HomeCharacterJoker နဲ့ Harley Quinn တို့ရဲ့ အချစ်၊ အမုန်းရောယှက်နေတဲ့ relationship အကြောင်း 

Joker နဲ့ Harley Quinn တို့ရဲ့ အချစ်၊ အမုန်းရောယှက်နေတဲ့ relationship အကြောင်း 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကောမစ်ဇာတ်ကောင်တွေထဲက အတွဲတွေထဲမှာဆိုရင် Joker နဲ့ Harley Quinn အတွဲဟာ မသိတဲ့သူ မရှိသလောက် ပေါ်ပြူလာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ တချို့ပရိသတ်တွေ ထင်ထားသလို သိပ်ပြီးရိုမန့်တစ် ဖြစ်နေတာ မဟုတ်ပါဘူး။

Joker ကတော့ နှိပ်စက်တတ်သူတစ်ယောက် ဖြစ်ပြီး Harley Quinn အတွက် အတော်ဆိုးရွားတဲ့ ရည်းစားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ Harley ကလည်း အလားတူပဲ ပြန်လည် ပြုမူတတ်ပြီး ဒီလိုပဲ သံသရာလည်နေတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ DC ကောမစ်ထဲမှာ သူတို့နှစ်ယောက်က ပြတ်သွားပြီ ဖြစ်ပေမယ့်လည်း သူတို့အကြောင်းကို စိတ်ဝင်စားသူတွေအတွက် Joker နဲ့ Harley ရဲ့ Relationship အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(1) Paul Dini နဲ့ Bruce Timm တို့ဟာ Joker နဲ့ Harley ကို သင်ခန်းစာအနေနဲ့ ဖန်တီးခဲ့တာပါ။
photo via screenrant

Paul Dini နဲ့ Bruce Timm တို့ဟာ Harley Quinn ကို ဖန်တီးခဲ့သူနှစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် Joker နဲ့ Harley တို့ရဲ့ အချစ်ရေးကို ဖန်တီးတဲ့အချိန်မှာလည်း Paul နဲ့ Bruce တို့ဟာ ပရိသတ်တွေအတွက် သင်ခန်းစာအနေနဲ့ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ကောမစ်ထဲမှာတော့ Joker နဲ့ Harley တို့ဟာ တစ်ယောက်အပေါ် တစ်ယောက် မကောင်းတဲ့ လုပ်ရပ်တွေများစွာ လုပ်ခဲ့ကြပါတယ်။ ဖန်တီးသူနှစ်ယောက်ရဲ့ ရည်ရွယ်ချက်ကတော့ တကယ့် လက်တွေ့အချစ်ရေးမှာ Joker နဲ့ Harley တို့လို မလုပ်ကြဖို့ သတိပေးချင်တာ ဖြစ်ပါတယ်။

(2) Joker ဟာ Harley ကို အစားထိုးခဲ့ဖူးပါတယ်။
photo via screenrant

၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman: The Animated Series ထဲက အပိုင်းတစ်ပိုင်းမှာတော့ Joker နဲ့ Harley တို့ နှစ်ယောက်လုံးဟာ Arkham Asylum မှာ အကျဉ်းကျနေပါတယ်။ ဒါပေမယ့်လည်း Joker ကတော့ Arkham Asylum ကနေ လွတ်မြောက်သွားခဲ့ပြီး Harley ကိုတော့ အဲ့ဒီမှာပဲ ထားရစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ Joker ဟာ Harley နေရာမှာ အစားထိုးဖို့အတွက် လူတစ်ယောက်ကို ငှားရမ်းခဲ့ပြီး Harley ရဲ့ ပုံစံအတိုင်း နေထိုင်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန်အနည်းငယ် ကြာတဲ့အချိန်မှာတော့ Joker ဟာ သူငှားရမ်းထားတဲ့ Harley အတုထက် တကယ့်အစစ်က ပိုပြီးသာလွန်တယ်ဆိုတာကို သိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Harley အစစ်ဟာ Joker ကို တိုက်ခိုက်ခဲ့ပြီး Batman ဖမ်းတာခံရအောင် ရဲကားထဲမှာ ထားခဲ့ပါတယ်။

(3) Harley ဟာ ဘယ်တုန်းကမှ စိတ်မှန်နေတဲ့ Joker ကို မလိုချင်ခဲ့ပါဘူး။
photo via screenrant

The Batman Adventures ကောမစ်ရဲ့ အတွဲ(၃)ထဲမှာတော့ Joker ဟာ Arkham Asylum မှာရှိတဲ့ စိတ်ရောဂါကုအစီအစဉ်မှာ ကုသမှုခံယူခဲ့ပြီး အရင်လို ရူးသွပ်မနေတော့ဘဲ သာမန်လူတစ်ယောက် ပြန်ဖြစ်သွားပါတယ်။ အဲ့ဒီအချိန်မှာတော့ Harley ဟာ စိတ်ကျန်းမာရေး ပုံမှန်ဖြစ်နေတဲ့ Joker ကို ဘယ်လိုမှ လက်မခံနိုင်တော့ပါဘူး။ ဒါကြောင့်ပဲ Joker ကို ပြန်လည် ရူးသွပ်သွားအောင် ပြုလုပ်ဖို့ ကြိုးစားရင်းနဲ့ Harley ဟာ Joker ကို သတ်မိမလိုတောင် ဖြစ်ခဲ့ပါသေးတယ်။

Joker ဟာ လုံးဝ ရူးသွပ်နေသူတစ်ယောက် ဖြစ်တာကြောင့် သူ့ကို ခန့်မှန်းဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါတင်မက သူဟာ ရှုပ်ထွေးပြီး နားလည်ရခက်သူလည်း ဖြစ်ပါတယ်။ Harley ကတော့ အဲဒီလို နားလည်ရခက်တဲ့ Joker ရဲ့ အာရုံစိုက်မှု ရရှိအောင် ကြိုးစားရတာကို သဘောကျသူ ဖြစ်ပါတယ်။

ဒါ့အပြင် Joker ရဲ့ စိတ်အခြေအနေကို  စိတ်ရောဂါကု ဆရာဝန်တစ်ယောက်အနေနဲ့ ကုသဖို့ ကြိုးစားရတာကိုလည်း သဘောကျသူ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်ပဲ ပုံမှန်လူတစ်ယောက် ဖြစ်သွားတဲ့ Joker ဆီမှာတော့ သူမ လိုချင်တဲ့ ရှုပ်ထွေးမှုတွေနဲ့ စိတ်လှုပ်ရှားစရာတွေ မရှိတော့တာကြောင့် အခုလိုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

(4) Dr. Quinzel ဟာ Joker ကို အသုံးချပြီး ပိုက်ဆံရှာဖို့ ကြိုးစားခဲ့ဖူးပါတယ်။
photo via screenrant

Dr. Harley Quinzel ဟာ မူလတုန်းက အပြစ်ကင်းစင်တဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပြီး ရာဇဝတ်မှုတွေကို လုံးဝစိတ်မဝင်စားခဲ့ဘဲ Joker ကြောင့်သာ ရူးသွပ်သွားပြီး အခုလိုဖြစ်လာတာလို့ ပရိသတ်အများစုက ထင်မှတ်နေကြပါတယ်။ သို့သော်လည်း အဲ့ဒီအချက်ဟာ တကယ်တော့ အမှန်မဟုတ်ပါဘူး။

Dr. Quinzel ဟာ Arkham Asylum မှာ စိတ်ရောဂါကုဆရာဝန်အနေနဲ့ စတင်ရောက်ရှိလာတဲ့ အချိန်မှာ ဒီလိုမျိူး ရာဇဝတ်သားတွေနဲ့ တွေ့ရတာဟာ သူမအတွက် အလွန်ဆွဲဆောင်မှုရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် သူမဟာ Gotham မြို့ရဲ့ လူအကြောက်ဆုံး ဗီလိန်ဖြစ်တဲ့ Joker ကို အင်တာဗျူးပြီးတော့ Joker ရဲ့ အကြောင်းတွေကို စာအုပ်ရေးပြီး ပိုက်ဆံရှာဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်လည်း သူမဟာ Joker အတွက် စိတ်ရောဂါကုဆရာဝန် ဖြစ်လာပြီး နောက်ပိုင်းမှာတော့ မမျှော်လင့်ထားဘဲ သူမကိုယ်တိုင် ရူးသွပ်သွားတာ ဖြစ်ပါတယ်။

(5) Joker ၊ Batman နဲ့ Harley
photo via screenrant

ပရိသတ်တွေ သိထားကြတဲ့အတိုင်း Joker ဟာ Batman နဲ့ Harley တို့နှစ်ယောက် ယှဉ်လာရင် Batman ကိုပဲ ပိုဂရုစိုက်လေ့ ရှိပါတယ်။ ဒါ့အပြင် Joker နဲ့ Harley တို့ တွဲနေတဲ့အချိန် သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေအများစုဟာလည်း Joker ရဲ့ ပုံမှန်မဟုတ်တဲ့ Batman အပေါ် စွဲလမ်းနေမှုကြောင့်ပဲ ဖြစ်ပါတယ်။

Joker ဟာ Batman ကို ဖြည်းဖြည်းချင်း ဒုက္ခပေးပြီး နောက်ဆုံးမှာ သတ်ပစ်ဖို့အတွက် အစီအစဉ်ဆွဲနေတဲ့ အချိန်မှာဆိုရင် Harley ကို လုံးဝဂရုမစိုက်တော့ပါဘူး။ Harley ကတော့ Joker ရဲ့ အာရုံစိုက်မှုကို ရချင်တာကြောင့် Batman အပါအဝင် Joker ရဲ့ လမ်းမှာ ပိတ်နေသမျှ အတားအဆီးတွေအားလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ Joker ကတော့ Batman ကို သူကိုယ်တိုင် ရင်ဆိုင်ချင်တာကြောင့် Harley ရဲ့ အကူအညီကို အသိအမှတ်မပြုခဲ့တဲ့အပြင် သူမကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ နှိပ်စက်ခဲ့ပါတယ်။

(6) Joker ဟာ Harley ကို ဒုံးကျည်မှာ ကြိုးနဲ့တုပ်ပြီး ပစ်လွှတ်ခဲ့ဖူးပါတယ်။
photo via screenrant

၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman: Harley Quinn ဆိုတဲ့ ကောမစ်ထဲမှာတော့ Joker ဟာ Harley ကြောင့် သူ့ရဲ့ ပျောက်ဆုံးနေတဲ့ ခံစားချက်တွေနဲ့ လူတစ်ယောက်ကို တကယ်ဂရုစိုက်တယ်ဆိုတဲ့ ခံစားချက်တွေကို သိခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုဝန်ခံနေတဲ့အချိန်မှာပဲ Joker ဟာ Harley ကို ဒုံးကျည်မှာ ကြိုးနဲ့တုပ်ပြီး ပစ်လွှတ်ဖို့ ပြင်ဆင်နေပါတယ်။

အကြောင်းကတော့ Joker ဟာ သူ့မှာ အဲ့ဒီခံစားချက်တွေ ရှိနေတယ်ဆိုတာကို လက်မခံနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Joker ဟာ Harley သေသွားရင် အဲ့ဒီခံစားချက်တွေလည်း သေဆုံးသွားမယ်လို့ ယူဆခဲ့ပါတယ်။ ဒါ့အပြင် Joker အတွက်တော့ သူ့ရဲ့ Gotham မြို့ကို သိမ်းယူမယ့် အစီအစဉ်ကို ဒီခံစားချက်တွေက အာရုံလွဲအောင် ပြုလုပ်နေတယ်လို့ ထင်မှတ်ခဲ့ပါတယ်။ ဒါကြောင့် Joker ယူဆခဲ့တဲ့ တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ Harley ကို သတ်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။

(7) Joker ဟာ Harley ကို အမြဲတမ်း မနာလိုဖြစ်နေသူပါ။
photo via screenrant

Batman: The Animated Series ထဲမှာတော့ Harley ဟာ Joker ဆီက ထွက်လာခဲ့ပြီး လုံးဝပြန်မသွားတော့ပါဘူး။ အဲ့ဒီနောက်မှာတော့ ထုံးစံအတိုင်းပဲ Harley ဟာ Poison Ivy နဲ့ ပူးပေါင်းပြီး ရာဇဝတ်မှုတွေကို အတူတူ ကျူးလွန်ခဲ့ပါတယ်။ Joker ဟာ Harley နဲ့ Ivy တို့ နှစ်ယောက်ရဲ့ အောင်မြင်မှုတွေကို သတင်းစာထဲမှာ မြင်တွေ့လိုက်ရတဲ့အချိန်မှာ အလွန်ပေါက်ကွဲခဲ့ပါတယ်။

Joker ရဲ့ အမြင်မှာတော့ Harley ဟာ သူ မရှိရင် ဘာမှမလုပ်နိုင်ဘူးလို့ ထင်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Joker ဟာ Harley နဲ့ ပြန်လည်တွေ့ဆုံတဲ့အချိန်မှာတော့ Harley ကို မခံချိမခံသာ ဖြစ်အောင် သူမရဲ့အောင်မြင်မှုတွေက ဘာမှမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ လောလောဆယ်မှာ ထွက်ရှိနေတဲ့ Harley Quinn animated ဇာတ်လမ်းတွဲထဲမှာဆိုရင်လည်း Harley ဟာ Joker နဲ့ ပြတ်သွားတာတောင်မှ သူမရဲ့ အရည်အချင်းတွေကို Joker အသိအမှတ်ပြုအောင် ကြိုးစားခဲ့ပါသေးတယ်။

ဒါကတော့ Joker နဲ့ Harley တို့ရဲ့ အချစ်၊ အမုန်းတွေ ရောထွေးနေတဲ့ relationship အကြောင်းပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေကာမစ္ဇာတ္ေကာင္ေတြထဲက အတြဲေတြထဲမွာဆိုရင္ Joker နဲ႔ Harley Quinn အတြဲဟာ မသိတဲ့သူ မရွိသေလာက္ ေပၚျပဴလာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးဟာ တခ်ိဳ႕ပရိသတ္ေတြ ထင္ထားသလို သိပ္ၿပီး႐ိုမန႔္တစ္ ျဖစ္ေနတာ မဟုတ္ပါဘူး။

Joker ကေတာ့ ႏွိပ္စက္တတ္သူတစ္ေယာက္ ျဖစ္ၿပီး Harley Quinn အတြက္ အေတာ္ဆိုး႐ြားတဲ့ ရည္းစားတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ Harley ကလည္း အလားတူပဲ ျပန္လည္ ျပဳမူတတ္ၿပီး ဒီလိုပဲ သံသရာလည္ေနတာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ DC ေကာမစ္ထဲမွာ သူတို႔ႏွစ္ေယာက္က ျပတ္သြားၿပီ ျဖစ္ေပမယ့္လည္း သူတို႔အေၾကာင္းကို စိတ္ဝင္စားသူေတြအတြက္ Joker နဲ႔ Harley ရဲ႕ Relationship အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Paul Dini နဲ႔ Bruce Timm တို႔ဟာ Joker နဲ႔ Harley ကို သင္ခန္းစာအေနနဲ႔ ဖန္တီးခဲ့တာပါ။
photo via screenrant

Paul Dini နဲ႔ Bruce Timm တို႔ဟာ Harley Quinn ကို ဖန္တီးခဲ့သူႏွစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ Joker နဲ႔ Harley တို႔ရဲ႕ အခ်စ္ေရးကို ဖန္တီးတဲ့အခ်ိန္မွာလည္း Paul နဲ႔ Bruce တို႔ဟာ ပရိသတ္ေတြအတြက္ သင္ခန္းစာအေနနဲ႔ ဖန္တီးခဲ့တယ္လို႔ သိရပါတယ္။ ေကာမစ္ထဲမွာေတာ့ Joker နဲ႔ Harley တို႔ဟာ တစ္ေယာက္အေပၚ တစ္ေယာက္ မေကာင္းတဲ့ လုပ္ရပ္ေတြမ်ားစြာ လုပ္ခဲ့ၾကပါတယ္။ ဖန္တီးသူႏွစ္ေယာက္ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ တကယ့္ လက္ေတြ႕အခ်စ္ေရးမွာ Joker နဲ႔ Harley တို႔လို မလုပ္ၾကဖို႔ သတိေပးခ်င္တာ ျဖစ္ပါတယ္။

(2) Joker ဟာ Harley ကို အစားထိုးခဲ့ဖူးပါတယ္။
photo via screenrant

၁၉၉၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Batman: The Animated Series ထဲက အပိုင္းတစ္ပိုင္းမွာေတာ့ Joker နဲ႔ Harley တို႔ ႏွစ္ေယာက္လုံးဟာ Arkham Asylum မွာ အက်ဥ္းက်ေနပါတယ္။ ဒါေပမယ့္လည္း Joker ကေတာ့ Arkham Asylum ကေန လြတ္ေျမာက္သြားခဲ့ၿပီး Harley ကိုေတာ့ အဲ့ဒီမွာပဲ ထားရစ္ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ Joker ဟာ Harley ေနရာမွာ အစားထိုးဖို႔အတြက္ လူတစ္ေယာက္ကို ငွားရမ္းခဲ့ၿပီး Harley ရဲ႕ ပုံစံအတိုင္း ေနထိုင္ေစခဲ့ပါတယ္။ ဒါေပမယ့္လည္း အခ်ိန္အနည္းငယ္ ၾကာတဲ့အခ်ိန္မွာေတာ့ Joker ဟာ သူငွားရမ္းထားတဲ့ Harley အတုထက္ တကယ့္အစစ္က ပိုၿပီးသာလြန္တယ္ဆိုတာကို သိသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Harley အစစ္ဟာ Joker ကို တိုက္ခိုက္ခဲ့ၿပီး Batman ဖမ္းတာခံရေအာင္ ရဲကားထဲမွာ ထားခဲ့ပါတယ္။

(3) Harley ဟာ ဘယ္တုန္းကမွ စိတ္မွန္ေနတဲ့ Joker ကို မလိုခ်င္ခဲ့ပါဘူး။
photo via screenrant

The Batman Adventures ေကာမစ္ရဲ႕ အတြဲ(၃)ထဲမွာေတာ့ Joker ဟာ Arkham Asylum မွာရွိတဲ့ စိတ္ေရာဂါကုအစီအစဥ္မွာ ကုသမႈခံယူခဲ့ၿပီး အရင္လို ႐ူးသြပ္မေနေတာ့ဘဲ သာမန္လူတစ္ေယာက္ ျပန္ျဖစ္သြားပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Harley ဟာ စိတ္က်န္းမာေရး ပုံမွန္ျဖစ္ေနတဲ့ Joker ကို ဘယ္လိုမွ လက္မခံႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ပဲ Joker ကို ျပန္လည္ ႐ူးသြပ္သြားေအာင္ ျပဳလုပ္ဖို႔ ႀကိဳးစားရင္းနဲ႔ Harley ဟာ Joker ကို သတ္မိမလိုေတာင္ ျဖစ္ခဲ့ပါေသးတယ္။

Joker ဟာ လုံးဝ ႐ူးသြပ္ေနသူတစ္ေယာက္ ျဖစ္တာေၾကာင့္ သူ႔ကို ခန႔္မွန္းဖို႔ဆိုတာ အလြန္ခက္ခဲပါတယ္။ ဒါတင္မက သူဟာ ရႈပ္ေထြးၿပီး နားလည္ရခက္သူလည္း ျဖစ္ပါတယ္။ Harley ကေတာ့ အဲဒီလို နားလည္ရခက္တဲ့ Joker ရဲ႕ အာ႐ုံစိုက္မႈ ရရွိေအာင္ ႀကိဳးစားရတာကို သေဘာက်သူ ျဖစ္ပါတယ္။

ဒါ့အျပင္ Joker ရဲ႕ စိတ္အေျခအေနကို  စိတ္ေရာဂါကု ဆရာဝန္တစ္ေယာက္အေနနဲ႔ ကုသဖို႔ ႀကိဳးစားရတာကိုလည္း သေဘာက်သူ ျဖစ္ေနျပန္ပါတယ္။ ဒါေၾကာင့္ပဲ ပုံမွန္လူတစ္ေယာက္ ျဖစ္သြားတဲ့ Joker ဆီမွာေတာ့ သူမ လိုခ်င္တဲ့ ရႈပ္ေထြးမႈေတြနဲ႔ စိတ္လႈပ္ရွားစရာေတြ မရွိေတာ့တာေၾကာင့္ အခုလိုျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

(4) Dr. Quinzel ဟာ Joker ကို အသုံးခ်ၿပီး ပိုက္ဆံရွာဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္။
photo via screenrant

Dr. Harley Quinzel ဟာ မူလတုန္းက အျပစ္ကင္းစင္တဲ့ ေကာင္မေလးတစ္ေယာက္ ျဖစ္ၿပီး ရာဇဝတ္မႈေတြကို လုံးဝစိတ္မဝင္စားခဲ့ဘဲ Joker ေၾကာင့္သာ ႐ူးသြပ္သြားၿပီး အခုလိုျဖစ္လာတာလို႔ ပရိသတ္အမ်ားစုက ထင္မွတ္ေနၾကပါတယ္။ သို႔ေသာ္လည္း အဲ့ဒီအခ်က္ဟာ တကယ္ေတာ့ အမွန္မဟုတ္ပါဘူး။

Dr. Quinzel ဟာ Arkham Asylum မွာ စိတ္ေရာဂါကုဆရာဝန္အေနနဲ႔ စတင္ေရာက္ရွိလာတဲ့ အခ်ိန္မွာ ဒီလိုမ်ိဴး ရာဇဝတ္သားေတြနဲ႔ ေတြ႕ရတာဟာ သူမအတြက္ အလြန္ဆြဲေဆာင္မႈရွိတယ္လို႔ ေျပာခဲ့ဖူးပါတယ္။ ဒါ့အျပင္ သူမဟာ Gotham ၿမိဳ႕ရဲ႕ လူအေၾကာက္ဆုံး ဗီလိန္ျဖစ္တဲ့ Joker ကို အင္တာဗ်ဴးၿပီးေတာ့ Joker ရဲ႕ အေၾကာင္းေတြကို စာအုပ္ေရးၿပီး ပိုက္ဆံရွာဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူမဟာ Joker အတြက္ စိတ္ေရာဂါကုဆရာဝန္ ျဖစ္လာၿပီး ေနာက္ပိုင္းမွာေတာ့ မေမွ်ာ္လင့္ထားဘဲ သူမကိုယ္တိုင္ ႐ူးသြပ္သြားတာ ျဖစ္ပါတယ္။

(5) Joker ၊ Batman နဲ႔ Harley
photo via screenrant

ပရိသတ္ေတြ သိထားၾကတဲ့အတိုင္း Joker ဟာ Batman နဲ႔ Harley တို႔ႏွစ္ေယာက္ ယွဥ္လာရင္ Batman ကိုပဲ ပိုဂ႐ုစိုက္ေလ့ ရွိပါတယ္။ ဒါ့အျပင္ Joker နဲ႔ Harley တို႔ တြဲေနတဲ့အခ်ိန္ သူတို႔ႏွစ္ေယာက္ၾကားမွာ ျဖစ္ပ်က္ခဲ့တဲ့ ျပႆနာေတြအမ်ားစုဟာလည္း Joker ရဲ႕ ပုံမွန္မဟုတ္တဲ့ Batman အေပၚ စြဲလမ္းေနမႈေၾကာင့္ပဲ ျဖစ္ပါတယ္။

Joker ဟာ Batman ကို ျဖည္းျဖည္းခ်င္း ဒုကၡေပးၿပီး ေနာက္ဆုံးမွာ သတ္ပစ္ဖို႔အတြက္ အစီအစဥ္ဆြဲေနတဲ့ အခ်ိန္မွာဆိုရင္ Harley ကို လုံးဝဂ႐ုမစိုက္ေတာ့ပါဘူး။ Harley ကေတာ့ Joker ရဲ႕ အာ႐ုံစိုက္မႈကို ရခ်င္တာေၾကာင့္ Batman အပါအဝင္ Joker ရဲ႕ လမ္းမွာ ပိတ္ေနသမွ် အတားအဆီးေတြအားလုံးကို ဖ်က္ဆီးပစ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ထုံးစံအတိုင္းပဲ Joker ကေတာ့ Batman ကို သူကိုယ္တိုင္ ရင္ဆိုင္ခ်င္တာေၾကာင့္ Harley ရဲ႕ အကူအညီကို အသိအမွတ္မျပဳခဲ့တဲ့အျပင္ သူမကို ႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာပါ ႏွိပ္စက္ခဲ့ပါတယ္။

(6) Joker ဟာ Harley ကို ဒုံးက်ည္မွာ ႀကိဳးနဲ႔တုပ္ၿပီး ပစ္လႊတ္ခဲ့ဖူးပါတယ္။
photo via screenrant

၁၉၉၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Batman: Harley Quinn ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ Joker ဟာ Harley ေၾကာင့္ သူ႔ရဲ႕ ေပ်ာက္ဆုံးေနတဲ့ ခံစားခ်က္ေတြနဲ႔ လူတစ္ေယာက္ကို တကယ္ဂ႐ုစိုက္တယ္ဆိုတဲ့ ခံစားခ်က္ေတြကို သိခဲ့ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီလိုဝန္ခံေနတဲ့အခ်ိန္မွာပဲ Joker ဟာ Harley ကို ဒုံးက်ည္မွာ ႀကိဳးနဲ႔တုပ္ၿပီး ပစ္လႊတ္ဖို႔ ျပင္ဆင္ေနပါတယ္။

အေၾကာင္းကေတာ့ Joker ဟာ သူ႔မွာ အဲ့ဒီခံစားခ်က္ေတြ ရွိေနတယ္ဆိုတာကို လက္မခံႏိုင္လို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Joker ဟာ Harley ေသသြားရင္ အဲ့ဒီခံစားခ်က္ေတြလည္း ေသဆုံးသြားမယ္လို႔ ယူဆခဲ့ပါတယ္။ ဒါ့အျပင္ Joker အတြက္ေတာ့ သူ႔ရဲ႕ Gotham ၿမိဳ႕ကို သိမ္းယူမယ့္ အစီအစဥ္ကို ဒီခံစားခ်က္ေတြက အာ႐ုံလြဲေအာင္ ျပဳလုပ္ေနတယ္လို႔ ထင္မွတ္ခဲ့ပါတယ္။ ဒါေၾကာင့္ Joker ယူဆခဲ့တဲ့ တစ္ခုတည္းေသာ ေျဖရွင္းနည္းကေတာ့ Harley ကို သတ္ပစ္လိုက္တာပဲ ျဖစ္ပါတယ္။

(7) Joker ဟာ Harley ကို အၿမဲတမ္း မနာလိုျဖစ္ေနသူပါ။
photo via screenrant

Batman: The Animated Series ထဲမွာေတာ့ Harley ဟာ Joker ဆီက ထြက္လာခဲ့ၿပီး လုံးဝျပန္မသြားေတာ့ပါဘူး။ အဲ့ဒီေနာက္မွာေတာ့ ထုံးစံအတိုင္းပဲ Harley ဟာ Poison Ivy နဲ႔ ပူးေပါင္းၿပီး ရာဇဝတ္မႈေတြကို အတူတူ က်ဴးလြန္ခဲ့ပါတယ္။ Joker ဟာ Harley နဲ႔ Ivy တို႔ ႏွစ္ေယာက္ရဲ႕ ေအာင္ျမင္မႈေတြကို သတင္းစာထဲမွာ ျမင္ေတြ႕လိုက္ရတဲ့အခ်ိန္မွာ အလြန္ေပါက္ကြဲခဲ့ပါတယ္။

Joker ရဲ႕ အျမင္မွာေတာ့ Harley ဟာ သူ မရွိရင္ ဘာမွမလုပ္ႏိုင္ဘူးလို႔ ထင္ထားတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Joker ဟာ Harley နဲ႔ ျပန္လည္ေတြ႕ဆုံတဲ့အခ်ိန္မွာေတာ့ Harley ကို မခံခ်ိမခံသာ ျဖစ္ေအာင္ သူမရဲ႕ေအာင္ျမင္မႈေတြက ဘာမွမဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ေလာေလာဆယ္မွာ ထြက္ရွိေနတဲ့ Harley Quinn animated ဇာတ္လမ္းတြဲထဲမွာဆိုရင္လည္း Harley ဟာ Joker နဲ႔ ျပတ္သြားတာေတာင္မွ သူမရဲ႕ အရည္အခ်င္းေတြကို Joker အသိအမွတ္ျပဳေအာင္ ႀကိဳးစားခဲ့ပါေသးတယ္။

ဒါကေတာ့ Joker နဲ႔ Harley တို႔ရဲ႕ အခ်စ္၊ အမုန္းေတြ ေရာေထြးေနတဲ့ relationship အေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular