HomeCharacterHawkeye အသစ်ဖြစ်လာမယ့် Kate Bishop ရဲ့ ကောမစ်ထဲက Origin

Hawkeye အသစ်ဖြစ်လာမယ့် Kate Bishop ရဲ့ ကောမစ်ထဲက Origin

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney+ က အသစ်ထွက်ရှိလာမယ့် Hawkeye ဇာတ်လမ်းတွဲထဲမှာတော့ Kate Bishop ဟာ အဓိကနေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ သူမဟာ Clint Barton ဆီကနေ Hawkeye ဆိုတဲ့ Identity ကို ဆက်ခံခဲ့ပြီး ဒီဇာတ်လမ်းတွဲထဲမှာလည်း အဲ့ဒီအချက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ ဘယ်လို Hawkeye ဖြစ်လာတယ်ဆိုတာနဲ့ သူမရဲ့ Origin တွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ကောမစ် Origin
photo via screenrant

Kate Bishop ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Young Avenger #1 ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့ပါတယ်။ သူမဟာ Manhattan မြို့က လူချမ်းသာမိသားစုတစ်ခုက ဆင်းသက်လာတာ ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဖြစ်သူ Derek ကတော့ အမြဲအလုပ်ရှုပ်နေပြီး သူမရဲ့မိခင်ကလည်း သူတို့မိသားစုနဲ့ နီးစပ်မှု သိပ်မရှိပါဘူး။ ဒါကြောင့်ပဲ သူမဟာ အထီးကျန်စွာနဲ့ ကြီးပြင်းလာခဲ့ရပါတယ်။

Derek ဟာ လူဆိုးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်နေတာကို သူမ သိရှိသွားတာကြောင့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း သိပ်ပြီးအဆင်မပြေပါဘူး။ တစ်ရက်မှာတော့ Derek ရဲ့ ရန်သူတွေဟာ သူမကို ဖမ်းသွားပြီး ဓားစာခံလုပ်ထားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Avengers တွေဟာ သူမကို လာရောက်ကယ်တင်ခဲ့ပါတယ်။ Avengers တွေထဲမှာတော့ Hawkeye ဟာ စွမ်းအားတွေ မရှိဘဲ သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကို အသုံးပြုတဲ့ ဟီးရိုးတစ်ယောက် ဖြစ်တာကြောင့် သူမဟာ Hawkeye ကို လေးစားအားကျသွားခဲ့ပါတယ်။

Photo via Marvel Fandom

အချိန်တွေ အနည်းငယ် ကြာမြင့်သွားတဲ့အချိန်မှာတော့ သူမဟာ Central Park မှာ တိုက်ခိုက်ခံခဲ့ရပြီး အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ စိတ်ဒဏ်ရာရရှိသွားပါတယ်။ ဒါကြောင့်ပဲ သူမဟာ သူမရဲ့စိတ်ကို ကုသဖို့အတွက် Self-Defense နဲ့ တိုက်ခိုက်နည်းတွေကို သင်ယူခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူမဟာ ဓားရေးနဲ့ မြားပစ်နည်းတွေကိုလည်း သင်ယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အစ်မဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပြီး Young Avengers တွေက မင်္ဂလာပွဲမှာ ရှိနေတဲ့သူတွေကို ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း Young Avengers အဖွဲ့ဟာ ဒီဖြစ်ရပ်ထဲမှာပဲ ပိတ်မိသွားပြီး Kate က သူတို့အဖွဲ့ကို ကယ်တင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Kate ဟာ Young Avengers တွေရဲ့ ဌာနချုပ်ကို ရှာဖွေခဲ့ပြီး သူမကိုယ်တိုင် Young Avengers အဖွဲ့ဝင် ဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်။ Kang the Conqueror နဲ့ တိုက်ခိုက်ရတဲ့အချိန်မှာတော့ Kate ဟာ Avengers စံအိမ်ထဲမှာ ရှိတဲ့အရာတွေနဲ့ သူမရဲ့ ဝတ်စုံကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒါတွေကတော့ Mockingbird ရဲ့ မျက်နှာဖုံး၊ Black Widow ရဲ့ ခါးပတ်နဲ့ Hawkeye ရဲ့ လေးတို့ကို ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။ Kate ဟာ Kang the Conqueror နဲ့ တိုက်ခိုက်ရတဲ့ Battle မှာတော့ တော်တော်လေး ကူညီပေးနိုင်ခဲ့ပါတယ်။

Photo via ign

Avengers တွေကတော့ အခုလိုမျိူး ဆယ်ကျော်သက်အရွယ်လေးတွေက အန္တရာယ်တွေနဲ့ ကြုံတွေ့ရတာကို သဘောမကျခဲ့ပါဘူး။ ဒါကြောင့်ပဲ Captain America နဲ့ Iron Man တို့ဟာ သူတို့ရဲ့ မိဘတွေရဲ့ ခွင့်ပြုချက်မရှိဘဲ သူတို့ကို ဆက်လက် လေ့ကျင့်မပေးတော့ဘူးလို့ ပြောကာ Young Avengers အဖွဲ့ကို ဖျက်သိမ်းစေခဲ့ပါတယ်။ Kate ကတော့ သူတို့အဖွဲ့ ဖျက်သိမ်းရမှာကို လက်မခံဘဲ Young Avengers အနေနဲ့ မှုခင်းတွေကို ဆက်လက်တိုက်ခိုက်နေပါတယ်။

တစ်ရက်မှာတော့ တိုက်ခိုက်ပွဲတစ်ခုကြောင့် Young Avengers အဖွဲ့ဝင်တစ်ယောက်ဟာ ဒဏ်ရာရသွားပြီး Kate ကတော့ အခုလိုဖြစ်ရတာဟာ Captain America က သူတို့ကို သေချာမလေ့ကျင့်ပေးလို့ ဆိုပြီး အပြစ်တင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Cap ဟာ သူမကို တောင်းပန်တဲ့အနေနဲ့ရော၊ သူမရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ပါ “Hawkeye” အတွက်လို့ စာရေးပြီး Clint Barton ရဲ့ လေးနဲ့မြားတွေကို ပို့ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမဟာ Captain America ကိုယ်တိုင်က အသိအမှတ်ပြုထားတဲ့ ဟီးရိုးတစ်ယောက် ဖြစ်လာပါတယ်။

Clint နဲ့ Kate တို့ရဲ့ ကောမစ်ထဲကဇာတ်လမ်း
photo via screenrant

Young Avengers Present #6 ကောမစ်ထဲမှာတော့ Kate ဟာ Hawkeye နာမည်ကို ခံယူဖို့ ထိုက်တန်လားဆိုတာ စမ်းသပ်ဖို့အတွက် Clint ဟာ Ronin အနေနဲ့ ရုပ်ဖျက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Clint ဟာ Ronin အနေနဲ့ Surprise Attack တွေ မကြာခဏ ပြုလုပ်ခဲ့ပြီး Kate ကလည်း အကြိမ်တိုင်းမှာ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Clint ဟာ Kate ကို Hawkeye အဖြစ် စိတ်ချသွားပြီး Ronin ဟာ သူမကို စမ်းသပ်ဖို့ ရုပ်ဖျက်ထားတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Clint ဟာ Kate ကို ဆက်လက် သင်ကြားပြသပေးပြီး သူမနဲ့အတူ ရာဇဝတ်မှုတွေကို တိုက်ဖျက်ခဲ့ပါတယ်။

ဒါကတော့ Hawkeye အသစ်ဖြစ်လာမယ့် Kate Bishop ရဲ့ ကောမစ်ထဲက origin နဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ လာမယ့် live action ဇာတ်လမ်းတွဲထဲမှာတော့ ဘယ်လိုပုံစံနဲ့ မြင်တွေ့ရမလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney+ က အသစ္ထြက္ရွိလာမယ့္ Hawkeye ဇာတ္လမ္းတြဲထဲမွာေတာ့ Kate Bishop ဟာ အဓိကေနရာက ပါဝင္လာမွာ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ သူမဟာ Clint Barton ဆီကေန Hawkeye ဆိုတဲ့ Identity ကို ဆက္ခံခဲ့ၿပီး ဒီဇာတ္လမ္းတြဲထဲမွာလည္း အဲ့ဒီအခ်က္ကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ ဘယ္လို Hawkeye ျဖစ္လာတယ္ဆိုတာနဲ႔ သူမရဲ့ Origin ေတြကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရွုနိုင္ပါတယ္။

ေကာမစ္ Origin
photo via screenrant

Kate Bishop ကေတာ့ ၂၀၀၅ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Young Avenger #1 ေကာမစ္ထဲမွာ စတင္ပါဝင္လာခဲ့ပါတယ္။ သူမဟာ Manhattan ၿမိဳ႕က လူခ်မ္းသာမိသားစုတစ္ခုက ဆင္းသက္လာတာ ျဖစ္ပါတယ္။ သူမရဲ့ဖခင္ျဖစ္သူ Derek ကေတာ့ အျမဲအလုပ္ရွုပ္ေနၿပီး သူမရဲ့မိခင္ကလည္း သူတို႔မိသားစုနဲ႔ နီးစပ္မွု သိပ္မရွိပါဘူး။ ဒါေၾကာင့္ပဲ သူမဟာ အထီးက်န္စြာနဲ႔ ႀကီးျပင္းလာခဲ့ရပါတယ္။

Derek ဟာ လူဆိုးေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြ လုပ္ေနတာကို သူမ သိရွိသြားတာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ့ ဆက္ဆံေရးကလည္း သိပ္ၿပီးအဆင္မေျပပါဘူး။ တစ္ရက္မွာေတာ့ Derek ရဲ့ ရန္သူေတြဟာ သူမကို ဖမ္းသြားၿပီး ဓားစာခံလုပ္ထားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ Avengers ေတြဟာ သူမကို လာေရာက္ကယ္တင္ခဲ့ပါတယ္။ Avengers ေတြထဲမွာေတာ့ Hawkeye ဟာ စြမ္းအားေတြ မရွိဘဲ သူ႔ရဲ့ကိုယ္ပိုင္အရည္အခ်င္းေတြကို အသုံးျပဳတဲ့ ဟီးရိုးတစ္ေယာက္ ျဖစ္တာေၾကာင့္ သူမဟာ Hawkeye ကို ေလးစားအားက်သြားခဲ့ပါတယ္။

Photo via Marvel Fandom

အခ်ိန္ေတြ အနည္းငယ္ ၾကာျမင့္သြားတဲ့အခ်ိန္မွာေတာ့ သူမဟာ Central Park မွာ တိုက္ခိုက္ခံခဲ့ရၿပီး အဲ့ဒီအျဖစ္အပ်က္ေၾကာင့္ပဲ စိတ္ဒဏ္ရာရရွိသြားပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ သူမရဲ့စိတ္ကို ကုသဖို႔အတြက္ Self-Defense နဲ႔ တိုက္ခိုက္နည္းေတြကို သင္ယူခဲ့ပါတယ္။ ဒါတင္မကေသးဘဲ သူမဟာ ဓားေရးနဲ႔ ျမားပစ္နည္းေတြကိုလည္း သင္ယူခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အစ္မျဖစ္သူရဲ့ မဂၤလာေဆာင္မွာ တိုက္ခိုက္မွုတစ္ခု ျဖစ္ခဲ့ၿပီး Young Avengers ေတြက မဂၤလာပြဲမွာ ရွိေနတဲ့သူေတြကို ကာကြယ္ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း Young Avengers အဖြဲ႕ဟာ ဒီျဖစ္ရပ္ထဲမွာပဲ ပိတ္မိသြားၿပီး Kate က သူတို႔အဖြဲ႕ကို ကယ္တင္ခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Kate ဟာ Young Avengers ေတြရဲ့ ဌာနခ်ဳပ္ကို ရွာေဖြခဲ့ၿပီး သူမကိုယ္တိုင္ Young Avengers အဖြဲ႕ဝင္ ျဖစ္လာေအာင္ ႀကိဳးစားခဲ့ပါတယ္။ Kang the Conqueror နဲ႔ တိုက္ခိုက္ရတဲ့အခ်ိန္မွာေတာ့ Kate ဟာ Avengers စံအိမ္ထဲမွာ ရွိတဲ့အရာေတြနဲ႔ သူမရဲ့ ဝတ္စုံကို ဖန္တီးခဲ့ပါတယ္။ အဲ့ဒါေတြကေတာ့ Mockingbird ရဲ့ မ်က္ႏွာဖုံး၊ Black Widow ရဲ့ ခါးပတ္နဲ႔ Hawkeye ရဲ့ ေလးတို႔ကို ေပါင္းစပ္ထားတာပဲ ျဖစ္ပါတယ္။ Kate ဟာ Kang the Conqueror နဲ႔ တိုက္ခိုက္ရတဲ့ Battle မွာေတာ့ ေတာ္ေတာ္ေလး ကူညီေပးနိုင္ခဲ့ပါတယ္။

Photo via ign

Avengers ေတြကေတာ့ အခုလိုမ်ိဴး ဆယ္ေက်ာ္သက္အရြယ္ေလးေတြက အႏၲရာယ္ေတြနဲ႔ ၾကဳံေတြ႕ရတာကို သေဘာမက်ခဲ့ပါဘူး။ ဒါေၾကာင့္ပဲ Captain America နဲ႔ Iron Man တို႔ဟာ သူတို႔ရဲ့ မိဘေတြရဲ့ ခြင့္ျပဳခ်က္မရွိဘဲ သူတို႔ကို ဆက္လက္ ေလ့က်င့္မေပးေတာ့ဘူးလို႔ ေျပာကာ Young Avengers အဖြဲ႕ကို ဖ်က္သိမ္းေစခဲ့ပါတယ္။ Kate ကေတာ့ သူတို႔အဖြဲ႕ ဖ်က္သိမ္းရမွာကို လက္မခံဘဲ Young Avengers အေနနဲ႔ မွုခင္းေတြကို ဆက္လက္တိုက္ခိုက္ေနပါတယ္။

တစ္ရက္မွာေတာ့ တိုက္ခိုက္ပြဲတစ္ခုေၾကာင့္ Young Avengers အဖြဲ႕ဝင္တစ္ေယာက္ဟာ ဒဏ္ရာရသြားၿပီး Kate ကေတာ့ အခုလိုျဖစ္ရတာဟာ Captain America က သူတို႔ကို ေသခ်ာမေလ့က်င့္ေပးလို႔ ဆိုၿပီး အျပစ္တင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Cap ဟာ သူမကို ေတာင္းပန္တဲ့အေနနဲ႔ေရာ၊ သူမရဲ့လုပ္ေဆာင္နိုင္စြမ္းေတြကို အသိအမွတ္ျပဳတဲ့အေနနဲ႔ပါ “Hawkeye” အတြက္လို႔ စာေရးၿပီး Clint Barton ရဲ့ ေလးနဲ႔ျမားေတြကို ပို႔ေပးခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ Captain America ကိုယ္တိုင္က အသိအမွတ္ျပဳထားတဲ့ ဟီးရိုးတစ္ေယာက္ ျဖစ္လာပါတယ္။

Clint နဲ႔ Kate တို႔ရဲ့ ေကာမစ္ထဲကဇာတ္လမ္း
photo via screenrant

Young Avengers Present #6 ေကာမစ္ထဲမွာေတာ့ Kate ဟာ Hawkeye နာမည္ကို ခံယူဖို႔ ထိုက္တန္လားဆိုတာ စမ္းသပ္ဖို႔အတြက္ Clint ဟာ Ronin အေနနဲ႔ ႐ုပ္ဖ်က္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Clint ဟာ Ronin အေနနဲ႔ Surprise Attack ေတြ မၾကာခဏ ျပဳလုပ္ခဲ့ၿပီး Kate ကလည္း အႀကိမ္တိုင္းမွာ အဆင္သင့္ျဖစ္ေနခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ Clint ဟာ Kate ကို Hawkeye အျဖစ္ စိတ္ခ်သြားၿပီး Ronin ဟာ သူမကို စမ္းသပ္ဖို႔ ႐ုပ္ဖ်က္ထားတယ္ဆိုတာကို ေျပာျပခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Clint ဟာ Kate ကို ဆက္လက္ သင္ၾကားျပသေပးၿပီး သူမနဲ႔အတူ ရာဇဝတ္မွုေတြကို တိုက္ဖ်က္ခဲ့ပါတယ္။

ဒါကေတာ့ Hawkeye အသစ္ျဖစ္လာမယ့္ Kate Bishop ရဲ့ ေကာမစ္ထဲက origin နဲ႔ ဇာတ္လမ္းပဲ ျဖစ္ပါတယ္။ လာမယ့္ live action ဇာတ္လမ္းတြဲထဲမွာေတာ့ ဘယ္လိုပုံစံနဲ႔ ျမင္ေတြ႕ရမလည္းဆိုတာ စိတ္ဝင္စားစရာပါပဲ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular