HomeEntertainmentFilmKevin ပြောင်ကြီး ဂျင်းထည့်တာ ခံခဲ့ရတဲ့ Zachary Levi

Kevin ပြောင်ကြီး ဂျင်းထည့်တာ ခံခဲ့ရတဲ့ Zachary Levi

Shazam အဖြစ် သရုပ်ဆောင်ထားတဲ့ Zachary Levi ကတော့ Thor ရုပ်ရှင်ထဲက သူ့ရဲ့ဇာတ်ကောင်နဲ့ ပတ်သက်ပြီး Kevin Feige ရဲ့ ဂျင်းထည့်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ Zachary Levi ဟာ Shazam အဖြစ် သရုပ်မဆောင်ရသေးခင်တုန်းက MCU ရဲ့ Asgardian Warriors Three ထဲက Fandral အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ Thor: The Dark World နဲ့ Thor: Ragnarok ရုပ်ရှင်နှစ်ကားမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဆုံး Thor ရုပ်ရှင်မှာကတည်းက Fandral အဖြစ် သရုပ်ဆောင်ဖို့ Zachary Levi ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Zachary ကတော့ မအားလပ်တာကြောင့် နှုတ်ထွက်လိုက်ရပြီး Josh Dallas က ဒီဇာတ်ကောင်နေရာမှာ ပါဝင်ခဲ့ပါတယ်။ The Dark World ထဲမှာတော့ Josh Dallas က ပြန်မလာတော့တာကြောင့် Zachary ဟာ Fandral အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

photo credit Marvel Studios

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Happy, Sad, Confused Podcast ထဲမှာတော့ Zachary ဟာ Kevin Feige က သူ့ကို ဒီဇာတ်ကောင်နဲ့ ပတ်သက်ပြီး ဂျင်းထည့်ခဲ့တယ်လို့ ပြောသွားပါတယ်။

“Feige က ဒီဇာတ်ကောင်ကို ပြန်ပြီးသရုပ်ဆောင်ချင်သေးလားလို့ မေးတယ်ဗျ။ အမှန်အတိုင်းပြောရရင် ပထမကားကို ကြည့်ပြီးသွားတော့ Warriors Three က အရေးပါတဲ့နေရာက ပါဝင်တယ်လို့ မထင်ဘူး။

အဲဒါနဲ့ ကျွန်တော်ကလည်း ဒီကားထဲမှာလည်း အဲ့လိုပဲထပ်လုပ်ဦးမယ် ဆိုရင်တော့ မပါချင်ဘူးလို့ပဲ ပြောလိုက်တယ်။ သိတယ်မှတ်လား။ ဒါပေမယ့် Feige ကတော့ အဲလိုမဟုတ်ဘူးလို့ ပြောတယ်။ ဒီကာရိုက်တာတွေက ဒီရုပ်ရှင်ရဲ့ အဓိကကျတဲ့နေရာက ပါလာမှာတဲ့လေ။ ဒါပေမယ့် အဲဒီရုပ်ရှင် တကယ်လည်း ထွက်လာရော သူပြောသလို မဟုတ်နေဘူးလေ …”

photo credit Marvel Studios

Thor: Ragnarok ထဲမှာတော့ ဒါရိုက်တာ Taika Waititi ဟာ Warriors Three အပါအဝင် အရင်ရုပ်ရှင်တွေထဲက ဇာတ်ကောင်အများအပြားကို သတ်ပစ်ဖို့ စီစဉ်ခဲ့ပါတယ်။ Ragnarok ထဲမှာတော့ Hela ဟာ Volstagg နဲ့ Fandral တို့ကို အလွယ်တကူပဲ သတ်ပစ်ခဲ့တာ တွေ့ရပါတယ်။ ဒါတင်မက Fandral ရဲ့ နောက်ဆုံးစကားပြောခန်းကလည်း Cut လုပ်ခံခဲ့ရပြီး Thor Trilogy အဆုံးသတ်မှာ Zachary Levi သရုပ်ဆောင်ခဲ့တဲ့ Fandral ဟာလည်း အဆုံးသတ်သွားခဲ့ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular