HomeEntertainmentFilmရိုက်ကူးရေး စတင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်တဲ့ Jungle Cruise 2

ရိုက်ကူးရေး စတင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်တဲ့ Jungle Cruise 2

၂၀၂၁ ခုနှစ်အတွင်းမှာ ထွက်ခဲ့တဲ့ Jungle Cruise ရုပ်ရှင်ကတော့ အောင်မြင်မှုတွေ ရခဲ့တာကြောင့် အခုချိန်မှာတော့ Jungle Cruise 2 အတွက် ရိုက်ကူးရေး စတင်ဖို့တောင် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ ထုတ်လုပ်သူ Hiram Garcia က အတည်ပြုခဲ့ပါတယ်။ ပထမရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သင်္ဘောကပ္ပတိန် တစ်ယောက်ဟာ သိပ္ပံပညာရှင် တစ်ယောက်ကို အမေဇုန်တောထဲမှာ ရှိတဲ့ Tree of Life ကို ရှာဖွေဖို့ ကူညီတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Jaume Collet-Serra က ရိုက်ကူးထားပြီး Dwayne Johnson နဲ့ Emily Blunt တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် (၁၇) နှစ်တောင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရပြီး ၂၀၀၄ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဒီရုပ်ရှင်ကို ထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး ၂၀၂၀ ခုနှစ်မှာ ရုံတင်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ Box Office မှာတော့ ဒေါ်လာသန်း (၂၂၀) ရရှိခဲ့ပါတယ်။ Jungle Cruise 2 ထဲမှာတော့ Dwayne Johnson ရော Emily Blunt တို့ နှစ်ယောက်လုံးဟာ ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။

Collider သတင်းဌာနနဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးထဲမှာတော့ Jungle Cruise 2 ကို ရိုက်ကူးဖို့ ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပါပြီလို့ ထုတ်လုပ်သူ Hiram Garcia က အတည်ပြုခဲ့ပါတယ်။ အခုချိန်မှာတော့ Sequel ရဲ့ ဇာတ်ညွှန်းအတွက် ဇာတ်ညွှန်းရေးဆရာအဖွဲ့တွေက စတင်ဖန်တီးနေကြပါပြီလို့ သိရပါတယ်။ ဒါတင် မကသေးဘဲ ဒါရိုက်တာ Jaume Collet-Serra ကပဲ ဒီရုပ်ရှင်ကို ဆက်လက်ရိုက်ကူးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

photo via screenrant

အစတုန်းကတော့ ရုပ်ရှင်ဝေဖန်ရေး သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတွေကို ဒီလိုဇာတ်လမ်းအမျိူးအစားတွေမှာ အမြဲမြင်တွေ့နေရပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကတော့ ဒီရုပ်ရှင်ကို ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ကိုဗစ်ကာလကြီးမှာ ထွက်ရှိခဲ့တာကြောင့် Box Office မှာ ဝင်ငွေနည်းပါးခဲ့ပေမယ့်လည်း ရုပ်ရှင်ချစ်သူတွေဟာ ရုပ်ရှင်ရုံထဲမှာ ပြန်လည်ကြည့်ရှုဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကို ဒီရုပ်ရှင်ကြောင့် သိခဲ့ရတာဆိုလည်း မမှားပါဘူး။ ဒါကြောင့်လည်း တစ်ခြားရုပ်ရှင်တွေအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားခဲ့ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular