HomeEntertainmentFilmKang ဟာ Quantum Realm ထဲမှာ အကျဉ်းချခံထားရတယ်ဆိုတဲ့ သီအိုရီ

Kang ဟာ Quantum Realm ထဲမှာ အကျဉ်းချခံထားရတယ်ဆိုတဲ့ သီအိုရီ

မကြာခင်မှာ ထွက်ရှိလာမယ့် Ant-Man and the Quantumania ထဲမှာတော့ Kang the Conqueror ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ ထွေလာထဲမှာတော့ Scott Lang တို့ဟာ Quantum Realm ထဲမှာ ပိတ်မိသွားပြီးနောက်မှာ Kang ဟာ Scott ဆီက အကူအညီတစ်ခု လိုချင်တယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့်ပဲ ပရိသတ်တွေဟာ Kang လိုမျိူး အလွန်စွမ်းအားကြီးသူဟာ Scott ဆီက ဘာအကူအညီ လိုအပ်နေတာလည်းလို့ စဉ်းစားနေကြပါတယ်။ သီအိုရီတစ်ခုကတော့ Kang ဟာ Quantum Realm ထဲမှာ အကျဉ်းချခံထားရပြီး Quantum Realm ထဲက ထွက်ဖို့အတွက် Ant-Man ရဲ့နည်းပညာတစ်ခုခုကို လိုအပ်တာကြောင့် ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

Kang ဟာ Multiverse Saga ရဲ့ အဓိကဗီလိန် ဖြစ်ပြီး သူဟာ Ant-Man လိုမျိူး လုပ်နိုင်စွမ်း အနည်းငယ်သာ ရှိသူရဲ့ အကူအညီကို လိုနေတယ်ဆိုတာ အတော်လေး ထူးဆန်းနေပါတယ်။ လောလောဆယ်အထိ MCU ထဲမှာ သိထားသလောက် ဆိုရင်တော့ Quantum Realm ထဲကနေ ပြန်ထွက်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ Pym Particles ပဲ ဖြစ်ပါတယ်။

photo via screenrant

ဒါကြောင့် Kang ဟာ Ant-Man ဆီက Pym Particles နဲ့ နည်းပညာကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။ Kang ဟာ Quantum Realm ထဲမှာ မြို့တော်တစ်ခု တည်ဆောက်ထားပြီး အုပ်စိုးနေပေမယ့်လည်း သူဟာ Multiverse တခွင်ကိုတောင် လိုက်လံသိမ်းပိုက်နေသူ ဖြစ်တာကြောင့် ဒီလိုနေရာတစ်ခုတည်းကို အုပ်စိုးရရုံနဲ့ တင်းတိမ်မယ့်သူမျိူး မဟုတ်ပါဘူး။ ဒါကြောင့်ပဲ Kang ဟာ Quantum Realm ထဲမှာ သူ့ရဲ့ရွေးချယ်မှုအရ နေထိုင်နေတာ မဖြစ်နိုင်ဘဲ အကျဉ်းချခံထားရတာမျိူး ဖြစ်နေနိုင်ပါတယ်။

Kang ဟာ အချိန်ခရီးသွားခြင်းအပြင် Multiverse ကိုပါ စိတ်ကြိုက်သွားလာနိုင်ပြီး အလွန်စွမ်းအားကြီးသူတစ်ယောက် ဖြစ်တာကြောင့် သူ့ကိုဖမ်းချုပ်ထားဖို့ ဆိုရင်တော့ သာမန် Rule အားလုံးကို ဆန့်ကျင်နေပြီး အချိန်ရဲ့ အပြင်ဘက်မှာပါ ရှိနေတဲ့ Quantum Realm က သင့်တော်တဲ့ နေရာတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်ပဲ နောက်ထပ်မေးစရာ ရှိလာတာကတော့ Kang ကို ဘယ်သူက Quantum Realm ထဲမှာ ပိတ်ထားခဲ့တာလည်း ဆိုတာပဲ ဖြစ်ပါတယ်။

photo via screenrant

တွေးကြည့်ရင်တော့ Loki ဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရတဲ့ He Who Remains က Kang ကို ဖမ်းထားခဲ့တာ ဖြစ်နိုင်ပါတယ်။ He Who Remains ဟာ Sacred Timeline ကို ထိန်းချုပ်နေသူ ဖြစ်ပြီး သူ့လိုမျိူး အခြား Kang Variant တွေ ပေါ်မလာအောင် တားဆီးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ He Who Remains က Kang ကို Quantum Realm ထဲမှာ ပိတ်ထားတယ်ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်။

ဒါပေမယ့်လည်း Kang နဲ့ သူ့ရဲ့ Variant တွေထက် ပိုပြီးစွမ်းအားကြီးတဲ့ Being တစ်ခုခုက ပိတ်ထားတာမျိူးလည်း ဖြစ်နေနိုင်ပါသေးတယ်။ Celestial တွေက Kang ကို အနိုင်ယူပြီး Quantum Realm ထဲမှာ ပိတ်ထားခဲ့တာ ဖြစ်နိုင်သလို Cosmic Entity တစ်ခု ဖြစ်တဲ့ Living Tribunal က ပိတ်ထားတာမျိူးလည်း ဖြစ်နိုင်ပါတယ်။ ဒီသီအိုရီ မှန်မမှန် ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular