HomeEntertainmentFilmဒီဇင်ဘာလမှာ ထွက်ရှိလာတော့မယ့် Knives Out 2

ဒီဇင်ဘာလမှာ ထွက်ရှိလာတော့မယ့် Knives Out 2

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Knives Out ဇာတ်ကားကတော့ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့သလို ကောင်းမွန်တဲ့ ဝေဖန်ချက်တွေလည်း ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ထပ် ဇာတ်ကားအသစ် Knives Out 2 ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပြီး မကြာသေးခင်ကပဲ Netflix ဟာ ထွက်ရှိမယ့်ရက်ကို ကြေညာပေးလိုက်ပါတယ်။ အဲဒါကတော့ ဒီဇာတ်ကားသစ်ကို လာမယ့် ဒီဇင်ဘာလထဲမှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အမည်ကတော့ Glass Onion: A Knives Out Mystery ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Rian Johnson ကပဲ ရိုက်ကူးပေးထားတာ ဖြစ်ပြီး မင်းသားကြီး Daniel Craig လည်း ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Daniel Craig ရဲ့ဇာတ်ကောင် ဖြစ်တဲ့ စုံထောက် Benoit Blanc ဟာ ဂရိနိုင်ငံကို အားလပ်ရက် ခရီးထွက်လာပြီး နောက်ထပ်ထူးဆန်းတဲ့ ရာဇဝတ်မှုတစ်ခုကို ဖြေရှင်းရပါတော့တယ်။

ဒီဇာတ်ကားထဲမှာတော့ မင်းသားကြီး Daniel Craig အပြင် Edward Norton ၊ Janelle Monae ၊ Kathryn Hahn ၊ Leslie Odom Jr. ၊ Jessica Henwick ၊ Madelyn Cline ၊ Kate Hudson ၊ Dave Bautista နဲ့ Ethan Hawke တို့လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ Netflix ဟာ Glass Onion: A Knives Out Mystery ရဲ့ ထွက်ရှိမယ့်ရက်ကို ကြေညာလိုက်ပါတယ်။ ပရိသတ်တွေကတော့ ဒီရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ(၂၃)ရက်နေ့မှာ Netflix ကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေ စောင့်မျှော်နေတဲ့ ဒီရုပ်ရှင်ကိုတော့ ပထမရုပ်ရှင် ထွက်ရှုအပြီး သုံးနှစ်အကြာမှာ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် ဒီရုပ်ရှင်ဟာ Netflix မှာပဲ ပြသသွားမှာ မဟုတ်ဘဲ ရုပ်ရှင်ရုံအချို့မှာလည်း ရုံတင်သွားမယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ရုံတင်မယ့်ရက်ကို မသိရသေးပါဘူး။ ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ Knives Out ကတော့ IMDb (7.9) ရရှိထားသလို ဘတ်ဂျက်အနေနဲ့ ဒေါ်လာ သန်း(၄၀)လောက်သာ အသုံးပြုထားပြီး box-office မှာတော့ ဒေါ်လာ (၃၁၁)သန်းကျော် ရရှိခဲ့ပါတယ်။ အသစ်ထွက်ရှိလာမယ့် Glass Onion: A Knives Out Mystery ကရော ပထမရုပ်ရှင်လိုပဲ အောင်မြင်မှုတွေ ရရှိသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular