HomeEntertainmentFilmသေချာပေါက် ကြည့်သင့်တဲ့ ၂၀၁၉ထွက် ကိုရီးယားဒရာမာ(၇)ခု

သေချာပေါက် ကြည့်သင့်တဲ့ ၂၀၁၉ထွက် ကိုရီးယားဒရာမာ(၇)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အချိန်တွေတရွေ့ရွေ့ ကုန်ဆုံးသွားတာ ၂၀၁၉ကိုလည်း မကြာခင်မှာ နှုတ်ဆက်ကြရတော့မှာပါ။ နှစ်သစ် နီးလာပြီဖြစ်တဲ့အတွက် အားလပ်ရက်တွေဆီကို ရောက်လာဖို့ကလည်း မဝေးတော့ပါဘူး။ ဒီတော့ ပြီးခဲ့တဲ့ ၂၀၁၉တစ်နှစ်တာလုံးမှာ တကယ် ဟစ်ဖြစ်ခဲ့တဲ့ ကိုရီးယားဒရာမာကောင်းတွေကို မကြည့်ဖြစ်ခဲ့ရင် အခုအချိန်က တဝကြီးထိုင်ကြည့်ဖို့ အကောင်းဆုံးသော အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉မှာထွက်ရှိခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေထဲက ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းတွဲ(၇)ခုကို အားလပ်ရက်တွေမှာ ဇိမ်လေးနဲ့ ဖီးလ်ပြီး ကြည့်နိုင်ဖို့ ရွေးချယ်ပေးလိုက်ပါတယ်။

(၁) Angel’s Last Mission: Love

Photo: mydramalist

ဒီဇာတ်လမ်းတွဲလေးကတော့ ၂၀၁၉ထွက် ဒရာမာတွေထဲမှာ မကြည့်ဖြစ်သေးရင် ကြည့်ကိုကြည့်ရမယ့် စီးရီးတစ်ခုဖြစ်ပါတယ်။ သရုပ်ဆောင်ထားသူတွေကတော့ မင်းသမီးချော Shin Hye Sun နဲ့ INFINITE အဖွဲ့က L တို့ ဖြစ်ပါတယ်။ အချောလေးနှစ်ယောက်မို့ visual တွေက ပြောစရာမလိုအောင် မျက်စိပသာဒ ဖြစ်နေမှာဖြစ်ပြီး နှစ်ယောက်လုံးရဲ့ သရုပ်ဆောင်စွမ်းရည်တွေကလည်း တကယ် ကောင်းမွန်သေသပ်နေတာကို ခံစားကြရမှာပါ။ ဒါ့အပြင် ဇာတ်လမ်းလေးကလည်း ထူးခြားပါသေးတယ်။

ဇာတ်လမ်းသွားပုံစံကတော့ Kim Dan လို့ခေါ်တဲ့ နတ်သားလေးတစ်ပါးဟာ ကမ္ဘာမြေပေါ်ကို တာဝန်တွေ ထမ်းဆောင်ဖို့ စေလွှတ်ခံရရာက စတင်ပါတယ်။ သူဟာ နတ်သားတွေကြားထဲမှာတော့ သိုးမည်းတစ်ကောင်လို သင်းကွဲထွက်နေသူပါ။ တစ်နေ့မှာတော့ မျက်မမြင်ကောင်မလေး Lee Yeon Seo နဲ့တွေ့ပြီး Kim Dan တစ်ယောက် ပြောင်းလဲလာပါတော့တယ်။ ဒီစီးရီးလေးထဲမှာ အလှည့်အပြောင်းတွေ အများကြီး ပါဝင်သလို ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စမ်းသပ်မှုတွေကို အချစ်နဲ့အတူ အောင်မြင်စွာ ကျော်ဖြတ်နိုင်ပုံကို ပြသတာကလည်း သိပ်ကိုစိတ်ဓာတ်တက်ကြွဖွယ်ရာ ကောင်းပါတယ်။ ဒါ့အပြင် L နဲ့ Shin Hye Sun တို့နှစ်ယောက်ကြားက chemistry ကလည်း တကယ့်ကို ချစ်စရာလေးမို့ ကြည့်ရတာ ကြည်နူးစရာလေး ဖြစ်နေမှာပါ။ အပိုင်း(၃၂)ပိုင်း ပါဝင်ပြီး တစ်ပိုင်းကို (၃၅)မိနစ်ခန့် ကြာမြင့်ပါတယ်။

(၂) When The Camellia Blooms

Photo: mydramalist

Moon Lovers ဇာတ်လမ်းတွဲထဲက နံပါတ်(၈)မင်းသားအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားချော Kang Ha Neul နဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးချော Gong Hyo Jin တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ ဒရာမာလေးတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ အချစ်ရိုမန့်သီးသန့်မဟုတ်ဘဲ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ လူမှုအဆောက်အအုံ၊ မိသားစုနဲ့ မျှော်လင့်ချက်တွေအကြောင်းကိုပါ လှလှပပလေး ထည့်သွင်းရိုက်ကူးထားတဲ့ ဒရာမာတစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Hwang Yong Sik ဟာ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ရဲသားတစ်ဦးပါ။ Dongbaek ဆိုတဲ့ အမျိုးသမီးကတော့ မိဘမဲ့ဘဝနဲ့ ကြီးပြင်းလာရပြီး ဆင်ဂယ်လ်မားသားတစ်ယောက် ဖြစ်ပါတယ်။ မာယာပရိယာယ်တွေ မပါဝင်တဲ့ Dongbaek အပေါ်ထားတဲ့ Yong Sik ရဲ့ စစ်မှန်တဲ့အချစ်မေတ္တာကို နှလုံးသားနွေးထွေးဖွယ်ရာ ကြည့်ရှုရမယ့် စီးရီးလည်း ဖြစ်ပါတယ်။ အပိုင်း(၄၀)ဖြစ်ပြီး အထူးအပိုင်း(၄)ပိုင်း ထပ်မံပါဝင်ပါတယ်။ အပိုင်းတစ်ပိုင်းစီရဲ့ ကြာမြင့်ချိန်ကတော့ (၃၅)မိနစ်ခန့် ရှိပါတယ်။

(၃) Failing In Love

Photo: mydramalist

ဒီစီးရီးထဲမှာတော့ Song Sang Yeon က separation anxiety disorder လို့ခေါ်တဲ့ လူတစ်ယောက်အပေါ် ခွဲလို့မရအောင် တွယ်ငြိတတ်တဲ့ ဝေဒနာ ခံစားနေရတဲ့ ကျောင်းသားလေး Kang Pa Rang အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့မှာ Lee Shi Won နဲ့ Lee Shi Eon လို့ခေါ်တဲ့ မိန်းကလေးသူငယ်ချင်းနှစ်ယောက် ရှိပါတယ်။ သူတို့သုံးယောက်ဟာ တကယ့် BFF တွေပါ။ သူငယ်ချင်းမ နှစ်ယောက်ဟာ Kang Pa Rang တစ်ယောက် ဘာတွေပဲလုပ်ပြီး ဘယ်လိုတွေပဲဖြစ်ထားပါစေ၊ သူ့ဘက်ကပဲ အမြဲတမ်း ရပ်တည်ပြီး ဖေးမကြသူတွေလည်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ အံ့ဩဘနန်းဖြစ်ရမယ့် ဇာတ်လမ်းအမျိုးအစားမျိုး မဟုတ်ပေမယ့် တကယ့်ကို ပြင်ပဘဝမှာ ဖြစ်ပျက်နေတဲ့အရာတွေနဲ့ တိုက်ဆိုင်ခံစားလို့ရလောက်အောင် လက်တွေ့ကျကျ ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်တွေလည်း ကောင်းကြသလို ဇာတ်ဝင်သီချင်းလေးတွေကလည်း ကောင်းပါတယ်။ အပိုင်း(၁၀)ပိုင်းသာ ပါဝင်တဲ့ မီနီစီးရီးလေးဖြစ်ပါတယ်။

(၄) Hotel Del Luna

Photo: mydramalist

၂၀၁၉ထဲမှာ ဟိုးလေးတကျော် နာမည်ကြီးခဲ့တဲ့ ဒရာမာတစ်ခုဖြစ်ပြီး တကယ့်နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ IU နဲ့ Yeo Jin Goo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီစီးရီးနဲ့ ပတ်သက်လို့ ပရိသတ်တွေကို ရင်ခုန်စေတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ နာမည်ကျော် ကိုရီးယားဇာတ်လမ်းတွဲများစွာကို ရေးသားပေးခဲ့တဲ့ Hong ညီအစ်မတွေက ရေးသားပေးထားတာကြောင့် ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကို ပြောရရင် Jang Man Wol လို့ခေါ်တဲ့ အမျိုးသမီးဟာ သရဲတစ္ဆေတွေကို ဧည့်သည်အဖြစ် လက်ခံတဲ့ ဟိုတယ်တစ်ခုရဲ့ စီအီးအိုဖြစ်ပါတယ်။ Goo Chan Sung ကတော့ ဟိုတယ်ရဲ့ လက်ထောက်မန်နေဂျာပါ။ အဲ့ဒီ့ဟိုတယ်ဟာ ဆိုးလ်မြို့လယ်ခေါင်မှာရှိပြီး ကြောက်စရာကောင်းတဲ့ ဝိဉာဉ်တွေ၊ သရဲတစ္ဆေတွေကိုပဲ ဝန်ဆောင်မှုပေးတဲ့ ဟိုတယ်ပါ။ လှသလောက် ဒေါသကြီးတဲ့ မိန်းမလှလေး Jang Man Wol ကတော့ သူမ ကျူးလွန်ခဲ့တဲ့ မကောင်းမှုတစ်ခုကြောင့် ဒီဟိုတယ်မှာ တာဝန်ထမ်းဆောင်ဖို့ ကျိန်စာသင့်နေသူ ဖြစ်ပါတယ်။ သို့ပေမယ့် သူမ ကျူးလွန်မိခဲ့တာဟာ ဘယ်လိုပြစ်မှုလည်းဆိုတာကို သူမကိုယ်တိုင် မမှတ်မိတော့တဲ့အခါ … ။ အပိုင်း(၁၆)ပိုင်း ရှိပြီး တစ်ပိုင်းကို (၇၀)မိနစ်ကနေ မိနစ်(၉၀)ကျော်အထိ ကြာမြင့်ပါတယ်။

(၅) Extraordinary You

Photo: mydramalist

Eun Dan-O လို့ခေါ်တဲ့ ကောင်မလေးဟာ နာမည်ကြီးကျောင်းတစ်ခုမှာ တက်နေတဲ့ ကျောင်းသူလေးတစ်ယောက်ပါ။ မိသားစုက ချမ်းသာပြီး ကောင်မလေးမှာတော့ နှလုံးရောဂါ ရှိပါတယ်။ နောက်ပြီး ကောင်မလေးမှာ Baek Kyung လို့ခေါ်တဲ့ တစ်ချိန်လက်တွဲရမယ့် ချစ်သူကောင်လေးလည်း ရှိပါတယ်။ Baek Kyung ဟာလည်း Dan-O နဲ့ တစ်ကျောင်းတည်း တက်နေသူဖြစ်ပြီး Dan-O ကိုတော့ သူမ ချစ်သလို ပြန်မချစ်ပါဘူး။ တစ်နေ့ Dan-O တစ်ယောက် ရုတ်တရက်ကြီး အတိတ်မေ့တဲ့ဝေဒနာကို ခံစားရပြီးနောက်မှာတော့ အနာဂတ်မှာ ဘာတွေဖြစ်မလည်းဆိုတာကို ကြိုသိတဲ့အစွမ်း ရသွားပါတယ်။ သူမကိုယ်ကို ထူးဆန်းနေတယ်လို့ ခံစားနေရတဲ့ Dan-O ဟာ နောက်ဆုံးမှာတော့ သူမဟာ ပြင်ပလောကက လူတစ်ယောက် မဟုတ်ဘဲ ကောမစ်ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်နေတာကို သိသွားပါတယ်။ ဒီ့ထက်ဆိုးတာကတော့ သူမဟာ မိန်းဇာတ်ကောင်လည်း မဟုတ်ဘဲ အရံဇာတ်ကောင်တစ်ယောက်အနေနဲ့သာ ပါဝင်နေရတယ်ဆိုတာပါပဲ။ တစ်နေ့ သူမရဲ့ ရင်တွေခုန်တဲ့အထိ ဖြစ်စေတဲ့ကောင်လေးနဲ့ တွေ့ရပြန်ပါတယ်။ အဲ့ဒီ့ကောင်လေးကတော့ ကောမစ်ဇာတ်လမ်းထဲမှာ နာမည်တောင် မပါတဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ ဒါနဲ့ပဲ စာရေးဆရာရဲ့အလိုကျ ဖြစ်ပေးနေရတဲ့ ဘဝကနေ ကိုယ့်စိတ်ကြိုက်ဖြစ်လာဖို့ ကြိုးစားတဲ့အခါမှာတော့ …။

ဒီဇာတ်လမ်းတွဲဟာ နာမည်ကျော် ဝက်ဘ်ကာတွန်းတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အပိုင်း(၃၂)ပိုင်း ပါဝင်ပြီး အပိုင်းတစ်ပိုင်းကို (၃၅)မိနစ်ခန့် ကြာမြင့်ပါတယ်။

(၆) Vagabond

Photo: mydramalist

Vagabond ဟာ ခုနောက်ပိုင်း ဒရာမာတွေ သိပ်မရိုက်ဖြစ်ဘဲ ရသစုံရှိုးတွေမှာ တွေ့ရများနေတဲ့ မင်းသား Lee Seung Gi နဲ့ မင်းသမီးချော Suzy တို့ တွဲဖက်ပါဝင်ထားတာကြောင့် တကယ့် ဟစ်ဒရာမာတစ်ခု ဖြစ်ပါတယ်။ စပိုင်အက်ရှင်ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး ပထမဆုံးအပိုင်းကနေ နောက်ဆုံးအထိ ထိုင်ရာကမထဘဲ တစ်ထိုင်တည်း ကြည့်ပစ်ချင်တဲ့ စီးရီးမျိုးပါ။

ဇာတ်လမ်းကတော့ တူဖြစ်သူရဲ့ သေဆုံးမှုအပေါ် လက်စားချေချင်နေတဲ့ ရဲသား Cha Dal Geon နဲ့ လျှို့ဝှက်အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ Go Hae Ri တို့ကြားက အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း(၁၆)ပိုင်း ရှိပြီး တစ်ပိုင်းကို (၇၀)မိနစ်လောက် ကြာမြင့်ပါတယ်။

(၇) Search: WWW

Photo: mydramalist

ဒီစီးရီးလေးကတော့ အချစ်စစ်ရဲ့တန်ဖိုး၊ ဘဝမှာ ဒုတိယအကြိမ် ပြန်လည်ကြိုးစားခွင့်၊ သစ္စာရှိမှုနဲ့ သူငယ်ချင်းသံယောဇဉ်တွေအကြောင်းကို ထိထိမိမိ ခံစားရစေမယ့် ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။ ဒါ့အပြင် တက်သစ်စ သရုပ်ဆောင်တစ်ယောက်အနေနဲ့ Lee Jae Wook ရဲ့ အံ့ဩစရာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကိုလည်း တွေ့ရဦးမှာပါ။ အချစ်ဇာတ်လမ်းလေးတွေနဲ့ ညိမ့်ချင်သူတွေ မဖြစ်မနေ ကြည့်သင့်တဲ့ စီးရီးလေး ဖြစ်ပါတယ်။ အပိုင်း(၁၆)ပိုင်း ပါဝင်ပြီး တစ်ပိုင်း တစ်နာရီကျော် ကြာမြင့်ပါတယ်။

ဒါတွေကတော့ ၂၀၁၉ရဲ့ အစောပိုင်းနဲ့ နှစ်လယ်ပိုင်းမှာ ထွက်ရှိခဲ့တဲ့ ဒရာမာတွေထဲက သေချာပေါက် ကြည့်ရှုသင့်တဲ့ ဒရမာတွေကို ရွေးချယ်ပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ရော ဘယ်ဒရာမာတွေကို ကြည့်ပြီးကြပါပြီလဲ။ ကြည့်ဖို့ကျန်နေသေးတာတွေ ရှိနေသေးရင် လာမယ့်အားလပ်ရက်လေးမှာ ကော်ဖီလေးတစ်ခွက်နဲ့ တဝကြီး ထိုင်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

အခ်ိန္ေတြတေ႐ြ႕ေ႐ြ႕ ကုန္ဆုံးသြားတာ ၂၀၁၉ကိုလည္း မၾကာခင္မွာ ႏႈတ္ဆက္ၾကရေတာ့မွာပါ။ ႏွစ္သစ္ နီးလာၿပီျဖစ္တဲ့အတြက္ အားလပ္ရက္ေတြဆီကို ေရာက္လာဖို႔ကလည္း မေဝးေတာ့ပါဘူး။ ဒီေတာ့ ၿပီးခဲ့တဲ့ ၂၀၁၉တစ္ႏွစ္တာလုံးမွာ တကယ္ ဟစ္ျဖစ္ခဲ့တဲ့ ကိုရီးယားဒရာမာေကာင္းေတြကို မၾကည့္ျဖစ္ခဲ့ရင္ အခုအခ်ိန္က တဝႀကီးထိုင္ၾကည့္ဖို႔ အေကာင္းဆုံးေသာ အခ်ိန္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ၂၀၁၉မွာထြက္ရွိခဲ့တဲ့ ကိုရီးယားဇာတ္လမ္းတြဲေတြထဲက ၾကည့္ကိုၾကည့္သင့္တဲ့ ဇာတ္လမ္းတြဲ(၇)ခုကို အားလပ္ရက္ေတြမွာ ဇိမ္ေလးနဲ႔ ဖီးလ္ၿပီး ၾကည့္ႏိုင္ဖို႔ ေ႐ြးခ်ယ္ေပးလိုက္ပါတယ္။

(၁) Angel’s Last Mission: Love

Photo: mydramalist

ဒီဇာတ္လမ္းတြဲေလးကေတာ့ ၂၀၁၉ထြက္ ဒရာမာေတြထဲမွာ မၾကည့္ျဖစ္ေသးရင္ ၾကည့္ကိုၾကည့္ရမယ့္ စီးရီးတစ္ခုျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ထားသူေတြကေတာ့ မင္းသမီးေခ်ာ Shin Hye Sun နဲ႔ INFINITE အဖြဲ႕က L တို႔ ျဖစ္ပါတယ္။ အေခ်ာေလးႏွစ္ေယာက္မို႔ visual ေတြက ေျပာစရာမလိုေအာင္ မ်က္စိပသာဒ ျဖစ္ေနမွာျဖစ္ၿပီး ႏွစ္ေယာက္လုံးရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေတြကလည္း တကယ္ ေကာင္းမြန္ေသသပ္ေနတာကို ခံစားၾကရမွာပါ။ ဒါ့အျပင္ ဇာတ္လမ္းေလးကလည္း ထူးျခားပါေသးတယ္။

ဇာတ္လမ္းသြားပုံစံကေတာ့ Kim Dan လို႔ေခၚတဲ့ နတ္သားေလးတစ္ပါးဟာ ကမာၻေျမေပၚကို တာဝန္ေတြ ထမ္းေဆာင္ဖို႔ ေစလႊတ္ခံရရာက စတင္ပါတယ္။ သူဟာ နတ္သားေတြၾကားထဲမွာေတာ့ သိုးမည္းတစ္ေကာင္လို သင္းကြဲထြက္ေနသူပါ။ တစ္ေန႔မွာေတာ့ မ်က္မျမင္ေကာင္မေလး Lee Yeon Seo နဲ႔ေတြ႕ၿပီး Kim Dan တစ္ေယာက္ ေျပာင္းလဲလာပါေတာ့တယ္။ ဒီစီးရီးေလးထဲမွာ အလွည့္အေျပာင္းေတြ အမ်ားႀကီး ပါဝင္သလို ဘဝမွာ ႀကဳံေတြ႕ရတဲ့ အခက္အခဲေတြ၊ စမ္းသပ္မႈေတြကို အခ်စ္နဲ႔အတူ ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ပုံကို ျပသတာကလည္း သိပ္ကိုစိတ္ဓာတ္တက္ႂကြဖြယ္ရာ ေကာင္းပါတယ္။ ဒါ့အျပင္ L နဲ႔ Shin Hye Sun တို႔ႏွစ္ေယာက္ၾကားက chemistry ကလည္း တကယ့္ကို ခ်စ္စရာေလးမို႔ ၾကည့္ရတာ ၾကည္ႏူးစရာေလး ျဖစ္ေနမွာပါ။ အပိုင္း(၃၂)ပိုင္း ပါဝင္ၿပီး တစ္ပိုင္းကို (၃၅)မိနစ္ခန႔္ ၾကာျမင့္ပါတယ္။

(၂) When The Camellia Blooms

Photo: mydramalist

Moon Lovers ဇာတ္လမ္းတြဲထဲက နံပါတ္(၈)မင္းသားအျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသားေခ်ာ Kang Ha Neul နဲ႔ ဝါရင့္သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ Gong Hyo Jin တို႔ ေခါင္းေဆာင္ပါဝင္ထားတဲ့ ဒရာမာေလးတစ္ခု ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ အခ်စ္႐ိုမန႔္သီးသန႔္မဟုတ္ဘဲ စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာ၊ လူမႈအေဆာက္အအုံ၊ မိသားစုနဲ႔ ေမွ်ာ္လင့္ခ်က္ေတြအေၾကာင္းကိုပါ လွလွပပေလး ထည့္သြင္း႐ိုက္ကူးထားတဲ့ ဒရာမာတစ္ခု ျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္းကို ေျပာျပရရင္ေတာ့ Hwang Yong Sik ဟာ စိတ္ေကာင္းႏွလုံးေကာင္းရွိတဲ့ ရဲသားတစ္ဦးပါ။ Dongbaek ဆိုတဲ့ အမ်ိဳးသမီးကေတာ့ မိဘမဲ့ဘဝနဲ႔ ႀကီးျပင္းလာရၿပီး ဆင္ဂယ္လ္မားသားတစ္ေယာက္ ျဖစ္ပါတယ္။ မာယာပရိယာယ္ေတြ မပါဝင္တဲ့ Dongbaek အေပၚထားတဲ့ Yong Sik ရဲ႕ စစ္မွန္တဲ့အခ်စ္ေမတၱာကို ႏွလုံးသားေႏြးေထြးဖြယ္ရာ ၾကည့္ရႈရမယ့္ စီးရီးလည္း ျဖစ္ပါတယ္။ အပိုင္း(၄၀)ျဖစ္ၿပီး အထူးအပိုင္း(၄)ပိုင္း ထပ္မံပါဝင္ပါတယ္။ အပိုင္းတစ္ပိုင္းစီရဲ႕ ၾကာျမင့္ခ်ိန္ကေတာ့ (၃၅)မိနစ္ခန႔္ ရွိပါတယ္။

(၃) Failing In Love

Photo: mydramalist

ဒီစီးရီးထဲမွာေတာ့ Song Sang Yeon က separation anxiety disorder လို႔ေခၚတဲ့ လူတစ္ေယာက္အေပၚ ခြဲလို႔မရေအာင္ တြယ္ၿငိတတ္တဲ့ ေဝဒနာ ခံစားေနရတဲ့ ေက်ာင္းသားေလး Kang Pa Rang အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ သူ႔မွာ Lee Shi Won နဲ႔ Lee Shi Eon လို႔ေခၚတဲ့ မိန္းကေလးသူငယ္ခ်င္းႏွစ္ေယာက္ ရွိပါတယ္။ သူတို႔သုံးေယာက္ဟာ တကယ့္ BFF ေတြပါ။ သူငယ္ခ်င္းမ ႏွစ္ေယာက္ဟာ Kang Pa Rang တစ္ေယာက္ ဘာေတြပဲလုပ္ၿပီး ဘယ္လိုေတြပဲျဖစ္ထားပါေစ၊ သူ႔ဘက္ကပဲ အၿမဲတမ္း ရပ္တည္ၿပီး ေဖးမၾကသူေတြလည္း ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲဟာ အံ့ဩဘနန္းျဖစ္ရမယ့္ ဇာတ္လမ္းအမ်ိဳးအစားမ်ိဳး မဟုတ္ေပမယ့္ တကယ့္ကို ျပင္ပဘဝမွာ ျဖစ္ပ်က္ေနတဲ့အရာေတြနဲ႔ တိုက္ဆိုင္ခံစားလို႔ရေလာက္ေအာင္ လက္ေတြ႕က်က် ႐ိုက္ကူးထားပါတယ္။ သ႐ုပ္ေဆာင္ေတြလည္း ေကာင္းၾကသလို ဇာတ္ဝင္သီခ်င္းေလးေတြကလည္း ေကာင္းပါတယ္။ အပိုင္း(၁၀)ပိုင္းသာ ပါဝင္တဲ့ မီနီစီးရီးေလးျဖစ္ပါတယ္။

(၄) Hotel Del Luna

Photo: mydramalist

၂၀၁၉ထဲမွာ ဟိုးေလးတေက်ာ္ နာမည္ႀကီးခဲ့တဲ့ ဒရာမာတစ္ခုျဖစ္ၿပီး တကယ့္နာမည္ႀကီး သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ IU နဲ႔ Yeo Jin Goo တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီစီးရီးနဲ႔ ပတ္သက္လို႔ ပရိသတ္ေတြကို ရင္ခုန္ေစတဲ့ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုကေတာ့ နာမည္ေက်ာ္ ကိုရီးယားဇာတ္လမ္းတြဲမ်ားစြာကို ေရးသားေပးခဲ့တဲ့ Hong ညီအစ္မေတြက ေရးသားေပးထားတာေၾကာင့္ ျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္းကို ေျပာရရင္ Jang Man Wol လို႔ေခၚတဲ့ အမ်ိဳးသမီးဟာ သရဲတေစၦေတြကို ဧည့္သည္အျဖစ္ လက္ခံတဲ့ ဟိုတယ္တစ္ခုရဲ႕ စီအီးအိုျဖစ္ပါတယ္။ Goo Chan Sung ကေတာ့ ဟိုတယ္ရဲ႕ လက္ေထာက္မန္ေနဂ်ာပါ။ အဲ့ဒီ့ဟိုတယ္ဟာ ဆိုးလ္ၿမိဳ႕လယ္ေခါင္မွာရွိၿပီး ေၾကာက္စရာေကာင္းတဲ့ ဝိဉာဥ္ေတြ၊ သရဲတေစၦေတြကိုပဲ ဝန္ေဆာင္မႈေပးတဲ့ ဟိုတယ္ပါ။ လွသေလာက္ ေဒါသႀကီးတဲ့ မိန္းမလွေလး Jang Man Wol ကေတာ့ သူမ က်ဴးလြန္ခဲ့တဲ့ မေကာင္းမႈတစ္ခုေၾကာင့္ ဒီဟိုတယ္မွာ တာဝန္ထမ္းေဆာင္ဖို႔ က်ိန္စာသင့္ေနသူ ျဖစ္ပါတယ္။ သို႔ေပမယ့္ သူမ က်ဴးလြန္မိခဲ့တာဟာ ဘယ္လိုျပစ္မႈလည္းဆိုတာကို သူမကိုယ္တိုင္ မမွတ္မိေတာ့တဲ့အခါ … ။ အပိုင္း(၁၆)ပိုင္း ရွိၿပီး တစ္ပိုင္းကို (၇၀)မိနစ္ကေန မိနစ္(၉၀)ေက်ာ္အထိ ၾကာျမင့္ပါတယ္။

(၅) Extraordinary You

Photo: mydramalist

Eun Dan-O လို႔ေခၚတဲ့ ေကာင္မေလးဟာ နာမည္ႀကီးေက်ာင္းတစ္ခုမွာ တက္ေနတဲ့ ေက်ာင္းသူေလးတစ္ေယာက္ပါ။ မိသားစုက ခ်မ္းသာၿပီး ေကာင္မေလးမွာေတာ့ ႏွလုံးေရာဂါ ရွိပါတယ္။ ေနာက္ၿပီး ေကာင္မေလးမွာ Baek Kyung လို႔ေခၚတဲ့ တစ္ခ်ိန္လက္တြဲရမယ့္ ခ်စ္သူေကာင္ေလးလည္း ရွိပါတယ္။ Baek Kyung ဟာလည္း Dan-O နဲ႔ တစ္ေက်ာင္းတည္း တက္ေနသူျဖစ္ၿပီး Dan-O ကိုေတာ့ သူမ ခ်စ္သလို ျပန္မခ်စ္ပါဘူး။ တစ္ေန႔ Dan-O တစ္ေယာက္ ႐ုတ္တရက္ႀကီး အတိတ္ေမ့တဲ့ေဝဒနာကို ခံစားရၿပီးေနာက္မွာေတာ့ အနာဂတ္မွာ ဘာေတြျဖစ္မလည္းဆိုတာကို ႀကိဳသိတဲ့အစြမ္း ရသြားပါတယ္။ သူမကိုယ္ကို ထူးဆန္းေနတယ္လို႔ ခံစားေနရတဲ့ Dan-O ဟာ ေနာက္ဆုံးမွာေတာ့ သူမဟာ ျပင္ပေလာကက လူတစ္ေယာက္ မဟုတ္ဘဲ ေကာမစ္ဇာတ္လမ္းထဲက ဇာတ္ေကာင္တစ္ေယာက္ျဖစ္ေနတာကို သိသြားပါတယ္။ ဒီ့ထက္ဆိုးတာကေတာ့ သူမဟာ မိန္းဇာတ္ေကာင္လည္း မဟုတ္ဘဲ အရံဇာတ္ေကာင္တစ္ေယာက္အေနနဲ႔သာ ပါဝင္ေနရတယ္ဆိုတာပါပဲ။ တစ္ေန႔ သူမရဲ႕ ရင္ေတြခုန္တဲ့အထိ ျဖစ္ေစတဲ့ေကာင္ေလးနဲ႔ ေတြ႕ရျပန္ပါတယ္။ အဲ့ဒီ့ေကာင္ေလးကေတာ့ ေကာမစ္ဇာတ္လမ္းထဲမွာ နာမည္ေတာင္ မပါတဲ့ ဇာတ္ေကာင္တစ္ေယာက္ပါ။ ဒါနဲ႔ပဲ စာေရးဆရာရဲ႕အလိုက် ျဖစ္ေပးေနရတဲ့ ဘဝကေန ကိုယ့္စိတ္ႀကိဳက္ျဖစ္လာဖို႔ ႀကိဳးစားတဲ့အခါမွာေတာ့ …။

ဒီဇာတ္လမ္းတြဲဟာ နာမည္ေက်ာ္ ဝက္ဘ္ကာတြန္းတစ္ခုကို အေျခခံၿပီး ႐ိုက္ကူးထားတာပါ။ အပိုင္း(၃၂)ပိုင္း ပါဝင္ၿပီး အပိုင္းတစ္ပိုင္းကို (၃၅)မိနစ္ခန႔္ ၾကာျမင့္ပါတယ္။

(၆) Vagabond

Photo: mydramalist

Vagabond ဟာ ခုေနာက္ပိုင္း ဒရာမာေတြ သိပ္မ႐ိုက္ျဖစ္ဘဲ ရသစုံရႈိးေတြမွာ ေတြ႕ရမ်ားေနတဲ့ မင္းသား Lee Seung Gi နဲ႔ မင္းသမီးေခ်ာ Suzy တို႔ တြဲဖက္ပါဝင္ထားတာေၾကာင့္ တကယ့္ ဟစ္ဒရာမာတစ္ခု ျဖစ္ပါတယ္။ စပိုင္အက္ရွင္ဇာတ္လမ္း အမ်ိဳးအစားျဖစ္ၿပီး ပထမဆုံးအပိုင္းကေန ေနာက္ဆုံးအထိ ထိုင္ရာကမထဘဲ တစ္ထိုင္တည္း ၾကည့္ပစ္ခ်င္တဲ့ စီးရီးမ်ိဳးပါ။

ဇာတ္လမ္းကေတာ့ တူျဖစ္သူရဲ႕ ေသဆုံးမႈအေပၚ လက္စားေခ်ခ်င္ေနတဲ့ ရဲသား Cha Dal Geon နဲ႔ လွ်ိဳ႕ဝွက္ေအးဂ်င့္အျဖစ္ ေဆာင္႐ြက္ေနတဲ့ Go Hae Ri တို႔ၾကားက အခ်စ္ဇာတ္လမ္း ျဖစ္ပါတယ္။ စုစုေပါင္း အပိုင္း(၁၆)ပိုင္း ရွိၿပီး တစ္ပိုင္းကို (၇၀)မိနစ္ေလာက္ ၾကာျမင့္ပါတယ္။

(၇) Search: WWW

Photo: mydramalist

ဒီစီးရီးေလးကေတာ့ အခ်စ္စစ္ရဲ႕တန္ဖိုး၊ ဘဝမွာ ဒုတိယအႀကိမ္ ျပန္လည္ႀကိဳးစားခြင့္၊ သစၥာရွိမႈနဲ႔ သူငယ္ခ်င္းသံေယာဇဥ္ေတြအေၾကာင္းကို ထိထိမိမိ ခံစားရေစမယ့္ ဇာတ္လမ္းတြဲေလး ျဖစ္ပါတယ္။ ဒါ့အျပင္ တက္သစ္စ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ Lee Jae Wook ရဲ႕ အံ့ဩစရာ ပီျပင္တဲ့ သ႐ုပ္ေဆာင္မႈေတြကိုလည္း ေတြ႕ရဦးမွာပါ။ အခ်စ္ဇာတ္လမ္းေလးေတြနဲ႔ ညိမ့္ခ်င္သူေတြ မျဖစ္မေန ၾကည့္သင့္တဲ့ စီးရီးေလး ျဖစ္ပါတယ္။ အပိုင္း(၁၆)ပိုင္း ပါဝင္ၿပီး တစ္ပိုင္း တစ္နာရီေက်ာ္ ၾကာျမင့္ပါတယ္။

ဒါေတြကေတာ့ ၂၀၁၉ရဲ႕ အေစာပိုင္းနဲ႔ ႏွစ္လယ္ပိုင္းမွာ ထြက္ရွိခဲ့တဲ့ ဒရာမာေတြထဲက ေသခ်ာေပါက္ ၾကည့္ရႈသင့္တဲ့ ဒရမာေတြကို ေ႐ြးခ်ယ္ေပးထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ေရာ ဘယ္ဒရာမာေတြကို ၾကည့္ၿပီးၾကပါၿပီလဲ။ ၾကည့္ဖို႔က်န္ေနေသးတာေတြ ရွိေနေသးရင္ လာမယ့္အားလပ္ရက္ေလးမွာ ေကာ္ဖီေလးတစ္ခြက္နဲ႔ တဝႀကီး ထိုင္ၾကည့္လိုက္ပါလို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular