HomeCelebs Update NewsInternationalအရူးတစ်ယောက်လို့ မထင်စေချင်တဲ့အကြောင်း ဖွင့်ဟလာတဲ့ Kanye West

အရူးတစ်ယောက်လို့ မထင်စေချင်တဲ့အကြောင်း ဖွင့်ဟလာတဲ့ Kanye West

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kanye West ဟာ လက်ရှိ သူ့ရဲ့စိတ်အခြေအနေနဲ့ ပတ်သက်ပြီး ပြောစရာရှိတာ မှန်ပေမယ့် သူ့ကိုလူတွေက အရူးတစ်ယောက်လို ဆက်ဆံတာမျိုး မဖြစ်စေချင်တဲ့အကြောင်းနဲ့ သူ့မှာလည်း တန်ဖိုးရှိတဲ့အကြောင်းကို Jay Z အပါအဝင် လူတိုင်းကို သက်သေပြချင်တဲ့အကြောင်း Nick Cannon နဲ့ ပြုလုပ်ခဲ့တဲ့ Podcast မှာ ပြောပြသွားပါတယ်။

အသက်(၄၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Kanye West ဟာ သူ့မှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြဿနာအချို့ ရှိနေပေမယ့် သူဟာ အရူးတစ်ယောက် မဟုတ်တဲ့အကြောင်း ရင်ဖွင့်လာပါတယ်။ Kanye ဟာ သူ့မှာ စိတ်အတက်အကျမြန်ရောဂါ ခံစားနေရကြောင်း သိရှိပြီးတည်းက သူပြောဆို၊ပြုမူတဲ့အရာတွေနဲ့ ပတ်သက်ပြီး လူတွေက သူ့ကိုဝေဖန်သုံးသပ်ကြတဲ့အပေါ် ခံစားနေရတဲ့အကြောင်း ဖွင့်ဟထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့မိတ်ဆွေ ရက်ပ်ပါ Jay Z အပါအဝင် လူတိုင်းကိုပါ သူ့မှာတန်ဖိုးရှိသေးတယ်ဆိုတာကို သက်သေပြမယ့်အကြောင်းလည်း ဆိုထားပါသေးတယ်။

Photo: kanyewestt_official/ Instagram

“လူတွေက ကျုပ်ကို အရူးလို့ခေါ်နေကြတော့ ကျုပ်မရူးကြောင်း သူတို့ကိုပြရမယ်။ ကျုပ်အစ်ကိုကြီးကိုတောင် ကျုပ်ဒီလိုမဟုတ်ကြောင်း ပြရမယ်ဗျာ။ Jay Z ကိုလည်း ကျုပ်အရူးမဟုတ်ကြောင်း ပြမယ်ဗျာ။ သိတယ်မှတ်လား။ လူတစ်ယောက်ဟာ ဒီလိုရောဂါမျိုး ခံစားရနိုင်တယ်။ လူတွေကလည်း ခင်ဗျားကို ဝိုင်းလက်ညိုးထိုးကြလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ နိုင်ငံသားတစ်ယောက်ပဲ။ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်နေနိုင်သေးတယ်လေ… ” ဆိုပြီး Kanye က Nick Cannon ကို ပြောထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လူတွေမှာ ဖြစ်တတ်တဲ့ စိတ်ရောဂါတွေနဲ့ ဒီလိုခံစားနေရသူတွေအပေါ် ခွဲခြားနှိမ့်ချပြီး ဆက်ဆံတတ်တဲ့ ပတ်ဝန်းကျင်အကြောင်းကိုပါ ပြောထားပြီး ဘာတွေပဲဖြစ်ဖြစ် သူရူးသွပ်တဲ့အရာတွေကို ဆက်လုပ်သွားမှာဖြစ်ပြီး သူ့ရဲ့နဂိုရှိရင်းစွဲပုံစံကို အပျောက်ခံမှာမဟုတ်ကြောင်း ဆိုထားပါတယ်။

Photo: kanyewestt_official/ Instagram

“လူတွေက သတ်မှတ်ထားတဲ့ အဲ့ဒီ့ခွဲခြားနှိမ့်ချမှုတွေနဲ့ ကျုပ်ဘယ်သူဆိုတာ သတ်မှတ်ခံမှာ မဟုတ်ဘူး။ အဲ့တော့ ရယ်စရာကောင်းတာက သိတယ်မှတ်လား။ ကျုပ်ကတော့ ဘွန်းခနဲပဲ။ သူတို့ကတော့ ကျုပ်သမီးရဲ့ အသီးအရွက်တွေအကုန်လုံးကို စားလိုက်လည်း ဒီကောင် စားလိုက်ပြန်ပြီဆိုပြီး မြင်ကြလိမ့်မယ်… ” လို့ ကလေးသံလေးနဲ့ လုပ်ပြောပြီး ရယ်မောနေပါတယ်။

“ပြီးတော့ ကျုပ်သမီးလေးအတွက် ကျုပ်ငိုခဲ့တယ်။ အဲ့တော့လည်း ကျုပ်ကို အရူးလို့ ခေါ်ကြပြန်ရော။ ကျုပ်တစ်ခုပြောမယ်။ တန်ဖိုးတွေ၊ ပိုက်ဆံတွေကို အဲ့လိုနည်းနဲ့ မေ့ပစ်လိုက်တယ် ထားပါဦး။ ကျုပ်ထင်တာကတော့ ကျုပ်သာ ဘီလျံနာ ဖြစ်လာမယ်ဆိုရင် အဲ့ဒီ့လှောင်ပြောင် နှိမ့်ချမှုတွေကို အနိုင်ယူနိုင်မယ်လို့ ထင်တာပဲ… ”

Photo: kanyewestt_official/ Instagram

“ရယ်စရာကောင်းတာက ကျုပ်မှာက Ye တစ်ယောက် ဆေးတွေ မသောက်ဘူးထင်တယ်လို့ ပြောလာရင် … ခင်ဗျားပဲ ဆေးသောက်ဖို့လိုနေတာလို့ ပြန်ပြောပေးမယ့် သူငယ်ချင်းတွေ ရှိနေတာပဲဗျ။ ပြီးတော့ သူတို့ ကျုပ်ကို ရှောင်ဖယ် ရှောင်ဖယ် လုပ်ကြလိမ့်မယ်။ ဒါက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က လူမည်းတွေကို သူတို့ဆက်ဆံကြတဲ့ပုံစံမျိုးပါပဲ …” လို့ Kanye က ဆိုပါတယ်။

Kanye ဟာ စိတ်အတက်အကျမြန်တဲ့ bipolar disorder ကို ခံစားနေရကြောင်း စတင်ဖွင့်ဟခဲ့ချိန်ဟာ ၂၀၁၈ခုနှစ် ဇွန်လက ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်က Big Boy ရေဒီယိုရှိုးကို အလည်လာတုန်းက ပထမဆုံး သူ့ရဲ့စိတ်ကျန်းမာရေး အခြေအနေကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ “ကျုပ်အသက်(၃၉)နှစ် မတိုင်ခင်အထိ ဒါမျိုး မဖြစ်ခဲ့ဖူးဘူး။ ဒါပေမယ့် ကျုပ်အယ်လ်ဘမ် Ye ထဲမှာ ပြောထားသလိုပဲ အဲ့ဒါက မသန်စွမ်းတာမျိုး၊ ချို့တဲ့နေတာမျိုး မဟုတ်ဘူး။ အဲ့ဒါက စူပါပါဝါဗျ… ” ဆိုပြီး ပြောပြခဲ့တာပါ။

Photo: kanyewestt_official/ Instagram

သို့ပေမယ့် ၂၀၁၈ခုနှစ် အောက်တိုဘာလမှာ အမေရိကန်သမ္မတ Donald Trump နဲ့ oval office မှာ စကားစမြည် ပြောခဲ့တုန်းကတော့ Kanye ဟာ သူ့မှာ စိတ်အတက်အကျမြန်ရောဂါ ရှိနေတယ်ဆိုတာကို ငြင်းဆန်ခဲ့ပြန်ပါတယ်။ “ကျုပ်မှာ bipolar disorder ရှိနေတယ်လို့ ပြောတယ်ဗျာ။ NBA တို့၊ NFL တို့အတွက် အလုပ်လုပ်ပေးနေတဲ့ အာရုံကြော စိတ်ရောဂါကုတစ်ယောက်နဲ့ ကျုပ်အဆက်အသွယ် ရခဲ့တယ်။ အဲ့တော့မှ သူပြောတာက ကျုပ်က bipolar ဖြစ်နေတာ မဟုတ်ဘူးတဲ့။ ဒါပေမယ့် ကျုပ်က မအိပ်တဲ့အခါကျတော့ နောက်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက်ဆိုရင်တော့ ကျုပ်သားနာမည်ကိုတောင် မမှတ်မိနိုင်တော့တဲ့ မှတ်ဉာဏ်ပျောက်ဆုံးတဲ့ရောဂါ ဖြစ်နိုင်တယ်လို့ ပြောတယ်… ” လို့ သမ္မတကြီးကို ပြောပြခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၁၉ခုနှစ် မေလကို ရောက်တဲ့အခါမှာတော့ Kanye တစ်ယောက်ဟာ သူ့မှာ bipolar ရှိနေတဲ့အကြောင်းကို လက်ခံလိုက်ပြန်ပုံ ရပါတယ်။ အဲ့ဒါကတော့ David Letterman ရဲ့ talk show ကို အလည်လာစဉ်မှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။ “ခင်ဗျားမှာ bipolar ရှိနေတဲ့အခါ အကုန်လုံးမှာ အရှိန်တွေ မြင့်တက်လာတတ်တယ်ဗျ။ ခင်ဗျားက လုံးဝခန့်မှန်းလို့ မရတော့တဲ့ဟာတွေ လုပ်ကုန်တဲ့အထိ ဖြစ်တတ်တယ် … ” ဆိုပြီး ပြောခဲ့တာပါ။

Photo: kanyewestt_official/ Instagram

Kanye ရဲ့ ဇနီးသည်ဖြစ်တဲ့ Kim Kardashian ကတော့ ခင်ပွန်းသည်ရဲ့ စိတ်ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး တစ်ကြိမ်ထက်မက လူထုကို ပြောကြားတဲ့ အင်တာဗျူးတွေမှာ ပြောထားဖူးပါတယ်။ “သူ့အတွက်က ဆေးကို အမြဲတမ်း သောက်ဖို့က အဆင်မပြေပါဘူး။ ဆေးသောက်လိုက်ရင် သူ့ရဲ့နဂိုပုံစံကနေ ပြောင်းလဲသွားတတ်လို့ပါ… ” ဆိုပြီး Kim က ၂၀၁၉ခုနှစ် Vogue နဲ့ အင်တာဗျူးမှာ ပြောထားဖူးပါတယ်။

Glasgow

Source:  hollywood life

(Zawgyi Version)

Kanye West ဟာ လက္ရွိ သူ႔ရဲ႕စိတ္အေျခအေနနဲ႔ ပတ္သက္ၿပီး ေျပာစရာရွိတာ မွန္ေပမယ့္ သူ႔ကိုလူေတြက အ႐ူးတစ္ေယာက္လို ဆက္ဆံတာမ်ိဳး မျဖစ္ေစခ်င္တဲ့အေၾကာင္းနဲ႔ သူ႔မွာလည္း တန္ဖိုးရွိတဲ့အေၾကာင္းကို Jay Z အပါအဝင္ လူတိုင္းကို သက္ေသျပခ်င္တဲ့အေၾကာင္း Nick Cannon နဲ႔ ျပဳလုပ္ခဲ့တဲ့ Podcast မွာ ေျပာျပသြားပါတယ္။

အသက္(၄၃)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Kanye West ဟာ သူ႔မွာ စိတ္က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ျပႆနာအခ်ိဳ႕ ရွိေနေပမယ့္ သူဟာ အ႐ူးတစ္ေယာက္ မဟုတ္တဲ့အေၾကာင္း ရင္ဖြင့္လာပါတယ္။ Kanye ဟာ သူ႔မွာ စိတ္အတက္အက်ျမန္ေရာဂါ ခံစားေနရေၾကာင္း သိရွိၿပီးတည္းက သူေျပာဆို၊ျပဳမူတဲ့အရာေတြနဲ႔ ပတ္သက္ၿပီး လူေတြက သူ႔ကိုေဝဖန္သုံးသပ္ၾကတဲ့အေပၚ ခံစားေနရတဲ့အေၾကာင္း ဖြင့္ဟထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕မိတ္ေဆြ ရက္ပ္ပါ Jay Z အပါအဝင္ လူတိုင္းကိုပါ သူ႔မွာတန္ဖိုးရွိေသးတယ္ဆိုတာကို သက္ေသျပမယ့္အေၾကာင္းလည္း ဆိုထားပါေသးတယ္။

Photo: kanyewestt_official/ Instagram

“လူေတြက က်ဳပ္ကို အ႐ူးလို႔ေခၚေနၾကေတာ့ က်ဳပ္မ႐ူးေၾကာင္း သူတို႔ကိုျပရမယ္။ က်ဳပ္အစ္ကိုႀကီးကိုေတာင္ က်ဳပ္ဒီလိုမဟုတ္ေၾကာင္း ျပရမယ္ဗ်ာ။ Jay Z ကိုလည္း က်ဳပ္အ႐ူးမဟုတ္ေၾကာင္း ျပမယ္ဗ်ာ။ သိတယ္မွတ္လား။ လူတစ္ေယာက္ဟာ ဒီလိုေရာဂါမ်ိဳး ခံစားရႏိုင္တယ္။ လူေတြကလည္း ခင္ဗ်ားကို ဝိုင္းလက္ညိဳးထိုးၾကလိမ့္မယ္။ ဒါေပမယ့္ ခင္ဗ်ားအေနနဲ႔ ႏိုင္ငံသားတစ္ေယာက္ပဲ။ တန္ဖိုးရွိတဲ့ လူတစ္ေယာက္ ျဖစ္ေနႏိုင္ေသးတယ္ေလ… ” ဆိုၿပီး Kanye က Nick Cannon ကို ေျပာထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ လူေတြမွာ ျဖစ္တတ္တဲ့ စိတ္ေရာဂါေတြနဲ႔ ဒီလိုခံစားေနရသူေတြအေပၚ ခြဲျခားႏွိမ့္ခ်ၿပီး ဆက္ဆံတတ္တဲ့ ပတ္ဝန္းက်င္အေၾကာင္းကိုပါ ေျပာထားၿပီး ဘာေတြပဲျဖစ္ျဖစ္ သူ႐ူးသြပ္တဲ့အရာေတြကို ဆက္လုပ္သြားမွာျဖစ္ၿပီး သူ႔ရဲ႕နဂိုရွိရင္းစြဲပုံစံကို အေပ်ာက္ခံမွာမဟုတ္ေၾကာင္း ဆိုထားပါတယ္။

Photo: kanyewestt_official/ Instagram

“လူေတြက သတ္မွတ္ထားတဲ့ အဲ့ဒီ့ခြဲျခားႏွိမ့္ခ်မႈေတြနဲ႔ က်ဳပ္ဘယ္သူဆိုတာ သတ္မွတ္ခံမွာ မဟုတ္ဘူး။ အဲ့ေတာ့ ရယ္စရာေကာင္းတာက သိတယ္မွတ္လား။ က်ဳပ္ကေတာ့ ဘြန္းခနဲပဲ။ သူတို႔ကေတာ့ က်ဳပ္သမီးရဲ႕ အသီးအ႐ြက္ေတြအကုန္လုံးကို စားလိုက္လည္း ဒီေကာင္ စားလိုက္ျပန္ၿပီဆိုၿပီး ျမင္ၾကလိမ့္မယ္… ” လို႔ ကေလးသံေလးနဲ႔ လုပ္ေျပာၿပီး ရယ္ေမာေနပါတယ္။

“ၿပီးေတာ့ က်ဳပ္သမီးေလးအတြက္ က်ဳပ္ငိုခဲ့တယ္။ အဲ့ေတာ့လည္း က်ဳပ္ကို အ႐ူးလို႔ ေခၚၾကျပန္ေရာ။ က်ဳပ္တစ္ခုေျပာမယ္။ တန္ဖိုးေတြ၊ ပိုက္ဆံေတြကို အဲ့လိုနည္းနဲ႔ ေမ့ပစ္လိုက္တယ္ ထားပါဦး။ က်ဳပ္ထင္တာကေတာ့ က်ဳပ္သာ ဘီလ်ံနာ ျဖစ္လာမယ္ဆိုရင္ အဲ့ဒီ့ေလွာင္ေျပာင္ ႏွိမ့္ခ်မႈေတြကို အႏိုင္ယူႏိုင္မယ္လို႔ ထင္တာပဲ… ”

Photo: kanyewestt_official/ Instagram

“ရယ္စရာေကာင္းတာက က်ဳပ္မွာက Ye တစ္ေယာက္ ေဆးေတြ မေသာက္ဘူးထင္တယ္လို႔ ေျပာလာရင္ … ခင္ဗ်ားပဲ ေဆးေသာက္ဖို႔လိုေနတာလို႔ ျပန္ေျပာေပးမယ့္ သူငယ္ခ်င္းေတြ ရွိေနတာပဲဗ်။ ၿပီးေတာ့ သူတို႔ က်ဳပ္ကို ေရွာင္ဖယ္ ေရွာင္ဖယ္ လုပ္ၾကလိမ့္မယ္။ ဒါက လြန္ခဲ့တဲ့ ႏွစ္တစ္ရာေလာက္က လူမည္းေတြကို သူတို႔ဆက္ဆံၾကတဲ့ပုံစံမ်ိဳးပါပဲ …” လို႔ Kanye က ဆိုပါတယ္။

Kanye ဟာ စိတ္အတက္အက်ျမန္တဲ့ bipolar disorder ကို ခံစားေနရေၾကာင္း စတင္ဖြင့္ဟခဲ့ခ်ိန္ဟာ ၂၀၁၈ခုႏွစ္ ဇြန္လက ျဖစ္ပါတယ္။ အဲ့ဒီ့အခ်ိန္က Big Boy ေရဒီယိုရႈိးကို အလည္လာတုန္းက ပထမဆုံး သူ႔ရဲ႕စိတ္က်န္းမာေရး အေျခအေနကို ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။ “က်ဳပ္အသက္(၃၉)ႏွစ္ မတိုင္ခင္အထိ ဒါမ်ိဳး မျဖစ္ခဲ့ဖူးဘူး။ ဒါေပမယ့္ က်ဳပ္အယ္လ္ဘမ္ Ye ထဲမွာ ေျပာထားသလိုပဲ အဲ့ဒါက မသန္စြမ္းတာမ်ိဳး၊ ခ်ိဳ႕တဲ့ေနတာမ်ိဳး မဟုတ္ဘူး။ အဲ့ဒါက စူပါပါဝါဗ်… ” ဆိုၿပီး ေျပာျပခဲ့တာပါ။

Photo: kanyewestt_official/ Instagram

သို႔ေပမယ့္ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလမွာ အေမရိကန္သမၼတ Donald Trump နဲ႔ oval office မွာ စကားစျမည္ ေျပာခဲ့တုန္းကေတာ့ Kanye ဟာ သူ႔မွာ စိတ္အတက္အက်ျမန္ေရာဂါ ရွိေနတယ္ဆိုတာကို ျငင္းဆန္ခဲ့ျပန္ပါတယ္။ “က်ဳပ္မွာ bipolar disorder ရွိေနတယ္လို႔ ေျပာတယ္ဗ်ာ။ NBA တို႔၊ NFL တို႔အတြက္ အလုပ္လုပ္ေပးေနတဲ့ အာ႐ုံေၾကာ စိတ္ေရာဂါကုတစ္ေယာက္နဲ႔ က်ဳပ္အဆက္အသြယ္ ရခဲ့တယ္။ အဲ့ေတာ့မွ သူေျပာတာက က်ဳပ္က bipolar ျဖစ္ေနတာ မဟုတ္ဘူးတဲ့။ ဒါေပမယ့္ က်ဳပ္က မအိပ္တဲ့အခါက်ေတာ့ ေနာက္ဆယ္ႏွစ္၊ အႏွစ္ႏွစ္ဆယ္ေလာက္ဆိုရင္ေတာ့ က်ဳပ္သားနာမည္ကိုေတာင္ မမွတ္မိႏိုင္ေတာ့တဲ့ မွတ္ဉာဏ္ေပ်ာက္ဆုံးတဲ့ေရာဂါ ျဖစ္ႏိုင္တယ္လို႔ ေျပာတယ္… ” လို႔ သမၼတႀကီးကို ေျပာျပခဲ့ပါတယ္။

ဒီလိုနဲ႔ ၂၀၁၉ခုႏွစ္ ေမလကို ေရာက္တဲ့အခါမွာေတာ့ Kanye တစ္ေယာက္ဟာ သူ႔မွာ bipolar ရွိေနတဲ့အေၾကာင္းကို လက္ခံလိုက္ျပန္ပုံ ရပါတယ္။ အဲ့ဒါကေတာ့ David Letterman ရဲ႕ talk show ကို အလည္လာစဥ္မွာ ေျပာျပခဲ့တာ ျဖစ္ပါတယ္။ “ခင္ဗ်ားမွာ bipolar ရွိေနတဲ့အခါ အကုန္လုံးမွာ အရွိန္ေတြ ျမင့္တက္လာတတ္တယ္ဗ်။ ခင္ဗ်ားက လုံးဝခန႔္မွန္းလို႔ မရေတာ့တဲ့ဟာေတြ လုပ္ကုန္တဲ့အထိ ျဖစ္တတ္တယ္ … ” ဆိုၿပီး ေျပာခဲ့တာပါ။

Photo: kanyewestt_official/ Instagram

Kanye ရဲ႕ ဇနီးသည္ျဖစ္တဲ့ Kim Kardashian ကေတာ့ ခင္ပြန္းသည္ရဲ႕ စိတ္က်န္းမာေရး အေျခအေနနဲ႔ ပတ္သက္ၿပီး တစ္ႀကိမ္ထက္မက လူထုကို ေျပာၾကားတဲ့ အင္တာဗ်ဴးေတြမွာ ေျပာထားဖူးပါတယ္။ “သူ႔အတြက္က ေဆးကို အၿမဲတမ္း ေသာက္ဖို႔က အဆင္မေျပပါဘူး။ ေဆးေသာက္လိုက္ရင္ သူ႔ရဲ႕နဂိုပုံစံကေန ေျပာင္းလဲသြားတတ္လို႔ပါ… ” ဆိုၿပီး Kim က ၂၀၁၉ခုႏွစ္ Vogue နဲ႔ အင္တာဗ်ဴးမွာ ေျပာထားဖူးပါတယ္။

Glasgow

Source:  hollywood life

 

RELATED ARTICLES

Most Popular