HomeEntertainmentFilmKeanu Reeves ရဲ့ Constantine 2 လာဦးမယ်လို့ အတည်ပြုလိုက်တဲ့ WB

Keanu Reeves ရဲ့ Constantine 2 လာဦးမယ်လို့ အတည်ပြုလိုက်တဲ့ WB

ပရိသတ်တွေ နှစ်ပေါင်းများစွာ စောင့်မျှော်ပြီးနောက်မှာတော့ Keanu Reeves ရဲ့ Constantine 2 ထွက်ရှိလာမယ်လို့ Warner Bros. စတူဒီယိုက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ Keanu Reeves သရုပ်ဆောင်ခဲ့တဲ့ Constantine ရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.0) ရရှိထားသလို ပရိသတ်တွေအကြိုက်လည်း ဖြစ်ခဲ့ပါတယ်။ ပထမရုပ်ရှင် ထွက်ရှိအပြီး နှစ်ပေါင်း(၂၀)နီးပါး ကြာတဲ့အချိန်မှာတော့ Sequel ထပ်မံထွက်ရှိလာဦးမယ်လို့ သိလိုက်ရတာ ဖြစ်ပါတယ်။

photo via screenrant

Keanu Reeves ဟာ ကောမစ်ထဲက Constantine ရဲ့ပုံစံနဲ့ မတူသလို ဗြိတိန် လေယူလေသိမ်းလည်း မရှိပေမယ့်ပရိသတ်တွေကတော့ Keanu Reeves ရဲ့ Constantine ကို အတော်လေး သဘောကျခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ Keanu Reeves အပါအဝင် ပရိသတ်တွေဟာ Constantine 2 ထပ်မံထွက်ရှိလာမယ်လို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ Keanu Reeves ကိုယ်တိုင်ဟာလည်း Constantine 2 ထွက်ရှိလာဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

ယခုဆိုရင်တော့ Constantine 2 ထွက်ရှိလာမယ်လို့ Warner Bros စတူဒီယိုက ကြေညာလိုက်တဲ့အကြောင်း Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Keanu Reeves ကပဲ ပြန်လည်ပါဝင်သွားမှာ ဖြစ်သလို မူလရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။ ဇာတ်ညွှန်းကိုလည်း မူလရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ Akiva Goldsman ကပဲ ရေးသားသွားမှာ ဖြစ်ပါတယ်။

photo via screenrant

လွန်ခဲ့တဲ့ (၂)နှစ်တုန်းကတော့ Constantine ရုပ်ရှင်ထဲမှာ Lucifer အနေနဲ့ ပါဝင်ခဲ့တဲ့ Peter Stormare ဟာ ဆိုရှယ်မီဒီယာပေါ်မှာ Constantine 2 ထွက်ရှိလာမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းကတော့ ဒီသတင်းကို ဘယ်သူကမှ အတည်မပြုခဲ့သလို ငြင်းပယ်ခြင်းလည်း မရှိခဲ့တာကြောင့် ကောလာဟလ သက်သက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သို့သော်လည်း ယခုအချိန်မှာတော့ Keanu Reeves ကို Constantine အဖြစ် ပြန်လည်မြင်တွေ့ရဖို့ သေချာသွားပြီ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular