HomeCharacterKingpin အကြောင်း ကောမစ်ထဲက စိတ်ဝင်စားစရာ အချက်များ

Kingpin အကြောင်း ကောမစ်ထဲက စိတ်ဝင်စားစရာ အချက်များ

Kingpin ကတော့ Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ Hawkeye ဇာတ်လမ်းတွဲထဲမှာပါ ပါဝင်လာတာကြောင့် MCU ထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း MCU ရဲ့ အနာဂတ်တွေ ပရောဂျက်တွေမှာ ထပ်မံပါဝင်လာဦးမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ Kingpin ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Sydney Greenstreet ကို အခြေခံပြီး ဖန်တီးထားတာပါ။
photo via screenrant

Kingpin ရဲ့ နာမည်အရင်းကတော့ Wilson Fisk ပဲ ဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ Stan Lee နဲ့ Artist ဖြစ်သူ John Romita Sr. တို့က ပူးပေါင်းဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ Artist John Romita Sr. ကတော့ ဒီဇာတ်ကောင်ရဲ့ ပုံစံကို Sydney Greenstreet ကို အခြေခံပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Sydney Greenstreet ကတော့ ရှေးခေတ်က နာမည်ကြီး မင်းသားကြီးပဲ ဖြစ်ပါတယ်။

(2) သားတစ်ယောက် ရှိပါသေးတယ်။
photo via screenrant

Wilson Fisk ကတော့ သူ့ရဲ့လူငယ်ဘဝကတည်းက မကောင်းမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီမကောင်းတဲ့ အချက်တွေဟာ သူ့ရဲ့သားဖြစ်သူ Richard Fisk ကိုပါ ကူးစက်စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Richard Fisk ဟာ လူသတ်သမား တစ်ယောက် ဖြစ်လာပြီး Rose ဆိုတဲ့ နာမည်ကို ခံယူခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ သူဟာ မကောင်းမှုတွေများစွာရဲ့ နောက်ကွယ်မှာ တည်ရှိနေပြီး များသောအားဖြင့် Spider-Man နဲ့ ထိပ်တိုက်တွေ့လေ့ရှိသလို တစ်ခါတစ်ရံမှာတော့ သူ့ရဲ့အဖေကိုယ်တိုင်ကိုပါ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Richard Fisk ရဲ့ Codename တွေဟာ များစွာရှိပြီး The Schemer ၊ The Supreme Hydra နဲ့ The Blood Rose တို့ပဲ ဖြစ်ပါတယ်။

(3) J. Jonah Jameson ကိုလည်း ပြန်ပေးဆွဲခဲ့ဖူးပါတယ်။
photo via screenrant

Kingpin ဟာ ကောမစ်ထဲမှာ ပထမဆုံး ပြုလုပ်ခဲ့တဲ့ မကောင်းမှုကတော့ J. Jonah Jameson ကို ပြန်ပေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ J. Jonah Jameson ဟာ The Daily Bugle သတင်းစာမှာ နယူးယော့ခ်မြို့ရဲ့ မြေအောက်ရာဇဝတ်သားတွေအကြောင်းတွေကို ရေးသားနေလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ အကြောင်းအမျိူးမျိူးကြောင့် Spider-Man ဟာ ရှိမနေခဲ့ပါဘူး။ ဒါကြောင့်လည်း Kingpin ဟာ ရာဇဝတ်မိသားစုတွေ၊ အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ခဲ့ပြီး အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့်လည်း Spider-Man ပြန်ရောက်လာတဲ့ အချိန်မှာတော့ Kingpin ရဲ့ အစီအစဉ်တွေကို ဖျက်စီးခဲ့တာကြောင့် သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုတွေဟာ စတင်ခဲ့ပါတယ်။

(4) ဒုစရိုက်လောက,က ထွက်ခွာဖို့ ကြိုးစားခဲ့ဖူးပါတယ်။
photo via screenrant

Kingpin ဟာ တစ်ရက်မှာတော့ သူ့ရဲ့မိသားစုနဲ့အတူ အမေရိကန်ကနေ ထွက်သွားပြီး ဘဝသစ်ဖို့ စတင်ဖို့ ကြိုးစားခဲ့ဖူးပါသေးတယ်။ ဒီလိုဘဝသစ် မစခင်မှာ သူနဲ့အတူ အလုပ်တွဲလုပ်ခဲ့တဲ့ ရာဇဝတ်သားတွေနဲ့ ပတ်သက်တဲ့ သက်သေတွေကိုလည်း ဖော်ထုတ်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ အဲ့ဒီရာဇဝတ်သားတွေဟာ လက်စားချေဖို့အတွက် သူ့ရဲ့ဇနီးကို သတ်ပစ်ဖို့ ရောက်လာကြတဲ့အချိန်မှာတော့ သူဟာ ဒုစရိုက်လောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ Daredevil နဲ့ စတင်တွေ့ဆုံခဲ့ပြီး ကောမစ်ထဲက Daredevil ရဲ့ အကောင်းဆုံး ဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(5) Elektra ကိုလည်း ငှားရမ်းခဲ့ပါသေးတယ်။
photo via screenrant

Kingpin ဟာ Daredevil နဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတော့ Elektra ကို သူ့ရဲ့ကိုယ်ပိုင် လုပ်ကြံသတ်ဖြတ်သူအဖြစ် ငှားယမ်းခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ Elektra ဟာ Daredevil ရဲ့ အချစ်ဟောင်း ဖြစ်နေတယ် ဆိုတာကို မသိခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ Daredevil ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Foggy Nelson ကို သတ်ဖို့အတွက် Elektra ကို စေခိုင်းခဲ့ပြီး Elektra ကတော့ အဲ့ဒီအချိန်မှာပဲ Bullseye ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ Bullseye ကတော့ Kingpin ရဲ့ လုပ်ကြံသတ်ဖြတ်သူဟောင်းဖြစ်ပြီး အဲ့ဒီအချိန်မှာတော့ သူ့ရဲ့နေရာကို ပြန်ယူဖို့ ထောင်ဖောက်လာတာ ဖြစ်ပါတယ်။ Daredevil #181 ထဲမှာတော့ Bullseye ဟာ Elektra ကို သတ်ပစ်ခဲ့ပြီး Marvel ကောမစ်ထဲက Shock အဖြစ်စေဆုံး သေဆုံးမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

(6) Daredevil ကို နည်းမျိူးစုံနဲ့ တိုက်ခိုက်ခဲ့တဲ့ Kingpin
photo via screenrant

Daredevil #227 ကနေ 233 အထိ ပါဝင်ခဲ့တဲ့ Born Again ဆိုတဲ့ Storyline ထဲမှာတော့ Kingpin ဟာ Daredevil ရဲ့ Identity ကို သိသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ Matt Murdock ရဲ့ ဘဝကို ဖျက်စီးပစ်ဖို့အတွက် နည်းမျိူးစုံ အသုံးပြုခဲ့ပါတယ်။ Matt ရဲ့ ရှေ့နေလိုင်စင်၊ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေကို တိုက်ခိုက်ခဲ့ပြီး Matt နေထိုင်တဲ့ Hell’s Kitchen ဆီကိုလည်း ကြေးစားတွေ စေလွှတ်ခဲ့ပါတယ်။

(7) Black Cat ကိုလည်း စူပါပါဝါတွေ ရရှိစေခဲ့ပါတယ်။
photo via screenrant

Peter Parker, The Spectacular Spider-Man #100 ထဲမှာတော့ Kingpin ဟာ Black Cat a.k.a. Felicia Hardy ကို စူပါပါဝါတွေ ရရှိအောင် ပြုလုပ်ပေးခဲ့ပါတယ်။ Kingpin ဟာ ဒုစရိုက်လောကထဲက သိပ္ပံပညာရှင်တွေကို ငှားယမ်းခဲ့ပြီး Felicia Hardy ရဲ့ ထူးခြားတဲ့ စွမ်းအားဖြစ်တဲ့ ကံဆိုးစေတဲ့ စွမ်းအားကို ရရှိအောင် ပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒီစွမ်းအားကတော့ သူမကို လာရောက်တိုက်ခိုက်တဲ့သူ မှန်သမျှဟာ အလိုလိုကံဆိုးသွားစေတဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Kingpin ဟာ The Spot လိုမျိူး စူပါဗီလိန်တွေကို စွမ်းအားတွေ ရလာအောင် ပြုလုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

(8) Aunt May ကို သတ်နိုင်လုနီးပါး ဖြစ်ခဲ့ပါတယ်။
photo via screenrant

Kingpin ဟာ Daredevil နဲ့ အလုပ်ရှုပ်နေပေမယ့်လည်း Spider-Man ကိုလည်း မမေ့သွားပါဘူး။ ကောမစ်ထဲက Civil War Event မှာတော့ Spider-Man ဟာ သူ့ကိုယ်သူ မျက်နှာဖုံး ချွတ်ပြခဲ့တာကြောင့် Peter Parker ဟာ Spider-Man ဆိုတာကို တစ်ကမ္ဘာလုံးက သိသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Kingpin ဟာ Peter Parker ကို လိုက်လံတိုက်ခိုက်ခဲ့ပြီး Aunt May ကိုလည်း သတ်နိုင်လုနီးပါး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Peter Parker ဟာ Aunt May ရဲ့ အသက်ကို ကယ်တင်ဖို့အတွက် သူနဲ့ Mary Jane Watson တို့ရဲ့ အိမ်ထောင်ရေးကို စွန့်လွှတ်ကာ Mephisto နဲ့ အပေးအယူ ပြုလုပ်ခဲ့ပါတယ်။

(9) Earth-65 ရဲ့ Kingpin
photo via screenrant

အခုချိန်မှာတော့ MCU ထဲမှာပါ Multiverse တွေ မြင်တွေ့လာရပြီ ဖြစ်ပြီး ကောမစ်ထဲမှာတော့ Multiverse တွေအကြောင်းကို ဟိုအရင်ကတည်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Kingpin ရဲ့ တစ်ခြားဗားရှင်းတွေလည်း တည်ရှိနေပြီး အဲ့ဒီထဲကမှ Earth-65 ရဲ့ Kingpin ကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အဲ့ဒီမှာတော့ Kingpin ဟာ Matt Murdock ရဲ့ ဗီလိန်ဗားရှင်းပဲ ဖြစ်ပြီး Spider-Gwen တည်ရှိနေတဲ့ Earth လည်း ဖြစ်ပါတယ်။

(10) Kingpin ရဲ့ တုတ်ကောက်
photo via screenrant

Kingpin ဟာ သူ့ရဲ့ကြီးမားတဲ့ ခွန်အားနဲ့ အံ့ဩဖို့ကောင်းတဲ့ သက်လုံတွေကြောင့် လက်နက်တွေကို သိပ်ပြီးအသုံးပြုလေ့ မရှိပါဘူး။ ဒါပေမယ့်လည်း သူဟာ အမြဲတမ်း တုတ်ကောက်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး အဲ့ဒီတုတ်ကောက်နဲ့လည်း တိုက်ခိုက်ခဲ့တာမျိူးတွေ ရှိပါတယ်။ တကယ်တော့ ဒီတုတ်ကောက်ဟာ သာမန်တုတ်ကောက်တစ်ခု မဟုတ်ဘဲ လက်နက်တွေများစွာ ပါဝင်နေတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။

ပါဝင်တဲ့ လက်နက်တွေကတော့ လေဆာသေနတ်၊ အိပ်ပျော်စေတဲ့ ဓာတ်ငွေ့နဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ တုတ်ကောက်ရဲ့ ထိပ်မှာ စိန်တုံး တပ်ဆင်ထားပါတယ်။ ဒီလိုမျိူးတွေ တပ်ဆင်ထားပေမယ့်လည်း Kingpin ဟာ အဲ့ဒီလက်နက်တွေကိုတောင် သိပ်ပြီးအသုံးပြုလေ့ မရှိပါဘူး။ တုတ်ကောက်ရဲ့ ထိပ်မှာ တပ်ဆင်ထားတဲ့ စိန်တုံးဆိုရင် ကျည်ဆန်ကိုတောင် ကာကွယ်နိုင်တာကြောင့် Hawkeye ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးမှာတော့ သူဟာ အလားတူပဲ ပြုလုပ်သွားပြီး ရှင်သန်သွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular