HomeCelebs Update NewsInternationalWhite Lives Matter ကိစ္စနဲ့ Gigi Hadid ကို ပြင်းထန်စွာတုံ့ပြန်လာတဲ့ Kanye West

White Lives Matter ကိစ္စနဲ့ Gigi Hadid ကို ပြင်းထန်စွာတုံ့ပြန်လာတဲ့ Kanye West

Kanye West ကတော့ သူ့ကို တဲ့တိုးဝေဖန် ပြောဆိုထားတဲ့ မော်ဒယ်လ် Gigi Hadid ကို ပြန်လည် ချေပပြောဆိုလာပါတယ်။ အဲဒါကတော့ လက်ရှိဖြစ်နေတဲ့ Gigi Hadid နဲ့ Kanye West တို့ကြားက အချင်းများမှုမှာ Kanye ဘက်က ဆက်တိုက်ဆိုသလို Gigi ကို ပျစ်ပျစ်နှစ်နှစ် ပြောဆိုလာတာ ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ Kanye West ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျင်းပခဲ့တဲ့ Paris Fashion Week မှာ သူ့ရဲ့အသစ်ထွက် clothing line အဖြစ် “White Lives Matter” ဆိုတဲ့ ဆောင်ပုဒ်နဲ့ တီရှပ်လက်ရှည်တွေကို ထုတ်လုပ်ခဲ့ပါတယ်။ အဆိုပါ ဆောင်ပုဒ်ကတော့ လူမျိုးရေးခွဲခြားမှုမှာ အစွန်းရောက်လွန်းတဲ့ လူဖြူအဖွဲ့အစည်းတွေက “Black Lives Matter” လှုပ်ရှားမှုကို သေးသိမ်သွားအောင် တန်ပြန်လှုပ်ရှားခဲ့တဲ့ ကမ်ပိန်းတွေမှာ အသုံးပြုခဲ့တဲ့ဆောင်ပုဒ်ပဲ ဖြစ်ပါတယ်။

Photo: candanceowens/ Twitter

Kanye ကတော့ အဆိုပါဆောင်ပုဒ်ကို သူ့ရဲ့အသစ်ထွက် တီရှပ်ရဲ့ကျောဘက်မှာ အသုံးပြုထားပြီး ရှေ့ဘက်အခြမ်းမှာတော့ ပုပ်ရဟန်းမင်းကြီး Jon Paul II ရဲ့ ဓာတ်ပုံကို ထည့်သွင်းထားပါတယ်။ Kanye ဟာ အဆိုပါဒီဇိုင်းနဲ့ အင်္ကျီအသစ်ကို ဘာရည်ရွယ်ချက်နဲ့ ထုတ်လုပ်ပြီး Paris Fashion Week မှာ ပြသခဲ့မှန်း မသိပေမယ့် အဆိုပါပွဲကို တက်ရောက်ခဲ့သူတွေကတော့ သူတို့ရဲ့အတွေ့အကြုံနဲ့ ခံစားချက်တွေကို လူမှုကွန်ယက်တွေမှာ ကျယ်ကျယ်လောင်လောင် ပြောဆိုထားကြပါတယ်။

အထူးသဖြင့် Vogue မဂ္ဂဇင်းနဲ့ ဖက်ရှင် stylist ဖြစ်သူ Gabriella ကတော့ လူမည်းအမျိုးသမီးတစ်ယောက်အနေနဲ့ အဆိုပါဆောင်ပုဒ်နဲ့ အင်္ကျီတွေကို ဖက်ရှင်လျှောက်လမ်းပေါ်မှာ မြင်တွေ့ရတာ စိတ်ထိခိုက် ကြေကွဲရတဲ့အကြောင်း ပြောထားပါတယ်။ ဒါကိုပဲ Kanye ကတော့ Gabriella ရဲ့ပို့စ်အောက်မှာ သူမကိုလှောင်ပြောင်သရော်ခဲ့ပါတယ်။

Photo: commentsbycelebs/ Instagram

ဒီကိစ္စကြောင့်ပဲ stylist Gabriella နဲ့ မိတ်ဆွေဖြစ်တဲ့ Gigi Hadid က သူမရဲ့မိတ်ဆွေဘက်က ရပ်တည်ပြီး Kanye ကို “အနိုင်ကျင့်တတ်သူ၊ လူပြက်” လို့ တဲ့တိုးပြောဆိုခဲ့ပါတယ်။ ဒါကိုတုံ့ပြန်သောအားဖြင့် Kanye ဘက်ကလည်း Gigi ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုလာပါတယ်။

အဲဒါကတော့ Kanye ဟာ “အခွင့်ထူးခံ Karen” လို့ Gigi ကို ပြောခဲ့ရုံသာမက TikTok မှာ Gigi ကို troll ထားတဲ့ ဗွီဒီယိုတစ်ခုကိုပါ သူ့အကောင့်မှာ ပြန်တင်ပြီး နှိမ်ချပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဗွီဒီယိုမှာတော့ Azealia ဆိုသူဟာ Gigi Hadid ကို Bella Hadid နဲ့ နှိုင်းယှဉ်ပြီး ပြောဆိုထားပါတယ်။

Photo: gigihadid/ Instagram

“Gigi Hadid ရေ … နင်ကတော့ ဘာအရုပ်မမှ မဟုတ်ဘူးနော်။ Bella Hadid ကသာ အရုပ်မလေး။ နင်က Cabbage Patch ပဲ။ Bella ကသာ Barbie လေး။ Bella က Marcia ။ နင်ကတော့ Jan ပေါ့ …” လို့ Brady Bunch sitcom ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေနဲ့ ရည်ညွှန်းပြီး ပြောဆိုထားပါတယ်။ (Cabbage Patch ဆိုတာကတော့ လူဖြူအမျိုးသမီးတွေကို နှိမ်ချ စော်ကားပြောဆိုရာမှာ အသုံးပြုကြတဲ့ ဗန်းစကားတစ်ခု ဖြစ်ပါတယ်။)

အဆိုပါဗွီဒီယိုကို သူ့အကောင့်မှာ ပြန်တင်ထားတဲ့ Kanye ဟာ Gigi ကို အခုလိုလည်း ပြောဆိုထားပါသေးတယ်။ “ငါက ဟောလိဝုဒ်ကို နောက်တစ်ခါ ကြုံလို့တောင် လာမှာမဟုတ်ဘူး။ Gigi … နင်ကတော့ တကယ့် အခွင့်ထူးခံ Karen ပါပဲ။ နင်က မွေးတည်းက ငွေဇွန်းကိုက်ပြီး မွေးလာတဲ့သူလေ။ နင်က ဇွန်ဘီပဲ …” လို့ Kanye က ပြောထားပါတယ်။

Photo: haileybieber/ Instagram

Kanye တစ်ယောက်ကတော့ stylist Gabriella နဲ့ မော်ဒယ်လ် Gigi တို့အပြင် Hailey Bieber ကိုလည်း ဖောင်းထုထားပါသေးတယ်။ အကြောင်းကတော့ Hailey ဟာလည်း stylist Gabriella ကို လူသိရှင်ကြား ဝန်းရံထားလို့ပါပဲ။

“ငြင်းစရာမလိုအောင် လှပတဲ့ လူမည်းအမျိုးသမီးတွေကို သူတို့နဲ့ထိုက်တန်တဲ့ ပုလ္လင်ပေါ်မှာ သူတို့က မထိုင်စေချင်ကြဘူး။ သူတို့က Corey Gamble ရဲ့ level လောက်ပဲရှိတဲ့ ဖက်ရှင်လောကကို ဝန်းရံဖို့ သောက်ရမ်း cool ဖြစ်ချင်ယောင်ဆောင်ပြီး လုံးဝ cool မဖြစ်တဲ့ Gigi Hadid နဲ့ နှာခေါင်းပြုပြင်ထားတဲ့ Hailey Baldloose တို့ကိုပဲ လိုချင်ကြတာ …” လို့ ပြောထားပါသေးတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular