HomeCharacterMs. Marvel အပိုင်း(၂)ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Kamran ရဲ့ကောမစ် Origin

Ms. Marvel အပိုင်း(၂)ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Kamran ရဲ့ကောမစ် Origin

*** Spoiler Alert ***

Ms. Marvel အပိုင်း(၂)ထဲမှာတော့ Kamran ဆိုတဲ့ ဇာတ်ကောင်အသစ် ပါဝင်လာပြီး Kamala Khan ဟာလည်း သူ့ကို သဘောကျနေပုံ ရပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်း ရင်းနှီးလာပြီး ဘောလိဝုဒ်အကြောင်းတွေလည်း အတူပြောနေကြပါတယ်။ ဒါပေမယ့်လည်း ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ Kamala အကူအညီ လိုအပ်နေတဲ့ အချိန်မှာ Kamran က လာရောက်ကယ်တင်ခဲ့ပြီး သူဟာ Kamala ကိုလည်း Night Light ဖြစ်နေမှန်း သိနေပုံရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Kamran ရဲ့ကောမစ်ထဲက origin ကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Kamala နဲ့ Kamran တို့ဟာ အဆက်အသွယ် ပြတ်သွားတဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပြီး သူတို့နှစ်ယောက်လုံးရဲ့ Origin ကတော့ Terrigen Mist နဲ့ ပတ်သက်နေပါတယ်။ Inhuman တွေရဲ့ဘုရင်ဖြစ်တဲ့ Black Bolt ဟာ Terrigen Mist တွေကို ထုတ်လွှတ်လိုက်ပြီး Kamala နဲ့ Kamran တို့အပါအဝင် လူအများအပြားဆီမှာ ကိန်းအောင်းနေတဲ့ စွမ်းအားတွေ ပေါ်ထွက်လာစေခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Kamran ဟာ Lineage ဆိုတဲ့ Inhuman ဗီလိန်တစ်ယောက်နဲ့ ပူးပေါင်းထားတာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်က Inhuman မဟုတ်တဲ့ ပုံမှန်လူသားတွေကို ရှင်းပစ်ချင်တာပဲ ဖြစ်ပါတယ်။ Kamran ကတော့ ဒီအစီအစဉ်ထဲမှာ Kamala ကို ပူးပေါင်းစေချင်တာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ ကောမစ်ထဲက Kamran ရဲ့စွမ်းအားဟာ ဒီဇာတ်လမ်းတွဲထဲက Kamala ရဲ့စွမ်းအားနဲ့ ဆင်တူနေတာပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Kamran ဟာ ခန္ဓာကိုယ်ကနေ အပြာရောင်နဲ့ အဖြူရောင် ရောစပ်ထားတဲ့ တောက်ပတဲ့ Energy တွေ ထုတ်လွှတ်နိုင်ပြီး ဒီဇာတ်လမ်းတွဲထဲက Kamala ကတော့ ခရမ်းရောင် Energy တွေကို ထုတ်လွှတ်နိုင်ပါတယ်။ မတူတဲ့အချက်ကတော့ Kamran ရဲ့ Energy ဟာ Kamala လိုမျိူး မာကျောသွားအောင် ပြုလုပ်လို့ မရတာပဲ ဖြစ်ပါတယ်။

photo via screenrant

Kamran ဟာ ဒီ Energy ကို အသုံးပြုပြီး လူတွေကို ရှော့ခ်တိုက်နိုင်သလို အရာဝတ္ထုတွေကိုလည်း ပေါက်ကွဲသွားအောင် ပြုလုပ်နိုင်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Kamran ဟာ ယခုဖော်ပြထားတဲ့ စွမ်းအားတွေအတိုင်း ပြသသွားမှာလား၊ ပြောင်းလဲမှုတွေ ရှိလာဦးမှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Kamran ဟာ ဒီဇာတ်လမ်းတွဲရဲ့ဗီလိန် ဖြစ်လာနိုင်ပြီး တကယ်လို့ သူက ဗီလိန်မဟုတ်ဘူး ဆိုရင်တောင် သူ့ရဲ့မိခင်ဆိုသူကတော့ ဗီလိန်ဖြစ်နေနိုင်ချေ များပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular