HomeAnime၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီး Anime ဇာတ်လမ်းတွဲကောင်း(၇)ခု

၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီး Anime ဇာတ်လမ်းတွဲကောင်း(၇)ခု

Anime တွေကတော့ တဖြည်းဖြည်းနဲ့ Entertainment လောကကို စိုးမိုးလာပြီး နှစ်တိုင်းနှစ်တိုင်းမှာလည်း ဇာတ်လမ်းတွဲအသစ်တွေနဲ့ ရုပ်ရှင်အသစ်တွေလည်း ထွက်ရှိနေကြပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာတော့ ပရိသတ်တွေကြားမှာ အလွန်နာမည်ကြီးခဲ့တဲ့ Tokyo Revengers တို့လိုမျိူး ဇာတ်လမ်းတွဲတွေလည်း ထွက်ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Anime ပရိသတ်တွေအတွက် ၂၀၂၁ ခုနှစ်အတွင်းမှာ ထွက်ရှိထားတဲ့ နာမည်ကျော် Anime ဇာတ်လမ်းတွဲကောင်းတချို့ကို ဖော်ပြပေးချင်ပါတယ်။

(7) Wonder Egg Priority

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ IMDb (7.6) ရရှိထားပြီး အပိုင်း(၁၃)ပိုင်း ပါဝင်ထားပါတယ်။ Ai ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ လမ်းလျှောက်နေရင်း ဉတစ်လုံးကို ကောက်ရခဲ့ပါတယ်။ အဲဒီနောက် အဲဒီဉကနေ “အနာဂတ်ကို ပြောင်းလဲချင်ရင် မင်းအခု ရွေးချယ်လိုက်ဖို့ပဲ လိုပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ဒီဉကို ခွဲလိုက်ပါ…” ဆိုတဲ့ အသံတစ်သံ ထွက်လာပါတယ်။ ဒါကြောင့်ပဲ Ai ဟာ အဲဒီဉကို ခွဲလိုက်တဲ့ အခါမှာတော့ ဘယ်လိုအရာတွေက သူမကို စောင့်ကြိုနေမလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(6) Blue Period

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ IMDb (7.7) ရရှိထားပြီး အပိုင်း(၁၂)ပိုင်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့ ကျောင်းသားလေး Yatora Yaguchi က‌တော့ ဘဝကြီးကို ပျင်းရိငြီးငွေ့လာပါတယ်။ ဒါနဲ့ပဲ အကြောင်းတစ်ခုကြောင့် ပန်းချီဆွဲရတဲ့ ခံစားမှုကို သိရှိသွားတဲ့ အချိန်မှာတော့ သူဟာ ပန်းချီလောကထဲကို ဝင်ရောက်လာပါတော့တယ်။

(5) Horimiya

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ IMDb (8.1) ရရှိထားပြီး အပိုင်း(၁၃)ပိုင်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းမှာရေပန်းစားတဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ အနေအေးပြီး သူငယ်ချင်းလည်း သိပ်မရှိတဲ့ ကျောင်းသားလေးတစ်ယောက်တို့ဟာ အကြောင်းတစ်ခုကြောင့် တွေ့ဆုံမိခဲ့တဲ့နောက်မှာတော့ တဖြည်းဖြည်းချင်း နီးစပ်သွားကြပါတော့တယ်။

(4) Tokyo Revengers

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ IMDb (8.1) ရရှိထားပြီး အပိုင်း(၂၅)ပိုင်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Takemichi Hanagaki ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ကျောင်းသားဘဝတုန်းက တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းက သေဆုံးသွားတာကို သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ အဖြစ်အပျက်တစ်ခုကြောင့် သူဟာ အတိတ်ကို ပြန်လည်ရောက်ရှိသွားပြီး သူ့ရဲ့ရည်းစားကို ကယ်တင်နိုင်ဖို့ ကြိုးစားရပါတော့တယ်။

(3) 86

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ IMDb (8.2) ရရှိထားပြီး အပိုင်း(၂၄)ပိုင်း ပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ နိုင်ငံနှစ်နိုင်ငံဟာ စစ်ဖြစ်နေကြပြီး လူအသေအပျောက် မရှိအောင် လူမလိုတဲ့ ဒရုန်းတွေကို အသုံးပြုကာ တိုက်ခိုက်နေကြပါတယ်။ ဒါပေမယ့်လည်း လူအသေအပျောက်မရှိတဲ့ စစ်ပွဲဆိုတာဟာ မဖြစ်နိုင်တာကြောင့် ဒီဇာတ်လမ်းတွဲထဲမှာတော့ စစ်ပွဲရဲ့ အရုပ်ဆိုးအကျည်းတန်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(2) Odd Taxi

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ IMDb (8.5) ရရှိထားပြီး အပိုင်း(၁၃)ပိုင်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းကိုတော့ တိရစ္ဆာန်တွေဟာ လူသားတွေလိုပဲ နေထိုင်စားသောက်နေကြတဲ့ ကမ္ဘာတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ Odokawa ဆိုသူကတော့ တက္ကစီမောင်းပြီး ရိုးရိုးရှင်းရှင်းပဲ ဘဝကို ဖြတ်သန်းနေပါတယ်။ အဲဒီနောက်မှာတော့ ရဲတွေဟာ လူပျောက်မှုတစ်ခုကို စုံစမ်းနေရင်း သဲလွန်စတွေဟာ Odokawa နဲ့ ပတ်သက်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ရိုးရှင်းတဲ့ ဘဝလေးဟာ ချက်ချင်းပဲ ပြောင်းလဲသွားပါတော့တယ်။

(1) To Your Eternity

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ IMDb (8.6) ရရှိထားပြီး အပိုင်း(၂၂)ပိုင်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်လေးတစ်ယောက်ဟာ အာတိတ်ဒေသမှာ တစ်ယောက်တည်း ခရီးသွားနေရင်း ဝံပုလွေတစ်ကောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ လျင်လျင်မြန်မြန်ပဲ သူငယ်ချင်းတွေ ဖြစ်သွားကြပြီး ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကြီးမှာ အသက်ရှင်သန်နိုင်ဖို့ အတူကြိုးစားရပါတော့တယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular