HomeCelebs Update NewsInternationalTaylor ရဲ႕ အယ္လ္ဘမ္မူပိုင္ခြင့္၀ယ္သြားတဲ့ Scooter Braun ဘက္ကေန ေခ်ပေျပာဆိုလိုက္တဲ့ Justin Bieber

Taylor ရဲ႕ အယ္လ္ဘမ္မူပိုင္ခြင့္၀ယ္သြားတဲ့ Scooter Braun ဘက္ကေန ေခ်ပေျပာဆိုလိုက္တဲ့ Justin Bieber

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Taylor Swift ရဲ႕ မာစတာအယ္လ္ဘမ္ေတြ ၀ယ္ယူခံလိုက္ရတာနဲ႔ ပတ္သက္ၿပီး Justin Bieber ဟာ အစပိုင္းမွာ  troll လုပ္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ၀ယ္ယူသူ Scooter Braun ဘက္ကေန ျပန္လည္ခုခံေျပာဆိုလိုက္ပါတယ္။

ဇြန္လ (၃၀)ရက္ေန႔မွာ တက္လာတဲ့သတင္းအရ Scott Borchetta ပိုင္တဲ့ Big Machine Records ကို Justin Bieber ရဲ႕ မန္ေနဂ်ာ Scooter Braun က ေဒၚလာသန္း(၃၀၀)နဲ႔ ၀ယ္ယူသြားခဲ့ရာ Taylor အေနနဲ႔ ၀မ္းနည္းသလို ရြံရွာတုန္လႈပ္မိတယ္လို႔ Tumblr မွာ ေရးသားလိုက္ပါတယ္။ အဆိုပါ Big Machine Records ဟာ Taylor နဲ႔ အလုပ္လုပ္ခဲ့တဲ့ Label အေဟာင္းျဖစ္ၿပီး Taylor ရဲ႕ထြက္ၿပီးသမွ် အယ္လ္ဘမ္(၆)ခ်ပ္ျဖစ္တဲ့ Taylor Swift ၊ Speak Now ၊ Fearless ၊ Red ၊ 1989 နဲ႔ Reputation တို႔ရဲ႕ မာစတာအယ္လ္ဘမ္ေတြကို ပိုင္ဆိုင္ထားပါတယ္။

Photo: flickr

Bieber ဟာ အစပိုင္းမွာေတာ့ Taylor ရဲ႕ မဟာရန္သူေတာ္ေတြျဖစ္တဲ့ Scooter Braun နဲ႔ Kanye West တို႔ပါတဲ့ ဓာတ္ပုံတစ္ပုံကို သူ႔ရဲ႕ IG အေကာင့္မွာ တင္ခဲ့ၿပီး ေအာက္ကေန “Taylor Swift what up?” လို႔ ေရးသားခဲ့တာပါ။ အဲ့ဒီ့ေနာက္မၾကာခင္မွာပဲ Tumblr မွာ ေရးတင္လိုက္တဲ့ Taylor ရဲ႕ စာအရွည္ႀကီးကို ျမင္ၿပီးေနာက္ပိုင္းမွာေတာ့ သူနဲ႔ Taylor ဆယ္ေက်ာ္သက္ရြယ္ေလးေတြတုန္းက ရိုက္ထားတဲ့ ဓာတ္ပုံတစ္ပုံကို IG မွာ ထပ္တင္လိုက္ၿပီး Scooter Braun ဘက္ကေန ခုခံေျပာဆိုကာ Taylor ကိုလည္း ခ်စ္တယ္လို႔ ေျပာလိုက္တာပါ။

“Taylor ေရ … ပထမဆုံးအေနနဲ႔ စိတ္မေကာင္းျဖစ္ေစမယ့္ ဓာတ္ပုံကို တင္လိုက္မိတဲ့အတြက္ ေတာင္းပန္ခ်င္ပါတယ္။ အဲ့ဒီ့တုန္းကေတာ့ ဟာသအေနနဲ႔ ရယ္ရလို႔ တင္လိုက္တာပါ။ ဒါေပမယ့္ ျပန္ၾကည့္လိုက္ေတာ့ စိတ္မခ်မ္းေျမ႕စရာျဖစ္ၿပီး တစ္ဖက္သားရဲ႕ ခံစားခ်က္ကို အေလးမထားမိသလိုလည္း ျဖစ္သြားပါတယ္။ ရိုးရိုးသားသား ေျပာရရင္ေတာ့ Scooter နဲ႔ Kanye ရဲ႕ပုံကို Screenshot ရိုက္ၿပီး တင္လိုက္ေပမယ့္ “taylor swift what up?”ဆိုတဲ့ Caption ကေတာ့ ငါ့စိတ္ကူးနဲ႔ငါ ေရးလိုက္မိတာပါ။ ဒီကိစၥက Scooter နဲ႔ ဘယ္လိုမွ မပတ္သက္ပါဘူး။ အဲ့လို အရႊန္းမေဖာက္ဖို႔ သူကေတာင္ ငါ့ကို ေျပာပါေသးတယ္”လို႔ ေရးသားထားပါတယ္။

Photo: flickr

ဆက္လက္ၿပီး Bieber ဟာ သူ႔ရဲ႕မန္ေနဂ်ာကို ခ်ီးေျမွာက္ကာ Taylor ကိုလည္း သူမဘက္က ေန ရိွေနတယ္လို႔ ေျပာထားပါေသးတယ္။ “ငါ့ကို ရင္ဖြင့္ခြင့္ေပးတဲ့ ရက္ေတြတည္းကစလို႔ နင့္အတြက္ Scooter က အၿမဲရိွေနတာပါ။ ႏွစ္ေတြသာ ၾကာသြားတယ္။ ငါတို႔ႏွစ္ေယာက္လည္း မေတြ႕ျဖစ္၊ မဆုံျဖစ္၊ ခံစားခ်က္ေတြကို ရင္မဖြင့္ျဖစ္ခဲ့ၾကပါဘူး။ ဒါေပမယ့္ နင့္အေနနဲ႔ ဒီကိစၥကို ဆိုရွယ္မီဒီယာေပၚတင္ၿပီး Scooter ကို လူေတြမုန္းေအာင္ လုပ္တာမ်ိဳးကေတာ့ မမွ်တပါဘူး”လို႔ ေရးထားပါတယ္။

“အဲ့ဒီ့စာပိုဒ္အရွည္ႀကီးကို ေရးတင္ၿပီး ဘာလုပ္ဖို႔ ႀကိဳးစားေနတာလဲဟာ။ ငါ့အျမင္မွာေတာ့ နင္က လူေတြရဲ႕ စာနာမႈကိုလိုခ်င္လို႔ တင္လိုက္ေပမယ့္ နင့္ဖန္ေတြကေတာ့ Scooter ကိုသြားၿပီး ဆဲၾကေတာ့မယ္ဆိုတာပဲ။ ဘာပဲျဖစ္ျဖစ္ ငါသိထားတဲ့အရာတစ္ခုကေတာ့ ငါေရာ Scooter ေရာ နင့္ကို ခ်စ္တယ္ဆိုတာပဲ။ ဒီပဋိပကၡကို ေျဖရွင္းဖို႔က မ်က္ႏွာခ်င္းဆိုင္ေတြ႕ၿပီး ေျပာလိုက္တာက အေကာင္းဆုံးပဲလို႔ ငါေတာ့ထင္တယ္။ ဒီလို အြန္လိုင္းမွာ ဟိုဘက္ကေရးလိုက္၊ ဒီဘက္ကေရးလိုက္ လုပ္ေနတာက ေျဖရွင္းေပးႏိုင္မယ္လို႔ ငါေတာ့ မထင္ဘူး။”

Photo Credit: hollywoodlife

“Scooter ေရာ ငါေရာက နင္နဲ႔စကားေသခ်ာေျပာခ်င္တယ္။ နာက်င္ခံခက္ျဖစ္ရတာေတြ၊ ပဋိပကၡေတြ၊ ဘယ္လိုခံစားခ်က္မ်ိဳးကိုမဆို ေျပာျပၿပီး ေျဖရွင္းလိုက္ခ်င္တယ္။ Scooter ေရာ ငါေရာ နင္နဲ႔ပတ္သက္လို႔ ဘာမေကာင္းေျပာစရာမွ မရိွဘူး။ နင့္အတြက္ အေကာင္းဆုံးဆိုတာကိုပဲ တကယ္ျဖစ္ေစခ်င္တယ္။ ငါက ဒီလို ျပန္ေခ်ပေလ့ေတာ့ မရိွပါဘူး။ ဒါေပမယ့္ စည္းေက်ာ္ၿပီး ငါခ်စ္ရတဲ့လူေတြရဲ႕ ပ်က္စီးရာပ်က္စီးေၾကာင္းကို လုပ္လာမယ္ဆိုရင္ေတာ့ အခုလို ေျပာရတာပါပဲ”ဆိုၿပီး Justin Bieber က သူ႔ရဲ႕ IG ရဲ႕ ေရးတင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပို႔စ္ကို ျပန္ဖ်က္သြားခဲ့ပါတယ္။

Xei

Source: hollywoodlife

(Unicode Version)

Taylor Swift ရဲ့ မာစတာအယ်လ်ဘမ်တွေ ဝယ်ယူခံလိုက်ရတာနဲ့ ပတ်သက်ပြီး Justin Bieber ဟာ အစပိုင်းမှာ  troll လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဝယ်ယူသူ Scooter Braun ဘက်ကနေ ပြန်လည်ခုခံပြောဆိုလိုက်ပါတယ်။

ဇွန်လ (၃၀)ရက်နေ့မှာ တက်လာတဲ့သတင်းအရ Scott Borchetta ပိုင်တဲ့ Big Machine Records ကို Justin Bieber ရဲ့ မန်နေဂျာ Scooter Braun က ဒေါ်လာသန်း(၃၀၀)နဲ့ ဝယ်ယူသွားခဲ့ရာ Taylor အနေနဲ့ ဝမ်းနည်းသလို ရွံရှာတုန်လှုပ်မိတယ်လို့ Tumblr မှာ ရေးသားလိုက်ပါတယ်။ အဆိုပါ Big Machine Records ဟာ Taylor နဲ့ အလုပ်လုပ်ခဲ့တဲ့ Label အဟောင်းဖြစ်ပြီး Taylor ရဲ့ထွက်ပြီးသမျှ အယ်လ်ဘမ်(၆)ချပ်ဖြစ်တဲ့ Taylor Swift ၊ Speak Now ၊ Fearless ၊ Red ၊ 1989 နဲ့ Reputation တို့ရဲ့ မာစတာအယ်လ်ဘမ်တွေကို ပိုင်ဆိုင်ထားပါတယ်။

Photo: flickr

Bieber ဟာ အစပိုင်းမှာတော့ Taylor ရဲ့ မဟာရန်သူတော်တွေဖြစ်တဲ့ Scooter Braun နဲ့ Kanye West တို့ပါတဲ့ ဓာတ်ပုံတစ်ပုံကို သူ့ရဲ့ IG အကောင့်မှာ တင်ခဲ့ပြီး အောက်ကနေ “Taylor Swift what up?” လို့ ရေးသားခဲ့တာပါ။ အဲ့ဒီ့နောက်မကြာခင်မှာပဲ Tumblr မှာ ရေးတင်လိုက်တဲ့ Taylor ရဲ့ စာအရှည်ကြီးကို မြင်ပြီးနောက်ပိုင်းမှာတော့ သူနဲ့ Taylor ဆယ်ကျော်သက်ရွယ်လေးတွေတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို IG မှာ ထပ်တင်လိုက်ပြီး Scooter Braun ဘက်ကနေ ခုခံပြောဆိုကာ Taylor ကိုလည်း ချစ်တယ်လို့ ပြောလိုက်တာပါ။

“Taylor ရေ … ပထမဆုံးအနေနဲ့ စိတ်မကောင်းဖြစ်စေမယ့် ဓာတ်ပုံကို တင်လိုက်မိတဲ့အတွက် တောင်းပန်ချင်ပါတယ်။ အဲ့ဒီ့တုန်းကတော့ ဟာသအနေနဲ့ ရယ်ရလို့ တင်လိုက်တာပါ။ ဒါပေမယ့် ပြန်ကြည့်လိုက်တော့ စိတ်မချမ်းမြေ့စရာဖြစ်ပြီး တစ်ဖက်သားရဲ့ ခံစားချက်ကို အလေးမထားမိသလိုလည်း ဖြစ်သွားပါတယ်။ ရိုးရိုးသားသား ပြောရရင်တော့ Scooter နဲ့ Kanye ရဲ့ပုံကို Screenshot ရိုက်ပြီး တင်လိုက်ပေမယ့် “taylor swift what up?”ဆိုတဲ့ Caption ကတော့ ငါ့စိတ်ကူးနဲ့ငါ ရေးလိုက်မိတာပါ။ ဒီကိစ္စက Scooter နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ အဲ့လို အရွှန်းမဖောက်ဖို့ သူကတောင် ငါ့ကို ပြောပါသေးတယ်”လို့ ရေးသားထားပါတယ်။

Photo: flickr

ဆက်လက်ပြီး Bieber ဟာ သူ့ရဲ့မန်နေဂျာကို ချီးမြှောက်ကာ Taylor ကိုလည်း သူမဘက်က နေ ရှိနေတယ်လို့ ပြောထားပါသေးတယ်။ “ငါ့ကို ရင်ဖွင့်ခွင့်ပေးတဲ့ ရက်တွေတည်းကစလို့ နင့်အတွက် Scooter က အမြဲရှိနေတာပါ။ နှစ်တွေသာ ကြာသွားတယ်။ ငါတို့နှစ်ယောက်လည်း မတွေ့ဖြစ်၊ မဆုံဖြစ်၊ ခံစားချက်တွေကို ရင်မဖွင့်ဖြစ်ခဲ့ကြပါဘူး။ ဒါပေမယ့် နင့်အနေနဲ့ ဒီကိစ္စကို ဆိုရှယ်မီဒီယာပေါ်တင်ပြီး Scooter ကို လူတွေမုန်းအောင် လုပ်တာမျိုးကတော့ မမျှတပါဘူး”လို့ ရေးထားပါတယ်။

“အဲ့ဒီ့စာပိုဒ်အရှည်ကြီးကို ရေးတင်ပြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟာ။ ငါ့အမြင်မှာတော့ နင်က လူတွေရဲ့ စာနာမှုကိုလိုချင်လို့ တင်လိုက်ပေမယ့် နင့်ဖန်တွေကတော့ Scooter ကိုသွားပြီး ဆဲကြတော့မယ်ဆိုတာပဲ။ ဘာပဲဖြစ်ဖြစ် ငါသိထားတဲ့အရာတစ်ခုကတော့ ငါရော Scooter ရော နင့်ကို ချစ်တယ်ဆိုတာပဲ။ ဒီပဋိပက္ခကို ဖြေရှင်းဖို့က မျက်နှာချင်းဆိုင်တွေ့ပြီး ပြောလိုက်တာက အကောင်းဆုံးပဲလို့ ငါတော့ထင်တယ်။ ဒီလို အွန်လိုင်းမှာ ဟိုဘက်ကရေးလိုက်၊ ဒီဘက်ကရေးလိုက် လုပ်နေတာက ဖြေရှင်းပေးနိုင်မယ်လို့ ငါတော့ မထင်ဘူး။”

Photo Credit: hollywoodlife

“Scooter ရော ငါရောက နင်နဲ့စကားသေချာပြောချင်တယ်။ နာကျင်ခံခက်ဖြစ်ရတာတွေ၊ ပဋိပက္ခတွေ၊ ဘယ်လိုခံစားချက်မျိုးကိုမဆို ပြောပြပြီး ဖြေရှင်းလိုက်ချင်တယ်။ Scooter ရော ငါရော နင်နဲ့ပတ်သက်လို့ ဘာမကောင်းပြောစရာမှ မရှိဘူး။ နင့်အတွက် အကောင်းဆုံးဆိုတာကိုပဲ တကယ်ဖြစ်စေချင်တယ်။ ငါက ဒီလို ပြန်ချေပလေ့တော့ မရှိပါဘူး။ ဒါပေမယ့် စည်းကျော်ပြီး ငါချစ်ရတဲ့လူတွေရဲ့ ပျက်စီးရာပျက်စီးကြောင်းကို လုပ်လာမယ်ဆိုရင်တော့ အခုလို ပြောရတာပါပဲ”ဆိုပြီး Justin Bieber က သူ့ရဲ့ IG ရဲ့ ရေးတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။

Xei

Source: hollywoodlife

 

 

RELATED ARTICLES

Most Popular