HomeCelebs Update NewsInternationalအသက်(၂၀)ကျော်ကွာတဲ့ ချစ်သူ Goody Grace နဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Kate Beckinsale 

အသက်(၂၀)ကျော်ကွာတဲ့ ချစ်သူ Goody Grace နဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Kate Beckinsale 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် မင်းသမီးချော Kate Beckinsale ဟာ သူမထက် အသက်(၂၀)ကျော်ငယ်တဲ့ အဆိုတော် Goody Grace နဲ့ လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။

အသက်(၄၇)နှစ်ရှိပြီဖြစ်တဲ့ Kate ဟာ အသက်(၂၃)နှစ်အရွယ် Goody နဲ့ ကိုဗစ်ကာလမှာ အတူတူ ကွာရန်တင်းလုပ်ပြီး ချစ်ကြိုက်နေကြရာက အခုဆိုရင်တော့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ ဒါတင်မက သူမရဲ့အင်စတာဂရမ်မှာ ချစ်သူမောင်လေးနဲ့ ပတ်သက်တာတွေ အားလုံးကို ဖျက်ပစ်လိုက်ကာ Goody ရဲ့အကောင့်ကိုလည်း unfollow လုပ်လိုက်ပါတယ်။

Photo: katebeckinsale/ Instagram

ယူကေ သတင်းစာတစ်ခုဖြစ်တဲ့ The Sun ရဲ့ ဖော်ပြချက်အရ လော့စ်အိန်ဂျလိစ်က Kate ရဲ့ နေအိမ်မှာ အတူတူ ကွာရန်တင်း နေထိုင်ရာကနေ အခုလို လမ်းခွဲပြီးနောက် Goody ဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ကနေဒါကို ပြန်သွားခဲ့ပြီလို့ ဆိုပါတယ်။

Kate နဲ့ Goody တို့ဟာ ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဂရမ်မီအကြိုပါတီက စတင်ပြီး အတူတူ တွဲလျက် တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ သို့ပေမယ့် သူတို့နှစ်ဦးဟာ သိုသိုသိပ်သိပ်ပဲ နေထိုင်ခဲ့ကြပြီး ဧပြီလလောက်ကျမှ နှစ်ယောက်ရဲ့ အချစ်ကို လူမြင်သူမြင် ထုတ်ပြကာ အယ်လ်အေမှာ လက်တူတူတွဲရင်း လမ်းထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ Goody ဟာ သူ့ထက်အသက်(၂၀)ကျော် ကြီးတဲ့ မမ Kate ရဲ့ နေအိမ်မှာပဲ အတူတူ လာရောက်နေထိုင်ကာ နှစ်ယောက်သား တောင်တက်တာ၊ စတိုးဆိုင်မှာ စျေးဝယ်ထွက်တာတွေကို မကြာခဏ တွေ့ခဲ့ကြရပါတယ်။

Photo: goodygrace/ Instagram

နှစ်ယောက်တွဲနေတုန်းကလည်း အသက်အရွယ် ကွာဟမှုနဲ့ ပတ်သက်ပြီး Kate ဟာ မကြာခဏ လက်ညှိုးထိုးခံခဲ့ရပါသေးတယ်။ ချစ်သူနဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်တွေကို အင်စတာဂရမ်မှာ တင်တိုင်း “ကိုယ့်သားသမီးအရွယ်လေးတွေကိုပဲ ဘာလို့ အမြဲတမ်း တွဲနေရတာလဲ” ဆိုတဲ့ မှတ်ချက်မျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သို့ပေမယ့် Kate ကတော့ ဒါတွေကို ပေါ့ပေါ့ပါးပါးနဲ့ပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်မ ဘယ်သူနဲ့ပဲတွဲတွဲ တစ်ခြားဘယ်သူ့ကိုမှ ဒုက္ခပေးနေတာ မဟုတ်ပါဘူး။ ဘာလို့ ရွယ်တူတန်းတူကိုပဲ တွဲရမယ်လို့ ပြောရတာတုန်း။ ဘာလဲ။ ကျွန်မကြောင်လေးရဲ့ အမွေးတွေပေါ်မှာ အရုပ်က မျက်လုံးစတစ်ကာတွေ ကပ်တာမျိုးနဲ့ ကျွန်မဆော့တိုင်း ကျွန်မကို တားဖို့လား။ သူကရော ကြောင်လေးပေါ်က အဲ့ဒီ့အရုပ် မျက်လုံးစတစ်ကာတွေကို ကြိုက်နေရင် ဘယ်လိုလုပ်မလဲ။ ကျွန်မကရော အဲ့လိုဆော့နေတာတွေ မရပ်ရင် ဘယ်လိုလုပ်မလဲ …” ဆိုပြီး Kate က ပြန်လည် တုံ့ပြန်ထားပါတယ်။

Photo: katebeckinsale/ Instagram

တကယ်တော့ Kate မှာ သူမရဲ့အဆက်ဟောင်း Michael Sheen နဲ့ ရထားတဲ့ အသက်(၂၁)နှစ်အရွယ် သမီးလေး Lily ရှိပါတယ်။ စဉ်းစားကြည့်လိုက်မယ်ဆိုရင် Lily နဲ့ အခု သူမနဲ့ပြတ်သွားတဲ့ Goody ဟာ အသက်(၂)နှစ်သာ ကွာပါတယ်။ ဒီအရှေ့မှာလည်း သူမဟာ အသက်နှစ်ဆယ်ကျော် ကောင်လေးတွေနဲ့ပဲ တွဲလာခဲ့တာကြောင့် တစ်ချို့သော ဝေဖန်ချင်စိတ်များတဲ့ လူတွေကတော့ ဒါကို လက်ညှိုးထိုးစရာတစ်ခုလို အသုံးချနေတာလည်း ဖြစ်ပါတယ်။

Kate ဟာ Goody မတိုင်ခင် Saturday Night Live က player ဖြစ်တဲ့ အသက်(၂၇)နှစ်အရွယ် Pete Davidson နဲ့ ၂၀၁၉ခုနှစ် အစောပိုင်းမှာ သုံးလခန့် တွဲခဲ့ဖူးပါတယ်။ ၂၀၁၇ခုနှစ်တုန်းကလည်း အသက်(၂၁)နှစ်အရွယ် လူရွှင်တော် Matt Rife နဲ့ တွဲခဲ့ဖူးပါသေးတယ်။ အဲ့ဒီ့မတိုင်ခင်ကတော့ သူမဟာ နာမည်ကြီး Underworld ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Len Wiseman နဲ့ (၁၁)နှစ်ခန့် လက်ထပ်ပြီး ပေါင်းသင်းနေထိုင်ခဲ့တာပါ။ သို့ပေမယ့် ၂၀၁၅ခုနှစ်မှာ လမ်းခွဲခဲ့ကြပြီး ၂၀၁၉ခုနှစ်မှာတော့ ဥပဒေအရ ကင်းရှင်းစွာနဲ့ ကွာရှင်းခဲ့ကြပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္ မင္းသမီးေခ်ာ Kate Beckinsale ဟာ သူမထက္ အသက္(၂၀)ေက်ာ္ငယ္တဲ့ အဆိုေတာ္ Goody Grace နဲ႔ လမ္းခြဲလိုက္ၿပီလို႔ သိရပါတယ္။

အသက္(၄၇)ႏွစ္ရွိၿပီျဖစ္တဲ့ Kate ဟာ အသက္(၂၃)ႏွစ္အ႐ြယ္ Goody နဲ႔ ကိုဗစ္ကာလမွာ အတူတူ ကြာရန္တင္းလုပ္ၿပီး ခ်စ္ႀကိဳက္ေနၾကရာက အခုဆိုရင္ေတာ့ လမ္းခြဲလိုက္ၿပီ ျဖစ္ပါတယ္။ ဒါတင္မက သူမရဲ႕အင္စတာဂရမ္မွာ ခ်စ္သူေမာင္ေလးနဲ႔ ပတ္သက္တာေတြ အားလုံးကို ဖ်က္ပစ္လိုက္ကာ Goody ရဲ႕အေကာင့္ကိုလည္း unfollow လုပ္လိုက္ပါတယ္။

Photo: katebeckinsale/ Instagram

ယူေက သတင္းစာတစ္ခုျဖစ္တဲ့ The Sun ရဲ႕ ေဖာ္ျပခ်က္အရ ေလာ့စ္အိန္ဂ်လိစ္က Kate ရဲ႕ ေနအိမ္မွာ အတူတူ ကြာရန္တင္း ေနထိုင္ရာကေန အခုလို လမ္းခြဲၿပီးေနာက္ Goody ဟာ သူ႔ရဲ႕ေမြးရပ္ေျမျဖစ္တဲ့ ကေနဒါကို ျပန္သြားခဲ့ၿပီလို႔ ဆိုပါတယ္။

Kate နဲ႔ Goody တို႔ဟာ ၂၀၂၀ခုႏွစ္ ဇန္နဝါရီလ(၂၅)ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ဂရမ္မီအႀကိဳပါတီက စတင္ၿပီး အတူတူ တြဲလ်က္ ေတြ႕ခဲ့ၾကရတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ သူတို႔ႏွစ္ဦးဟာ သိုသိုသိပ္သိပ္ပဲ ေနထိုင္ခဲ့ၾကၿပီး ဧၿပီလေလာက္က်မွ ႏွစ္ေယာက္ရဲ႕ အခ်စ္ကို လူျမင္သူျမင္ ထုတ္ျပကာ အယ္လ္ေအမွာ လက္တူတူတြဲရင္း လမ္းထြက္ခဲ့ၾကတာ ျဖစ္ပါတယ္။ Goody ဟာ သူ႔ထက္အသက္(၂၀)ေက်ာ္ ႀကီးတဲ့ မမ Kate ရဲ႕ ေနအိမ္မွာပဲ အတူတူ လာေရာက္ေနထိုင္ကာ ႏွစ္ေယာက္သား ေတာင္တက္တာ၊ စတိုးဆိုင္မွာ ေစ်းဝယ္ထြက္တာေတြကို မၾကာခဏ ေတြ႕ခဲ့ၾကရပါတယ္။

Photo: goodygrace/ Instagram

ႏွစ္ေယာက္တြဲေနတုန္းကလည္း အသက္အ႐ြယ္ ကြာဟမႈနဲ႔ ပတ္သက္ၿပီး Kate ဟာ မၾကာခဏ လက္ညႇိဳးထိုးခံခဲ့ရပါေသးတယ္။ ခ်စ္သူနဲ႔အတူ ႐ိုက္ထားတဲ့ ပုံရိပ္ေတြကို အင္စတာဂရမ္မွာ တင္တိုင္း “ကိုယ့္သားသမီးအ႐ြယ္ေလးေတြကိုပဲ ဘာလို႔ အၿမဲတမ္း တြဲေနရတာလဲ” ဆိုတဲ့ မွတ္ခ်က္မ်ိဳးေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ သို႔ေပမယ့္ Kate ကေတာ့ ဒါေတြကို ေပါ့ေပါ့ပါးပါးနဲ႔ပဲ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

“ကြၽန္မ ဘယ္သူနဲ႔ပဲတြဲတြဲ တစ္ျခားဘယ္သူ႔ကိုမွ ဒုကၡေပးေနတာ မဟုတ္ပါဘူး။ ဘာလို႔ ႐ြယ္တူတန္းတူကိုပဲ တြဲရမယ္လို႔ ေျပာရတာတုန္း။ ဘာလဲ။ ကြၽန္မေၾကာင္ေလးရဲ႕ အေမြးေတြေပၚမွာ အ႐ုပ္က မ်က္လုံးစတစ္ကာေတြ ကပ္တာမ်ိဳးနဲ႔ ကြၽန္မေဆာ့တိုင္း ကြၽန္မကို တားဖို႔လား။ သူကေရာ ေၾကာင္ေလးေပၚက အဲ့ဒီ့အ႐ုပ္ မ်က္လုံးစတစ္ကာေတြကို ႀကိဳက္ေနရင္ ဘယ္လိုလုပ္မလဲ။ ကြၽန္မကေရာ အဲ့လိုေဆာ့ေနတာေတြ မရပ္ရင္ ဘယ္လိုလုပ္မလဲ …” ဆိုၿပီး Kate က ျပန္လည္ တုံ႔ျပန္ထားပါတယ္။

Photo: katebeckinsale/ Instagram

တကယ္ေတာ့ Kate မွာ သူမရဲ႕အဆက္ေဟာင္း Michael Sheen နဲ႔ ရထားတဲ့ အသက္(၂၁)ႏွစ္အ႐ြယ္ သမီးေလး Lily ရွိပါတယ္။ စဥ္းစားၾကည့္လိုက္မယ္ဆိုရင္ Lily နဲ႔ အခု သူမနဲ႔ျပတ္သြားတဲ့ Goody ဟာ အသက္(၂)ႏွစ္သာ ကြာပါတယ္။ ဒီအေရွ႕မွာလည္း သူမဟာ အသက္ႏွစ္ဆယ္ေက်ာ္ ေကာင္ေလးေတြနဲ႔ပဲ တြဲလာခဲ့တာေၾကာင့္ တစ္ခ်ိဳ႕ေသာ ေဝဖန္ခ်င္စိတ္မ်ားတဲ့ လူေတြကေတာ့ ဒါကို လက္ညႇိဳးထိုးစရာတစ္ခုလို အသုံးခ်ေနတာလည္း ျဖစ္ပါတယ္။

Kate ဟာ Goody မတိုင္ခင္ Saturday Night Live က player ျဖစ္တဲ့ အသက္(၂၇)ႏွစ္အ႐ြယ္ Pete Davidson နဲ႔ ၂၀၁၉ခုႏွစ္ အေစာပိုင္းမွာ သုံးလခန႔္ တြဲခဲ့ဖူးပါတယ္။ ၂၀၁၇ခုႏွစ္တုန္းကလည္း အသက္(၂၁)ႏွစ္အ႐ြယ္ လူ႐ႊင္ေတာ္ Matt Rife နဲ႔ တြဲခဲ့ဖူးပါေသးတယ္။ အဲ့ဒီ့မတိုင္ခင္ကေတာ့ သူမဟာ နာမည္ႀကီး Underworld ႐ုပ္ရွင္ေတြရဲ႕ ဒါ႐ိုက္တာ Len Wiseman နဲ႔ (၁၁)ႏွစ္ခန႔္ လက္ထပ္ၿပီး ေပါင္းသင္းေနထိုင္ခဲ့တာပါ။ သို႔ေပမယ့္ ၂၀၁၅ခုႏွစ္မွာ လမ္းခြဲခဲ့ၾကၿပီး ၂၀၁၉ခုႏွစ္မွာေတာ့ ဥပေဒအရ ကင္းရွင္းစြာနဲ႔ ကြာရွင္းခဲ့ၾကပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular