HomeEntertainmentFilmMCU ရဲ႕ The Eternals မွာ Black Knight အျဖစ္ ပါ၀င္သြားမယ့္ Kit Harington

MCU ရဲ႕ The Eternals မွာ Black Knight အျဖစ္ ပါ၀င္သြားမယ့္ Kit Harington

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

HBO ရဲ႕ Game of Thrones ဇာတ္လမ္းတြဲနဲ႔ Jon Snow လို႔ လူသိမ်ားတဲ့ Kit Harington ကေတာ့ Marvel Cinematic Universe က ထပ္မံထြက္ရိွလာမယ့္ The Eternals live action ရုပ္ရွင္ကားေတြမွာ Black Knight ဆိုတဲ့ ဇာတ္ေကာင္ေနရာကေန ပါ၀င္သြားမယ္လို႔ သိရပါတယ္။

Kit တစ္ေယာက္ Night Watch ကေန ထြက္ခြာၿပီး MCU ကို ေရာက္လာေတာ့မယ္ဆိုတဲ့ သတင္းဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အေစာပိုင္းတည္းက ပရိသတ္ေတြၾကားမွာ ေကာလာဟလအျဖစ္ ပ်ံ႕ႏွံ႕ေနခဲ့တာပါ။ အခုဆိုရင္ေတာ့ ဒီသတင္းက အမွန္ျဖစ္သြားခဲ့ပါၿပီ။ Kit ဟာ The Eternals ဇာတ္လမ္းထဲက Black Knight လို႔ လူသိမ်ားတဲ့  Dane Whitman အျဖစ္ ပါ၀င္သရုပ္ေဆာင္သြားမယ့္အေၾကာင္းကို Walt Disney Studios က စီစဥ္တင္ဆက္တဲ့ D23 Expo ပြဲမွာ Marvel ရဲ႕ဥကၠဌ Kevin Feige ကိုယ္တိုင္က အတည္ျပဳ ေၾကျငာသြားခဲ့တာ ျဖစ္ပါတယ္။

Photo: the nerdy

Kit လိုပဲ Crazy Rich Asians ထဲက Gemma ကလည္း အမ်ိဳးသမီးဟီးရိုး Sersi ဇာတ္ေကာင္ေနရာမွာ ပါ၀င္သြားမယ္လို႔ ေၾကျငာထားပါတယ္။ The Eternals မွာ ပါ၀င္သရုပ္ေဆာင္ဖို႔ အတည္ျပဳေရြးခ်ယ္ၿပီးသား အျခားသရုပ္ေဆာင္ေတြကေတာ့ Angelina Jolie ၊ Game of Thrones ထဲက Robb Stark အျဖစ္ လူသိမ်ားတဲ့ Richard Madden ၊ Salma Hayek နဲ႔ Kumail Nanjiani တို႔ပဲ ျဖစ္ပါတယ္။

Photo: kitharingtonig/ Instagram

Game of Thrones ပရိသတ္ေတြကေတာ့ The Eternals ဇာတ္ကားကို အေၾကာင္းျပဳၿပီး Kit Harington နဲ႔ Richard Madden တို႔ ျပန္လည္ဆုံေတြ႕ရမယ့္အေပၚ လြန္စြာမွ စိတ္လႈပ္ရွားေနၾကပါတယ္။

Xei

Source: hollywoodlife

(Unicode Version)

HBO ရဲ့ Game of Thrones ဇာတ်လမ်းတွဲနဲ့ Jon Snow လို့ လူသိများတဲ့ Kit Harington ကတော့ Marvel Cinematic Universe က ထပ်မံထွက်ရှိလာမယ့် The Eternals live action ရုပ်ရှင်ကားတွေမှာ Black Knight ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သွားမယ်လို့ သိရပါတယ်။

Kit တစ်ယောက် Night Watch ကနေ ထွက်ခွာပြီး MCU ကို ရောက်လာတော့မယ်ဆိုတဲ့ သတင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အစောပိုင်းတည်းက ပရိသတ်တွေကြားမှာ ကောလာဟလအဖြစ် ပျံ့နှံ့နေခဲ့တာပါ။ အခုဆိုရင်တော့ ဒီသတင်းက အမှန်ဖြစ်သွားခဲ့ပါပြီ။ Kit ဟာ The Eternals ဇာတ်လမ်းထဲက Black Knight လို့ လူသိများတဲ့  Dane Whitman အဖြစ် ပါဝင်သရုပ်ဆောင်သွားမယ့်အကြောင်းကို Walt Disney Studios က စီစဉ်တင်ဆက်တဲ့ D23 Expo ပွဲမှာ Marvel ရဲ့ဥက္ကဌ Kevin Feige ကိုယ်တိုင်က အတည်ပြု ကြေငြာသွားခဲ့တာ ဖြစ်ပါတယ်။

Photo: the nerdy

Kit လိုပဲ Crazy Rich Asians ထဲက Gemma ကလည်း အမျိုးသမီးဟီးရိုး Sersi ဇာတ်ကောင်နေရာမှာ ပါဝင်သွားမယ်လို့ ကြေငြာထားပါတယ်။ The Eternals မှာ ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုရွေးချယ်ပြီးသား အခြားသရုပ်ဆောင်တွေကတော့ Angelina Jolie ၊ Game of Thrones ထဲက Robb Stark အဖြစ် လူသိများတဲ့ Richard Madden ၊ Salma Hayek နဲ့ Kumail Nanjiani တို့ပဲ ဖြစ်ပါတယ်။

Photo: kitharingtonig/ Instagram

Game of Thrones ပရိသတ်တွေကတော့ The Eternals ဇာတ်ကားကို အကြောင်းပြုပြီး Kit Harington နဲ့ Richard Madden တို့ ပြန်လည်ဆုံတွေ့ရမယ့်အပေါ် လွန်စွာမှ စိတ်လှုပ်ရှားနေကြပါတယ်။

Xei

Source: hollywoodlife

RELATED ARTICLES

Most Popular