HomeCharacterMCU ထဲမှာ မမြင်တွေ့ရသေးတဲ့ Spider-Man ရဲ့ စိတ်ဝင်စားစရာ စွမ်းအားများ

MCU ထဲမှာ မမြင်တွေ့ရသေးတဲ့ Spider-Man ရဲ့ စိတ်ဝင်စားစရာ စွမ်းအားများ

Tom Holland ဟာ MCU ရဲ့ Spider-Man အဖြစ် Phase 3 ထဲမှာ စတင်ပါဝင်လာခဲ့ပါတယ်။ Tom Holland ရဲ့ Spider-Man ကတော့ Trilogy တစ်ခုထွက်ရှိပြီးပြီ ဖြစ်ပြီး နောက်ထပ် Trilogy တစ်ခုလည်း ထပ်မံထွက်လာဖို့ ရှိနေပါသေးတယ်။ Spider-Man ဟာ လုပ်နိုင်စွမ်းတွေများစွာ ရှိပေမယ့်လည်း MCU ထဲမှာ မပါဝင်သေးတဲ့ Spider-Man ရဲ့ စိတ်ဝင်စားစရာ စွမ်းအား‌တွေ ရှိနေပါသေးတယ်။

ပင့်ကူတွေနဲ့ စိတ်ချင်းဆက်သွယ်နိုင်စွမ်း

photo credit Marvel Comics

Peter Parker ဟာ Adriana Soria တဖြစ်လည်း Spider-Queen နဲ့ အချင်းများပြီးနောက်မှာတော့ သူမဟာ Peter ရဲ့မျိူးရိုးဗီဇကို ပြောင်းလဲစေခဲ့ပါတယ်။ ဒါကြောင့်ပဲ Peter ဟာ သူကိုယ်တိုင်က ပင့်ကူတစ်ကောင်အဖြစ် ပြောင်းလုနီးနီး ဖြစ်သွားခဲ့ပြီး စွမ်းအားအသစ်တစ်ခုလည်း ရရှိသွားပါတယ်။

အဲဒါကတော့ သူဟာ ပတ်ဝန်းကျင်မှာရှိတဲ့ ပင့်ကူတွေ၊ အင်းစက်တွေနဲ့ စိတ်ချင်းဆက်သွယ်မှု ရရှိသွားတာပဲ ဖြစ်ပါတယ်။ အမြင်သာဆုံးကို ပြောရရင် Ant-Man က ပုရွက်ဆိတ်တွေနဲ့ စိတ်ချင်းဆက်သွယ်နိုင်သလိုမျိူး Peter ဟာလည်း ပင့်ကူတွေနဲ့ စိတ်ချင်းဆက်သွယ်နိုင်သွားတာ ဖြစ်ပါတယ်။

Regeneration Ability

photo credit Marvel Comics

Peter ရဲ့အဓိကကျတဲ့ စွမ်းအားတစ်ခုကတော့ Regeneration Ability ပဲ ဖြစ်ပါတယ်။ MCU ထဲက Spider-Man ကိုတော့ ဒီအချက်နဲ့ပတ်သက်ပြီး သေချာမဖော်ပြထားပါဘူး။ ဒါရိုက်တာ Sam Raimi ရဲ့ Trilogy ထဲမှာတော့ Peter ရဲ့ အမြင်အာရုံဟာ ညတွင်းချင်းပဲ ကောင်းမွန်သွားပြီး မျက်မှန်မလိုအပ်တော့တာကို ပြသခဲ့ပါတယ်။

ကောမစ်ထဲမှာတော့ Peter ဟာ သူ့ရဲ့အမြင်အာရုံတစ်ခုတည်းတင် မဟုတ်ဘဲ အရိုးကျိုးတာတွေနဲ့ အဆင့်သုံး မီးလောင်ဒဏ်ရာတွေကိုတောင် ပုံမှန်လူတွေထက် အဆပေါင်းများစွာ မြန်မြန်ပျောက်ကင်းအောင် Regenerate လုပ်နိုင်ခဲ့ပါတယ်။ သို့သော်လည်း MCU ထဲမှာတော့ Spider-Man ရဲ့ Regeneration Ability ကို Mention တောင် မလုပ်ထားပါဘူး။

ရောဂါတွေနဲ့ ဓာတ်ရောင်ခြည်သင့်တာတွေဟာ Peter အပေါ် သက်ရောက်မှုမရှိပါဘူး။

photo credit Marvel Comics

သာမန်လူတွေအတွက် သေစေနိုင်တဲ့ဆေးတွေ၊ ဓာတ်ရောင်ခြည်သင့်တာတွေနဲ့ ရောဂါတွေကတော့ ကောမစ်ထဲက Peter အပေါ်မှာ သက်ရောက်မှု မရှိပါဘူး။ Peter ဟာ ပင့်ကူကိုက်ခံလိုက်ရတာကြောင့် မြန်ဆန်တဲ့ Metabolism ကို ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ခန္ဓာကိုယ်ဟာ အချိန်တိုအတွင်းမှာတင် ကြွက်သားတွေနဲ့ Fit ဖြစ်လာတဲ့အပြင် သာမန်လူတွေထက်လည်း အဆိပ်အတောက်တွေကနေ မြန်မြန်ပြန်လည်သက်သာလာနိုင်ပါတယ်။ ဒီအချက်ကြောင့်ပဲ ထောင်ပေါင်းများစွာသော ပျားတွေဝိုင်းတုပ်ခံရတောင် (၂၄)နာရီအတွင်းမှာ ပျောက်ကင်းခဲ့ပြီး Vulture က မျက်နှာကို အက်ဆစ်နဲ့ ပက်တဲ့အချိန်မှာလည်း အကောင်းတိုင်း ပြန်ဖြစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရေဒီယို Frequency အချို့ကို ခြေရာခံနိုင်ပါတယ်။

photo credit Marvel Comics

Spider-Man: Far From Home မတိုင်ခင်မှာတော့ Spider-Sense ကို သေချာပြသခဲ့ခြင်း မရှိပါဘူး။ MCU ထဲမှာတော့ Aunt May က “Peter Tingle” လို့ ခေါ်ပြီး No Way Home ထဲမှာတော့ Peter ရဲ့ Spider-Sense ဟာ ပိုမိုတိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Peter ရဲ့ Spider-Sense ဟာ ဒီထက်ပိုပြီး တိုးတက်လာနိုင်သေးပါတယ်။

ကောမစ်ထဲမှာတော့ Peter ဟာ Spider-Sense ကို အသုံးပြုပြီး ရေဒီယို Frequency အချို့ကို ခြေရာခံနိုင်ပါတယ်။ ဒါကြောင့်ပဲ Peter ဟာ ရဲရေဒီယိုကို နားထောင်နေရင်း အခင်းဖြစ်ရာနေရာကို ပိုတိတိကျကျ ခြေရာခံနိုင်တာကြောင့် ရာဇဝတ်မှုတိုက်ဖျက်ရာမှာ အသုံးဝင်တဲ့ လုပ်နိုင်စွမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Night Vision လည်း ရှိပါတယ်။

photo credit Marvel Comics

၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Other ဆိုတဲ့ ကောမစ်ထဲမှာတော့ Peter ဟာ ဗီလိန် Morlun ရဲ့တိုက်ခိုက်တာခံခဲ့ရပြီး Avengers တွေကတော့ Peter ကိုသေသွားပြီလို့ပဲ ထင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ Spider Society က ကိုးကွယ်ကြတဲ့ ပင့်ကူပုံစံမျိူး Entity တစ်ခုဖြစ်တဲ့ Great Weaver နဲ့တွေ့ဆုံပြီး Peter ဟာ သေဘေးက လွတ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ Peter ဟာ သူ့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပင့်ကူစွမ်းအားတွေကို ပိုပြီးတန်ဖိုးထားလာပါတယ်။ ဒါကြောင့်လည်း သူဟာ စွမ်းအားအသစ်တွေ ရရှိလာပြီး Night Vision ကိုပါ ပိုင်ဆိုင်လာခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ရှိပြီးသား စွမ်းအားတွေကလည်း ပိုအစွမ်းထက်လာကာ ပိုမိုသန်မာ၊ မြန်ဆန်ပြီး ပိုအကြမ်းတမ်းခံနိုင်လာပါတယ်။ ဒါ့အပြင် Peter ဟာ သူ့ရဲ့ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းကိုမဆို Surface ပုံစံမျိူးမှာ ကပ်တွက်ပြီး နေနိုင်လာပါတယ်။

ပိုးကောင်အိမ်ဖန်တီးပြီး သူ့ကိုယ်သူ ပြန်လည်ကုသနိုင်ပါတယ်။

photo credit Marvel Comics

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Peter ဟာ Great Weaver နဲ့တွေ့ဆုံပြီးနောက် ရရှိသွားတဲ့ စွမ်းအားအသစ်တွေထဲမှာတော့ သူ့ကိုယ်သူ ပင့်ကူမျှင်တွေနဲ့ ရစ်ပတ်ပြီး ပိုးကောင်အိမ်ပုံစံ ဖန်တီးကာ Healing ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ Peter ကတော့ သေခါနီးအခြေအနေမှာ ဒီလိုမျိူးပြုလုပ်ခဲ့ပြီး အချိန်တိုအတွင်းမှာပဲ အကောင်းတိုင်း ပြန်ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ တကယ့်ပင့်ကူတွေ ပြုလုပ်ကြသလိုမျိူး အဲဒီပိုးကောင်အိမ်ထဲမှာ သူ့ရဲ့အရေခွံကို ခွာချပြီး ဒဏ်ရာတွေကနေ ပြန်လည်သက်သာအောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။

လက်ကောက်ဝတ်ကနေ အဆိပ်ရှိတဲ့ အဆူးချွန် ထုတ်နိုင်ပါတယ်။

photo credit Marvel Comics

ဒီလိုရလာတဲ့ စွမ်းအားအသစ်တွေကြောင့်ပဲ Peter ဟာ ပင့်ကူတစ်ကောင်နဲ့ ပိုမိုဆင်တူလာခဲ့ပါတယ်။ Peter ဟာ သူ့ရဲ့လက်ကောက်ဝတ်ကနေ ကြီးမားပြီး ချွန်ထက်နေတဲ့ ဆူးချွန်ကို ထုတ်နိုင်ပြီး ဒီဆူးချွန်မှာတော့ အကြောသေသွားနိုင်တဲ့ အဆိပ်တွေလည်း ပါဝင်နေပါတယ်။

ဒါ့အပြင် ဒီအချွန်နဲ့ ရိုးရိုးတန်းတန်း အထိုးခံလိုက်ရရင်တောင် သေစေနိုင်တဲ့အထိ ဒဏ်ရာပြင်းထန်စေပါတယ်။ ဒါတင်မကသေးဘဲ Peter ဟာ အလွန်ချွန်မြနေတဲ့ အစွယ်တွေလည်း ပေါက်လာခဲ့ပါသေးတယ်။ သို့သော်လည်း Peter ဟာ Mephisto နဲ့အပေးအယူ ပြုလုပ်ပြီးနောက်မှာတော့ အဲဒီစွမ်းအားတွေလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

Lizard ရဲ့အစွမ်းတွေလည်း ရခဲ့ဖူးပါတယ်။

photo credit Marvel Comics

Lizard ကတော့ The Amazing Spider-Man ရုပ်ရှင်ရဲ့ အဓိကဗီလိန်တစ်ယောက် ဖြစ်ပြီး No Way Home ထဲမှာလည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Lizard ရဲ့ MCU ဗားရှင်းကိုတော့ မမြင်ရသေးပါဘူး။ ကောမစ်ထဲမှာတော့ Peter ဟာ Lizard တီထွင်ထားတဲ့ Enervator နဲ့ ထိတွေ့ပြီး သူကိုယ်တိုင် Lizard ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Peter ဟာ Lizard ရဲ့အစွမ်းတွေ ရရှိသွားသလို သူ့ရဲ့နဂိုရှိနေတဲ့ Spider စွမ်းရည်တွေကိုလည်း ဆက်လက်ပိုင်ဆိုင်ထားပါသေးတယ်။

ဧရာမပင့်ကူအဖြစ်လည်း ပြောင်းလဲခဲ့ဖူးပါတယ်။

photo credit Marvel Comics

Peter ဟာ Immaculatum ရဲ့ A-Plus Mutagen နဲ့ ထိတွေ့ပြီးနောက်မှာတော့ မျိူးရိုးဗီဇပြောင်းလဲသွားပြီး သူ့ရဲ့ခန္ဓာကိုယ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒါက‌တော့ Peter ဟာ ဧရာမပင့်ကူကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း Peter ဟာ သူအရင်ကအသုံးပြုခဲ့တဲ့ Web Shooter ကို အသုံးပြုစရာ မလိုတော့ဘဲ တကယ့် Organic ပင့်ကူမျှင်တွေကို ထုတ်လုပ်နိုင်သွားပါတယ်။ ဒါပေမယ့်လည်း Peter ဟာ အဲဒီအချိန်မှာတော့ လူစိတ်ပျောက်နေပြီး နောက်ပိုင်းကျမှသာ တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်သွားတာပါ။

Spider-Hulk

photo credit Marvel Comics

ယခုအချိန်မှာတော့ MCU ဟာ Hulk နဲ့ပတ်သက်တဲ့ ဇာတ်ကောင်တွေကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးနေပြီး Phase 5 ထဲမှာလည်း နောက်ထပ်ဇာတ်ကောင်အသစ်တွေ ပါဝင်လာဦးမှာပါ။ ဒါကြောင့်ပဲ Tom Holland ရဲ့ Spider-Man က Hulk ဖြစ်သွားတာမျိူးလည်း မြင်တွေ့ရနိုင်ပါသေးတယ်။

ကောမစ်ထဲမှာတော့ Peter ဟာ Hulk နဲ့ တိုက်ခိုက်နေရင်း Biokinetic Energy Absorber ကို အသုံးပြုပြီး Hulk ရဲ့ Gamma Radiation တွေကို စုပ်ယူခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ Hulk ရဲ့ စွမ်းအားတွေကို ရရှိသွားပြီး Spider-Hulk ဖြစ်လာပါတော့တယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular