HomeEntertainmentFilmKate Bishop ကို စူပါဟီးရိုး ဝတ်စုံနဲ့ တွေ့ခဲ့ရတဲ့ Hawkeye ရိုက်ကွင်းပေါ်က ပုံရိပ်များ

Kate Bishop ကို စူပါဟီးရိုး ဝတ်စုံနဲ့ တွေ့ခဲ့ရတဲ့ Hawkeye ရိုက်ကွင်းပေါ်က ပုံရိပ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Hawkeye ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းပေါ်က ထွက်ပေါ်လာတဲ့ ပုံရိပ်အသစ်တွေထဲမှာတော့ Kate Bishop အဖြစ် သရုပ်ဆောင်နေတဲ့ Hailee Steinfeld ကို စူပါဟီးရိုး ဝတ်စုံနဲ့ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပါတယ်။ Hailee က Kate Bishop နေရာမှာ သရုပ်ဆောင်ဖို့အတွက် သတင်းထွက်နေတာ ကြာပြီ ဖြစ်ပေမယ့်လည်း ရိုက်ကူးရေးစတင်တော့မှ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ရိုက်ကူးရေးစတင်တဲ့နေ့ကတည်းက ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို ဆက်တိုက်ထွက်ရှိတာ ဖြစ်ပါတယ်။

photo via HSteinfeldNews/twitter

ဒီနေ့မှာ ထွက်ပေါ်လာတဲ့ ပုံရိပ်ထဲက စူပါဟီးရိုးဝတ်စုံနဲ့ Kate Bishop ရဲ့ပုံတွေကတော့ ကောမစ်ထဲက ပုံစံနဲ့အတော်လေးကို ဆင်တူတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေအများစုကလည်း စူပါဟီးရိုးဝတ်စုံနဲ့ သူမရဲ့ပုံတွေကို သိပ်မကြာခင်မှာ မြင်ရမယ်လို့ မျှော်လင့်ထားပေမယ့်လည်း အခုလောက်ထိ စောလိမ့်မယ်လို့တော့ ဘယ်သူကမှ မထင်ခဲ့ကြပါဘူး။ အပေါ်မှာဖော်ပြခဲ့သလိုပဲ ရိုက်ကွင်းပေါ်က ဓာတ်ပုံအသစ်တွေ ထွက်လာတဲ့အချိန်မှာတော့ အဲ့ဒီဝတ်စုံရဲ့ပုံစံဟာ ကောမစ်ထဲက ပုံစံနဲ့အတော်လေးကို ဆင်တူပြီး Hailee နဲ့လည်း လိုက်ဖက်နေတာကို တွေ့ရပါတယ်။

photo via HSteinfeldNews/twitter

ဒါ့အပြင် အဲ့ဒီခရမ်းရောင်ဝတ်စုံဟာ Kate Bishop ရဲ့ မူပိုင်လက္ခဏာလို့တောင် ပြောလို့ရပြီး Hawkeye ရဲ့ ကောမစ်ထဲက ဝတ်စုံကလည်း ခရမ်းရောင်ပဲ ဖြစ်ပါတယ်။ တကယ့်ကောမစ်ထဲက ဝတ်စုံကတော့ တစ်ကိုယ်လုံးဟာ ခရမ်းရောင်ပုံစံဖြစ်ပြီးတော့ ဒီပုံထဲမှာတော့ အင်္ကျီတစ်ခုပဲ ခရမ်းရောင် ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဖြစ်နိုင်တာကတော့ ဒီဝတ်စုံဟာ သူမအတွက် အစောပိုင်းဝတ်စုံတစ်ခု ဖြစ်နေနိုင်ပြီး သူမရဲ့ စူပါဟီးရိုးပုံစံကို ရှာဖွေနေတုန်းမို့လို့လည်း ဖြစ်နိုင်ပါတယ်။

photo via HSteinfeldNews/twitter

Sam Wilson ကလည်း ဇာတ်လမ်းတစ်လျှောက်မှာ သူ့ရဲ့ဝတ်စုံဟာ တဖြည်းဖြည်း ပြောင်းလဲလာတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီဝတ်စုံဟာ သူမရဲ့ အစောပိုင်း ဝတ်စုံတွေထဲက တစ်ခု ဖြစ်နေနိုင်ပြီးတော့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ထပ်ပြီး ပြောင်းလဲလာဦးမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် အအေးဒဏ်ကို ခံနိုင်အောင် ဝတ်ဆင်ထားတဲ့ ဝတ်စုံလည်း ဖြစ်နိုင်ပါသေးတယ်။ အကြောင်းကတော့ ဒီဇာတ်လမ်းဟာ ၂၀၂၅ တရုတ်နှစ်ကူးလောက်မှာ ဇာတ်အိမ်တည်ထားပြီး ဒီဇင်ဘာလမှာ ရိုက်ကူးနေတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ သူမကို ဒီထက် ပိုကောင်းတဲ့ ဝတ်စုံနဲ့ မြင်တွေ့ရနိုင်ချေ ရှိပါသေးတယ်။

Legos

Source : Screenrant

(Zawgyi Version)

Hawkeye ဇာတ္လမ္းတြဲရဲ႕ ႐ိုက္ကြင္းေပၚက ထြက္ေပၚလာတဲ့ ပုံရိပ္အသစ္ေတြထဲမွာေတာ့ Kate Bishop အျဖစ္ သ႐ုပ္ေဆာင္ေနတဲ့ Hailee Steinfeld ကို စူပါဟီး႐ိုး ဝတ္စုံနဲ႔ ပထမဆုံးအႀကိမ္ ျမင္ေတြ႕ခဲ့ရပါတယ္။ Hailee က Kate Bishop ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ သတင္းထြက္ေနတာ ၾကာၿပီ ျဖစ္ေပမယ့္လည္း ႐ိုက္ကူးေရးစတင္ေတာ့မွ အတည္ျပဳႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ႐ိုက္ကူးေရးစတင္တဲ့ေန႔ကတည္းက ႐ိုက္ကြင္းေပၚက ပုံရိပ္ေတြကို ဆက္တိုက္ထြက္ရွိတာ ျဖစ္ပါတယ္။

photo via HSteinfeldNews/twitter

ဒီေန႔မွာ ထြက္ေပၚလာတဲ့ ပုံရိပ္ထဲက စူပါဟီး႐ိုးဝတ္စုံနဲ႔ Kate Bishop ရဲ႕ပုံေတြကေတာ့ ေကာမစ္ထဲက ပုံစံနဲ႔အေတာ္ေလးကို ဆင္တူတာကိုလည္း ေတြ႕ရပါတယ္။ ပရိသတ္ေတြအမ်ားစုကလည္း စူပါဟီး႐ိုးဝတ္စုံနဲ႔ သူမရဲ႕ပုံေတြကို သိပ္မၾကာခင္မွာ ျမင္ရမယ္လို႔ ေမွ်ာ္လင့္ထားေပမယ့္လည္း အခုေလာက္ထိ ေစာလိမ့္မယ္လို႔ေတာ့ ဘယ္သူကမွ မထင္ခဲ့ၾကပါဘူး။ အေပၚမွာေဖာ္ျပခဲ့သလိုပဲ ႐ိုက္ကြင္းေပၚက ဓာတ္ပုံအသစ္ေတြ ထြက္လာတဲ့အခ်ိန္မွာေတာ့ အဲ့ဒီဝတ္စုံရဲ႕ပုံစံဟာ ေကာမစ္ထဲက ပုံစံနဲ႔အေတာ္ေလးကို ဆင္တူၿပီး Hailee နဲ႔လည္း လိုက္ဖက္ေနတာကို ေတြ႕ရပါတယ္။

photo via HSteinfeldNews/twitter

ဒါ့အျပင္ အဲ့ဒီခရမ္းေရာင္ဝတ္စုံဟာ Kate Bishop ရဲ႕ မူပိုင္လကၡဏာလို႔ေတာင္ ေျပာလို႔ရၿပီး Hawkeye ရဲ႕ ေကာမစ္ထဲက ဝတ္စုံကလည္း ခရမ္းေရာင္ပဲ ျဖစ္ပါတယ္။ တကယ့္ေကာမစ္ထဲက ဝတ္စုံကေတာ့ တစ္ကိုယ္လုံးဟာ ခရမ္းေရာင္ပုံစံျဖစ္ၿပီးေတာ့ ဒီပုံထဲမွာေတာ့ အက်ႌတစ္ခုပဲ ခရမ္းေရာင္ ျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။ ျဖစ္ႏိုင္တာကေတာ့ ဒီဝတ္စုံဟာ သူမအတြက္ အေစာပိုင္းဝတ္စုံတစ္ခု ျဖစ္ေနႏိုင္ၿပီး သူမရဲ႕ စူပါဟီး႐ိုးပုံစံကို ရွာေဖြေနတုန္းမို႔လို႔လည္း ျဖစ္ႏိုင္ပါတယ္။

photo via HSteinfeldNews/twitter

Sam Wilson ကလည္း ဇာတ္လမ္းတစ္ေလွ်ာက္မွာ သူ႔ရဲ႕ဝတ္စုံဟာ တျဖည္းျဖည္း ေျပာင္းလဲလာတာကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီဝတ္စုံဟာ သူမရဲ႕ အေစာပိုင္း ဝတ္စုံေတြထဲက တစ္ခု ျဖစ္ေနႏိုင္ၿပီးေတာ့ ေနာက္ပိုင္းမွာ တျဖည္းျဖည္းနဲ႔ ထပ္ၿပီး ေျပာင္းလဲလာဦးမယ္လို႔ ထင္ပါတယ္။ ဒါ့အျပင္ အေအးဒဏ္ကို ခံႏိုင္ေအာင္ ဝတ္ဆင္ထားတဲ့ ဝတ္စုံလည္း ျဖစ္ႏိုင္ပါေသးတယ္။ အေၾကာင္းကေတာ့ ဒီဇာတ္လမ္းဟာ ၂၀၂၅ တ႐ုတ္ႏွစ္ကူးေလာက္မွာ ဇာတ္အိမ္တည္ထားၿပီး ဒီဇင္ဘာလမွာ ႐ိုက္ကူးေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ သူမကို ဒီထက္ ပိုေကာင္းတဲ့ ဝတ္စုံနဲ႔ ျမင္ေတြ႕ရႏိုင္ေခ် ရွိပါေသးတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular