HomeCharacterGOTG 3 ရဲ့အဓိကဗီလိန်ဖြစ်တဲ့ High Evolutionary ရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

GOTG 3 ရဲ့အဓိကဗီလိန်ဖြစ်တဲ့ High Evolutionary ရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

Guardians of the Galaxy Vol.3 ထဲမှာတော့ သရုပ်ဆောင် Chukwudi Iwuji ဟာ High Evolutionary နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ လောလောဆယ်မှာတော့ ပရိသတ်အများစုဟာ ဒီရုပ်ရှင်ကို ကြည့်ပြီးကြပြီ ဆိုပေမယ့်လည်း MCU ဟာ ဇာတ်ကောင်တွေရဲ့ အကြောင်းအရာတွေကို ပြောင်းလဲလေ့ ရှိတာကြောင့် ဒီတစ်ခါမှာတော့ High Evolutionary ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin

High Evolutionary ကတော့ ၁၉၆၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Mighty Thor #134 ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့ပြီး ဟီးရိုးများစွာနဲ့လည်း ပတ်သက်ဆက်နွယ်မှုတွေ ရှိနေပါတယ်။ ဥပမာပြောရရင် Wanda နဲ့ Pietro တို့ မွေးခါစအချိန်မှာ High Evolutionary က စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သူတို့နှစ်ယောက်လုံးက စွမ်းအားတွေ ရရှိလာတာမျိူးပဲ ဖြစ်ပါတယ်။ High Evolutionary ဟာ Wanda တို့မောင်နှမနှစ်ယောက်ရဲ့ DNA ကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီး High Evolutionary ရဲ့အစေခံတစ်ယောက်က Wanda တို့ကို ပြုစုပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ကလေးဆုံးရှုံးလိုက်ရတဲ့ Romanian စုံတွဲတစ်တွဲဆီ Wanda တို့ကို ပေးခဲ့တာ ဖြစ်ပါတယ်။

photo credit Marvel Comics

အစတုန်းကတော့ High Evolutionary ဟာ Herbert Edgar Wyndham ဆိုတဲ့ သာမန်ဇီဝဗေဒပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ Genius တစ်ယောက်ဖြစ်ပြီး သက်ရှိတွေရဲ့ ဆင့်ကဲတိုးတက်မှုနဲ့ ပတ်သက်ပြီး အလွန်စွဲလမ်းနေသူလည်း ဖြစ်ပါတယ်။ Herbert ဟာ ဗီလိန် Mister Sinister ဖြစ်လာမယ့် Nathaniel Essex ရဲ့ မျိူးရိုးဗီဇစမ်းသပ်ချက်တွေကို အားကျခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့မိဘတွေရဲ့ မြေအောက်ခန်းထဲမှာ ကြွက်တွေကို ဆင့်ကဲပြောင်းလဲလာအောင် စမ်းသပ်ခဲ့ပါတယ်။

တစ်ရက်မှာတော့ ရုပ်ဖျက်ထားတဲ့ Inhuman တစ်ယောက်ဟာ Herbert ကို မျိူးရိုးဗီဇ Code ကို Unlock ပြုလုပ်နိုင်တဲ့ လျှို့ဝှက်ချက်ကို ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Herbert ဟာ မျိူးရိုးဗီဇကို ပြောင်းလဲစေတဲ့ ဆေးရည်တစ်ခု ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ဖန်တီးမှုဟာ အငြင်းပွားစရာ ဖြစ်လာတာကြောင့် Oxford University ကနေ အထုတ်ခံလိုက်ရပါတယ်။ ဒါပေမယ့်လည်း Herbert ဟာ နောက်ထပ်သိပ္ပံပညာရှင်ဖြစ်တဲ့ Jonathan Drew နဲ့ပူးပေါင်းပြီး သူ့ရဲ့စမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

photo credit Marvel Comics

သူတို့နှစ်ယောက်ဟာ Mount Wundagore မှာ စခန်းတည်ဆောက်ခဲ့ကြပါတယ်။ ဒါ့အပြင် Jonathan ရဲ့ သမီးဖြစ်သူ Jessica ကလည်း Mount Wundagore မှာရှိတဲ့ Uranium တွေနဲ့ ထိတွေ့ပြီး Spider Serum နဲ့ Herbert ရဲ့ ဆင့်ကဲတိုးတက်တဲ့ နည်းပညာတွေ ပေါင်းစပ်ပြီး Spider-Woman ဆိုတဲ့ စူပါဟီးရိုး ဖြစ်လာပါတယ်။ ဒါတင်မကသေးဘဲ သူဟာ Mount Wundagore မှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး တိရစ္ဆာန်တွေကို အသိဉာဏ်တိုးတက်လာအောင်နဲ့ စကားပြောတတ်လာအောင်ပါ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူဖန်တီးထားတဲ့ တိရစ္ဆာန်တွေကို New Men လို့ နာမည်ပေးခဲ့ပါတယ်။ New Men တွေဟာ တိရစ္ဆာန်တွေရဲ့ Humanoid ပုံစံမျိူး ဖြစ်လာပါတယ်။ Mount Wundagore ထဲမှာ Demon Chthon ရှိနေတာကို သိသွားတဲ့အချိန်မှာတော့ High Evolutionary ဟာ New Men တွေကို “Knight of Wundagore” ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့ပြီး Demon Chthon လွတ်မြောက်မသွားအောင် တားဆီးခဲ့ပါတယ်။

စွမ်းအားများ

photo credit Marvel Studios

High Evolutionary ဟာ အစတုန်းကတော့ သူ့ကိုယ်သူစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး မျိူးရိုးဗီဇပြောင်းလဲမှုတွေကြောင့် သူ့ရဲ့ဉာဏ်ရည်ဟာလည်း သာမန်လူသားတွေရဲ့ Potential ထက်တောင် ပိုတိုးတက်လာပါတယ်။ Reed Richards ၊ Doctor Doom ၊ Iron Man နဲ့ Hank Pym တို့လို ဇာတ်ကောင်တွေတောင် High Evolutionary ရဲ့ဉာဏ်ရည်နဲ့ သိပ္ပံဆိုင်ရာအသိပညာတွေကို မမီပါဘူး။

High Evolutionary ကတော့ သူ့ရဲ့ဉာဏ်ပညာကို အသုံးချပြီး ကိုယ်ပိုင်ဂြိုဟ်တစ်ခုကိုတောင် ဖန်တီးခဲ့ပါတယ်။ သူဟာ နေရဲ့တစ်ဘက်ခြမ်းမှာ ကမ္ဘာရဲ့ပုံတူဂြိုဟ်တစ်ခုကို ဖန်တီးခဲ့ပြီး Counter-Earth လို့ အမည်ပေးခဲ့ပါတယ်။ Counter-Earth ပေါ်မှာတော့ သူဖန်တီးထားတဲ့ New Men တွေ နေထိုင်ကြပါတယ်။

Genius တွေများစွာ ရှိနေတဲ့ Multiverse ထဲမှာတောင် High Evolutionary ထက် ဉာဏ်ပိုကောင်းသူဟာ အတော်လေး ရှားပါးတယ်။ ဒါ့အပြင် သူဟာ ဉာဏ်ရည်တစ်ခုတည်း အသုံးချနိုင်တာ မဟုတ်ဘဲ တိုက်ခိုက်ရေးမှာလည်း ကျွမ်းကျင်ပါတယ်။ ဒါတင်မက Telepathy (စိတ်ချင်းဆက်သွယ်နိုင်စွမ်း)နဲ့ Telekinesis (စိတ်နဲ့ အရာဝတ္ထုတွေကို ရွေ့လျားနိုင်စွမ်း)တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

High Evolutionary ဟာ သူ့ရဲ့စမ်းသပ်ချက်တွေကြောင့် သာမန်လူတွေထက် ပိုတဲ့ခွန်အားနဲ့ ခံနိုင်ရည်တို့အပြင် အနာဂတ်ကိုလည်း ကြိုတင်မြင်နိုင်ပါသေးတယ်။ ဒါ့အပြင် သူ့ရဲ့လက်တွေကနေ Energy တွေကိုလည်း ပစ်လွှတ်နိုင်ပါသေးတယ်။ သူ့ရဲ့ Armor မှာလည်း Healing Factor ပါဝင်ပြီး Thor နဲ့ Hulk တို့လို ဇာတ်ကောင်တွေရဲ့ တိုက်ခိုက်မှုကိုတောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular