HomeCelebs Update NewsInternationalပရိသတ္ေတြေၾကာင့္ Taylor Swift နဲ႔ သူငယ္ခ်င္းေတြ ျပန္ျဖစ္လာတဲ့အေၾကာင္း ေျပာျပလာတဲ့ Katy Perry

ပရိသတ္ေတြေၾကာင့္ Taylor Swift နဲ႔ သူငယ္ခ်င္းေတြ ျပန္ျဖစ္လာတဲ့အေၾကာင္း ေျပာျပလာတဲ့ Katy Perry

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Katy Perry နဲ႔ Taylor Swift တို႔ဟာ တစ္ခ်ိန္က ရန္စေတြကို ၿငိွမ္းသတ္ၿပီး တစ္ဖန္ျပန္လည္ကာ မိတ္ေဆြသူငယ္ခ်င္းေတြ ျဖစ္သြားခဲ့ၾကပါၿပီ။ ႏွစ္ေယာက္လုံးကို ခ်စ္ၾကတဲ့ ပရိသတ္ေတြရဲ႕ ကူညီမႈ၊ တြန္းအားေၾကာင့္သာ ႏွစ္ေယာက္လုံးက အညိဳးအာဃာတေတြကို သင္ပုန္းေခ်ၿပီး မိတ္ေဆြေတြ ျပန္ျဖစ္ခဲ့ၾကတာပါလို႔ အင္တာဗ်ဴးအသစ္တစ္ခုမွာ Katy က ေျပာျပလိုက္တာ ျဖစ္ပါတယ္။

အသက္(၃၄)ႏွစ္အရြယ္ Katy Perry နဲ႔ အသက္(၂၉)ႏွစ္အရြယ္ Taylor Swift တို႔ဟာ တစ္ခ်ိန္တုန္းက မိတ္ေဆြေတြ ျဖစ္ခဲ့ဖူးၿပီးမွ အမုန္းႀကီးလည္း မုန္းခဲ့ၾကဖူးသူေတြပါ။ သို႔ေပမယ့္ အခုလက္ရိွ ကာလမွာေတာ့ အတိတ္က ကိစၥေတြကို ျပည္ဖုံးကားခ်လိုက္ၿပီး ႏွစ္ေယာက္လုံး ခ်စ္ခ်စ္ခင္ခင္ ျပန္ျဖစ္ေနၾကပါၿပီ။ ဒီအေၾကာင္းကို စက္တင္ဘာလ(၁၈)ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ Ellen DeGeneres ရဲ႕ Ellen’s Daytime Talk Show မွာ Katy က ေျပာျပခဲ့တာလည္း ျဖစ္ပါတယ္။

Photo: Katyperry/ Instagram

“ကၽြန္မနဲ႔ Taylor ရဲ႕ကိစၥက တကယ္ေတာ့ နားလည္မႈလြဲတာပါ။ ဒါေပမယ့္ ႏွစ္ေယာက္လုံးရဲ႕ေနာက္မွာ ကၽြန္မတို႔ကို အားေပးေနတဲ့ follower ေတြ ရိွတဲ့အခါက်ေတာ့ သူတို႔အခ်င္းခ်င္းကပါ တျဖည္းျဖည္းခ်င္းနဲ႔ ပဋိပကၡေလးေတြ ျဖစ္လာၾကတာေပါ့။ ဒါက အေၾကာင္းမသင့္လို႔ ျဖစ္သြားတာလည္း ပါပါတယ္။ ဒါေပမယ့္ အေကာင္းဘက္ကိုပဲ ျပန္ေတြးလိုက္တယ္။ ၿပီးေတာ့ ခြင့္လႊတ္မႈကိုလည္း ရေအာင္လုပ္ခဲ့လိုက္ႏိုင္တယ္။ ဒါကေလ လူငယ္ေလးေတြ အတြက္ပါ ဥပမာတစ္ခု ေပးသလိုပါပဲ။ တစ္ေယာက္ေယာက္နဲ႔ မေက်လည္တဲ့အခါ ရင္ထဲမွာ သိမ္းမထားဘဲ ထုတ္ေျပာလိုက္၊ တကယ္လို႔ အေက်အလည္ေတြ ျဖစ္လာၿပီဆိုရင္လည္း ေျပလည္ေအာင္ ညိွႏိႈင္းလိုက္၊ ၿပီးသြားရင္ေတာ့ ကိုယ့္ဘက္က မွားေနခဲ့ရင္ ခြင့္လႊတ္ဖို႔ ေတာင္းဆိုတာကလည္း ေကာင္းတဲ့အရာဆိုတာကို သိေစခ်င္ပါတယ္” လို႔ Katy က ေျပာပါတယ္။

Katy နဲ႔ Taylor တို႔နွစ္ေယာက္ၾကားမွာ ရန္စမီးပြားေတြကေတာ့ ႏွစ္ေတာ္ေတာ္ၾကာေအာင္ အမ်ားအျပား ရိွခဲ့ပါတယ္။ သို႔ေပမယ့္ ႏွစ္ေယာက္စလုံးက တစ္ေယာက္နဲ႔တစ္ေယာက္ ျပန္ၿပီးေမတၱာထားဖို႔ ဆုံးျဖတ္ခဲ့ၾကတာပါ။

Photo: Katyperry/ Instagram

“ကၽြန္မတို႔ႏွစ္ေယာက္ၾကားမွာ တူညီတဲ့အရာေတြ အမ်ားႀကီးရိွပါတယ္။ ကမာၻေပၚမွာ ကိုယ္နဲ႔ တကယ္ အက်င့္စရိုက္တူတဲ့လူက ဆယ္ေယာက္ေလာက္ပဲ ရိွႏိုင္ပါတယ္။ အဲ့ဒါနဲ႔တင္ ကၽြန္မတို႔ တကယ့္ သူငယ္ခ်င္းေကာင္းေတြ ျဖစ္သင့္ပါတယ္” လို႔ ဆိုပါတယ္။

Katy နဲ႔ Taylor ဟာ ၂၀၀၉ခုႏွစ္က စၿပီး သူငယ္ခ်င္းေတြ ျဖစ္ခဲ့ၾကတာပါ။ Katy ရဲ႕ backup dancer ေတြကို Taylor ရဲ႕ နယ္လွည့္ေဖ်ာ္ေျဖေရးထဲမွာ သုံးထားတာကို ျမင္လိုက္ရတဲ့ ၂၀၁၂ခုႏွစ္မွာပဲ ႏွစ္ေယာက္ၾကားက အမုန္းမီးက စတင္ကၽြမ္းေလာင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္ပိုင္း ႏွစ္ေတြမွာေတာ့ ႏွစ္ေယာက္ၾကားက ဆက္ဆံေရးဟာ တကယ္ကို ၾကမ္းတမ္းခဲ့ၿပီး ရန္လိုေနခဲ့ၾကတာကို ေတြ႕ခဲ့ၾကရပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ သီခ်င္းေတြလည္း ေစာင္းေျမာင္းၿပီး ဆိုခဲ့ၾကတဲ့အထိပါ။ သို႔ေပမယ့္ ၂၀၁၈ခုႏွစ္အေရာက္မွာေတာ့ အေျခအေနေတြက နည္းနည္း ေျပာင္းလဲလာခဲ့တယ္လို႔ ေျပာရမွာပါ။ အေၾကာင္းကေတာ့ Katy က သံလြင္ခက္ေလးနဲ႔အတူ လက္ေရးနဲ႔ေရးထားတဲ့ စာေလးတစ္ေစာင္ကို Taylor ဆီ ပို႔ေပးခဲ့လို႔ပဲ ျဖစ္ပါတယ္။ အေနာက္ႏိုင္ငံေတြရဲ႕ အယူအဆမွာ တစ္စုံတစ္ေယာက္ဆီ သံလြင္ခက္ ပို႔လိုက္တဲ့အခါ ႏွစ္ေယာက္ၾကားက အျငင္းပြားမႈေတြကို အဆုံးသတ္ရေအာင္လို႔ ေျပာလိုက္တာနဲ႔ အတူတူပါပဲ။

Photo: taylorswift/ Instagram

ဒီလိုနဲ႔ သူငယ္ခ်င္းနွစ္ေယာက္ၾကားက ရန္လိုမႈ အမုန္းတရားေတြဟာ ၂၀၁၉ခုႏွစ္ ဇြန္လမွာ ထြက္ရိွလာတဲ့ Taylor ရဲ႕ “You Need To Calm Down” MV နဲ႔အတူ ၿငိမ္းသတ္သြားခဲ့ပါတယ္။ MV ထဲမွာေတာ့ သူငယ္ခ်င္းႏွစ္ေယာက္ဟာ ဘာဂါပုံနဲ႔ အာလူးေခ်ာင္းေၾကာ္ပုံ ၀တ္ဆင္ထားၾကၿပီး အတြဲညီတဲ့ ႏွစ္ေယာက္ ျပန္လည္သင့္ျမတ္သြားၾကၿပီျဖစ္ေၾကာင္း လူသိရွင္ၾကား ေၾကျငာခဲ့ၾကပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Katy Perry နဲ့ Taylor Swift တို့ဟာ တစ်ချိန်က ရန်စတွေကို ငြှိမ်းသတ်ပြီး တစ်ဖန်ပြန်လည်ကာ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါပြီ။ နှစ်ယောက်လုံးကို ချစ်ကြတဲ့ ပရိသတ်တွေရဲ့ ကူညီမှု၊ တွန်းအားကြောင့်သာ နှစ်ယောက်လုံးက အညိုးအာဃာတတွေကို သင်ပုန်းချေပြီး မိတ်ဆွေတွေ ပြန်ဖြစ်ခဲ့ကြတာပါလို့ အင်တာဗျူးအသစ်တစ်ခုမှာ Katy က ပြောပြလိုက်တာ ဖြစ်ပါတယ်။

အသက်(၃၄)နှစ်အရွယ် Katy Perry နဲ့ အသက်(၂၉)နှစ်အရွယ် Taylor Swift တို့ဟာ တစ်ချိန်တုန်းက မိတ်ဆွေတွေ ဖြစ်ခဲ့ဖူးပြီးမှ အမုန်းကြီးလည်း မုန်းခဲ့ကြဖူးသူတွေပါ။ သို့ပေမယ့် အခုလက်ရှိ ကာလမှာတော့ အတိတ်က ကိစ္စတွေကို ပြည်ဖုံးကားချလိုက်ပြီး နှစ်ယောက်လုံး ချစ်ချစ်ခင်ခင် ပြန်ဖြစ်နေကြပါပြီ။ ဒီအကြောင်းကို စက်တင်ဘာလ(၁၈)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Ellen DeGeneres ရဲ့ Ellen’s Daytime Talk Show မှာ Katy က ပြောပြခဲ့တာလည်း ဖြစ်ပါတယ်။

Photo: Katyperry/ Instagram

“ကျွန်မနဲ့ Taylor ရဲ့ကိစ္စက တကယ်တော့ နားလည်မှုလွဲတာပါ။ ဒါပေမယ့် နှစ်ယောက်လုံးရဲ့နောက်မှာ ကျွန်မတို့ကို အားပေးနေတဲ့ follower တွေ ရှိတဲ့အခါကျတော့ သူတို့အချင်းချင်းကပါ တဖြည်းဖြည်းချင်းနဲ့ ပဋိပက္ခလေးတွေ ဖြစ်လာကြတာပေါ့။ ဒါက အကြောင်းမသင့်လို့ ဖြစ်သွားတာလည်း ပါပါတယ်။ ဒါပေမယ့် အကောင်းဘက်ကိုပဲ ပြန်တွေးလိုက်တယ်။ ပြီးတော့ ခွင့်လွှတ်မှုကိုလည်း ရအောင်လုပ်ခဲ့လိုက်နိုင်တယ်။ ဒါကလေ လူငယ်လေးတွေ အတွက်ပါ ဥပမာတစ်ခု ပေးသလိုပါပဲ။ တစ်ယောက်ယောက်နဲ့ မကျေလည်တဲ့အခါ ရင်ထဲမှာ သိမ်းမထားဘဲ ထုတ်ပြောလိုက်၊ တကယ်လို့ အကျေအလည်တွေ ဖြစ်လာပြီဆိုရင်လည်း ပြေလည်အောင် ညှိနှိုင်းလိုက်၊ ပြီးသွားရင်တော့ ကိုယ့်ဘက်က မှားနေခဲ့ရင် ခွင့်လွှတ်ဖို့ တောင်းဆိုတာကလည်း ကောင်းတဲ့အရာဆိုတာကို သိစေချင်ပါတယ်” လို့ Katy က ပြောပါတယ်။

Katy နဲ့ Taylor တို့နှစ်ယောက်ကြားမှာ ရန်စမီးပွားတွေကတော့ နှစ်တော်တော်ကြာအောင် အများအပြား ရှိခဲ့ပါတယ်။ သို့ပေမယ့် နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် ပြန်ပြီးမေတ္တာထားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

Photo: Katyperry/ Instagram

“ကျွန်မတို့နှစ်ယောက်ကြားမှာ တူညီတဲ့အရာတွေ အများကြီးရှိပါတယ်။ ကမ္ဘာပေါ်မှာ ကိုယ်နဲ့ တကယ် အကျင့်စရိုက်တူတဲ့လူက ဆယ်ယောက်လောက်ပဲ ရှိနိုင်ပါတယ်။ အဲ့ဒါနဲ့တင် ကျွန်မတို့ တကယ့် သူငယ်ချင်းကောင်းတွေ ဖြစ်သင့်ပါတယ်” လို့ ဆိုပါတယ်။

Katy နဲ့ Taylor ဟာ ၂၀၀၉ခုနှစ်က စပြီး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပါ။ Katy ရဲ့ backup dancer တွေကို Taylor ရဲ့ နယ်လှည့်ဖျော်ဖြေရေးထဲမှာ သုံးထားတာကို မြင်လိုက်ရတဲ့ ၂၀၁၂ခုနှစ်မှာပဲ နှစ်ယောက်ကြားက အမုန်းမီးက စတင်ကျွမ်းလောင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်း နှစ်တွေမှာတော့ နှစ်ယောက်ကြားက ဆက်ဆံရေးဟာ တကယ်ကို ကြမ်းတမ်းခဲ့ပြီး ရန်လိုနေခဲ့ကြတာကို တွေ့ခဲ့ကြရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သီချင်းတွေလည်း စောင်းမြောင်းပြီး ဆိုခဲ့ကြတဲ့အထိပါ။ သို့ပေမယ့် ၂၀၁၈ခုနှစ်အရောက်မှာတော့ အခြေအနေတွေက နည်းနည်း ပြောင်းလဲလာခဲ့တယ်လို့ ပြောရမှာပါ။ အကြောင်းကတော့ Katy က သံလွင်ခက်လေးနဲ့အတူ လက်ရေးနဲ့ရေးထားတဲ့ စာလေးတစ်စောင်ကို Taylor ဆီ ပို့ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ အယူအဆမှာ တစ်စုံတစ်ယောက်ဆီ သံလွင်ခက် ပို့လိုက်တဲ့အခါ နှစ်ယောက်ကြားက အငြင်းပွားမှုတွေကို အဆုံးသတ်ရအောင်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။

Photo: taylorswift/ Instagram

ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ကြားက ရန်လိုမှု အမုန်းတရားတွေဟာ ၂၀၁၉ခုနှစ် ဇွန်လမှာ ထွက်ရှိလာတဲ့ Taylor ရဲ့ “You Need To Calm Down” MV နဲ့အတူ ငြိမ်းသတ်သွားခဲ့ပါတယ်။ MV ထဲမှာတော့ သူငယ်ချင်းနှစ်ယောက်ဟာ ဘာဂါပုံနဲ့ အာလူးချောင်းကြော်ပုံ ဝတ်ဆင်ထားကြပြီး အတွဲညီတဲ့ နှစ်ယောက် ပြန်လည်သင့်မြတ်သွားကြပြီဖြစ်ကြောင်း လူသိရှင်ကြား ကြေငြာခဲ့ကြပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular