HomeCelebs Update NewsInternationalအသက်(၇၁)နှစ်မှာ ကွယ်လွန်သွားတဲ့ Star Trek မင်းသမီးကြီး Kirstie Alley

အသက်(၇၁)နှစ်မှာ ကွယ်လွန်သွားတဲ့ Star Trek မင်းသမီးကြီး Kirstie Alley

Star Trek သရုပ်ဆောင် မင်းသမီးကြီး Kirstie Alley ဟာ အသက်(၇၁)နှစ်အရွယ်မှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ မင်းသမီးကြီးဟာ Primetime Emmy ဆုနဲ့ ရွှေကမ္ဘာလုံးဆုတို့ကို ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။ သူမဟာ Star Trek ၊ Cheers အစရှိတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ကျော်ကြားသလို ၈၀ ၊ ၉၀ ခုနှစ်တွေမှာလည်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ယခုနောက်ပိုင်း အသက်အရွယ် ကြီးရင့်လာချိန်မှာတော့ သူမဟာ ကင်မရာမီးရောင်ရှေ့မှာ သိပ်နေလေ့မရှိတော့ပေမယ့် သူမ ပါဝင်ထားတဲ့ ပရောဂျက်အများစုကတော့ reality show တွေ ဖြစ်ပါတယ်။ မင်းသမီးကြီးဟာ ကင်ဆာရောဂါ ရှိနေတာကို သိရှိပြီး မကြာခင်မှာပဲ အခုလိုကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Photo: kirstiealley/ Instagram

ဒီသတင်းကိုတော့ မင်းသမီးကြီးရဲ့ အင်စတာဂရမ်အကောင့်မှာ ကျန်ရစ်တဲ့ သားသမီးတွေက ပို့စ်တင်ပြီး ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုဝမ်းနည်းကြေကွဲဖွယ်ရာ အချိန်ကာလမှာ ပရိသတ်တွေအနေနဲ့ ကျန်ရစ်သူမိသားစုကို နားလည်ပေးပြီး privacy ထားရှိပေးဖို့ တောင်းဆိုထားပါသေးတယ်။

မင်းသမီးကြီးဟာ တီဗွီရှိုးအချို့မှာ ပါဝင်သရုပ်ဆောင်ပြီးနောက် ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားအဖြစ် Star Trek II: The Wrath of Khan မှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူမ သရုပ်ဆောင်ခဲ့တဲ့ Vulcan Starfleet officer Lieutenant Saavik ဇာတ်ကောင်ဟာ Star Trek franchise မှာ အမျိုးသမီးဇာတ်ကောင်တွေရဲ့ ထင်ရှားတဲ့ ပြောင်းလဲမှုတွေနဲ့ ချီးကျူးမှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Paramount Pictures

ဒီလိုအောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် မင်းသမီးကြီးဟာ Star Trek III: The Search for Spock နဲ့ Star Trek IV: The Voyage Home နှစ်ကားကို ရိုက်ကူးပြီးနောက်မှာတော့ နည်းပါးတဲ့ သရုပ်ဆောင်ကြေးကြောင့် ဒီ franchise ကနေ ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီနောက် သူမရဲ့ဇာတ်ကောင်နေရာကိုတော့ Robin Curtis က အစားထိုး ဝင်ရောက်ခဲ့ရပါတယ်။ သူမဟာ ဒီလိုနာမည်ကြီး franchise က ထွက်ခွာသွားပေမယ့် Cheers ဆိုတဲ့ sit-com ဇာတ်လမ်းတွဲနဲ့ အကြီးအကျယ် ထပ်မံအောင်မြင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆုနဲ့ Primetime Emmy ဆုတွေကိုတောင် ရရှိခဲ့ပါသေးတယ်။

ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ အထင်ကရ မင်းသမီးကြီးတစ်ယောက် ဖြစ်တဲ့အတွက် Kirstie Alley ရဲ့ ဂုဏ်သတင်းနဲ့ အမွေအနှစ်တွေကတော့ ရုပ်ရှင်လောကမှာ ဆက်လက် ကျန်ရှိနေဦးမယ်ဆိုတာ အသေအချာပါပဲ။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular