HomeEntertainmentFilmSchool 2021 ဒရာမာမှာ ခေါင်းဆောင်နေရာက ပါဝင်သွားဦးမယ့် Kim Young Dae 

School 2021 ဒရာမာမှာ ခေါင်းဆောင်နေရာက ပါဝင်သွားဦးမယ့် Kim Young Dae 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားချော Kim Young Dae ကတော့ နာမည်ကြီး School ဇာတ်လမ်းတွဲရဲ့ အသစ်ထပ်မံ ထွက်ရှိလာမယ့် School 2021 မှာ ခေါင်းဆောင်မင်းသားနေရာက ပါဝင်လာမယ်လို့ သိရပါတယ်။

ဒီစီးရီးဟာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ School 2013 ၊ Who Are You?: School 2015 နဲ့ School 2017 တို့နောက်မှာ ဆက်လက် ထွက်ရှိလာမယ့် School စီးရီးအသစ် ဖြစ်ပါတယ်။ ဒီ School 2021 မှာတော့ WEi အဖွဲ့က Kim Yo Han လည်း ခေါင်းဆောင်နေရာက ပါဝင်မှာ ဖြစ်ပါတယ်။

Photo: youngdae0302/ Instagram

Kim Yo Han ကတော့ Gong Ki Joon ဆိုတဲ့ အလွန်ကြိုးစားတဲ့ ကျောင်းသားနေရာက ပါဝင်ရမှာပါ။ သူဟာ အလုပ်နဲ့ ကျောင်းကို တပြိုင်တည်း ကြိုးစားနေတဲ့ ကျောင်းသားတစ်ဦးဖြစ်ကာ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်မှု သံယောဇဉ်တွေအကြောင်း သိရှိသွားပြီးနောက် သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။

Kim Young Dae ကတော့ Jung Young Joo ဆိုတဲ့ ကျောင်းပြောင်းလာတဲ့ ကျောင်းသားနေရာက သရုပ်ဆောင်ရမှာပါ။ Jung Young Joo မှာ ဖုံးကွယ်ထားတဲ့ အတိတ်တစ်ခု ရှိနေပြီး ယခင်က Gong Ki Joon နဲ့လည်း ပတ်သက် ဆက်နွယ်မှုတစ်ခု ရှိခဲ့သူ ဖြစ်ပါတယ်။

Photo: youngdae0302/ Instagram

ဒီစီးရီးမှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး Kim Young Dae က အခုလို ပြောထားပါသေးတယ်။ “School စီးရီးမှာ ပါဝင်ခွင့် ရမယ်ဆိုတော့ ကျွန်တော် အရမ်းလည်းပျော်ပြီး ကျေးဇူးလည်း တင်မိပါတယ်။ ကြည့်ရှုသူတွေအနေနဲ့ School စီးရီးတွေရဲ့ နဂို အနှစ်သာရအတိုင်း ခံစားရအောင် ကျွန်တော် အကောင်းဆုံး ကြိုးစားသွားပါ့မယ် … ” လို့ ဆိုထားပါတယ်။

Kim Young Dae ဟာ ၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Secret Crushes စီးရီးနဲ့ ဒရာမာလောကမှာ ပွဲထွက်ခဲ့ပြီး Extraordinary You ၊ When The Weather Is Fine ၊ The Penthouse ၊ Cheat Me If You Can ဒရာမာတွေနဲ့ ပရိသတ်အားပေးမှုကို မြန်မြန်ဆန်ဆန် ရရှိလာသူ ဖြစ်ပါတယ်။

Photo: youngdae0302/ Instagram

Young Dae ဟာ ၂၀၂၀ခုနှစ်အတွက် KBS Drama Awards မှာ Popularity Awards ကို ရရှိထားသူ ဖြစ်ပြီး လက်ရှိမှာတော့ The Penthouse 3 မှာ ပါဝင်ပြီး ရိုက်ကူးရေး လုပ်နေပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

မင္းသားေခ်ာ Kim Young Dae ကေတာ့ နာမည္ႀကီး School ဇာတ္လမ္းတြဲရဲ႕ အသစ္ထပ္မံ ထြက္ရွိလာမယ့္ School 2021 မွာ ေခါင္းေဆာင္မင္းသားေနရာက ပါဝင္လာမယ္လို႔ သိရပါတယ္။

ဒီစီးရီးဟာ ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့ၾကတဲ့ School 2013 ၊ Who Are You?: School 2015 နဲ႔ School 2017 တို႔ေနာက္မွာ ဆက္လက္ ထြက္ရွိလာမယ့္ School စီးရီးအသစ္ ျဖစ္ပါတယ္။ ဒီ School 2021 မွာေတာ့ WEi အဖြဲ႕က Kim Yo Han လည္း ေခါင္းေဆာင္ေနရာက ပါဝင္မွာ ျဖစ္ပါတယ္။

Photo: youngdae0302/ Instagram

Kim Yo Han ကေတာ့ Gong Ki Joon ဆိုတဲ့ အလြန္ႀကိဳးစားတဲ့ ေက်ာင္းသားေနရာက ပါဝင္ရမွာပါ။ သူဟာ အလုပ္နဲ႔ ေက်ာင္းကို တၿပိဳင္တည္း ႀကိဳးစားေနတဲ့ ေက်ာင္းသားတစ္ဦးျဖစ္ကာ ခ်စ္ျခင္းေမတၱာနဲ႔ ခင္မင္မႈ သံေယာဇဥ္ေတြအေၾကာင္း သိရွိသြားၿပီးေနာက္ သူ႔အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနသူ ျဖစ္ပါတယ္။

Kim Young Dae ကေတာ့ Jung Young Joo ဆိုတဲ့ ေက်ာင္းေျပာင္းလာတဲ့ ေက်ာင္းသားေနရာက သ႐ုပ္ေဆာင္ရမွာပါ။ Jung Young Joo မွာ ဖုံးကြယ္ထားတဲ့ အတိတ္တစ္ခု ရွိေနၿပီး ယခင္က Gong Ki Joon နဲ႔လည္း ပတ္သက္ ဆက္ႏြယ္မႈတစ္ခု ရွိခဲ့သူ ျဖစ္ပါတယ္။

Photo: youngdae0302/ Instagram

ဒီစီးရီးမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ေ႐ြးခ်ယ္ခံရတာနဲ႔ ပတ္သက္ၿပီး Kim Young Dae က အခုလို ေျပာထားပါေသးတယ္။ “School စီးရီးမွာ ပါဝင္ခြင့္ ရမယ္ဆိုေတာ့ ကြၽန္ေတာ္ အရမ္းလည္းေပ်ာ္ၿပီး ေက်းဇူးလည္း တင္မိပါတယ္။ ၾကည့္ရႈသူေတြအေနနဲ႔ School စီးရီးေတြရဲ႕ နဂို အႏွစ္သာရအတိုင္း ခံစားရေအာင္ ကြၽန္ေတာ္ အေကာင္းဆုံး ႀကိဳးစားသြားပါ့မယ္ … ” လို႔ ဆိုထားပါတယ္။

Kim Young Dae ဟာ ၂၀၁၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ Secret Crushes စီးရီးနဲ႔ ဒရာမာေလာကမွာ ပြဲထြက္ခဲ့ၿပီး Extraordinary You ၊ When The Weather Is Fine ၊ The Penthouse ၊ Cheat Me If You Can ဒရာမာေတြနဲ႔ ပရိသတ္အားေပးမႈကို ျမန္ျမန္ဆန္ဆန္ ရရွိလာသူ ျဖစ္ပါတယ္။

Photo: youngdae0302/ Instagram

Young Dae ဟာ ၂၀၂၀ခုႏွစ္အတြက္ KBS Drama Awards မွာ Popularity Awards ကို ရရွိထားသူ ျဖစ္ၿပီး လက္ရွိမွာေတာ့ The Penthouse 3 မွာ ပါဝင္ၿပီး ႐ိုက္ကူးေရး လုပ္ေနပါတယ္။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular