HomeEntertainmentFilmHorror ချစ်သူတွေ မျှော်လင့်စောင့်စားရဦးမယ့် Jordan Peele ရဲ့ ရုပ်ရှင်သစ် Nope 

Horror ချစ်သူတွေ မျှော်လင့်စောင့်စားရဦးမယ့် Jordan Peele ရဲ့ ရုပ်ရှင်သစ် Nope 

နာမည်ကျော် အမေရိကန်ဒါရိုက်တာ Jordan Peele ရဲ့ ရုပ်ရှင်အသစ်တစ်ခုကတော့ မကြာခင် လပိုင်းအတွင်းမှာပဲ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကတော့ Nope ဖြစ်ပြီး ထုံးစံအတိုင်း Horror အမျိုးအစား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကယ်လီဖိုးနီးယားရဲ့ မြို့တစ်မြို့က ကုန်းတွင်းပိုင်း လူသူမနီးတဲ့ နေရာတစ်ခုမှာ အခြေတည်ထားပါတယ်။ အဓိကဇာတ်ကောင်နှစ်ဦးကတော့ James နဲ့ Jill Haywood တို့ ဖြစ်ပြီး သူတို့ဟာ ဟောလိဝုဒ်က မြင်းတွေကို လေ့ကျင့်ပေးရတဲ့သူတွေ ဖြစ်ပါတယ်။ Nope ဇာတ်ကားထဲမှာတော့ James နဲ့ Jill Haywood တို့နှစ်ယောက်နဲ့အတူ မြို့ငယ်လေးက ကျန်တဲ့မြို့သူမြို့သားတွေရဲ့ဘဝဟာ ပဟေဠိဆန်ပြီး ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့လိုက်ရတဲ့အချိန်မှာတော့ သူတို့ဘဝတွေအားလုံး ကျွမ်းထိုးမှောက်ခုန် ဖြစ်ကုန်ပါတော့တယ်။

Photo Credit: Universal Pictures

Jordan Peele ရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာတော့ တွဲဖက်ဖြစ်တဲ့ Daniel Kaluuya နဲ့အတူ Keke Palmer ၊ Steven Yeun ၊ Barbie Ferreira ၊ Brandon Perea နဲ့ Michael Wincott တို့ အဓိက ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ Jordan Peele ဟာ ၂၀၂၀ ခုနှစ်တည်းက ရိုက်ကူးဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပြီး Monkeypaw Productions ၊ Universal Pictures တို့နဲ့အတူ တွဲဖက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒါရိုက်တာ Jordan Peele ကတော့ Get Out ၊ Us ၊ Candyman အစရှိတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေကြားမှာ အားပေးမှု အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ အလားတူပဲ Peele နဲ့ တွဲဖက်လို့ ပြောရမယ့် သရုပ်ဆောင် Daniel Kaluuya လည်း ဒီဇာတ်ကားမှာ အတူပါဝင်ထားတာကြောင့် ဘယ်လို ထိတ်လန့် စိတ်လှုပ်ရှားစရာတွေကို ကြည့်ရှုခံစားရမလည်းဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Nope ဇာတ်ကားကိုတော့ လာမယ့် ဇူလိုင်လ (၂၂)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular