HomeCelebs Update NewsInternationalသမီးလေးကို အောင်မြင်စွာ မွေးဖွားလိုက်တဲ့ Katy Perry 

သမီးလေးကို အောင်မြင်စွာ မွေးဖွားလိုက်တဲ့ Katy Perry 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အဆိုတော် Katy Perry နဲ့ မင်းသား Orlando Bloom တို့ရဲ့ သားဦးရင်သွေးလေးဟာ ကမ္ဘာမြေကြီးဆီကို အောင်မြင်စွာနဲ့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Katy Perry နဲ့ အသက်(၄၃)နှစ်အရွယ် Orlando Bloom တို့ဟာ သူတို့ရဲ့သမီးလေးကို မနေ့က ဩဂုတ်လ(၂၆)ရက် ဗုဒ္ဓဟူးနေ့မှာ မွေးဖွားလိုက်တာ ဖြစ်ပါတယ်။ သမီးလေးကို ချောမွေ့အဆင်ပြေစွာနဲ့ မွေးဖွားပေးနိုင်ခဲ့လို့ ပျော်ရွှင်မဆုံး ဖြစ်နေကြတဲ့ အသစ်စက်စက် မိဘနှစ်ဦးဟာ သမီးလေးရဲ့ အမည်ကိုတော့ Daisy Dove Bloom လို့ မှည့်ထားပါတယ်။

Photo: katyperry/ Instagram

Katy နဲ့ Orlando တို့ဟာ ယူနီဆက်ဖ်ရဲ့ ချစ်ကြည်ရေးသံတမန်တွေ ဖြစ်တာကြောင့် သမီးလေး မွေးဖွားတဲ့သတင်းကိုတော့ ယူနီဆက်ဖ်ရဲ့ တရားဝင် အင်စတာဂရမ် စာမျက်နှာကနေတစ်ဆင့် ကြေညာခဲ့ကြပါတယ်။ “သမီးလေးကို အခုလို ကျန်းကျန်းမာမာ အန္တရာယ်ကင်းစွာနဲ့ မွေးဖွားနိုင်ခဲ့လို့ ကျွန်မတို့ သိပ်ကိုပျော်ရွှင် ပီတိဖြစ်နေရပါတယ်… ” လို့ Katy နဲ့ Orlando တို့က အဆိုပါ ပူးတွဲကြေညာချက်မှာ ပြောကြားထားပါတယ်။

အခုလို ယူနီဆက်ဖ်နဲ့ ပူးတွဲပြီး ကြေညာရတဲ့ ရည်ရွယ်ချက်လေးကတော့ အင်မတန်မှ ကောင်းမွန်ပါတယ်။ ယခုလို ကပ်ရောဂါခံစားနေရတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစကလေးတွေဟာ ဆေးဝါးကုသမှုတွေ လုံလောက်စွာ မရရှိလို့ အသက်ဆုံးရှုံးနေကြရတာကြောင့် ဒီလိုတွေ မဖြစ်ရအောင် လှူဒါန်းပေးကြဖို့ပါ တိုက်တွန်းပေးထားတာ ဖြစ်ပါတယ်။

Photo: unicef/ Instagram

“ကျွန်မတို့က ကံကောင်းတဲ့သူတွေပါ။ ခုလိုအချိန်မှာ ကျွန်မတို့လို အေးအေးချမ်းချမ်းနဲ့ ကလေးမီးဖွားခွင့် မရတဲ့သူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ တစ်ကမ္ဘာလုံးက လူ့အဖွဲ့အစည်းတိုင်းဟာ ယခုအချိန်မှာ ဆေးဝန်ထမ်း မလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရပြီး (၁၁)စက္ကန့်တိုင်းမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် (သို့မဟုတ်) မွေးကင်းစ ကလေးငယ်တစ်ယောက်ဟာ ဆေးကုသမှု မရရှိလို့ အသက်ဆုံးရှုံးနေရပါတယ် ….”

“ကိုဗစ် စဖြစ်တည်းက မွေးကင်းစ ကလေးငယ်တွေရဲ့ အသက်တွေဟာ စိုးရိမ်စရာဖြစ်လာပါတယ်။ အကြောင်းကတော့ ရေ၊ ဆပ်ပြာ၊ ကာကွယ်ဆေး၊ ဆေးဝါးစတာတွေ လုံလောက်မှု မရှိတာကြောင့် အခြားရောဂါကူးစက်မှုတွေကိုပါ ခံစားနေရပြီး ကလေးငယ်တွေရဲ့ အသက်တွေ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။ ပူပူနွေးနွေး ကလေးမွေးထားတဲ့ မိဘတွေအနေနဲ့ ဒီအဖြစ်အပျက်ဟာ ကျွန်မတို့ရဲ့ ရင်ကို ကွဲကြေစေပါတယ်။ မိဘတွေရဲ့ ရုန်းကန်ရမှုတွေကိုလည်း အရင်ကထက် ပိုပြီး ကိုယ်ချင်းစာမိပါတယ်…. ” လို့ Katy နဲ့ Orlando တို့က ကြေညာချက်မှာ ပြောကြားထားပါတယ်။

ဒါကြောင့် ဒီအဖြစ်အပျက်တွေကို တတ်နိုင်သလောက် ကာကွယ်ပြီး စာနာလက်ကမ်းကြဖို့အတွက် လှူဒါန်းပေးကြဖို့ကိုလည်း ပရိသတ်တွေကို တိုက်တွန်းထားပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

အဆိုေတာ္ Katy Perry နဲ႔ မင္းသား Orlando Bloom တို႔ရဲ႕ သားဦးရင္ေသြးေလးဟာ ကမာၻေျမႀကီးဆီကို ေအာင္ျမင္စြာနဲ႔ ဝင္ေရာက္လာခဲ့ၿပီ ျဖစ္ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Katy Perry နဲ႔ အသက္(၄၃)ႏွစ္အ႐ြယ္ Orlando Bloom တို႔ဟာ သူတို႔ရဲ႕သမီးေလးကို မေန႔က ဩဂုတ္လ(၂၆)ရက္ ဗုဒၶဟူးေန႔မွာ ေမြးဖြားလိုက္တာ ျဖစ္ပါတယ္။ သမီးေလးကို ေခ်ာေမြ႕အဆင္ေျပစြာနဲ႔ ေမြးဖြားေပးႏိုင္ခဲ့လို႔ ေပ်ာ္႐ႊင္မဆုံး ျဖစ္ေနၾကတဲ့ အသစ္စက္စက္ မိဘႏွစ္ဦးဟာ သမီးေလးရဲ႕ အမည္ကိုေတာ့ Daisy Dove Bloom လို႔ မွည့္ထားပါတယ္။

Photo: katyperry/ Instagram

Katy နဲ႔ Orlando တို႔ဟာ ယူနီဆက္ဖ္ရဲ႕ ခ်စ္ၾကည္ေရးသံတမန္ေတြ ျဖစ္တာေၾကာင့္ သမီးေလး ေမြးဖြားတဲ့သတင္းကိုေတာ့ ယူနီဆက္ဖ္ရဲ႕ တရားဝင္ အင္စတာဂရမ္ စာမ်က္ႏွာကေနတစ္ဆင့္ ေၾကညာခဲ့ၾကပါတယ္။ “သမီးေလးကို အခုလို က်န္းက်န္းမာမာ အႏၲရာယ္ကင္းစြာနဲ႔ ေမြးဖြားႏိုင္ခဲ့လို႔ ကြၽန္မတို႔ သိပ္ကိုေပ်ာ္႐ႊင္ ပီတိျဖစ္ေနရပါတယ္… ” လို႔ Katy နဲ႔ Orlando တို႔က အဆိုပါ ပူးတြဲေၾကညာခ်က္မွာ ေျပာၾကားထားပါတယ္။

အခုလို ယူနီဆက္ဖ္နဲ႔ ပူးတြဲၿပီး ေၾကညာရတဲ့ ရည္႐ြယ္ခ်က္ေလးကေတာ့ အင္မတန္မွ ေကာင္းမြန္ပါတယ္။ ယခုလို ကပ္ေရာဂါခံစားေနရတဲ့အခ်ိန္မွာ ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ ေမြးကင္းစကေလးေတြဟာ ေဆးဝါးကုသမႈေတြ လုံေလာက္စြာ မရရွိလို႔ အသက္ဆုံးရႈံးေနၾကရတာေၾကာင့္ ဒီလိုေတြ မျဖစ္ရေအာင္ လႉဒါန္းေပးၾကဖို႔ပါ တိုက္တြန္းေပးထားတာ ျဖစ္ပါတယ္။

Photo: unicef/ Instagram

“ကြၽန္မတို႔က ကံေကာင္းတဲ့သူေတြပါ။ ခုလိုအခ်ိန္မွာ ကြၽန္မတို႔လို ေအးေအးခ်မ္းခ်မ္းနဲ႔ ကေလးမီးဖြားခြင့္ မရတဲ့သူေတြ ဒုနဲ႔ေဒး ရွိေနပါတယ္။ တစ္ကမာၻလုံးက လူ႔အဖြဲ႕အစည္းတိုင္းဟာ ယခုအခ်ိန္မွာ ေဆးဝန္ထမ္း မလုံေလာက္မႈေတြနဲ႔ ႀကဳံေတြ႕ေနရၿပီး (၁၁)စကၠန႔္တိုင္းမွာ ကိုယ္ဝန္ေဆာင္မိခင္တစ္ေယာက္ (သို႔မဟုတ္) ေမြးကင္းစ ကေလးငယ္တစ္ေယာက္ဟာ ေဆးကုသမႈ မရရွိလို႔ အသက္ဆုံးရႈံးေနရပါတယ္ ….”

“ကိုဗစ္ စျဖစ္တည္းက ေမြးကင္းစ ကေလးငယ္ေတြရဲ႕ အသက္ေတြဟာ စိုးရိမ္စရာျဖစ္လာပါတယ္။ အေၾကာင္းကေတာ့ ေရ၊ ဆပ္ျပာ၊ ကာကြယ္ေဆး၊ ေဆးဝါးစတာေတြ လုံေလာက္မႈ မရွိတာေၾကာင့္ အျခားေရာဂါကူးစက္မႈေတြကိုပါ ခံစားေနရၿပီး ကေလးငယ္ေတြရဲ႕ အသက္ေတြ ဆုံးရႈံးေနရတာ ျဖစ္ပါတယ္။ ပူပူေႏြးေႏြး ကေလးေမြးထားတဲ့ မိဘေတြအေနနဲ႔ ဒီအျဖစ္အပ်က္ဟာ ကြၽန္မတို႔ရဲ႕ ရင္ကို ကြဲေၾကေစပါတယ္။ မိဘေတြရဲ႕ ႐ုန္းကန္ရမႈေတြကိုလည္း အရင္ကထက္ ပိုၿပီး ကိုယ္ခ်င္းစာမိပါတယ္…. ” လို႔ Katy နဲ႔ Orlando တို႔က ေၾကညာခ်က္မွာ ေျပာၾကားထားပါတယ္။

ဒါေၾကာင့္ ဒီအျဖစ္အပ်က္ေတြကို တတ္ႏိုင္သေလာက္ ကာကြယ္ၿပီး စာနာလက္ကမ္းၾကဖို႔အတြက္ လႉဒါန္းေပးၾကဖို႔ကိုလည္း ပရိသတ္ေတြကို တိုက္တြန္းထားပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular