HomeEntertainmentFilmJoker 2 ထဲမှာ မြင်တွေ့ရနိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်များ (Fan Theory)

Joker 2 ထဲမှာ မြင်တွေ့ရနိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်များ (Fan Theory)

မကြာသေးခင်အချိန်ကပဲ ဒါရိုက်တာ Todd Philips ဟာ Joker 2 အတွက် ဇာတ်ညွှန်းရေးပြီးသွားတဲ့အကြောင်း အသိပေးထားပြီး Joker 2 ထွက်ရှိလာမယ်လို့လည်း အတည်ပြုပေးထားပါတယ်။ Joker 2 ရဲ့ ဇာတ်လမ်းအမည်ကတော့ Joker: Folie a Deux လို့ သိရပြီး ဘာသာပြန်လိုက်ရင်တော့ လူနှစ်ယောက်ရဲ့ ရူးသွပ်မှုလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Joker 2 ရဲ့ခေါင်းစဉ်ကို ကြည့်ပြီး ဒီရုပ်ရှင်ထဲမှာ ဘယ်လိုဇာတ်လမ်းတွေ ပါဝင်လာနိုင်တယ်ဆိုတဲ့ သီအိုရီတချို့ကို ဖော်ပြပေးချင်ပါတယ်။

(1) Son of Joker

photo via screenrant

ဒီသီအိုရီကတော့ Sequel ထဲမှာ Joker ရဲ့သား ပါဝင်လာမယ်လို့ ဆိုပါတယ်။ Harley Quinn: Old Lady Harley ဆိုတဲ့ ကောမစ်ထဲမှာတော့ Joker နဲ့ Harley တို့ဟာ သားတစ်ယောက် ရခဲ့ပြီး Harley ကတော့ အဲဒီကလေးကို စွန့်ပစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Joker Jr. ဟာ Harley ကို နာကျည်းမုန်းတီးရင်း ကြီးပြင်းလာပါတယ်။ ဒါ့အပြင် သူ့မျက်နှာကိုလည်း ဖခင်ဖြစ်သူ Joker နဲ့ ပိုပြီးဆင်တူသွားအောင် တမင်တကာ ဒဏ်ရာတွေရအောင် ပြုလုပ်ပြီး ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုဇာတ်လမ်းမျိူးကို Sequel ထဲမှာ မြင်တွေ့ရမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(2) Harley Quinn ပါဝင်လာပါမယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ ခေါင်းစဉ်ကတော့ လူနှစ်ယောက်ရဲ့ ရူးသွပ်မှုလို့ အဓိပ္ပာယ်ရတာကြောင့် ပရိသတ်အများစုကတော့ နောက်ထပ်တစ်ယောက်ဟာ Harley Quinn ဖြစ်မယ်လို့ ယူဆနေကြပါတယ်။ ပထမရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Arthur ဟာ စိတ်ရောဂါကုဆေးရုံထဲမှာ ရောက်ရှိနေတာကြောင့် အဲဒီနေရာမှာပဲ Harley Quinn နဲ့ တွေ့ဆုံသွားနိုင်ပါတယ်။ ဒါ့အပြင် Sequel ရဲ့ ဇာတ်ညွှန်းကာဗာကလည်း အနီနဲ့အနက်ရောင် ဖြစ်နေပြီး Harley Quinn ရဲ့ Classic ဝတ်စုံအရောင်ပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာလည်း ဒီရုပ်ရှင်ထဲမှာ Harley Quinn ပါဝင်လာမယ်လို့ သတင်းထွက်နေပြီး ဒီဇာတ်ကောင်အတွက် Lady Gaga နဲ့ ညိှနှိုင်းနေတယ်လို့ သိရပါတယ်။

(3) Joker အသစ် ပါဝင်လာပါမယ်။

photo via screenrant

ကောမစ်တွေ၊ Animation တွေနဲ့ ရုပ်ရှင်တွေထဲမှာတော့ ဇာတ်လမ်းတွေမျိူးစုံ ရှိပြီး Joker ဟာလည်း တစ်ယောက်ထက် ပိုပြီး ရှိခဲ့ပါတယ်။ ပထမရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ မြို့တစ်မြို့လုံးဟာ Joker ရဲ့လွှမ်းမိုးမှုကို ခံထားရတာကြောင့် အဲဒီထဲက တစ်ယောက်ယောက်ဟာ Joker ဆိုတဲ့အမည်ကို ခံယူပြီး Joker အသစ် ဖြစ်လာမယ်လို့လည်း ပရိသတ်တွေက သီအိုရီ ထုတ်နေကြပါတယ်။ ဒါ့အပြင် ပရိသတ်တွေဟာ Joker အသစ်နေရာမှာတော့ Willem Dafoe ကို မြင်တွေ့ချင်နေကြပါတယ်။

(4) Joker နှစ်ယောက် မဟုတ်ဘဲ သုံးယောက် ဖြစ်နေပါမယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ ခေါင်းစဉ်ကတော့ Joker နှစ်ယောက် ပါဝင်လာနိုင်ကြောင်း အရိပ်အမြွက် ဖော်ပြနေပြီး တချို့ပရိသတ်တွေကတော့ ဒီရုပ်ရှင်ထဲမှာ Joker နှစ်ယောက် မဟုတ်ဘဲ သုံးယောက် ပါဝင်လာမယ်လို့ ဆိုပါတယ်။ DC ကောမစ်ထဲက Batman: Three Jokers ဆိုတဲ့ ကောမစ်ဟာလည်း နာမည်ကြီး ဖြစ်ပါတယ်။ ဒီကောမစ်ထဲမှာတော့ Batman ဟာ Joker ကြောင့် ဖြစ်ပေါ်နေတဲ့ မှုခင်းတွေကို လိုက်လံနှိမ်နင်းဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း မှုခင်းတွေဟာ တချိန်တည်းမှာ ဖြစ်ပျက်နေကြပြီး နောက်ပိုင်းမှာတော့ Joker သုံးယောက် ရှိနေတာကို သိလိုက်ရပါတယ်။ Sequel ထဲမှာတော့ ဒါရိုက်တာ Todd Philips ဟာ ခေါင်းစဉ်ကို လူနှစ်ယောက်ရဲ့ ရူးသွပ်မှုလို့ ပေးထားတာကြောင့် ဇာတ်လမ်းတစ်ဝက်လောက်မှာမှ ပရိသတ်တွေ အံ့ဩသွားအောင် တတိယမြောက် Joker ကို ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။

(5) Joker Variant တွေ ပါဝင်လာပါမယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Doctor Strange in the Multiverse of Madness ထဲကလိုမျိူး Joker Variant တွေ ပါဝင်လာမယ်လို့လည်း ဆိုပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Jared Leto ရဲ့ Joker နဲ့ Jack Nicholson ရဲ့ Joker တို့ဟာ Cameo အနေနဲ့ဖြစ်ဖြစ် ပါဝင်လာမယ်လို့ သီအိုရီတစ်ခုက ဆိုပါတယ်။ လောလောဆယ်မှာတော့ ပထမထွက်ရှိထားတဲ့ Joker ရုပ်ရှင်ဟာ DCEU နဲ့ ပတ်သက်နေမှု မရှိသလို စူပါဟီးရိုးပုံစံလည်း ရိုက်ကူးထားတာ မဟုတ်တာကြောင့် ဒီသီအိုရီကတော့ ဖြစ်နိုင်ချေ နည်းပါတယ်။

(6) Batman လည်း ပါဝင်လာပါမယ်။

photo via screenrant

ဒီသီအိုရီကတော့ ဖြစ်နိုင်ချေသုံးခု ရှိနေတာကို ထောက်ပြထားပါတယ်။ ပထမတစ်ယောက်ကတော့ Harley Quinn ဖြစ်ပြီး ဒုတိယတစ်ယောက်ကတော့ နောက်ထပ် Joker နဲ့ တတိယမြောက်ကတော့ Batman ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသီအိုရီအရ ဆိုရင်တော့ Batman ကြုံတွေ့ခဲ့ရတဲ့အရာတွေနဲ့ သူလုပ်နေတဲ့ အရာတွေဟာ သာမန်လူတစ်ယောက် လုပ်နိုင်တဲ့အရာမျိူး မဟုတ်တာကြောင့် တင်စားတဲ့ အနေနဲ့ဖြစ်ဖြစ် ဒီခေါင်းစဉ်ကို ပေးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပထမရုပ်ရှင်ထဲမှာတော့ Bruce Wayne ဟာ ကလေးလေးပဲ ရှိသေးတာကြောင့် Arthur နဲ့ ဆုံတွေ့ဖို့ဆိုတာတော့ ဖြစ်နိုင်ချေ နည်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် Joker တစ်ယောက် ပေါ်လာပြီး Batman နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular