HomeCharacterသင်မသိလောက်သေးတဲ့ Supergirl ရဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်များ 

သင်မသိလောက်သေးတဲ့ Supergirl ရဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supergirl ရဲ့တကယ့် နာမည်အရင်းကတော့ Kara Zor-El ဖြစ်ပြီး ၁၉၅၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Action Comics #252 နဲ့ DC universe ထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ Superman ရဲ့ ဝမ်းကွဲအစ်မဖြစ်ပြီး Superman လိုပဲ Krypton ဂြိုဟ်ကြီး ပျက်စီးတော့မယ့်အချိန်မှာ ယာဉ်ပျံနဲ့ တစ်ခြားဂြိုဟ်တစ်ခုဆီကို ပို့ခံခဲ့ရပါတယ်။ သူမဟာ ဇာတ်ကောင် စတင်ဖန်တီးခဲ့တဲ့ အချိန်ကတည်းက နာမည်ကြီးခဲ့တာဖြစ်ပြီး CW က ထုတ်လွှင့်ပြသနေတဲ့ Supergirl စီးရီး ထွက်လာပြီးတဲ့နောက်မှာတော့ ပိုပြီးတော့တောင် အောင်မြင်လာပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Supergirl နဲ့ ပတ်သက်တဲ့ သင်မသိလောက်သေးတဲ့ အကြောင်းအရာအချို့ကို ဖော်ပြပေးချင်ပါတယ်။

သူမဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ အဆိပ်သင့်ခံခဲ့ပါတယ်။
photo via cbr

ဒီအဖြစ်အပျက်ထဲမှာတော့ H’EL ဆိုတဲ့ Kryptonian တစ်ယောက် ပါဝင်ပါတယ်။ သူဟာ အချိန်ခရီးသွားပြီး Krypton ဂြိုဟ်ကြီးကို ပြန်ကယ်တင်ဖို့ စီစဉ်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ အဲ့ဒီအစီအစဉ်ထဲမှာ Superman နဲ့ Supergirl တို့ကိုပါ ပါဝင်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလိုလုပ်မယ်ဆိုရင် ကမ္ဘာကြီး ပျက်စီးသွားမှာကို Superman နဲ့ Supergirl တို့က သိသွားတဲ့အချိန်မှာတော့ သူ့ကို တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒီမှာတင် H’EL ဟာ ကမ္ဘာကို ရွေးမှာလား၊ Krypton ကို ရွေးမှာလားလို့ မေးလိုက်တဲ့အချိန်မှာပဲ Kara ဟာ H’EL ကို Kryptonite နဲ့ ထိုးပြီးတော့ တားဆီးခဲ့ပါတယ်။ ဒါပေမယ့် Kryptonite ဟာ သူမအတွက်လည်း အားနည်းချက် ဖြစ်နေတာကြောင့် သူမပါ အဆိပ်သင့်သွားခဲ့လို့ Superman က ဆေးကုပေးခဲ့ရပါတယ်။

သူမဟာ Red Lantern လည်း ဖြစ်ခဲ့ဖူးပါတယ်။
photo via cbr

DC ဇာတ်ကောင်တွေထဲက စွမ်းအားအကြီးဆုံး ဇာတ်ကောင်တွေထဲမှာ Lantern Ring တွေကို ပိုင်ဆိုင်ထားသူလည်း ပါဝင်ပြီးတော့ လူသိအများဆုံးကတော့ Green Lantern ပဲ ဖြစ်ပါတယ်။ Lantern တွေဟာ အားလုံးပေါင်း(၇)မျိူးရှိပြီး အဲ့ဒါတွေကတော့ Red Lantern ၊ Orange Lantern ၊ Yellow Lantern ၊ Green Lantern ၊ Blue Lantern ၊ Indigo Lantern နဲ့ Violet Lantern တို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီ Lantern တစ်မျိူးစီတိုင်းဟာ မတူညီတဲ့ စိတ်ခံစားချက်တွေကို လိုအပ်ပါတယ်။ Red Lantern ကတော့ ဒေါသကို အသုံးပြုတာဖြစ်ပြီး အသုံးပြုသူရဲ့ ဒေါသကြီးလေ စွမ်းအားကြီးလေပဲ ဖြစ်ပါတယ်။ အဲ့ဒီ Red Lantern ကြောင့်ပဲ Kara ရဲ့ စွမ်းအားတွေဟာ နှစ်ဆလောက် မြင့်တက်သွားပြီး DC ကောမစ်ရဲ့ စွမ်းအားအကြီးဆုံး ဇာတ်ကောင်တွေထဲကတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အသိစိတ်ပြန်ဝင်လာပြီး ကိုယ့်ကိုယ်ကို အနစ်နာခံခဲ့ပါတယ်။
photo via cbr

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ သူမဟာ Red Lantern ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်ပြီးတော့ အသိစိတ်ဝင်လာခဲ့ပါတယ်။ Red Lantern တစ်ယောက်ဖြစ်တဲ့ Atrocitus နဲ့ တစ်ခြား Lantern တွေ တိုက်ခိုက်နေကြတဲ့အချိန်မှာ သူမဟာ ကမ္ဘာကို ပြန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း လမ်းတစ်ဝက်မှာ Worldkiller ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတဲ့အပြင် သူမရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားတာကိုပါ ကြုံတွေ့ခဲ့ရပါတယ်။ Kara ဟာ Worldkiller ရဲ့အလိုအတိုင်းတော့ အဖြစ်မခံဘဲ သူ့ကိုယ်ကို Kryptonite နဲ့ အဆိပ်သင့်စေခဲ့တဲ့အပြင် နေဆီကို ပျံသွားခဲ့ပါတယ်။ အဲ့ဒီလုပ်ရပ်ကြောင့်ပဲ သူမဟာ သေဆုံးသွားပြီး လက်ထဲက Red Lantern လက်စွပ်လည်း ကျွတ်သွားတဲ့အပြင် Worldkiller ဟာလည်း သေဆုံးသွားခဲ့ပါတယ်။

Dark Supergirl
photo via cbr

၂၀၀၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Supergirl ကောမစ်ထဲမှာ‌တော့ Dark Supergirl ဆိုတဲ့ ဇာတ်ကောင်တစ်ယောက် ပါဝင်လာပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Lex Luthor ဟာ Supergirl ကို တိတ်တဆိတ် စုံစမ်းနေပြီး အခွင့်အရေးရတဲ့အချိန်မှာတော့ အမည်းရောင် Kryptonite နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲ့လိုတိုက်ခိုက်ခဲ့တာကြောင့်ပဲ Supergirl နဲ့ Dark Supergirl ဆိုပြီး နှစ်ယောက် ဖြစ်သွားခဲ့ပါတယ်။

ရှင်းအောင် ပြောရမယ်ဆိုရင်တော့ Supergirl ရဲ့ မသိစိတ်ထဲမှာရှိနေတဲ့ မကောင်းတဲ့စိတ်တွေဟာ နောက်ထပ် ခန္ဓာကိုယ်တစ်ခုအနေနဲ့ ခွဲထွက်သွားခဲ့တာ ဖြစ်ပါတယ်။ Dark Supergirl မှာတော့ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းမှု၊ စံသတ်မှတ်ချက်တွေ မရှိဘဲ Superman ကို သတ်ဖို့သာ ကြိုးစားပါတော့တယ်။ ဒီအချိန်မှာ ပြန်လည်သက်သာလာတဲ့ Kara အစစ်ဟာ သူမရဲ့မိစ္ဆာကိုယ်ခွဲကို ပြန်လည်တိုက်ခိုက်ရပါတယ်။ နောက်ဆုံးမှာ Wonder Woman ရဲ့ Lasso of Truth နဲ့ သူတို့နှစ်ယောက်ကို တစ်ယောက်တည်း ပြန်ဖြစ်သွားအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲ့လိုပြန်ပေါင်းစည်းသွားတာဟာ Kara အနေနဲ့ သူမရဲ့မသိစိတ်က ပြဿနာကို ဖြေရှင်းပြီးသွားတာတော့ မဟုတ်ပါဘူး။ Dr. Fate ရဲ့ပြောဆိုချက်အရ Kara ဟာ ပြင်းထန်လွန်းတဲ့ စိတ်ဒဏ်ရာတွေကို ခံစားခဲ့ရတာကြောင့် Dark Supergirl ဟာ အဲ့ဒီ့စိတ်ဒဏ်ရာတွေရဲ့ ဆိုးကျိုးအဖြစ် ပေါ်ထွက်လာခဲ့တာလို့ ဆိုပါတယ်။ ခရစ်ပ်တွန်ဂြိုဟ် ပျက်စီးမှုကနေ ရှင်သန်လွတ်မြောက်ခဲ့လို့ ဖြစ်လာတဲ့ အပြစ်ရှိစိတ်ကနေ Kara ဟာ သူမကိုယ်ကို ခွင့်လွှတ်နိုင်တဲ့အခါမှပဲ Dark Supergirl ကို အနိုင်ယူနိုင်ခဲ့ပါတယ်။

Power Girl
photo via cbr

DC ကောမစ်တွေဟာ universe တွေအမျိူးမျိူးနဲ့ ဇာတ်ကောင်တွေကလည်း ဗားရှင်းအမျိူးမျိူးတွေ ရှိတာကြောင့် မသိတဲ့လူတွေအတွက်ဆိုရင် တော်တော်လေးကို တိုင်ပတ်စေမှာပါ။ Power Girl ဟာလည်း ကောမစ်ထဲမှာ တော်တော်လေး နာမည်ကြီးတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး သူမဟာ Supergirl နဲ့ အတော်လေး ဆင်တူနေတာကြောင့် ပရိသတ်တွေ တော်တော်များများဟာ Power Girl နဲ့ Supergirl ဟာ တူတူပဲလားဆိုတဲ့ မေးစရာတွေ ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီမေးခွန်းရဲ့ အဖြေကတော့ Power Girl ဟာ အစတုန်းက Earth 2 ရဲ့ Supergirl ဖြစ်ပြီး နောက်ပိုင်းမှာ မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် DC ကောမစ်ရဲ့ အဓိက universe ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ဒီ universe မှာပဲ ဆက်နေဖို့အတွက် ဆုံးဖြတ်လိုက်ပြီးတော့ Power Girl ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Power Girl ဟာ Supergirl ထက် ပိုပြီး အတွေ့အကြုံ ရှိရုံမကဘဲ တိုက်ခိုက်တဲ့အချိန်မှာလည်း ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။

သူမဟာ သူမရဲ့မြင်းနဲ့ တွဲခဲ့ဖူးပါတယ်။
photo via cbr

သူမကို စတင်ဖန်တီးခဲ့တဲ့အချိန်တုန်းက Comet လို့ခေါ်တဲ့ လေပေါ်ပျံနိုင်တဲ့ မြင်းနဲ့ Streaky လို့ခေါ်တဲ့ စူပါကြောင်တွေပါ ပါဝင်ခဲ့ပါတယ်။ သူမဟာ အဲ့ဒီသတ္တဝါတွေရဲ့ အကူအညီနဲ့ တိုက်ပွဲတွေကို အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Comet ဟာ Kryptonian မြင်းဖြစ်ပြီး နောက်ပိုင်းမှာတော့ မှော်ပညာတစ်ခုကြောင့် မြင်းကနေ လူအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ ဒါထက်ပိုပြီးတော့ ထူးဆန်းတာကတော့ အဲ့လိုမျိူး လူအဖြစ်ပြောင်းလဲသွားတဲ့အချိန်မှာ သူဟာ Kara နဲ့ ချစ်ကြိုက်သွားပြီး တွဲခဲ့ကြပါတယ်။

သူမမှာ နှိပ်စက်တတ်တဲ့ ရည်းစားတစ်ယောက်လည်း ရှိခဲ့ပါသေးတယ်။
photo via cbr

သူမဟာ Power Boy နဲ့ တွဲခဲ့ဖူးပြီး အဲ့ဒီအချက်ဟာ သူမရဲ့အမှားတွေထဲက တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အကြောင်းကတော့ Power Boy ဟာ မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် ပြုမူ၊အနိုင်ကျင့်တတ်သူတစ်ယောက် ဖြစ်နေလို့ပါပဲ။ ကောမစ်ထဲမှာဆိုရင် Kara ဟာ သူနဲ့ ချိန်းတွေ့မယ့်အစား ဆေးရုံတက်နေရတဲ့ လူတစ်ယောက်ကို သွားတွေ့ခဲ့တာကြောင့် Kara ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပါသေးတယ်။ အဲ့လိုမျိူး ကိုယ်ထိလက်ရောက် ပြုမူပြီးသွားတော့မှ သူဟာ Kara ကို အလွန်စွဲလမ်းနေလို့ပါဆိုပြီး ဆင်ခြေပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း Kara ကတော့ ငြိမ်ခံမနေတော့ဘဲ သူ့ရဲ့ပေါင်ကြားထဲကို ဒူးနဲ့ ပြန်ပြီးတော့ တိုက်ခဲ့ပါတယ်။

ဒါကတော့ Supergirl နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာအချို့ ဖြစ်ပါတယ်။ ဒါမျိုး ဆောင်းပါးလေးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဒီပေ့ချ်လေးကို Like & Follow လုပ်ထားပါလို့ တိုက်တွန်းလိုက်ပါရစေ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Supergirl ရဲ႕တကယ့္ နာမည္အရင္းကေတာ့ Kara Zor-El ျဖစ္ၿပီး ၁၉၅၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Action Comics #252 နဲ႔ DC universe ထဲကို ဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ သူမဟာ Superman ရဲ႕ ဝမ္းကြဲအစ္မျဖစ္ၿပီး Superman လိုပဲ Krypton ၿဂိဳဟ္ႀကီး ပ်က္စီးေတာ့မယ့္အခ်ိန္မွာ ယာဥ္ပ်ံနဲ႔ တစ္ျခားၿဂိဳဟ္တစ္ခုဆီကို ပို႔ခံခဲ့ရပါတယ္။ သူမဟာ ဇာတ္ေကာင္ စတင္ဖန္တီးခဲ့တဲ့ အခ်ိန္ကတည္းက နာမည္ႀကီးခဲ့တာျဖစ္ၿပီး CW က ထုတ္လႊင့္ျပသေနတဲ့ Supergirl စီးရီး ထြက္လာၿပီးတဲ့ေနာက္မွာေတာ့ ပိုၿပီးေတာ့ေတာင္ ေအာင္ျမင္လာပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Supergirl နဲ႔ ပတ္သက္တဲ့ သင္မသိေလာက္ေသးတဲ့ အေၾကာင္းအရာအခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။

သူမဟာ ကမာၻႀကီးကို ကယ္တင္ဖို႔အတြက္ သူ႔ကိုယ္သူ အဆိပ္သင့္ခံခဲ့ပါတယ္။
photo via cbr

ဒီအျဖစ္အပ်က္ထဲမွာေတာ့ H’EL ဆိုတဲ့ Kryptonian တစ္ေယာက္ ပါဝင္ပါတယ္။ သူဟာ အခ်ိန္ခရီးသြားၿပီး Krypton ၿဂိဳဟ္ႀကီးကို ျပန္ကယ္တင္ဖို႔ စီစဥ္ခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ အဲ့ဒီအစီအစဥ္ထဲမွာ Superman နဲ႔ Supergirl တို႔ကိုပါ ပါဝင္ေစခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီလိုလုပ္မယ္ဆိုရင္ ကမာၻႀကီး ပ်က္စီးသြားမွာကို Superman နဲ႔ Supergirl တို႔က သိသြားတဲ့အခ်ိန္မွာေတာ့ သူ႔ကို တားဆီးဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒီမွာတင္ H’EL ဟာ ကမာၻကို ေ႐ြးမွာလား၊ Krypton ကို ေ႐ြးမွာလားလို႔ ေမးလိုက္တဲ့အခ်ိန္မွာပဲ Kara ဟာ H’EL ကို Kryptonite နဲ႔ ထိုးၿပီးေတာ့ တားဆီးခဲ့ပါတယ္။ ဒါေပမယ့္ Kryptonite ဟာ သူမအတြက္လည္း အားနည္းခ်က္ ျဖစ္ေနတာေၾကာင့္ သူမပါ အဆိပ္သင့္သြားခဲ့လို႔ Superman က ေဆးကုေပးခဲ့ရပါတယ္။

သူမဟာ Red Lantern လည္း ျဖစ္ခဲ့ဖူးပါတယ္။
photo via cbr

DC ဇာတ္ေကာင္ေတြထဲက စြမ္းအားအႀကီးဆုံး ဇာတ္ေကာင္ေတြထဲမွာ Lantern Ring ေတြကို ပိုင္ဆိုင္ထားသူလည္း ပါဝင္ၿပီးေတာ့ လူသိအမ်ားဆုံးကေတာ့ Green Lantern ပဲ ျဖစ္ပါတယ္။ Lantern ေတြဟာ အားလုံးေပါင္း(၇)မ်ိဴးရွိၿပီး အဲ့ဒါေတြကေတာ့ Red Lantern ၊ Orange Lantern ၊ Yellow Lantern ၊ Green Lantern ၊ Blue Lantern ၊ Indigo Lantern နဲ႔ Violet Lantern တို႔ပဲ ျဖစ္ပါတယ္။

အဲ့ဒီ Lantern တစ္မ်ိဴးစီတိုင္းဟာ မတူညီတဲ့ စိတ္ခံစားခ်က္ေတြကို လိုအပ္ပါတယ္။ Red Lantern ကေတာ့ ေဒါသကို အသုံးျပဳတာျဖစ္ၿပီး အသုံးျပဳသူရဲ႕ ေဒါသႀကီးေလ စြမ္းအားႀကီးေလပဲ ျဖစ္ပါတယ္။ အဲ့ဒီ Red Lantern ေၾကာင့္ပဲ Kara ရဲ႕ စြမ္းအားေတြဟာ ႏွစ္ဆေလာက္ ျမင့္တက္သြားၿပီး DC ေကာမစ္ရဲ႕ စြမ္းအားအႀကီးဆုံး ဇာတ္ေကာင္ေတြထဲကတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ အသိစိတ္ျပန္ဝင္လာၿပီး ကိုယ့္ကိုယ္ကို အနစ္နာခံခဲ့ပါတယ္။
photo via cbr

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ သူမဟာ Red Lantern ျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ျပန္ၿပီးေတာ့ အသိစိတ္ဝင္လာခဲ့ပါတယ္။ Red Lantern တစ္ေယာက္ျဖစ္တဲ့ Atrocitus နဲ႔ တစ္ျခား Lantern ေတြ တိုက္ခိုက္ေနၾကတဲ့အခ်ိန္မွာ သူမဟာ ကမာၻကို ျပန္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း လမ္းတစ္ဝက္မွာ Worldkiller ရဲ႕ တိုက္ခိုက္တာကို ခံခဲ့ရတဲ့အျပင္ သူမရဲ႕ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားတာကိုပါ ႀကဳံေတြ႕ခဲ့ရပါတယ္။ Kara ဟာ Worldkiller ရဲ႕အလိုအတိုင္းေတာ့ အျဖစ္မခံဘဲ သူ႔ကိုယ္ကို Kryptonite နဲ႔ အဆိပ္သင့္ေစခဲ့တဲ့အျပင္ ေနဆီကို ပ်ံသြားခဲ့ပါတယ္။ အဲ့ဒီလုပ္ရပ္ေၾကာင့္ပဲ သူမဟာ ေသဆုံးသြားၿပီး လက္ထဲက Red Lantern လက္စြပ္လည္း ကြၽတ္သြားတဲ့အျပင္ Worldkiller ဟာလည္း ေသဆုံးသြားခဲ့ပါတယ္။

Dark Supergirl
photo via cbr

၂၀၀၅ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Supergirl ေကာမစ္ထဲမွာ‌ေတာ့ Dark Supergirl ဆိုတဲ့ ဇာတ္ေကာင္တစ္ေယာက္ ပါဝင္လာပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Lex Luthor ဟာ Supergirl ကို တိတ္တဆိတ္ စုံစမ္းေနၿပီး အခြင့္အေရးရတဲ့အခ်ိန္မွာေတာ့ အမည္းေရာင္ Kryptonite နဲ႔ တိုက္ခိုက္ခဲ့ပါတယ္။ အဲ့လိုတိုက္ခိုက္ခဲ့တာေၾကာင့္ပဲ Supergirl နဲ႔ Dark Supergirl ဆိုၿပီး ႏွစ္ေယာက္ ျဖစ္သြားခဲ့ပါတယ္။

ရွင္းေအာင္ ေျပာရမယ္ဆိုရင္ေတာ့ Supergirl ရဲ႕ မသိစိတ္ထဲမွာရွိေနတဲ့ မေကာင္းတဲ့စိတ္ေတြဟာ ေနာက္ထပ္ ခႏၶာကိုယ္တစ္ခုအေနနဲ႔ ခြဲထြက္သြားခဲ့တာ ျဖစ္ပါတယ္။ Dark Supergirl မွာေတာ့ ကိုယ္က်င့္သိကၡာ ထိန္းသိမ္းမႈ၊ စံသတ္မွတ္ခ်က္ေတြ မရွိဘဲ Superman ကို သတ္ဖို႔သာ ႀကိဳးစားပါေတာ့တယ္။ ဒီအခ်ိန္မွာ ျပန္လည္သက္သာလာတဲ့ Kara အစစ္ဟာ သူမရဲ႕မိစာၦကိုယ္ခြဲကို ျပန္လည္တိုက္ခိုက္ရပါတယ္။ ေနာက္ဆုံးမွာ Wonder Woman ရဲ႕ Lasso of Truth နဲ႔ သူတို႔ႏွစ္ေယာက္ကို တစ္ေယာက္တည္း ျပန္ျဖစ္သြားေအာင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း အဲ့လိုျပန္ေပါင္းစည္းသြားတာဟာ Kara အေနနဲ႔ သူမရဲ႕မသိစိတ္က ျပႆနာကို ေျဖရွင္းၿပီးသြားတာေတာ့ မဟုတ္ပါဘူး။ Dr. Fate ရဲ႕ေျပာဆိုခ်က္အရ Kara ဟာ ျပင္းထန္လြန္းတဲ့ စိတ္ဒဏ္ရာေတြကို ခံစားခဲ့ရတာေၾကာင့္ Dark Supergirl ဟာ အဲ့ဒီ့စိတ္ဒဏ္ရာေတြရဲ႕ ဆိုးက်ိဳးအျဖစ္ ေပၚထြက္လာခဲ့တာလို႔ ဆိုပါတယ္။ ခရစ္ပ္တြန္ၿဂိဳဟ္ ပ်က္စီးမႈကေန ရွင္သန္လြတ္ေျမာက္ခဲ့လို႔ ျဖစ္လာတဲ့ အျပစ္ရွိစိတ္ကေန Kara ဟာ သူမကိုယ္ကို ခြင့္လႊတ္ႏိုင္တဲ့အခါမွပဲ Dark Supergirl ကို အႏိုင္ယူႏိုင္ခဲ့ပါတယ္။

Power Girl
photo via cbr

DC ေကာမစ္ေတြဟာ universe ေတြအမ်ိဴးမ်ိဴးနဲ႔ ဇာတ္ေကာင္ေတြကလည္း ဗားရွင္းအမ်ိဴးမ်ိဴးေတြ ရွိတာေၾကာင့္ မသိတဲ့လူေတြအတြက္ဆိုရင္ ေတာ္ေတာ္ေလးကို တိုင္ပတ္ေစမွာပါ။ Power Girl ဟာလည္း ေကာမစ္ထဲမွာ ေတာ္ေတာ္ေလး နာမည္ႀကီးတဲ့ ဇာတ္ေကာင္တစ္ေယာက္ျဖစ္ၿပီး သူမဟာ Supergirl နဲ႔ အေတာ္ေလး ဆင္တူေနတာေၾကာင့္ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားဟာ Power Girl နဲ႔ Supergirl ဟာ တူတူပဲလားဆိုတဲ့ ေမးစရာေတြ ျဖစ္လာခဲ့ပါတယ္။

အဲ့ဒီေမးခြန္းရဲ႕ အေျဖကေတာ့ Power Girl ဟာ အစတုန္းက Earth 2 ရဲ႕ Supergirl ျဖစ္ၿပီး ေနာက္ပိုင္းမွာ မေတာ္တဆ ျဖစ္ရပ္တစ္ခုေၾကာင့္ DC ေကာမစ္ရဲ႕ အဓိက universe ကို ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ ဒီ universe မွာပဲ ဆက္ေနဖို႔အတြက္ ဆုံးျဖတ္လိုက္ၿပီးေတာ့ Power Girl ဆိုၿပီး ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ Power Girl ဟာ Supergirl ထက္ ပိုၿပီး အေတြ႕အႀကဳံ ရွိ႐ုံမကဘဲ တိုက္ခိုက္တဲ့အခ်ိန္မွာလည္း ပိုၿပီးေတာ့ ၾကမ္းၾကမ္းတမ္းတမ္း တိုက္ခိုက္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။

သူမဟာ သူမရဲ႕ျမင္းနဲ႔ တြဲခဲ့ဖူးပါတယ္။
photo via cbr

သူမကို စတင္ဖန္တီးခဲ့တဲ့အခ်ိန္တုန္းက Comet လို႔ေခၚတဲ့ ေလေပၚပ်ံႏိုင္တဲ့ ျမင္းနဲ႔ Streaky လို႔ေခၚတဲ့ စူပါေၾကာင္ေတြပါ ပါဝင္ခဲ့ပါတယ္။ သူမဟာ အဲ့ဒီသတၱဝါေတြရဲ႕ အကူအညီနဲ႔ တိုက္ပြဲေတြကို ေအာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ Comet ဟာ Kryptonian ျမင္းျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ေမွာ္ပညာတစ္ခုေၾကာင့္ ျမင္းကေန လူအျဖစ္ကို ေျပာင္းလဲသြားခဲ့ပါတယ္။ ဒါထက္ပိုၿပီးေတာ့ ထူးဆန္းတာကေတာ့ အဲ့လိုမ်ိဴး လူအျဖစ္ေျပာင္းလဲသြားတဲ့အခ်ိန္မွာ သူဟာ Kara နဲ႔ ခ်စ္ႀကိဳက္သြားၿပီး တြဲခဲ့ၾကပါတယ္။

သူမမွာ ႏွိပ္စက္တတ္တဲ့ ရည္းစားတစ္ေယာက္လည္း ရွိခဲ့ပါေသးတယ္။
photo via cbr

သူမဟာ Power Boy နဲ႔ တြဲခဲ့ဖူးၿပီး အဲ့ဒီအခ်က္ဟာ သူမရဲ႕အမွားေတြထဲက တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ အေၾကာင္းကေတာ့ Power Boy ဟာ မိန္းကေလးတစ္ေယာက္ကို ကိုယ္ထိလက္ေရာက္ ျပဳမူ၊အႏိုင္က်င့္တတ္သူတစ္ေယာက္ ျဖစ္ေနလို႔ပါပဲ။ ေကာမစ္ထဲမွာဆိုရင္ Kara ဟာ သူနဲ႔ ခ်ိန္းေတြ႕မယ့္အစား ေဆး႐ုံတက္ေနရတဲ့ လူတစ္ေယာက္ကို သြားေတြ႕ခဲ့တာေၾကာင့္ Kara ကို ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္ခဲ့ပါေသးတယ္။ အဲ့လိုမ်ိဴး ကိုယ္ထိလက္ေရာက္ ျပဳမူၿပီးသြားေတာ့မွ သူဟာ Kara ကို အလြန္စြဲလမ္းေနလို႔ပါဆိုၿပီး ဆင္ေျခေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း Kara ကေတာ့ ၿငိမ္ခံမေနေတာ့ဘဲ သူ႔ရဲ႕ေပါင္ၾကားထဲကို ဒူးနဲ႔ ျပန္ၿပီးေတာ့ တိုက္ခဲ့ပါတယ္။

ဒါကေတာ့ Supergirl နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားဖြယ္ရာ အေၾကာင္းအရာအခ်ိဳ႕ ျဖစ္ပါတယ္။ ဒါမ်ိဳး ေဆာင္းပါးေလးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဒီေပ့ခ်္ေလးကို Like & Follow လုပ္ထားပါလို႔ တိုက္တြန္းလိုက္ပါရေစ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular