HomeEntertainmentFilmမင်းသားကြီး Keanu Reeves ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများ

မင်းသားကြီး Keanu Reeves ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများ

မင်းသားကြီး Keanu Reeves ကတော့ ငယ်ဘဝကတည်းက အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး အသက်(၅၇)နှစ် ရှိနေပြီဖြစ်တဲ့ ယနေ့အချိန်ထိလည်း ဆက်လက်အောင်မြင်နေဆဲ ဖြစ်ပါတယ်။ Keanu Reeves ဟာ ငယ်ငယ်တုန်းကလည်း Matrix Franchise နဲ့ လူကြိုက်များခဲ့သလို ယခုအချိန်မှာတော့ John Wick Franchise ဟာ အအောင်မြင်ဆုံး အက်ရှင်ရုပ်ရှင် ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာ‌တော့ Keanu Reeves ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက အချို့ကို ဖော်ပြပေးချင်ပါတယ်။

(7) Bill & Ted’s Excellent Adventure

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လက်ကြောမတင်းတဲ့ ကျောင်းသားနှစ်ယောက်ဟာ တစ်ရက်မှာ အများသုံး ဖုန်းရုံလေးကတဆင့် အတိတ်ကို ရောက်ရှိသွားပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ကျောင်းပရောဂျက်အတွက် သမိုင်းဝင်ပုဂ္ဂိုလ်တွေကို ခေါ်လာကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Keanu Reeves ၊ Alex Winter နဲ့ George Carlin တို့ ပါဝင်ထားပါတယ်။

(6) My Own Private Idaho

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သူငယ်ချင်းနှစ်ယောက်ဟာ Portland ကနေ Idaho ကို ခရီးသွားကြတဲ့အကြောင်း ဖန်တီးထားတဲ့ ဒရာမာရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီခရီးလမ်းတလျှောက်မှာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ဘယ်လိုတွေ ဖြစ်လာမလည်းဆိုတာ မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Keanu Reeves ၊ River Phoenix နဲ့ William Richert တို့ ပါဝင်ထားပါတယ်။

(5) Point Break

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ FBI အေးဂျင့်တစ်ယောက်ဟာ ရာဇဝတ်ဂိုဏ်းတစ်ခုထဲကို အသွင်ယူဝင်ရောက်ဖို့ တာဝန်ကျလာပါတယ်။ အဲဒီဂိုဏ်းကတော့ ရေလွှာလျှောစီးကြသူတွေလည်း ဖြစ်တာကြောင့် ဒီအေးဂျင့်ဟာ ရေလွှာလျှောစီးတာကို သင်ယူရပြီး သူတို့ရဲ့ယုံကြည်မှုကို ရယူဖို့ ကြိုးစားရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Keanu Reeves ၊ Lori Petty နဲ့ Patrick Swayze တို့ ပါဝင်ထားပါတယ်။

(4) Speed

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန္တရာယ်များတဲ့ လူတစ်ယောက်ဟာ ဓာတ်လှေကားတစ်ခုမှာ ဗုံးထောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့အစီအစဉ်တွေ အလုပ်မဖြစ်တဲ့အချိန်မှာတော့ သူ့ရဲ့တောင်းဆိုချက်တွေကို လိုက်လျောဖို့အတွက် ဘတ်စ်ကားတစ်စီးမှာ ဗုံးထောင်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Keanu Reeves ၊ Sandra Bullock နဲ့ Dennis Hopper တို့ ပါဝင်ထားပြီး အော်စကာနှစ်ဆု ရရှိထားပါတယ်။

(3) Bram Stoker’s Dracula

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ရာစုနှစ်အတော်ကြာ ရှင်သန်နေတဲ့ မြို့စားကြီး Dracula ဟာ အင်္ဂလန်ကို ရောက်ရှိလာပြီး သောင်းကျန်းမှုတွေ ပြုလုပ်ကာ ကောင်မလေးတစ်ယောက်ကို ဆွဲဆောင်ဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Gary Oldman ၊ Keanu Reeves ၊ Winona Ryder နဲ့ Monica Bellucci တို့ ပါဝင်ထားပြီး အော်စကာသုံးဆု ရရှိထားပါတယ်။

(2) John Wick

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.4) ရရှိထားပါတယ်။ ကြေးစားတစ်ယောက်ဟာ အဲဒီဘဝက အနားယူပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေပါတယ်။ တစ်ရက်မှာတော့ ဂိုဏ်းစတား အုပ်စုတစ်စုဟာ အဲဒီကြေးစားရဲ့ အိမ်ထဲကို ဖောက်ဝင်ပြီး အရာအားလုံးကို ဖျက်ဆီးကာ သူ့ရဲ့ခွေးလေးကိုလည်း သတ်သွားပါတယ်။ ဒါကြောင့်ပဲ သူဟာ အဲဒီဂိုဏ်းစတားတွေကို လိုက်လံလက်စားချေပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Keanu Reeves ၊ Ian McShane နဲ့ Lance Reddick တို့ ပါဝင်ထားပါတယ်။

(1) The Matrix

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူသားတွေရဲ့ လက်တွေ့ဘဝကြီးတစ်ခုလုံးကို The Matrix ဆိုတဲ့ ကွန်ပျူတာစနစ်နဲ့ အစားထိုး တည်ဆောက်ထားတဲ့ စွမ်းအားမြင့် ကွန်ပျူတာတွေကို Thomas Anderson ဦးဆောင်တဲ့ လူတစ်စုက တိုက်ခိုက်တဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Keanu Reeves ၊ Carrie-Anne Moss နဲ့ Laurence Fishburne တို့က အဓိက ပါဝင်ထားပြီး အော်စကာ လေးဆု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular