HomeEntertainmentFilmMCU ထဲမှာ JARVIS နေရာက အသံသရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်တဲ့ Paul Bettany

MCU ထဲမှာ JARVIS နေရာက အသံသရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်တဲ့ Paul Bettany

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU ထဲမှာ Vision အဖြစ် သရုပ်ဆောင်ခဲ့သူ Paul Bettany ဟာ Tony Stark ရဲ့ AI ဖြစ်တဲ့ JARVIS နေရာမှာလည်း အသံအသရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Paul ဟာ အဲ့ဒီ AI နေရာမှာ အသံသရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်ပါတယ် ဆိုပြီးတော့လည်း ပြောခဲ့ပါတယ်။ အသစ်ထွက်လာမယ့် WandaVision ထဲမှာလည်း Elizebath Olsen နဲ့ Paul Bettany တို့ဟာ Scarlet Witch နဲ့ Vision တို့နေရာမှာ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

Paul ဟာ Vision အဖြစ် သရုပ်ဆောင်မခင်တုန်းကတော့ Tony Stark တီထွင်ထားတဲ့ AI ဖြစ်တဲ့ JARVIS နေရာမှာ အသံသရုပ်ဆောင်ခဲ့ရပါတယ်။ Avengers: Age of Ultron ထဲမှာတော့ Tony နဲ့ Bruce တို့ဟာ android ခန္ဓာကိုယ်ထဲကို Mind Stone နဲ့အတူ JARVIS ကို ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ပရိသတ်တွေဟာ Vision ကို ပထမဆုံး မြင်တွေ့ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာပဲ Paul ဟာ အသံသရုပ်ဆောင် တစ်ယောက်ကနေ Live Action သရုပ်ဆောင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

New York Times သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Paul ဟာ MCU မှာ သရုပ်ဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် အဖြေတေွကို ကူညီရှာဖွေပေးရတဲ့ AI နေရာမှာ အသံသရုပ်ဆောင်ခဲ့တာကို ကြိုက်နှစ်သက်တယ် ဆိုတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

photo via screenrant

Paul ပြောသွားတဲ့ စကားအပြည့်အစုံကတော့ ” ကျွန်တော် အလုပ်ကို သွားပြီး လူတိုင်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရပါတယ်။ ဒါ့အပြင် ကျွန်တော်အနေနဲ့ လူဆိုးတွေ လာနေပါပြီ ဆရာ လို့ ပြောရုံလောက်ပဲ ပြုလုပ်ရတာပါ။ ပြီးရင်တော့ သူတို့တွေက ပိုက်ဆံပေးပြီး ကျွန်တော်ကတော့ အိမ်ပြန်ရုံပါပဲ။ ဒါက တော်တော် သဘောကျဖို့ကောင်းတဲ့ အတွေ့အကြုံ တစ်ခုပါပဲ ” ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

MCU ထဲမွာ Vision အျဖစ္ သ႐ုပ္ေဆာင္ခဲ့သူ Paul Bettany ဟာ Tony Stark ရဲ႕ AI ျဖစ္တဲ့ JARVIS ေနရာမွာလည္း အသံအသ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ Paul ဟာ အဲ့ဒီ AI ေနရာမွာ အသံသ႐ုပ္ေဆာင္ရတာကို ႀကိဳက္ႏွစ္သက္ပါတယ္ ဆိုၿပီးေတာ့လည္း ေျပာခဲ့ပါတယ္။ အသစ္ထြက္လာမယ့္ WandaVision ထဲမွာလည္း Elizebath Olsen နဲ႔ Paul Bettany တို႔ဟာ Scarlet Witch နဲ႔ Vision တို႔ေနရာမွာ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။

photo via screenrant

Paul ဟာ Vision အျဖစ္ သ႐ုပ္ေဆာင္မခင္တုန္းကေတာ့ Tony Stark တီထြင္ထားတဲ့ AI ျဖစ္တဲ့ JARVIS ေနရာမွာ အသံသ႐ုပ္ေဆာင္ခဲ့ရပါတယ္။ Avengers: Age of Ultron ထဲမွာေတာ့ Tony နဲ႔ Bruce တို႔ဟာ android ခႏၶာကိုယ္ထဲကို Mind Stone နဲ႔အတူ JARVIS ကို ထည့္သြင္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ပရိသတ္ေတြဟာ Vision ကို ပထမဆုံး ျမင္ေတြ႕ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာပဲ Paul ဟာ အသံသ႐ုပ္ေဆာင္ တစ္ေယာက္ကေန Live Action သ႐ုပ္ေဆာင္ တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

New York Times သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ Paul ဟာ MCU မွာ သ႐ုပ္ေဆာင္ခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ ကမာၻႀကီးကို ကယ္တင္ႏိုင္မယ့္ အေျဖေတြကို ကူညီရွာေဖြေပးရတဲ့ AI ေနရာမွာ အသံသ႐ုပ္ေဆာင္ခဲ့တာကို ႀကိဳက္ႏွစ္သက္တယ္ ဆိုတဲ့ အေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။

photo via screenrant

Paul ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ ” ကြၽန္ေတာ္ အလုပ္ကို သြားၿပီး လူတိုင္းရဲ႕ ျပႆနာေတြကို ေျဖရွင္းေပးရပါတယ္။ ဒါ့အျပင္ ကြၽန္ေတာ္အေနနဲ႔ လူဆိုးေတြ လာေနပါၿပီ ဆရာ လို႔ ေျပာ႐ုံေလာက္ပဲ ျပဳလုပ္ရတာပါ။ ၿပီးရင္ေတာ့ သူတို႔ေတြက ပိုက္ဆံေပးၿပီး ကြၽန္ေတာ္ကေတာ့ အိမ္ျပန္႐ုံပါပဲ။ ဒါက ေတာ္ေတာ္ သေဘာက်ဖို႔ေကာင္းတဲ့ အေတြ႕အႀကဳံ တစ္ခုပါပဲ ” ဆိုၿပီးေတာ့ ေျပာျပခဲ့ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular