HomeEntertainmentFilmHotel Del Luna ဇာတ္သိမ္းပိုင္းမွာ ပါ၀င္သရုပ္ေဆာင္သြားမယ့္ Kim Soo Hyun

Hotel Del Luna ဇာတ္သိမ္းပိုင္းမွာ ပါ၀င္သရုပ္ေဆာင္သြားမယ့္ Kim Soo Hyun

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ကိုရီးယားဒရာမာခ်စ္သူေတြၾကားမွာ ဟိုးေလးတေက်ာ္ ေပါက္ေနတဲ့ Hotel Del Luna ဇာတ္လမ္းတြဲထဲမွာ မင္းသားေခ်ာ Kim Soo Hyun တစ္ေယာက္ ပါ၀င္သြားမယ္ဆိုတဲ့သတင္းကို အတည္ျပဳလုိက္ပါၿပီ။

မင္းသား Kim Soo Hyun ဟာ Hotel Del Luna ထဲက အဓိကဇာတ္လိုက္ေက်ာ္ မင္းသမီးေလး IU နဲ႔ ေပးထားတဲ့ ကတိအတိုင္း ဇာတ္လမ္းတြဲထဲမွာ ဧည့္သည္သရုပ္ေဆာင္အျဖစ္ ပါ၀င္သရုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ tvN ရုပ္သံလိုင္းက ၾသဂုတ္လ(၃၀)ရက္ေန႔မွာ မီဒီယာေတြကို ေျပာၾကားလိုက္တာပါ။

https://www.instagram.com/p/BKFSKwygCi9/

ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္ကလည္း IU ရဲ႕ သူငယ္ခ်င္း Sulli ပါ၀င္လာခဲ့ၿပီး ဒီအေၾကာင္းဟာ လူမႈကြန္ယက္ေတြေပၚမွာ အေတာ္ေလး ေရပန္းစားခဲ့ပါတယ္။ အခုလည္း မင္းသားေခ်ာ Kim Soo Hyun က ဇာတ္လမ္းတြဲရဲ႕ ေနာက္ဆုံးဇာတ္သိမ္းပိုင္းမွာ ဧည့္သည္သရုပ္ေဆာင္အျဖစ္ ပါ၀င္သြားဦးမယ္လို႔ သိရပါတယ္။

Kim Soo Hyun ပါ၀င္ျဖစ္တဲ့အေၾကာင္းကေတာ့ IU နဲ႔ သူငယ္ခ်င္းေတြ ျဖစ္ေနရုံတင္မကဘဲ မင္းသား Yeo Jin Goo ၊ PD ျဖစ္တဲ့ Oh Choong Hwan တို႔နဲ႔ပါ ခင္မင္ရင္းႏွီးေနတာေၾကာင့္လို႔ ဆိုပါတယ္။

ဘယ္လိုကာရိုက္တာမ်ိဳးနဲ႔ ပါ၀င္မယ္ဆိုတာကို ေဖာ္ျပထားျခင္း မရိွတာေၾကာင့္ ဇာတ္လမ္းထဲမွာသာ ေစာင့္ၾကည့္ၾကရမွာပါ။ Hotel Del Luna ရဲ႕ ဇာတ္သိမ္းပိုင္းကိုေတာ့ စက္တင္ဘာလ(၁)ရက္ တနဂၤေႏြေန႔မွာ ထုတ္လႊင့္သြားမွာ ျဖစ္ပါတယ္။ အားလုံးပဲ ဇာတ္သိမ္းပိုင္းေလးကို ရင္ခုန္စြာနဲ႔ ၾကည့္ရႈလိုက္ၾကပါဦး။

Xei

Ref: allkpop

(Unicode Version)

ကိုရီးယားဒရာမာချစ်သူတွေကြားမှာ ဟိုးလေးတကျော် ပေါက်နေတဲ့ Hotel Del Luna ဇာတ်လမ်းတွဲထဲမှာ မင်းသားချော Kim Soo Hyun တစ်ယောက် ပါဝင်သွားမယ်ဆိုတဲ့သတင်းကို အတည်ပြုလိုက်ပါပြီ။

မင်းသား Kim Soo Hyun ဟာ Hotel Del Luna ထဲက အဓိကဇာတ်လိုက်ကျော် မင်းသမီးလေး IU နဲ့ ပေးထားတဲ့ ကတိအတိုင်း ဇာတ်လမ်းတွဲထဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ tvN ရုပ်သံလိုင်းက သြဂုတ်လ(၃၀)ရက်နေ့မှာ မီဒီယာတွေကို ပြောကြားလိုက်တာပါ။

https://www.instagram.com/p/BKFSKwygCi9/

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကလည်း IU ရဲ့ သူငယ်ချင်း Sulli ပါဝင်လာခဲ့ပြီး ဒီအကြောင်းဟာ လူမှုကွန်ယက်တွေပေါ်မှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ အခုလည်း မင်းသားချော Kim Soo Hyun က ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်းမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သွားဦးမယ်လို့ သိရပါတယ်။

Kim Soo Hyun ပါဝင်ဖြစ်တဲ့အကြောင်းကတော့ IU နဲ့ သူငယ်ချင်းတွေ ဖြစ်နေရုံတင်မကဘဲ မင်းသား Yeo Jin Goo ၊ PD ဖြစ်တဲ့ Oh Choong Hwan တို့နဲ့ပါ ခင်မင်ရင်းနှီးနေတာကြောင့်လို့ ဆိုပါတယ်။

ဘယ်လိုကာရိုက်တာမျိုးနဲ့ ပါဝင်မယ်ဆိုတာကို ဖော်ပြထားခြင်း မရှိတာကြောင့် ဇာတ်လမ်းထဲမှာသာ စောင့်ကြည့်ကြရမှာပါ။ Hotel Del Luna ရဲ့ ဇာတ်သိမ်းပိုင်းကိုတော့ စက်တင်ဘာလ(၁)ရက် တနင်္ဂနွေနေ့မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ အားလုံးပဲ ဇာတ်သိမ်းပိုင်းလေးကို ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ကြပါဦး။

Xei

Ref: allkpop

 

RELATED ARTICLES

Most Popular