HomeCelebs Update NewsLocalခီမောင်နှံကို ပရိသတ်တွေ တစ်ခဲနက်အားပေးရတဲ့ အကြောင်းရင်း(၄)ချက်

ခီမောင်နှံကို ပရိသတ်တွေ တစ်ခဲနက်အားပေးရတဲ့ အကြောင်းရင်း(၄)ချက်

အောက်တွင်ယူနီကုဒ်ဖြင့် ဖတ်ပါ။






ပညာရည်ပြည့်ဝခြင်း






Xei

(Unicode Version)

အောကျတှငျယူနီကုဒျဖွင့ျ ဖတျပါ။ ၂၀၁၈ခုနှစ်ကစလို့ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ လှုပ်လှုပ်ရှားရှားနဲ့ စိတ်ဝင်စားမှု အများဆုံးရရှိခဲ့တဲ့ အနုပညာရှင်နှစ်ဦးကတော့ ခီမောင်နှံလို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ “ဇဏ်ခီ” နဲ့ “ခရစ်စတီးနားခီ”တို့ပဲ ဖြစ်ပါတယ်။ ဒီမောင်နှံနှစ်ယောက် ပူးပေါင်းပြီး ဖန်တီးထားတဲ့ “ဥပါယ်တံမျှင်”နဲ့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားနှစ်ကားဟာ ပရိသတ်ရဲ့ရင်ကို စွဲကိုင်လှုပ်ရမ်းနိုင်ခဲ့ပြီး လတ်တလောမှ ပူပူနွေးနွေး ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲရဲ့ ရလဒ်တွေအရလည်း နဂိုကထက်ပိုပြီး ပရိသတ်တွေက ဝန်းရံအားပေးနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်က ဒီလောက်ထိ သည်းသည်းလှုပ် အားပေးနေရတဲ့ အကြောင်းရင်းတွေကို ဆန်းစစ်ကြည့်တဲ့အခါ …

တီထွင်ဖန်တီးနိုင်မှု မြင့်မားခြင်း

ဒီအချက်ဟာ ခီမောင်နှံ နှစ်ယောက်စလုံးမှာ တွေ့ရမယ့် အသိသာ၊ အထင်ရှားဆုံး အားသာချက်တစ်ခုပါ။ မြန်မာ့တောတောင်ရေမြေနဲ့ ယဉ်ကျေးမှု၊ သဘာဝအလှအပများကို လူမျိုးဘာသာမရွေး ခံစားနိုင်အောင် နိုင်ငံတကာအထိ ချပြနိုင်ခဲ့တာကလည်း ဒီအရည်အသွေးတွေကြောင့်ပါပဲ။

Photo Credit: Christina Kyi’s FB
အနုပညာခံစားနိုင်မှုစွမ်းရည် ကြီးမားခြင်း

ဒီအချက်ဟာ အနုပညာရှင်တွေအတွက် အင်မတန် အရေးကြီးတဲ့အချက်ပါ။ ပြောင်မြောက်တဲ့ အနုပညာတွေ ဖန်တီးနိုင်ဖို့ဆိုရင် အနုပညာရှင်တွေကိုယ်တိုင်က ခံစားနိုင်မှုစွမ်းရည်မှာ သာမန်အများသူငါထက် သာလွန်နေရပါလိမ့်မယ်။ ဒါတွေကို သူတို့ဖန်တီးတဲ့ အနုပညာတွေမှာ မြင်ရမှာ ဖြစ်သလို သူတို့ဖြတ်သန်းခဲ့ပြီးတဲ့ အတွေ့အကြုံတွေအရလည်း မြင်သာနေပါတယ်။ ဒါကို သူတို့ဖတ်တဲ့စာအုပ်တွေ၊ လေးစားတဲ့ အနုပညာရှင်တွေကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။

ပညာရည်ပြည့်ဝခြင်း

ခီမောင်နှံနှစ်ယောက်စလုံးကို ပရိသတ်တွေ အသည်းစွဲချစ်ရတဲ့ နောက်ထပ်တစ်ချက်ကတော့ ပညာရည်ပြည့်ဝပြီး နှိမ့်ချဆက်ဆံတတ်လို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ အတိုက်အခိုက်တွေကြုံကြုံ၊ နိုင်ငံတကာမှာ ဘယ်လိုပဲ အောင်မြင်မှုတွေရရ အကောင်းလောကဓံကိုရော၊ အဆိုးလောကဓံကိုပါ အပြုံးမပျက် ရင်ဆိုင်နိုင်တဲ့ အေးချမ်းသူတွေဖြစ်လို့ ပရိသတ်တွေက လေးစားချစ်ခင်ကြပါတယ်။

Photo Credit: Christina Kyi’s FB

အနုပညာနယ်ပယ်များစွာမှာ စီးမျောနှစ်ဝင်ထားသူများဖြစ်ခြင်း

ဂီတ၊စာပေ၊ ရုပ်ရှင်၊ပန်းချီစတာတွေဟာ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေကြတာပါ။ သရုပ်ဆောင်တဲ့ မင်းသားဖြစ်လို့ ဂီတမှာ နားကန်းတစ်လုံးမှ မသိဘူးဆိုရင် သူ့ရဲ့အနုပညာ ခံစားနိုင်မှုစွမ်းရည်ဟာ နိမ့်ကျနေတဲ့အတွက် ဖန်တီးနိုင်စွမ်းရည်မှာလည်း ဖန်တရာတေနေတဲ့ အရာတွေကိုပဲ ထပ်တလဲလဲ တင်ဆက်နိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ခီမောင်နှံကတော့ အဲ့သလို မဟုတ်ပါဘူး။ ဒါရိုက်တာ ခရစ်စတီးနားခီဆိုရင် အင်မတန်မှ မြန်မာမှုမြန်မာဟန်ကို ချစ်မြတ်နိုးပြီး မြန်မာအကကို ကျွမ်းကျင်ပိုင်နိုင်စွာ ကနိုင်သူတစ်ယောက်ပါ။ အဆိုတော်၊ တေးရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ မင်းသားဖြစ်တဲ့ ဇဏ်ခီဆိုရင်လည်း အရင်က အခွေထွက်ထားဖူးပြီး ဂီတဘက်မှာလည်း အင်မတန်မှ ထူးချွန်သူဆိုတာကို ဝါရင့်အဆိုတော် မဒီအတွက် ရေးပေးထားတဲ့ သီချင်းကိုခံစားကြည့်ရင် သိနိုင်ပါတယ်။ ဒီအကြောင်းတွေကြောင့်လည်း ခီမောင်နှံရယ်လို့ ပရိသတ်ရဲ့ရင်ထဲမှာ နေရာအခိုင်အမာ ယူထားနိုင်တာ ဖြစ်ပါလိမ့်မယ်။

Xei

RELATED ARTICLES

Most Popular