HomeCelebs Update NewsInternationalကောမစ်စာအုပ် ရေးသားထုတ်ဝေတော့မယ့် မင်းသားကြီး Keanu Reeves 

ကောမစ်စာအုပ် ရေးသားထုတ်ဝေတော့မယ့် မင်းသားကြီး Keanu Reeves 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

John Wick ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများတဲ့ မင်းသားကြီး Keanu Reeves ဟာ ရုပ်ရှင်သရုပ်ဆောင်အလုပ်အပြင် ကောမစ်စာအုပ်တွေပါ ရေးသားထုတ်ဝေတော့မှာ ဖြစ်ပါတယ်။

အသက်(၅၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ New York Times ရဲ့အရောင်းရဆုံး graphic novelist ဖြစ်တဲ့ Matt Kindt ၊ နာမည်ကြီး artist Alessandro Vitti တို့နဲ့အတူ တွဲဖက်ပြီး အတွဲ(၁၂)တွဲ ပါရှိမယ့် ကောမစ်စာအုပ်တွေကို ယခုနှစ် အောက်တိုဘာလမှာ စတင်ပြီး ရေးသားထုတ်ဝေတော့မှာ ဖြစ်ပါတယ်။

Photo: wikipedia

စာအုပ်ရဲ့ ဖြန့်ချိရေးကိုတော့ Power Rangers နဲ့ Bill and Ted တို့ကို ဖြန့်ချိပေးခဲ့တဲ့ နာမည်ကြီး ဖြန့်ဝေရေး Boom! က တာဝန်ယူ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ စာအုပ်ရဲ့အကြောင်းအရာကတော့ ရက်စက်ကြမ်းတမ်းတဲ့ demigod (လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း) တစ်ယောက်က သူ့ဖြစ်တည်မှုအတွက် အဖြေတစ်ခုကို အပူတပြင်း လိုက်လံရှာဖွေတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ စာအုပ်ရဲ့အမည်ကတော့ BRZRKR ဖြစ်ပါတယ်။

” Berzerker လို့ခေါ်တဲ့ လူတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်း လူတစ်ယောက်ဟာ ကျိန်စာသင့်နေပြီး ရက်စက်ကြမ်းကြုတ်တယ်လို့ သတင်းကြီးပါတယ်။ သူ့ရဲ့စိတ်အခြေအနေဟာ ပုံမှန်မဟုတ်တော့ဘဲ ကမ္ဘာကြီးပေါ်မှာ ရာစုနှစ်ပေါင်းများစွာ လှည့်လည်သွားလာရင်း အလွန်တရာ ရက်စက်ကြမ်းတမ်းလွန်းလို့ တစ်ခြားဘယ်သူ့ကိုမှ တာဝန်ပေးလို့ မဖြစ်တဲ့ စစ်ပွဲတစ်ခုကို အမေရိကန်အစိုးရအတွက် တိုက်ခိုက်ပေးဖို့ ဖြစ်လာပါတယ်။ Berzerker ဟာ ဒီတာဝန်ကို ထမ်းဆောင်ပေးရတဲ့အတွက် တစ်ခုကိုသာ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့သွေးစွန်းနေတဲ့ ဘဝကြီးနဲ့ အဲ့ဒီ့ရှင်သန်ဖြစ်တည်မှုကြီးကို ဘယ်လိုအဆုံးသတ်ရမယ်ဆိုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်… ” လို့ ကောမစ်ဖြန့်ချိရေး ဝက်ဘ်ဆိုဒ်မှာ အကျဉ်းချုံး ဖော်ပြထားပါတယ်။

Photo via hypebeast

မင်းသားကြီး Keanu Reeves ကတော့ ကောမစ်စာအုပ်တွေဟာ သူ့ရဲ့ကလေးဘဝတည်းကနေ တောက်လျှောက် လွှမ်းမိုးမှုတွေ အများကြီး ရှိခဲ့ပါတယ်လို့ ဒီကောမစ်ဇာတ်လမ်းတွဲကို ရေးသားရတဲ့အပေါ် ပြောပြထားပါတယ်။

“ကျွန်တော် ငယ်ငယ်လေးတည်းက ကောမစ်စာအုပ်တွေကို ကြိုက်နှစ်သက်ပါတယ်။ ပြီးတော့ ကောမစ်တွေဟာ ကျွန်တော့်ဘဝထဲမှာ အနုပညာဆန်ဆန် လွှမ်းမိုးမှုတွေလည်း ရှိပါတယ်။ BRZRKR ကို ဖန်တီးခွင့်ရဖို့ ကောမစ်လောကထဲက တကယ့်ဂန္ထဝင် ဆရာကြီးတွေဖြစ်တဲ့ စာရေးဆရာ Matt Kindt ၊ artist Alessandro Vitti ၊ color artist ဖြစ်တဲ့ Bill Crabtree ၊ Letterer ဖြစ်တဲ့ Clem Robins ၊ conceptual artist ဖြစ်တဲ့ Rafael Grampa တို့နဲ့အတူ တကယ့်ဖြန့်ချိရေး စတူဒီယိုကြီးဖြစ်တဲ့ BOOM! နဲ့အတူ တွဲလုပ်ခွင့်ရတာဟာ ကျွန်တော့်ရဲ့အိပ်မက်တွေ တကယ် ဖြစ်လာတာပါပဲ… ” လို့ Keanu Reeves က ဖြန့်ချိရေးကုမ္ပဏီ BOOM! ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Photo via flickr

ရုပ်ရှင်ဘက်အပိုင်းမှာတော့ မင်းသားကြီးကို Bill & Ted Face The Music ရုပ်ရှင်အသစ်မှာ တွေ့မြင်ရဖို့ ရှိပြီး Matrix 4 နဲ့ သူ့ရဲ့နာမည်ကြီး John Wick ဇာတ်ကားရဲ့ လေးကားမြောက်ရုပ်ရှင်ကို သရုပ်ဆောင်သွားဖို့ ရှိပါတယ်။

LaNina

Source: indianexpress

(Zawgyi Version)

John Wick ဇာတ္ကားေတြနဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ လူသိမ်ားတဲ့ မင္းသားႀကီး Keanu Reeves ဟာ ႐ုပ္ရွင္သ႐ုပ္ေဆာင္အလုပ္အျပင္ ေကာမစ္စာအုပ္ေတြပါ ေရးသားထုတ္ေဝေတာ့မွာ ျဖစ္ပါတယ္။

အသက္(၅၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မင္းသားႀကီးဟာ New York Times ရဲ႕အေရာင္းရဆုံး graphic novelist ျဖစ္တဲ့ Matt Kindt ၊ နာမည္ႀကီး artist Alessandro Vitti တို႔နဲ႔အတူ တြဲဖက္ၿပီး အတြဲ(၁၂)တြဲ ပါရွိမယ့္ ေကာမစ္စာအုပ္ေတြကို ယခုႏွစ္ ေအာက္တိုဘာလမွာ စတင္ၿပီး ေရးသားထုတ္ေဝေတာ့မွာ ျဖစ္ပါတယ္။

Photo: wikipedia

စာအုပ္ရဲ႕ ျဖန႔္ခ်ိေရးကိုေတာ့ Power Rangers နဲ႔ Bill and Ted တို႔ကို ျဖန႔္ခ်ိေပးခဲ့တဲ့ နာမည္ႀကီး ျဖန႔္ေဝေရး Boom! က တာဝန္ယူ ျဖန႔္ခ်ိေပးသြားမွာ ျဖစ္ပါတယ္။ စာအုပ္ရဲ႕အေၾကာင္းအရာကေတာ့ ရက္စက္ၾကမ္းတမ္းတဲ့ demigod (လူတစ္ပိုင္း နတ္ဘုရားတစ္ပိုင္း) တစ္ေယာက္က သူ႔ျဖစ္တည္မႈအတြက္ အေျဖတစ္ခုကို အပူတျပင္း လိုက္လံရွာေဖြတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။ စာအုပ္ရဲ႕အမည္ကေတာ့ BRZRKR ျဖစ္ပါတယ္။

” Berzerker လို႔ေခၚတဲ့ လူတစ္ပိုင္း၊ နတ္ဘုရားတစ္ပိုင္း လူတစ္ေယာက္ဟာ က်ိန္စာသင့္ေနၿပီး ရက္စက္ၾကမ္းၾကဳတ္တယ္လို႔ သတင္းႀကီးပါတယ္။ သူ႔ရဲ႕စိတ္အေျခအေနဟာ ပုံမွန္မဟုတ္ေတာ့ဘဲ ကမာၻႀကီးေပၚမွာ ရာစုႏွစ္ေပါင္းမ်ားစြာ လွည့္လည္သြားလာရင္း အလြန္တရာ ရက္စက္ၾကမ္းတမ္းလြန္းလို႔ တစ္ျခားဘယ္သူ႔ကိုမွ တာဝန္ေပးလို႔ မျဖစ္တဲ့ စစ္ပြဲတစ္ခုကို အေမရိကန္အစိုးရအတြက္ တိုက္ခိုက္ေပးဖို႔ ျဖစ္လာပါတယ္။ Berzerker ဟာ ဒီတာဝန္ကို ထမ္းေဆာင္ေပးရတဲ့အတြက္ တစ္ခုကိုသာ ေတာင္းဆိုခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူ႔ရဲ႕ေသြးစြန္းေနတဲ့ ဘဝႀကီးနဲ႔ အဲ့ဒီ့ရွင္သန္ျဖစ္တည္မႈႀကီးကို ဘယ္လိုအဆုံးသတ္ရမယ္ဆိုတဲ့ နည္းလမ္းပဲ ျဖစ္ပါတယ္… ” လို႔ ေကာမစ္ျဖန႔္ခ်ိေရး ဝက္ဘ္ဆိုဒ္မွာ အက်ဥ္းခ်ဳံး ေဖာ္ျပထားပါတယ္။

Photo via hypebeast

မင္းသားႀကီး Keanu Reeves ကေတာ့ ေကာမစ္စာအုပ္ေတြဟာ သူ႔ရဲ႕ကေလးဘဝတည္းကေန ေတာက္ေလွ်ာက္ လႊမ္းမိုးမႈေတြ အမ်ားႀကီး ရွိခဲ့ပါတယ္လို႔ ဒီေကာမစ္ဇာတ္လမ္းတြဲကို ေရးသားရတဲ့အေပၚ ေျပာျပထားပါတယ္။

“ကြၽန္ေတာ္ ငယ္ငယ္ေလးတည္းက ေကာမစ္စာအုပ္ေတြကို ႀကိဳက္ႏွစ္သက္ပါတယ္။ ၿပီးေတာ့ ေကာမစ္ေတြဟာ ကြၽန္ေတာ့္ဘဝထဲမွာ အႏုပညာဆန္ဆန္ လႊမ္းမိုးမႈေတြလည္း ရွိပါတယ္။ BRZRKR ကို ဖန္တီးခြင့္ရဖို႔ ေကာမစ္ေလာကထဲက တကယ့္ဂႏၴဝင္ ဆရာႀကီးေတြျဖစ္တဲ့ စာေရးဆရာ Matt Kindt ၊ artist Alessandro Vitti ၊ color artist ျဖစ္တဲ့ Bill Crabtree ၊ Letterer ျဖစ္တဲ့ Clem Robins ၊ conceptual artist ျဖစ္တဲ့ Rafael Grampa တို႔နဲ႔အတူ တကယ့္ျဖန႔္ခ်ိေရး စတူဒီယိုႀကီးျဖစ္တဲ့ BOOM! နဲ႔အတူ တြဲလုပ္ခြင့္ရတာဟာ ကြၽန္ေတာ့္ရဲ႕အိပ္မက္ေတြ တကယ္ ျဖစ္လာတာပါပဲ… ” လို႔ Keanu Reeves က ျဖန႔္ခ်ိေရးကုမၸဏီ BOOM! ရဲ႕ တရားဝင္ ဝက္ဘ္ဆိုဒ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

Photo via flickr

႐ုပ္ရွင္ဘက္အပိုင္းမွာေတာ့ မင္းသားႀကီးကို Bill & Ted Face The Music ႐ုပ္ရွင္အသစ္မွာ ေတြ႕ျမင္ရဖို႔ ရွိၿပီး Matrix 4 နဲ႔ သူ႔ရဲ႕နာမည္ႀကီး John Wick ဇာတ္ကားရဲ႕ ေလးကားေျမာက္႐ုပ္ရွင္ကို သ႐ုပ္ေဆာင္သြားဖို႔ ရွိပါတယ္။

LaNina

Source: indianexpress

 

RELATED ARTICLES

Most Popular