HomeEntertainmentFilmJon Snow ရဲ့နောက်ဆက်တွဲဇာတ်လမ်းကို မြင်တွေ့ရဦးမယ့် GoT Sequel ဇာတ်လမ်းတွဲ

Jon Snow ရဲ့နောက်ဆက်တွဲဇာတ်လမ်းကို မြင်တွေ့ရဦးမယ့် GoT Sequel ဇာတ်လမ်းတွဲ

HBO ဟာ Jon Snow အကြောင်းကို အဓိကမြင်တွေ့ရမယ့် Game of Thrones Sequel ဇာတ်လမ်းတစ်ခု ဖန်တီးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် Jon Snow နေရာမှာတော့ မင်းသား Kit Harington က ပြန်လည်ပါဝင်လာမှာလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Game of Thrones ဇာတ်လမ်းတွဲကတော့ အလွန်အောင်မြင်ခဲ့ပြီး ဒီဇာတ်လမ်းတွဲ ပြီးဆုံးသွားချိန်မှာတော့ HBO ဟာ House of the Dragon လိုမျိူး Prequel ဇာတ်လမ်းတွဲတွေကိုလည်း ဆက်လက်ဖန်တီးနေပါတယ်။

Jon Snow ကတော့ Game of Thrones ထဲက အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး ဇာတ်လမ်းတလျှောက်မှာတော့ Night’s Watch အဖွဲ့သားတစ်ယောက် အဖြစ်ကနေ Daenerys Targaryen နဲ့ ချစ်ကြိုက်မိတဲ့အထိပါ ဖြစ်ခဲ့ပါတယ်။ GoT ရဲ့ အဆုံးသတ်မှာတော့ သူဟာ အသိစိတ်လွတ်သွားတဲ့ Daenerys Targaryen ကို သတ်ခဲ့ပြီး Westeros ကနေ ထွက်ခွာကာ မြောက်ပိုင်းမှာရှိတဲ့ Wildling တွေနဲ့အတူ သွားရောက်နေထိုင်ခဲ့ပါတယ်။

photo via screenrant

အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်မှာတော့ အရာအားလုံးဟာ ငြိမ်းချမ်းသွားတဲ့ပုံစံကို မြင်တွေ့ခဲ့ရပေမယ့်လည်း အဲဒီငြိမ်းချမ်းမှုဟာ ကြာကြာခံမှာတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ HBO ဟာ Jon Snow အကြောင်း Sequel ဇာတ်လမ်းတွဲကို ဖန်တီးဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Kit Harington ကလည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး ပရိသတ်တွေ အချစ်တော် Jon Snow ဟာ ဒီတစ်ခါမှာတော့ ဘယ်လိုစွန့်စားခန်းတွေနဲ့ ကြုံတွေ့ရဦးမလည်းဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular