HomeEntertainmentFilmJon Bernthal ရဲ့ဇာတ်လမ်းတွဲအသစ် American Gigolo

Jon Bernthal ရဲ့ဇာတ်လမ်းတွဲအသစ် American Gigolo

မင်းသား Jon Bernthal ကတော့ မြန်မာပရိသတ်တွေကြားမှာ Punisher မင်းသားအဖြစ် လူသိများသလို အကြမ်းအရမ်း အက်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်လေ့ရှိသူလည်း ဖြစ်ပါတယ်။ ယခုလည်း American Gigolo လို့ အမည်ရတဲ့ ဇာတ်လမ်းတွဲထဲမှာ Julian Kaye ဆိုတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

American Gigolo ကတော့ ၁၉၈၀ ခုနှစ်မှာ ရုပ်ရှင်အဖြစ် ထွက်ရှိခဲ့ပြီး မင်းသားကြီး Richard Gere က သရုပ်ဆောင်ခဲ့ပါတယ်။ ယခုဇာတ်လမ်းတွဲကတော့ remake အဖြစ် ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး Jerry Bruckheimer က ထုတ်လုပ်သူအဖြစ် တာဝန်ယူထားပါတယ်။

Photo Credit: Showtime

ဇာတ်လမ်းကတော့ အမျိုးသား escort တစ်ယောက်ဖြစ်တဲ့ Julian Kaye ဟာ လူသတ်မှုတစ်ခုအတွက် မှားယွင်းစွပ်စွဲခံရပြီး ထောင်ဒဏ်(၁၅)နှစ် ကျခံခဲ့ရပါတယ်။ ထွေလာထဲမှာတော့ Julian Kaye ရဲ့ ယခင်ဘဝနဲ့ လက်ရှိဘဝကို နှိုင်းယှဉ်ပြသထားပါတယ်။ စုံထောက် Sunday ကတော့ “DNA စစ်ဆေးချက် ထွက်လာပြီ။ အခု မင်း လွတ်လပ်တဲ့ လူတစ်ယောက် ဖြစ်သွားပြီ …”လို့ Julian ကို ပြောလိုက်ပါတယ်။

အဲဒီနောက်မှာတော့ Julian ဟာ အိတ်တစ်လုံးကို လွယ်ပြီး သူ့ရဲ့အချစ်ဟောင်း Michelle ဆီ ချဉ်းကပ်ဖို့ ကြိုးစား‌နေတာ တွေ့ရပါတယ်။ ဗွီဒီယိုကလစ်ထဲမှာတော့ “ငါ အဲဒီကောင်မလေးကို နာကျင်အောင် မလုပ်ခဲ့ဘူး။ မင်းပြောတာ မှန်တာပဲ …” လို့ Julian က Michelle ကို လှမ်းပြောလိုက်ပါတယ်။

Michelle ကတော့ “ရှင် ဒီမှာ ရှိနေလို့ မရဘူး …” လို့ ပြောပြီးမှ Julian ကို ပြေးဖက်လိုက်ပါတယ်။ သို့သော်လည်း ခဏလေးအတွင်းမှာတင် “ရှင် ဝေးဝေးမှာနေပါ…” လို့ ပြောပြီး ပြန်တွန်းထုတ်လိုက်တာကို တွေ့ရပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကျဉ်းမှာတော့ Julian ဟာ အတိတ်ဘဝက escort တစ်ယောက်ဖြစ်ခဲ့တဲ့ သူ့ရဲ့ဘဝနဲ့ လက်ရှိဘဝကို ပြန်ပြီးရင်ကြားစေ့ဖို့ ကြိုးစားတာ တွေ့ရမှာဖြစ်သလို Julian ကို ထောင်ထဲရောက်သွားစေခဲ့တဲ့ ပြစ်မှုကို တကယ် ကျူးလွန်ခဲ့တဲ့ နောက်ကွယ်က တရားခံကို ရှာဖွေနေတဲ့ စုံထောက် Sunday ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုရှာဖွေရင်းနဲ့ပဲ အဆမတန် ကြီးမားရှုပ်ထွေးနေတဲ့ အရှုပ်တော်ပုံတစ်ခုကို တွေ့ရှိလာတော့တယ်လို့ ဖော်ပြထားပါတယ်။

American Gigolo ဇာတ်လမ်းတွဲထဲမှာတော့ Jon Bernthal ၊ Gretchen Mol ၊ Rosie O’Donnell နဲ့ Lizzie Brochere တို့က အဓိကပါဝင်ထားပါတယ်။ စက်တင်ဘာလ(၉)ရက်နေ့ စတင်ပြီး Showtime မှာ တစ်ပတ်ကို တစ်ပိုင်း ပြသနေတာ ဖြစ်ပြီး လက်ရှိမှာတော့ ထုတ်လွှင့်နေဆဲ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular