HomeEntertainmentFilmKnives Out 2 ထဲမှာ ပါဝင်လာဦးမယ့် WandaVision ထဲက Agatha

Knives Out 2 ထဲမှာ ပါဝင်လာဦးမယ့် WandaVision ထဲက Agatha

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix က ထုတ်လုပ်သွားမယ့် Knives Out 2 ရုပ်ရှင်ထဲမှာတော့ WandaVision ထဲမှာ Agatha အဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသမီး Kathryn Hahn လည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Daniel Craig ကလည်း စုံထောက် Benoit Blanc အဖြစ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

ရိုက်ကူးရေးကိုတော့ Greece နိုင်ငံမှာ ရိုက်ကူးသွားမှာ ဖြစ်ပြီး ဒီနှစ်နွေရာသီမှာပဲ ရိုက်ကူးရေး စတင်သွားမှာ ဖြစ်ပါတယ်။ Knives Out 2 ထဲမှာတော့ စုံထောက် Benoit ဟာ နောက်ထပ်အမှုတစ်ခုကို စုံစမ်းသွားမယ်ဆိုတာက လွဲရင် ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အခြားအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အခုချိန်ထိ သိထားရသလောက်ကတော့ Kathryn Hahn တစ်ယောက်တည်း မဟုတ်ဘဲ နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Janelle Monae ၊ Edward Norton နဲ့ Dave Bautista တို့ပါ Knives Out 2 ထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Kathryn Hahn ဟာလည်း Knives Out 2 ထဲမှာ ပါဝင်လာဖို့ သေချာသွားပြီလို့ သိရပါတယ်။ လောလောဆယ် အထိတော့ ဒီလောက်ပဲ သိထားရပြီး Kathryn က ဘယ်ဇာတ်ကောင်နေရာမှာ ပါဝင်လာမလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။

photo via screenrant

Kathryn ကတော့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ WandaVision စီးရီးထဲမှာ Agatha Harkness အနေနဲ့ ပါဝင်ခဲ့ပါတယ်။ Agatha ဟာ WandaVision ဇာတ်လမ်းတွဲတစ်ခုလုံးရဲ့ အရေးကြီးဆုံး ဇာတ်ကောင်လို့တောင် ပြောလို့ရပါတယ်။ Kathryn ဟာ WandaVision ထဲမှာတော့ ဗီလိန်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပေမယ့်လည်း သူမရဲ့ သရုပ်ဆောင်သက်တမ်းတလျှောက်ကို ကြည့်လိုက်ရင်တော့ ဇာတ်ကောင်မျိူးစုံနေရာမှာ သရုပ်ဆောင်ခဲ့ဖူးတာကို တွေ့ရမှာပါ။ ဒါကြောင့်ပဲ Knives Out 2 ထဲက သူမရဲ့ ဇာတ်ကောင်ကိုတော့ ခန့်မှန်းကြည့်ဖို့ မလွယ်သေးပါဘူး။

Legos

Source : Screenrant

(Zawgyi Version)

Netflix က ထုတ္လုပ္သြားမယ့္ Knives Out 2 ႐ုပ္ရွင္ထဲမွာေတာ့ WandaVision ထဲမွာ Agatha အျဖစ္ သ႐ုပ္ေဆာင္ခဲ့သူ မင္းသမီး Kathryn Hahn လည္း ပါဝင္သြားမယ္လို႔ သိရပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Daniel Craig ကလည္း စုံေထာက္ Benoit Blanc အျဖစ္ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။

photo via screenrant

႐ိုက္ကူးေရးကိုေတာ့ Greece ႏိုင္ငံမွာ ႐ိုက္ကူးသြားမွာ ျဖစ္ၿပီး ဒီႏွစ္ေႏြရာသီမွာပဲ ႐ိုက္ကူးေရး စတင္သြားမွာ ျဖစ္ပါတယ္။ Knives Out 2 ထဲမွာေတာ့ စုံေထာက္ Benoit ဟာ ေနာက္ထပ္အမႈတစ္ခုကို စုံစမ္းသြားမယ္ဆိုတာက လြဲရင္ ဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ အျခားအခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ အခုခ်ိန္ထိ သိထားရသေလာက္ကေတာ့ Kathryn Hahn တစ္ေယာက္တည္း မဟုတ္ဘဲ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Janelle Monae ၊ Edward Norton နဲ႔ Dave Bautista တို႔ပါ Knives Out 2 ထဲမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။

Deadline သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Kathryn Hahn ဟာလည္း Knives Out 2 ထဲမွာ ပါဝင္လာဖို႔ ေသခ်ာသြားၿပီလို႔ သိရပါတယ္။ ေလာေလာဆယ္ အထိေတာ့ ဒီေလာက္ပဲ သိထားရၿပီး Kathryn က ဘယ္ဇာတ္ေကာင္ေနရာမွာ ပါဝင္လာမလည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။

photo via screenrant

Kathryn ကေတာ့ မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ WandaVision စီးရီးထဲမွာ Agatha Harkness အေနနဲ႔ ပါဝင္ခဲ့ပါတယ္။ Agatha ဟာ WandaVision ဇာတ္လမ္းတြဲတစ္ခုလုံးရဲ႕ အေရးႀကီးဆုံး ဇာတ္ေကာင္လို႔ေတာင္ ေျပာလို႔ရပါတယ္။ Kathryn ဟာ WandaVision ထဲမွာေတာ့ ဗီလိန္တစ္ေယာက္အေနနဲ႔ ပါဝင္ခဲ့ေပမယ့္လည္း သူမရဲ႕ သ႐ုပ္ေဆာင္သက္တမ္းတေလွ်ာက္ကို ၾကည့္လိုက္ရင္ေတာ့ ဇာတ္ေကာင္မ်ိဴးစုံေနရာမွာ သ႐ုပ္ေဆာင္ခဲ့ဖူးတာကို ေတြ႕ရမွာပါ။ ဒါေၾကာင့္ပဲ Knives Out 2 ထဲက သူမရဲ႕ ဇာတ္ေကာင္ကိုေတာ့ ခန႔္မွန္းၾကည့္ဖို႔ မလြယ္ေသးပါဘူး။

Legos

Source : Screenrant

RELATED ARTICLES

Most Popular