HomeCelebs Update NewsBollywoodဘောလိဝုဒ်လောကမှာ အမှန်အတိုင်း ဝေဖန်ဖို့မဖြစ်နိုင်ပါဘူးလို့ ဆိုလာတဲ့ Kareena Kapoor

ဘောလိဝုဒ်လောကမှာ အမှန်အတိုင်း ဝေဖန်ဖို့မဖြစ်နိုင်ပါဘူးလို့ ဆိုလာတဲ့ Kareena Kapoor

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘောလိဝုဒ်ရုပ်ရှင်လောကထဲက လူတွေဟာ သူတို့ရဲ့အနုပညာအရည်အသွေးကို အရိုးသားဆုံးအမြင်နဲ့ အမှန်အတိုင်း ဝေဖန်ခံရတာကို လက်မခံနိုင်ကြဘူးလို့ ဘောလိဝုဒ်အကျော်အမော် မင်းသမီးတစ်လက်ဖြစ်တဲ့ Kareena Kapoor Khan က ပြောလိုက်ပါတယ်။ သရုပ်ဆောင်တွေအချင်းချင်း တစ်ယောက်ရဲ့အရည်အသွေးကို တစ်ယောက် အမှန်အတိုင်း ဝေဖန်ထောက်ပြဖို့ရန်မှာ ဘောလိဝုဒ်လောကအတွက်တော့ မဖြစ်နိုင်ပါဘူးလို့ ဆိုလိုက်ပြီး သရုပ်ဆောင်တွေအနေနဲ့ သူတို့ရဲ့အရည်အသွေးတွေကို အမှန်အတိုင်း ပြောပေးမယ့်လူတွေ ဘေးနားမှာ လိုအပ်ပါတယ်လို့ ဆိုပါတယ်။

Kareena ဟာ သူမရဲ့ရုပ်ရှင်တွေနဲ့ ပတ်သက်လာရင် သူမဘေးကလူတွေကိုတော့ အမှန်အတိုင်း ရိုးရိုးသားသား၊ အရှိကိုအရှိအတိုင်း ပြောစေချင်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ Indian Express ဝက်ဘ်ဆိုဒ်နဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Photo: therealkareenakapoor/ Instagram

ဘောလိဝုဒ်လောကထဲမှာ တစ်ယောက်ယောက်ရဲ့ ရုပ်ရှင်ကားတွေကို အမှန်အတိုင်း ဝေဖန်နိုင်ရဲ့လားလို့ မေးမြန်းရာမှာတော့ “ကျွန်မတော့ မထင်ဘူး။ သူတို့က ကောင်းကောင်းလက်မခံကြလို့လေ။ အမှန်အတိုင်းပြောရရင် သူတို့ကိုယ်တိုင်ကိုက အဲ့လိုအမှန်အတိုင်း ပြောခံရမှာ လက်မခံနိုင်ကြတာ။ ကျွန်မကတော့ ကျွန်မရဲ့ရုပ်ရှင်တွေထဲက မကြိုက်တဲ့ကားတွေရှိရင် ကျွန်မကို မကြိုက်ကြောင်း ပြောပြစေချင်တယ်။ အနည်းဆုံးတော့ ကျွန်မဘေးနားက အနီးကပ်ရှိတဲ့လူတွေအနေနဲ့ အမှန်အတိုင်း အရိုးသားဆုံး ကျွန်မကို ပြောစေချင်တယ်” လို့ မင်းသမီးက ဆိုပါတယ်။

“သရုပ်ဆောင်တွေ၊ စတားတွေအနေနဲ့ သူတို့နဲ့ပတ်သက်တဲ့ တကယ့်ပကတိတရားကို ပြသပေးမယ့်လူတွေ ဘေးမှာရှိနေဖို့လိုအပ်ပါတယ်။ အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ရင်တော့ ကျွန်မက အရမ်းလက်တွေ့ကျပါတယ်။ ကျွန်မဘေးမှာ အကုန်လုံး ကောင်းတယ်၊ မှန်တယ်တွေချည်း ပြောမယ့် လက်ညိုးထောင်၊ ခေါင်းညိတ်လူမျိုးတွေ ရှိနေတာ မကြိုက်ပါဘူး။ ငယ်တုန်းရွယ်တုန်းအချိန်ဆိုရင်တော့ စိတ်လှုပ်ရှားတတ်တဲ့အရွယ်မို့ ကိုယ့်ကိုအကောင်းချည်းပဲ ပြောတတ်တဲ့လူမျိုးတွေပဲ ဘေးနားမှာထားမိတတ်ကြပါတယ်။ ဒါပေမယ့် အခုကျွန်မလိုအရွယ်ဆိုရင်တော့ သိပ်ကိုလက်တွေ့ကျတာ ကြိုက်တဲ့အရွယ် ဖြစ်သွားပါပြီ” လို့ kareena က ဆက်လက်ပြောဆိုပါတယ်။

Photo: therealkareenakapoor/ Instagram

အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီး Kareena Kapoor ဟာ လူတွေ၊ ရုပ်ရှင်တွေနဲ့ ပတ်သက်ရင် သူမရဲ့အတွေးအမြင်တွေိကို အမြဲတမ်း ထုတ်ဖော်ပြောဆိုလေ့ရှိသူ မင်းသမီးတစ်လက်ပါ။ ယနေ့ ရုပ်ရှင်လောကကိုကြည့်ရင်တော့ လောကသားအချင်းချင်း “ကောင်းပါတယ်” ချည်းပဲ ပြောလေ့ရှိတဲ့ “ဘုတ် ကျီးမြှောက်၊ ကျီး ဘုတ်မြှောက်” အခြေအနေဖြစ်နေတယ်လို့ ဆိုထားပါတယ်။

တကယ်လို့ သူမသာ ဒီနေ့ခေတ်ကျမှ ပွဲထွက်ဖြစ်ခဲ့မယ်ဆိုရင်တော့ သူမရဲ့အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး အခုထက်ပို မယုတ်မလွန် ပြောမိ၊ ရပ်တည်မိမှာပါလို့ ပြောထားပါသေးတယ်။ “အရင်တုန်းတည်းက ကျွန်မပုံစံက အရမ်းကြီး ရဲတင်းနေခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒီနေ့ခေတ်ကျတော့ ဒစ်ဂျစ်တယ်ခေတ် ဖြစ်လာပြီ။ လူတိုင်းမှာ အမြင်တစ်ခုစီ ရှိလာကြပြီ။ လူတိုင်းက ဘယ်လိုရုပ်ရှင်မျိုးတေွ ရိုက်သင့်တယ်၊ ဘယ်လိုအဝတ်အစားတေွ ဝတ်သင့်တယ်ဆိုတာကအစ ထင်မြင်ချက်တွေ ပေးလာကြတဲ့ခေတ် ဖြစ်နေပါပြီ” လို့ ပြောသွားပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ေဘာလိဝုဒ္႐ုပ္ရွင္ေလာကထဲက လူေတြဟာ သူတို႔ရဲ႕အႏုပညာအရည္အေသြးကို အ႐ိုးသားဆုံးအျမင္နဲ႔ အမွန္အတိုင္း ေဝဖန္ခံရတာကို လက္မခံႏိုင္ၾကဘူးလို႔ ေဘာလိဝုဒ္အေက်ာ္အေမာ္ မင္းသမီးတစ္လက္ျဖစ္တဲ့ Kareena Kapoor Khan က ေျပာလိုက္ပါတယ္။ သ႐ုပ္ေဆာင္ေတြအခ်င္းခ်င္း တစ္ေယာက္ရဲ႕အရည္အေသြးကို တစ္ေယာက္ အမွန္အတိုင္း ေဝဖန္ေထာက္ျပဖို႔ရန္မွာ ေဘာလိဝုဒ္ေလာကအတြက္ေတာ့ မျဖစ္ႏိုင္ပါဘူးလို႔ ဆိုလိုက္ၿပီး သ႐ုပ္ေဆာင္ေတြအေနနဲ႔ သူတို႔ရဲ႕အရည္အေသြးေတြကို အမွန္အတိုင္း ေျပာေပးမယ့္လူေတြ ေဘးနားမွာ လိုအပ္ပါတယ္လို႔ ဆိုပါတယ္။

Kareena ဟာ သူမရဲ႕႐ုပ္ရွင္ေတြနဲ႔ ပတ္သက္လာရင္ သူမေဘးကလူေတြကိုေတာ့ အမွန္အတိုင္း ႐ိုး႐ိုးသားသား၊ အရွိကိုအရွိအတိုင္း ေျပာေစခ်င္တယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကိုေတာ့ Indian Express ဝက္ဘ္ဆိုဒ္နဲ႔ ေတြ႕ဆုံေမးျမန္းရာမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

Photo: therealkareenakapoor/ Instagram

ေဘာလိဝုဒ္ေလာကထဲမွာ တစ္ေယာက္ေယာက္ရဲ႕ ႐ုပ္ရွင္ကားေတြကို အမွန္အတိုင္း ေဝဖန္ႏိုင္ရဲ႕လားလို႔ ေမးျမန္းရာမွာေတာ့ “ကြၽန္မေတာ့ မထင္ဘူး။ သူတို႔က ေကာင္းေကာင္းလက္မခံၾကလို႔ေလ။ အမွန္အတိုင္းေျပာရရင္ သူတို႔ကိုယ္တိုင္ကိုက အဲ့လိုအမွန္အတိုင္း ေျပာခံရမွာ လက္မခံႏိုင္ၾကတာ။ ကြၽန္မကေတာ့ ကြၽန္မရဲ႕႐ုပ္ရွင္ေတြထဲက မႀကိဳက္တဲ့ကားေတြရွိရင္ ကြၽန္မကို မႀကိဳက္ေၾကာင္း ေျပာျပေစခ်င္တယ္။ အနည္းဆုံးေတာ့ ကြၽန္မေဘးနားက အနီးကပ္ရွိတဲ့လူေတြအေနနဲ႔ အမွန္အတိုင္း အ႐ိုးသားဆုံး ကြၽန္မကို ေျပာေစခ်င္တယ္” လို႔ မင္းသမီးက ဆိုပါတယ္။

“သ႐ုပ္ေဆာင္ေတြ၊ စတားေတြအေနနဲ႔ သူတို႔နဲ႔ပတ္သက္တဲ့ တကယ့္ပကတိတရားကို ျပသေပးမယ့္လူေတြ ေဘးမွာရွိေနဖို႔လိုအပ္ပါတယ္။ အဲ့ဒီ့ကိစၥနဲ႔ပတ္သက္ရင္ေတာ့ ကြၽန္မက အရမ္းလက္ေတြ႕က်ပါတယ္။ ကြၽန္မေဘးမွာ အကုန္လုံး ေကာင္းတယ္၊ မွန္တယ္ေတြခ်ည္း ေျပာမယ့္ လက္ညိဳးေထာင္၊ ေခါင္းညိတ္လူမ်ိဳးေတြ ရွိေနတာ မႀကိဳက္ပါဘူး။ ငယ္တုန္း႐ြယ္တုန္းအခ်ိန္ဆိုရင္ေတာ့ စိတ္လႈပ္ရွားတတ္တဲ့အ႐ြယ္မို႔ ကိုယ့္ကိုအေကာင္းခ်ည္းပဲ ေျပာတတ္တဲ့လူမ်ိဳးေတြပဲ ေဘးနားမွာထားမိတတ္ၾကပါတယ္။ ဒါေပမယ့္ အခုကြၽန္မလိုအ႐ြယ္ဆိုရင္ေတာ့ သိပ္ကိုလက္ေတြ႕က်တာ ႀကိဳက္တဲ့အ႐ြယ္ ျဖစ္သြားပါၿပီ” လို႔ kareena က ဆက္လက္ေျပာဆိုပါတယ္။

Photo: therealkareenakapoor/ Instagram

အသက္(၃၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မင္းသမီး Kareena Kapoor ဟာ လူေတြ၊ ႐ုပ္ရွင္ေတြနဲ႔ ပတ္သက္ရင္ သူမရဲ႕အေတြးအျမင္ေတြိကို အၿမဲတမ္း ထုတ္ေဖာ္ေျပာဆိုေလ့ရွိသူ မင္းသမီးတစ္လက္ပါ။ ယေန႔ ႐ုပ္ရွင္ေလာကကိုၾကည့္ရင္ေတာ့ ေလာကသားအခ်င္းခ်င္း “ေကာင္းပါတယ္” ခ်ည္းပဲ ေျပာေလ့ရွိတဲ့ “ဘုတ္ က်ီးေျမႇာက္၊ က်ီး ဘုတ္ေျမႇာက္” အေျခအေနျဖစ္ေနတယ္လို႔ ဆိုထားပါတယ္။

တကယ္လို႔ သူမသာ ဒီေန႔ေခတ္က်မွ ပြဲထြက္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ သူမရဲ႕အေတြးအျမင္ေတြနဲ႔ ပတ္သက္ၿပီး အခုထက္ပို မယုတ္မလြန္ ေျပာမိ၊ ရပ္တည္မိမွာပါလို႔ ေျပာထားပါေသးတယ္။ “အရင္တုန္းတည္းက ကြၽန္မပုံစံက အရမ္းႀကီး ရဲတင္းေနခဲ့တာ ျဖစ္ပါလိမ့္မယ္။ ဒီေန႔ေခတ္က်ေတာ့ ဒစ္ဂ်စ္တယ္ေခတ္ ျဖစ္လာၿပီ။ လူတိုင္းမွာ အျမင္တစ္ခုစီ ရွိလာၾကၿပီ။ လူတိုင္းက ဘယ္လို႐ုပ္ရွင္မ်ိဳးေတြ ႐ိုက္သင့္တယ္၊ ဘယ္လိုအဝတ္အစားေတြ ဝတ္သင့္တယ္ဆိုတာကအစ ထင္ျမင္ခ်က္ေတြ ေပးလာၾကတဲ့ေခတ္ ျဖစ္ေနပါၿပီ” လို႔ ေျပာသြားပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular