိုမႈေၾကာင့္ Fantastic Beasts 3 ကေန ထြက္ခြာသြားရေပမယ့္ သူ႔ရဲ႕မူလသ႐ုပ္ေဆာင္ေၾကးကိုေတာ့ အျပည့္အဝ ရရွိမွာျဖစ္တယ္လို႔ The Hollywood Reporter သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိပါတယ္။ Warner Bros. နဲ႔ သေဘာတူထားတဲ့ Depp ရဲ႕ မူလသ႐ုပ္ေဆာင္ေၾကးကေတာ့ ေဒၚလာ သန္းဆယ္ခ်ီတယ္လို႔ သိရပါတယ္။

Photo via IMDb

ဒီျပႆနာေတြ ျဖစ္မလာခင္က Warner Bros. နဲ႔ Depp တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ စတူဒီယိုဘက္က သ႐ုပ္ေဆာင္ ထပ္ေ႐ြးသည္ျဖစ္ေစ၊ ဇာတ္ကားကို ရပ္နားလိုက္သည္ျဖစ္ေစ၊ ဒါမွမဟုတ္ ႐ိုက္ကူးေရးကို အၿပီးသတ္ ရပ္ဆိုင္းလိုက္သည္ျဖစ္ေစ မင္းသားကို သ႐ုပ္ေဆာင္ေၾကး အျပည့္အဝ ေပးေခ်ရမွာ ျဖစ္ပါတယ္။ သေဘာကေတာ့ စတူဒီယိုဘက္က ဆုံးျဖတ္ခ်က္တစ္ခုခုေၾကာင့္ အေျပာင္းအလဲ ျဖစ္လာခဲ့မယ္ဆိုရင္ စတူဒီယိုဘက္က သ႐ုပ္ေဆာင္ေၾကးကို အျပည့္အဝ ေပးေခ်ရမွာ ျဖစ္သလို သ႐ုပ္ေဆာင္ဘက္ကလည္း သူ႔သေဘာဆႏၵနဲ႔ ဒီ႐ုပ္ရွင္က ထြက္သြားခဲ့မယ္ဆိုရင္ စတူဒီယိုဘက္ကို ျပန္လည္ေလ်ာ္ေၾကးေပးရမွာ ျဖစ္ပါတယ္။

Depp ကေတာ့ စက္တင္ဘာလ(၂၀)ရက္ေန႔က ႐ိုက္ကူးေရး ျပန္စခဲ့တဲ့ Fantastic Beasts 3 အတြက္ ဇာတ္ဝင္ခန္း တစ္ခန္းသာ ႐ိုက္ကူးရေသးတယ္လို႔ သိရပါတယ္။

Photo via IMDb

Fantastic Beasts franchise ဟာ အဓိက သ႐ုပ္ေဆာင္ေနရာအတြက္ ေၾကးျမင့္တဲ့ မင္းသားသုံးေယာက္ကို သုံးစြဲထားတာ ျဖစ္ပါတယ္။ အဲ့ဒီ့သုံးေယာက္ကေတာ့ Eddie Redmayne ၊ Jude Law နဲ႔ Johnny Depp တို႔ ျဖစ္ပါတယ္။ ယခုလာမယ့္ တတိယေျမာက္ ဇာတ္ကားအတြက္ဆိုရင္ေတာ့ Dumbledore နဲ႔ Grindelwald တို႔ၾကားက ဇာတ္လမ္းဟာ အဓိက plot  ျဖစ္လာမယ္လို႔ သိရပါတယ္။ သို႔ေပမယ့္ Depp က ယခုလို ထြက္ခြာသြားရတာေၾကာင့္ စတူဒီယိုအေနနဲ႔ ေနာက္ထပ္ သ႐ုပ္ေဆာင္တစ္ေယာက္ကို ျပန္လည္ေ႐ြးခ်ယ္ရေတာ့မွာ ျဖစ္ပါတယ္။

Fantastic Beasts franchise ဟာ လက္ရွိမွာ ႏွစ္ကား ထြက္ရွိထားၿပီးျဖစ္ကာ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ေဒၚလာ (၁.၄)ဘီလ်ံခန႔္ ဝင္ေငြ ရရွိၿပီး ျဖစ္ပါတယ္။ ပထမဇာတ္ကားျဖစ္တဲ့ Fantastic Beasts And Where To Find Them ဟာ box-office ဝင္ေငြ ေဒၚလာ(၈၁၂.၅)သန္း ရရွိခဲ့ၿပီး ဒုတိယဇာတ္ကားျဖစ္တဲ့ Fantastic Beasts: The Crimes of Grindelwald ကေတာ့ ဝင္ေငြ ေဒၚလာ(၆၅၄.၉)သန္း ရရွိခဲ့ပါတယ္။

©Warner Bros.

Depp ဟာ ေနာက္ထပ္ နာမည္ႀကီး franchise တစ္ခုျဖစ္တဲ့ Pirates of the Caribbean ထဲမွာလည္း Captain Jack Sparrow အျဖစ္ ကာလၾကာရွည္စြာ ပါဝင္ခဲ့ေပမယ့္ franchise တစ္ခုလုံးကို reboot ျပန္႐ိုက္ဖို႔ Disney က ေဆြးေႏြးရာမွာေတာ့ သူ႔ကို ျပန္လည္ေ႐ြးခ်ယ္ျခင္း မျပဳဘဲ ျငင္းပယ္ခံခဲ့ရပါတယ္။

Glasgow

Source: indian express

 

RELATED ARTICLES

Most Popular