HomeCelebs Update NewsInternationalNight Out အတူထွက်လာကြတဲ့ မင်းသမီးလေး Kiernan Shipka နဲ့ John Mayer

Night Out အတူထွက်လာကြတဲ့ မင်းသမီးလေး Kiernan Shipka နဲ့ John Mayer

နာမည်ကျော် Country အဆိုတော် John Mayer နဲ့ မင်းသမီးလေး Kiernan Shipka တို့ကိုတော့ ဘားတစ်ခုမှာ အတူတူ တွေ့လိုက်ရပါတယ်။

John Mayer ကတော့ နာမည်ကျော် ဝါရင့် Country အဆိုတော်တစ်ယောက် ဖြစ်ပြီး Kiernan Shipka ကတော့ Chilling Adventures of Sabrina ၊ Mad Men အစရှိတဲ့ ဇာတ်လမ်းတွဲတွေနဲ့ လူသိများတဲ့ မင်းသမီးလေး ဖြစ်ပါတယ်။

Photo Credit: BACKGRID

အသက်(၄၄)နှစ်ရှိပြီ ဖြစ်တဲ့ John Mayer နဲ့ အသက်(၂၂)နှစ် ရှိပြီဖြစ်တဲ့ Kiernan Shipka တို့ကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညပိုင်းမှာ လော့စ်အိန်ဂျလိစ်မြို့က Tower Bar မှာ အတူတွဲပြီး တွေ့လိုက်ရတာ ဖြစ်ပါတယ်။

Photo Credit: BACKGRID

ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ အဆိုတော်ကြီးနဲ့ မင်းသမီးလေးတို့ဟာ တစ်ခွက်တစ်ဖလားလောက် အတူသောက်ပြီး ပွေ့ဖက်နှုတ်ဆက်နေကြတာကို တွေ့ရပါတယ်။ နှစ်ယောက်သားကို ကြည့်ရတာလည်း အတော်လေး ပြုံးပျော်နေကြပုံ ရပါတယ်။

တကယ်တော့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုဟာ မိတ်ဆွေအဆင့်လို့တောင် ပြောရလောက်အောင် မရှိခဲ့သလို ယခင်တုန်းက ရိုမန့်တစ်ဆန်ဆန် ဆက်နွယ်ခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။

Photo: kiernanshipka/ Instagram

သို့သော်လည်း ပြီးခဲ့တဲ့ နွေရာသီတုန်းကတော့ John ရဲ့ အယ်လ်ဘမ်သစ် Sob Rock ရဲ့ listening party ကို မင်းသမီးလေးက တက်ရောက်ခဲ့တာတော့ ရှိပါတယ်။ ဒါတင်မက လွန်ခဲ့တဲ့ လေးလခန့်က ကျရောက်ခဲ့တဲ့ John ရဲ့ မွေးနေ့ပွဲကိုလည်း မင်းသမီးလေးက တက်ရောက်ခဲ့ဖူးတာတော့ ရှိပါတယ်။

သူတို့နှစ်ယောက်ကြားက အသက်ကွာဟမှုနဲ့ ယခင်က ထူးခြားတဲ့ ဆက်နွယ်မှုမျိုး မရှိခဲ့ဖူးတာကြောင့် သူတို့ရဲ့ ဆက်ဆံရေးဟာ မိတ်ဆွေအဆင့် ခင်မင်မှုသပ်သပ်ပဲလို့တော့ ယူဆနိုင်ပါတယ်။ သို့သော်လည်း သူတို့သွားခဲ့တဲ့ Tower Bar ဟာ John ရဲ့ အတိတ်က အချစ်ရေးတွေရဲ့ မြစ်ဖျားခံခဲ့ရာနေရာ ဖြစ်တာကြောင့် တချို့ပရိသတ်တွေကတော့ သူတို့တွဲနေတာလားလို့ သိချင်နေကြပါတယ်။

Photo: johnmayer/ Instagram

John Mayer ကတော့ ဟောလိဝုဒ်ရဲ့ နာမည်ကြီးအမျိုးသမီးတွေ ဖြစ်တဲ့ Taylor Swift ၊ Katy Perry ၊ Jennifer Love Hewitt ၊ Jessica Simpson အစရှိသူတွေကို တွဲခဲ့ဖူး ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ John ဟာ ဘယ်သူနဲ့မှ တွဲနေတယ်လို့ သတင်းထွက်မနေတာကြောင့် Kiernan Shipka နဲ့ ယခုတွေ့ဆုံမှုဟာ ဘာတွေဆက်ဖြစ်မလည်းလို့ ပရိသတ်တွေကတော့ သိချင်နေကြပါတယ်။

Glasgow

Source: hollywoodlife

 

RELATED ARTICLES

Most Popular