HomeEntertainmentFilmဘယ်အချိန်ထိ John Wick ဇာတ်ကားတွေရိုက်သွားမလည်းဆိုတာ ပြောပြလာတဲ့ Keanu Reeves 

ဘယ်အချိန်ထိ John Wick ဇာတ်ကားတွေရိုက်သွားမလည်းဆိုတာ ပြောပြလာတဲ့ Keanu Reeves 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

John Wick ဇာတ်ကားတွေနဲ့ ပရိသတ်ရဲ့ အသည်းနှလုံးကို ထပ်မံသိမ်းပိုက်ထားတဲ့ မင်းသားကြီး Keanu Reeves ဟာ မကြာသေးခင် ပြုလုပ်ခဲ့တဲ့ OK! မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဘယ်အချိန်ထိ John Wick ဇာတ်ကားတွေကို ရိုက်ကူးသွားမယ်ဆိုတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မင်းသားကြီး Keanu Reeves ဟာ ဘယ်အချိန်ထိ John Wick ဇာတ်ကားတွေကို ဆက်ရိုက်နေဦးမယ်ဆိုတာ ပြောပြလိုက်ပါပြီ။ ၂၀၁၄ခုနှစ်မှာ John Wick ပထမဆုံး ဇာတ်ကား ထွက်ရှိပြီးတည်းက မင်းသားကြီးဟာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အများဆုံး ရရှိခဲ့တဲ့ မင်းသားတစ်လက် ဖြစ်လာခဲ့ပါတယ်။

Photo via IMDb

လက်ရှိမှာ သုံးကား ထွက်ရှိထားတဲ့ John Wick ရုပ်ရှင်စီးရီးဟာ စုစုပေါင်း box-office ဝင်ငွေ ဒေါ်လာသန်း(၆၀၀)ကျော် ရရှိထားပြီး နောက်ထပ် နှစ်ကားကိုလည်း ၂၀၂၁ခုနှစ် အစောပိုင်းမှာ ဆက်တိုက် ရိုက်ကူးသွားဖို့ ရှိနေပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ John Wick ဇာတ်ကားတွေ နောက်ထပ် ဘယ်နှကားလောက်ထိ ထွက်ရှိလာဦးမှာလည်းဆိုတာနဲ့ မင်းသားကြီးကရော ဘယ်အချိန်ထိ ဒီကာရိုက်တာမှာ သရုပ်ဆောင်နေဦးမှာလည်းဆိုတာ သိချင်နေကြတာ ဖြစ်ပါတယ်။

Derek Kolstad ရေးသားပေးတဲ့ ဇာတ်လမ်းတွေကို ဒါရိုက်တာ Chad Stahelski က ရိုက်ကူးပေးထားရာမှာ နောက်ထပ် John Wick 4 နဲ့ John Wick 5 ထွက်ရှိလာဖို့က သေချာနေပေမယ့် အဲ့ဒီ့နောက်ပိုင်းမှာ ဘာဆက်ဖြစ်မယ်ဆိုတာကတော့ မသေချာသေးပါဘူး။

Photo via IMDb

မင်းသားကြီး Keanu Reeves ကတော့ “ကျွန်တော့်ခြေထောက်တွေကို သယ်နိုင်သေးသမျှ၊ ပရိသတ်တွေက ကျွန်တော့်ကို ရှေ့ဆက်သွားစေချင်သေးသမျှ ရိုက်သွားမှာပါ… ” လို့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ ဒါရိုက်တာ Chad Stahelski ကလည်း အလားတူ သဘောတရားအတိုင်း ဖြေဆိုထားတာကို ကြားသိရပါသေးတယ်။ ဒါကြောင့် John Wick ဝိုင်းတော်သားတွေဟာ သူတို့လုပ်ပြစရာ စတန့်တွေ ကုန်တဲ့အထိ၊ ဒါမှမဟုတ် ပရိသတ်က ဒါတွေကို ငြီးငွေ့သွားတဲ့အထိ ဖန်တီးသွားဦးမယ့်သဘော ရှိနေပါတယ်။

စတန့်ပြကွက်တွေဟာ John Wick ဇာတ်ကားတွေကို ပရိသတ်တွေ နှစ်သက်ရတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်ကားထဲမှာ ပါဝင်တဲ့ စတန့်အများစုဟာ လူစားထိုးထားတာ မဟုတ်ဘဲ တကယ့်သရုပ်ဆောင်တွေကိုယ်တိုင်က လုပ်ပြထားတာကလည်း ဒီဇာတ်ကားတွေရဲ့ ရှေ့ရေးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကြည့်လိုက်ရင် မယုံနိုင်စရာကောင်းပေမယ့် Keanu Reeves ဟာ အသက်(၅၆)နှစ် ရှိနေပြီဖြစ်တာကြောင့် ဘယ်အချိန်အထိ ကြမ်းတမ်း ခက်ခဲတဲ့ သရုပ်ဆောင်မှုတွေကို လုပ်နိုင်ဦးမယ်ဆိုတာ စိတ်ဝင်စားစရာပါ။

Photo via IMDb

အက်ရှင်ဇာတ်ကွက်တွေကို တစ်ကားနဲ့တစ်ကား မတူညီအောင်၊ ပိုလက်တွေ့ကျပြီး ပိုပြင်းထန်တဲ့ပုံပေါက်အောင် ဖန်တီးဖို့ဆိုတာဟာ John Wick ဇာတ်ကားနောက်ကွယ်က ကြိုးကိုင်သူတွေဖြစ်တဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူမှာ တာဝန်တွေ တပုံတပင် ရှိနေပြီး creative team ရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ရှေ့လျှောက် ဒီ့ထက်လိုအပ်ဦးမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Stahelski ကတော့ စတန့်ပြကွက်တွေအတွက်လည်း အော်စကာဆု ပေးသင့်တယ်လို့ ပြောထားဖူးတဲ့အတွက် John Wick အဖွဲ့သားတွေဟာ အော်စကာဆု ရတဲ့အထိ ကားသစ်တွေ ဆက်ရိုက်သွားဖို့လည်း အလားအလာ ရှိနေတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

John Wick ဇာတ္ကားေတြနဲ႔ ပရိသတ္ရဲ႕ အသည္းႏွလုံးကို ထပ္မံသိမ္းပိုက္ထားတဲ့ မင္းသားႀကီး Keanu Reeves ဟာ မၾကာေသးခင္ ျပဳလုပ္ခဲ့တဲ့ OK! မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ဘယ္အခ်ိန္ထိ John Wick ဇာတ္ကားေတြကို ႐ိုက္ကူးသြားမယ္ဆိုတဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ မင္းသားႀကီး Keanu Reeves ဟာ ဘယ္အခ်ိန္ထိ John Wick ဇာတ္ကားေတြကို ဆက္႐ိုက္ေနဦးမယ္ဆိုတာ ေျပာျပလိုက္ပါၿပီ။ ၂၀၁၄ခုႏွစ္မွာ John Wick ပထမဆုံး ဇာတ္ကား ထြက္ရွိၿပီးတည္းက မင္းသားႀကီးဟာ ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္မႈကို အမ်ားဆုံး ရရွိခဲ့တဲ့ မင္းသားတစ္လက္ ျဖစ္လာခဲ့ပါတယ္။

Photo via IMDb

လက္ရွိမွာ သုံးကား ထြက္ရွိထားတဲ့ John Wick ႐ုပ္ရွင္စီးရီးဟာ စုစုေပါင္း box-office ဝင္ေငြ ေဒၚလာသန္း(၆၀၀)ေက်ာ္ ရရွိထားၿပီး ေနာက္ထပ္ ႏွစ္ကားကိုလည္း ၂၀၂၁ခုႏွစ္ အေစာပိုင္းမွာ ဆက္တိုက္ ႐ိုက္ကူးသြားဖို႔ ရွိေနပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြအေနနဲ႔ John Wick ဇာတ္ကားေတြ ေနာက္ထပ္ ဘယ္ႏွကားေလာက္ထိ ထြက္ရွိလာဦးမွာလည္းဆိုတာနဲ႔ မင္းသားႀကီးကေရာ ဘယ္အခ်ိန္ထိ ဒီကာ႐ိုက္တာမွာ သ႐ုပ္ေဆာင္ေနဦးမွာလည္းဆိုတာ သိခ်င္ေနၾကတာ ျဖစ္ပါတယ္။

Derek Kolstad ေရးသားေပးတဲ့ ဇာတ္လမ္းေတြကို ဒါ႐ိုက္တာ Chad Stahelski က ႐ိုက္ကူးေပးထားရာမွာ ေနာက္ထပ္ John Wick 4 နဲ႔ John Wick 5 ထြက္ရွိလာဖို႔က ေသခ်ာေနေပမယ့္ အဲ့ဒီ့ေနာက္ပိုင္းမွာ ဘာဆက္ျဖစ္မယ္ဆိုတာကေတာ့ မေသခ်ာေသးပါဘူး။

Photo via IMDb

မင္းသားႀကီး Keanu Reeves ကေတာ့ “ကြၽန္ေတာ့္ေျခေထာက္ေတြကို သယ္ႏိုင္ေသးသမွ်၊ ပရိသတ္ေတြက ကြၽန္ေတာ့္ကို ေရွ႕ဆက္သြားေစခ်င္ေသးသမွ် ႐ိုက္သြားမွာပါ… ” လို႔ အင္တာဗ်ဴးမွာ ေျဖဆိုထားပါတယ္။ ဒါ႐ိုက္တာ Chad Stahelski ကလည္း အလားတူ သေဘာတရားအတိုင္း ေျဖဆိုထားတာကို ၾကားသိရပါေသးတယ္။ ဒါေၾကာင့္ John Wick ဝိုင္းေတာ္သားေတြဟာ သူတို႔လုပ္ျပစရာ စတန႔္ေတြ ကုန္တဲ့အထိ၊ ဒါမွမဟုတ္ ပရိသတ္က ဒါေတြကို ၿငီးေငြ႕သြားတဲ့အထိ ဖန္တီးသြားဦးမယ့္သေဘာ ရွိေနပါတယ္။

စတန႔္ျပကြက္ေတြဟာ John Wick ဇာတ္ကားေတြကို ပရိသတ္ေတြ ႏွစ္သက္ရတဲ့ အဓိက အေၾကာင္းရင္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဇာတ္ကားထဲမွာ ပါဝင္တဲ့ စတန႔္အမ်ားစုဟာ လူစားထိုးထားတာ မဟုတ္ဘဲ တကယ့္သ႐ုပ္ေဆာင္ေတြကိုယ္တိုင္က လုပ္ျပထားတာကလည္း ဒီဇာတ္ကားေတြရဲ႕ ေရွ႕ေရးအတြက္ စိန္ေခၚမႈတစ္ခု ျဖစ္လာႏိုင္ပါတယ္။ ၾကည့္လိုက္ရင္ မယုံႏိုင္စရာေကာင္းေပမယ့္ Keanu Reeves ဟာ အသက္(၅၆)ႏွစ္ ရွိေနၿပီျဖစ္တာေၾကာင့္ ဘယ္အခ်ိန္အထိ ၾကမ္းတမ္း ခက္ခဲတဲ့ သ႐ုပ္ေဆာင္မႈေတြကို လုပ္ႏိုင္ဦးမယ္ဆိုတာ စိတ္ဝင္စားစရာပါ။

Photo via IMDb

အက္ရွင္ဇာတ္ကြက္ေတြကို တစ္ကားနဲ႔တစ္ကား မတူညီေအာင္၊ ပိုလက္ေတြ႕က်ၿပီး ပိုျပင္းထန္တဲ့ပုံေပါက္ေအာင္ ဖန္တီးဖို႔ဆိုတာဟာ John Wick ဇာတ္ကားေနာက္ကြယ္က ႀကိဳးကိုင္သူေတြျဖစ္တဲ့ ဒါ႐ိုက္တာနဲ႔ ဇာတ္ၫႊန္းေရးသူမွာ တာဝန္ေတြ တပုံတပင္ ရွိေနၿပီး creative team ရဲ႕ ႀကိဳးစားအားထုတ္မႈကိုလည္း ေရွ႕ေလွ်ာက္ ဒီ့ထက္လိုအပ္ဦးမွာ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ Stahelski ကေတာ့ စတန႔္ျပကြက္ေတြအတြက္လည္း ေအာ္စကာဆု ေပးသင့္တယ္လို႔ ေျပာထားဖူးတဲ့အတြက္ John Wick အဖြဲ႕သားေတြဟာ ေအာ္စကာဆု ရတဲ့အထိ ကားသစ္ေတြ ဆက္႐ိုက္သြားဖို႔လည္း အလားအလာ ရွိေနတာကေတာ့ အေသအခ်ာပဲ ျဖစ္ပါတယ္။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular