HomeCelebs Update NewsInternationalEternals ရုပ်ရှင်မတိုင်ခင်တုန်းက စူပါဟီးရိုးရုပ်ရှင်တစ်ခုကို ငြင်းဖူးတယ်ဆိုတဲ့ Kit Harington

Eternals ရုပ်ရှင်မတိုင်ခင်တုန်းက စူပါဟီးရိုးရုပ်ရှင်တစ်ခုကို ငြင်းဖူးတယ်ဆိုတဲ့ Kit Harington

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာခင်မှာ ထွက်ရှိလာတော့မယ့် Eternals ရုပ်ရှင်ထဲမှာတော့ Kit Harington ဟာ Dane Whitman တဖြစ်လည်း Black Knight နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ Kit Harington ဟာ Game of Thrones ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်အချိန်တုန်းက စူပါဟီးရိုးဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပြီး သူ့ဘက်က ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

photo via screenrant

Eternals ရုပ်ရှင်ထဲမှာတော့ Kit Harington ရဲ့ ဇာတ်ကောင်ဟာ Richard Madden သရုပ်ဆောင်ထားတဲ့ Ikaris နဲ့ Gemma Chan သရုပ်ဆောင်ထားတဲ့ Sersi တို့နဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Kit Harington ရဲ့ ဇာတ်ကောင်ဟာ ဘယ်လိုမျိူး ပါဝင်လာမလည်းဆိုတာ သေချာမသိရသေးပေမယ့်လည်း Kit Harington ဟာ MCU မှာ သူ့ရဲ့ဇာတ်ကောင်အတွက် အနာဂတ်ရှိနေဦးမယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

Total Film နဲ့ ပြုလုပ်တဲ့ အင်တာဗျူးထဲမှာတော့ Kit Harington ဟာ Game of Thrones ရိုက်ကူးနေတဲ့အချိန်မှာ စူပါဟီးရိုးဇာတ်ကောင်တစ်ခု ကမ်းလှမ်းခံခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ Game of Thrones ကို ရိုက်ကူးနေတာကြောင့် နောက်ထပ် ဇာတ်လမ်းတစ်ခုအတွက် အချိန်မပေးနိုင်သလို အဲ့ဒီဇာတ်ကောင်ကိုလည်း မကြိုက်တာကြောင့် ငြင်းပယ်ခဲ့တယ်လို့ ပြောပါတယ်။ အဲ့ဒီဇာတ်ကောင်ဟာ ဘယ်သူလည်းဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။

photo via screenrant

Kit Harington ဟာ Eternals ထဲမှာ သရုပ်ဆောင်ဖို့ သဘောတူခဲ့တဲ့ အကြောင်းရင်းကတော့ Dane Whitman ဇာတ်ကောင်ဟာ လူသားတစ်ယောက်ပဲ ဖြစ်တာကြောင့်လို့ သိရပါတယ်။ ဒါကြောင့်ပဲ အရင်တုန်းက သူ့ကိုကမ်းလှမ်းခဲ့တဲ့ ဇာတ်ကောင်ကတော့ လူသားမဟုတ်တဲ့ ဇာတ်ကောင်တစ်ယောက်ယောက် ဖြစ်နေပါလိမ့်မယ်။

ဒါ့အပြင် Kit  ဟာ Dane Whitman နေရာမှာ သရုပ်ဆောင်ဖို့ သဘောတူခဲ့ပေမယ့်လည်း ဒီဇာတ်ကောင်အကြောင်းကို မသိတာကြောင့် Eternals ရုပ်ရှင် မရိုက်ခင်မှာ Google မှာ ရှာဖွေ မွှေနှောက် ဖတ်ရှုကြည့်ခဲ့ရသေးတယ်လို့ ပြောပြထားပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ Eternals ႐ုပ္ရွင္ထဲမွာေတာ့ Kit Harington ဟာ Dane Whitman တျဖစ္လည္း Black Knight ေနရာမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။ Kit Harington ဟာ Game of Thrones ဇာတ္လမ္းတြဲ ရိုက္ကူးေနစဥ္အခ်ိန္တုန္းက စူပါဟီးရိုးဇာတ္ေကာင္ေနရာမွာ ပါဝင္ဖို႔ ကမ္းလွမ္းခံခဲ့ရၿပီး သူ႔ဘက္က ျငင္းဆန္ခဲ့တယ္လို႔ သိရပါတယ္။

photo via screenrant

Eternals ႐ုပ္ရွင္ထဲမွာေတာ့ Kit Harington ရဲ့ ဇာတ္ေကာင္ဟာ Richard Madden သ႐ုပ္ေဆာင္ထားတဲ့ Ikaris နဲ႔ Gemma Chan သ႐ုပ္ေဆာင္ထားတဲ့ Sersi တို႔နဲ႔ သုံးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းအျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Kit Harington ရဲ့ ဇာတ္ေကာင္ဟာ ဘယ္လိုမ်ိဴး ပါဝင္လာမလည္းဆိုတာ ေသခ်ာမသိရေသးေပမယ့္လည္း Kit Harington ဟာ MCU မွာ သူ႔ရဲ့ဇာတ္ေကာင္အတြက္ အနာဂတ္ရွိေနဦးမယ္လို႔ ေမၽွာ္လင့္ေၾကာင္း ေျပာထားပါတယ္။

Total Film နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးထဲမွာေတာ့ Kit Harington ဟာ Game of Thrones ရိုက္ကူးေနတဲ့အခ်ိန္မွာ စူပါဟီးရိုးဇာတ္ေကာင္တစ္ခု ကမ္းလွမ္းခံခဲ့ရတယ္လို႔ ေျပာျပခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ Game of Thrones ကို ရိုက္ကူးေနတာေၾကာင့္ ေနာက္ထပ္ ဇာတ္လမ္းတစ္ခုအတြက္ အခ်ိန္မေပးနိုင္သလို အဲ့ဒီဇာတ္ေကာင္ကိုလည္း မႀကိဳက္တာေၾကာင့္ ျငင္းပယ္ခဲ့တယ္လို႔ ေျပာပါတယ္။ အဲ့ဒီဇာတ္ေကာင္ဟာ ဘယ္သူလည္းဆိုတာကိုေတာ့ မေျပာျပခဲ့ပါဘူး။

photo via screenrant

Kit Harington ဟာ Eternals ထဲမွာ သ႐ုပ္ေဆာင္ဖို႔ သေဘာတူခဲ့တဲ့ အေၾကာင္းရင္းကေတာ့ Dane Whitman ဇာတ္ေကာင္ဟာ လူသားတစ္ေယာက္ပဲ ျဖစ္တာေၾကာင့္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ အရင္တုန္းက သူ႔ကိုကမ္းလွမ္းခဲ့တဲ့ ဇာတ္ေကာင္ကေတာ့ လူသားမဟုတ္တဲ့ ဇာတ္ေကာင္တစ္ေယာက္ေယာက္ ျဖစ္ေနပါလိမ့္မယ္။

ဒါ့အျပင္ Kit  ဟာ Dane Whitman ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ သေဘာတူခဲ့ေပမယ့္လည္း ဒီဇာတ္ေကာင္အေၾကာင္းကို မသိတာေၾကာင့္ Eternals ႐ုပ္ရွင္ မရိုက္ခင္မွာ Google မွာ ရွာေဖြ ေမႊေႏွာက္ ဖတ္ရွုၾကည့္ခဲ့ရေသးတယ္လို႔ ေျပာျပထားပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular