HomeEntertainmentFilmBackstreet Rookie ဒရာမာအသစ်မှာ ပရိသတ်တွေကိုဖမ်းစားဦးမယ့် Kim Yoo Jung 

Backstreet Rookie ဒရာမာအသစ်မှာ ပရိသတ်တွေကိုဖမ်းစားဦးမယ့် Kim Yoo Jung 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

SBS ရုပ်သံလိုင်းဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ထုတ်လွှင့်တော့မယ့် ဒရာမာအသစ်ထဲက မင်းသမီးလေး Kim Yoo Jung ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Backstreet Rookie လို့ နာမည်ပေးထားတဲ့ ဒရာမာအသစ်ထဲမှာ မင်းသား Ji Chang Wook နဲ့ မင်းသမီးလေး Kim Yoo Jung တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ လူကြိုက်များခဲ့တဲ့ ဝက်ဘ်တွန်းအပေါ် အခြေခံရိုက်ကူးထားတဲ့ ရိုမန့်စ်ဟာသ အမျိုးအစားဒရာမာလေး ဖြစ်ပါတယ်။

Photo: soompi

ဒီဒရာမာထဲမှာတော့ Ji Chang Wook က Choi Dae Hyun ဆိုတဲ့ (၂၄)နာရီစတိုးဆိုင်ပိုင်ရှင်နေရာက သရုပ်ဆောင်ထားပြီး Kim Yoo Jung ကတော့ အချိန်ပိုင်းအလုပ်သမား ကောင်မလေး Jung Saet Byul နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲလေးထဲမှာ Kim Yoo Jung ရဲ့ အရင်နဲ့မတူတဲ့ ပုံစံအသစ်လေးကို ခံစားရမှာဖြစ်ပြီး သူမရဲ့ နဂိုရှိရင်းစွဲ ချစ်ခင်စွဲမက်ဖွယ် ဟန်ပန်လေးတွေကိုလည်း မရိုးတမ်း ကြည့်ရှုကြရဦးမှာပါ။

SBS က မျှဝေလိုက်တဲ့ ပုံရိပ်လေးတွေအရ Jung Saet Byul ဆိုတဲ့ ဇာတ်ကောင်မိန်းကလေးဟာ (၂၄)နာရီစတိုးဆိုင်က ယူနီဖောင်းအစား အပေါ်က စပေါ့တ်ရှပ်နဲ့ အောက်က စကတ်အဖြူလေး ဝတ်ဆင်ထားတာကို တွေ့ရမှာပါ။ လူမှုဆက်ဆံရေး ပြေပြစ်ပြီး ဝယ်သူတွေကို သူမရဲ့ ချစ်စရာကောင်းပြီး ဖော်ရွေတဲ့စရိုက်လေးနဲ့ ဆွဲဆောင်မယ့် ကောင်မလေးတစ်ယောက်ဆိုတာ မြင်တာနဲ့ ခံစားမိကြမှာပါ။

Photo: soompi

ရိုက်ကူးရေးအဖွဲ့သားတွေက‌တော့ ဒီဇာတ်လမ်းတွဲထဲက Kim Yoo Jung ရဲ့ သရုပ်ဆောင်မှုကို ချီးကျူးထားကြပါတယ်။ “Backstreet Rookie ဒရာမာထဲမှာ Kim Yoo Jung ရဲ့ တမူထူးခြားတဲ့ ပုံစံတစ်မျိုးကို ကြည့်ရှုကြရမှာပါ။ အချိန်ပိုင်း အရောင်းဝန်ထမ်း ကောင်မလေးအဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့နေရာမှာ သူမရဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုကြောင့် ဟာသမြောက်တာတွေကိုလည်း မြင်တွေ့ကြရပါလိမ့်မယ်။ ဒါကြောင့် Jung Saet Byul ဆိုတဲ့ ဇာတ်ကောင်လေးကို ဦးဦးဖျားဖျား မြင်တွေ့နိုင်ဖို့ ပထမဆုံးအပိုင်းက စပြီး ကြည့်ရှုလိုက်ပါ… ” လို့ ရိုက်ကူးရေးအဖွဲ့သားတွေက ပရိသတ်တွေကို တိုက်တွန်းထားပါတယ်။

Backstreet Rookie ဒရာမာအသစ်လေးကိုတော့ ဇွန်လ(၁၉)ရက်နေ့မှာ SBS  ရုပ်သံလိုင်းမှ ကိုရီးယားစံတော်ချိန် ည(၁၀)နာရီမှာ စတင်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

LaNina

Source: soompi

(Zawgyi Version)

SBS ႐ုပ္သံလိုင္းဟာ မၾကာခင္ရက္ပိုင္းအတြင္းမွာ ထုတ္လႊင့္ေတာ့မယ့္ ဒရာမာအသစ္ထဲက မင္းသမီးေလး Kim Yoo Jung ရဲ႕ ပုံရိပ္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

Backstreet Rookie လို႔ နာမည္ေပးထားတဲ့ ဒရာမာအသစ္ထဲမွာ မင္းသား Ji Chang Wook နဲ႔ မင္းသမီးေလး Kim Yoo Jung တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ အြန္လိုင္းမွာ လူႀကိဳက္မ်ားခဲ့တဲ့ ဝက္ဘ္တြန္းအေပၚ အေျခခံ႐ိုက္ကူးထားတဲ့ ႐ိုမန႔္စ္ဟာသ အမ်ိဳးအစားဒရာမာေလး ျဖစ္ပါတယ္။

Photo: soompi

ဒီဒရာမာထဲမွာေတာ့ Ji Chang Wook က Choi Dae Hyun ဆိုတဲ့ (၂၄)နာရီစတိုးဆိုင္ပိုင္ရွင္ေနရာက သ႐ုပ္ေဆာင္ထားၿပီး Kim Yoo Jung ကေတာ့ အခ်ိန္ပိုင္းအလုပ္သမား ေကာင္မေလး Jung Saet Byul ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္လမ္းတြဲေလးထဲမွာ Kim Yoo Jung ရဲ႕ အရင္နဲ႔မတူတဲ့ ပုံစံအသစ္ေလးကို ခံစားရမွာျဖစ္ၿပီး သူမရဲ႕ နဂိုရွိရင္းစြဲ ခ်စ္ခင္စြဲမက္ဖြယ္ ဟန္ပန္ေလးေတြကိုလည္း မ႐ိုးတမ္း ၾကည့္ရႈၾကရဦးမွာပါ။

SBS က မွ်ေဝလိုက္တဲ့ ပုံရိပ္ေလးေတြအရ Jung Saet Byul ဆိုတဲ့ ဇာတ္ေကာင္မိန္းကေလးဟာ (၂၄)နာရီစတိုးဆိုင္က ယူနီေဖာင္းအစား အေပၚက စေပါ့တ္ရွပ္နဲ႔ ေအာက္က စကတ္အျဖဴေလး ဝတ္ဆင္ထားတာကို ေတြ႕ရမွာပါ။ လူမႈဆက္ဆံေရး ေျပျပစ္ၿပီး ဝယ္သူေတြကို သူမရဲ႕ ခ်စ္စရာေကာင္းၿပီး ေဖာ္ေ႐ြတဲ့စ႐ိုက္ေလးနဲ႔ ဆြဲေဆာင္မယ့္ ေကာင္မေလးတစ္ေယာက္ဆိုတာ ျမင္တာနဲ႔ ခံစားမိၾကမွာပါ။

Photo: soompi

႐ိုက္ကူးေရးအဖြဲ႕သားေတြက‌ေတာ့ ဒီဇာတ္လမ္းတြဲထဲက Kim Yoo Jung ရဲ႕ သ႐ုပ္ေဆာင္မႈကို ခ်ီးက်ဴးထားၾကပါတယ္။ “Backstreet Rookie ဒရာမာထဲမွာ Kim Yoo Jung ရဲ႕ တမူထူးျခားတဲ့ ပုံစံတစ္မ်ိဳးကို ၾကည့္ရႈၾကရမွာပါ။ အခ်ိန္ပိုင္း အေရာင္းဝန္ထမ္း ေကာင္မေလးအျဖစ္နဲ႔ သ႐ုပ္ေဆာင္ထားတဲ့ေနရာမွာ သူမရဲ႕ သ႐ုပ္ေဆာင္ကြၽမ္းက်င္မႈေၾကာင့္ ဟာသေျမာက္တာေတြကိုလည္း ျမင္ေတြ႕ၾကရပါလိမ့္မယ္။ ဒါေၾကာင့္ Jung Saet Byul ဆိုတဲ့ ဇာတ္ေကာင္ေလးကို ဦးဦးဖ်ားဖ်ား ျမင္ေတြ႕ႏိုင္ဖို႔ ပထမဆုံးအပိုင္းက စၿပီး ၾကည့္ရႈလိုက္ပါ… ” လို႔ ႐ိုက္ကူးေရးအဖြဲ႕သားေတြက ပရိသတ္ေတြကို တိုက္တြန္းထားပါတယ္။

Backstreet Rookie ဒရာမာအသစ္ေလးကိုေတာ့ ဇြန္လ(၁၉)ရက္ေန႔မွာ SBS  ႐ုပ္သံလိုင္းမွ ကိုရီးယားစံေတာ္ခ်ိန္ ည(၁၀)နာရီမွာ စတင္ထုတ္လႊင့္သြားမွာ ျဖစ္ပါတယ္။

LaNina

Source: soompi

 

RELATED ARTICLES

Most Popular