HomeCelebs Update NewsInternational၂၀၂၁ ခုနှစ်အတွက် Sexiest Man Alive ဖြစ်လာဖို့ သတင်းထွက်နေတဲ့ Chris Evans

၂၀၂၁ ခုနှစ်အတွက် Sexiest Man Alive ဖြစ်လာဖို့ သတင်းထွက်နေတဲ့ Chris Evans

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် People မဂ္ဂဇင်းဟာ အောင်မြင်ကျော်ကြားတဲ့ အမျိုးသားဆယ်လီတွေကို ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ Sexiest Man Alive ဘွဲ့ ကို နှစ်စဉ် ပေးအပ်နေကျ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွက် ဒီဘွဲ့ရဲ့ ပိုင်ရှင်ကတော့ Chris Evans ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။

Chris Evans ဟာ သူ့ရဲ့ သရုပ်ဆောင်ဘဝ အစကတည်းက “Not Another Teen Movie” ရုပ်ရှင်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းနှလုံးကို အပိုင်သိမ်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အခုချိန်မှာတော့ Steve Rogers တဖြစ်လည်း Captain America ဇာတ်ကောင်နဲ့ လူသိများကျော်ကြားပြီး အောင်မြင်မှုတွေလည်း ပိုမိုရရှိလာပါတယ်။

photo via screenrant

ပရိသတ်တွေကြားထဲမှာတော့ Chris Evans ဟာ သူ့ရဲ့ ရုပ်ရည်ချောမောပြေပြစ်မှုကြောင့်တင် မဟုတ်ဘဲ သူ့ရဲ့ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်မှုကြောင့်ပါ နာမည်ကြီးသူ ဖြစ်ပါတယ်။ Sexiest Man Alive မတိုင်ခင်တည်းက ပရိသတ်တွေကြားမှာ ချစ်စနိုးနဲ့ ပေးထားတဲ့ ဘွဲ့တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ “အမေရိကရဲ့ တင်ပါး” ဆိုတဲ့ ဘွဲ့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Avengers: Endgame ထဲမှာလည်း သူ့ရဲ့ တင်ပါးနဲ့ ပတ်သက်ပြီး ဟာသတွေ ပါဝင်ခဲ့ပါသေးတယ်။

အခုချိန်မှာတော့ Chris Evans ဟာ MCU ကနေ အနားယူသွားပြီ ဖြစ်ပေမယ့်လည်း Disney စတူဒီယိုနဲ့တော့ ဆက်လက်ပြီး အလုပ်လုပ်နေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ အသစ်ထွက်ရှိလာမယ့် ပရောဂျက်ကတော့ “Lightyear” ပဲ ဖြစ်ပြီး Toy Story ထဲက Buzz Lightyear အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Knives Out” ရုပ်ရှင်ထဲက သူ့ရဲ့ သရုပ်ဆောင်မှုကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်မံရရှိခဲ့ပါသေးတယ်။

photo via screenrant

Page Six အပါအဝင် တခြားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ Chris Evans ဟာ People မဂ္ဂဇင်းက ပေးအပ်မယ့် ၂၀၂၁ ခုနှစ်အတွက် Sexiest Man Alive ဘွဲ့ကို ရရှိဖို့ သေချာသလောက် ဖြစ်နေပြီလို့ သိရပါတယ်။ တကယ်တော့ Chris Evans ဟာ ၂၀၂၀ ခုနှစ်ကတည်းက ဒီဘွဲ့ကို ရရှိလုနီးပါး ဖြစ်ခဲ့ပြီး အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ ကိုယ်လုံးတီး ဓာတ်ပုံလို့ ယူဆရတဲ့ ပုံတစ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာတာကြောင့် ဒီဘွဲ့နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ People ဟာ ၂၀၂၁ ခုနှစ်အတွက် Sexiest Man Alive ကို တရားဝင် မကြေညာသေးပေမယ့်လည်း တခြား Category တွေကိုတော့ ကြေညာပြီးသွားပါပြီ။ အဲ့ဒါကတော့ Sexiest TV Star အနေနဲ့ Jensen Ackles ၊ Sexiest Olympian အနေနဲ့ Caeleb Dressel ၊ Sexiest Newlyweb အနေနဲ့ Justin Hartley နဲ့ Sexiest First Time Dad အနေနဲ့ Henry Golding တို့က ရရှိထားပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

နာမည္ေက်ာ္ People မဂၢဇင္းဟာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အမ်ိဳးသားဆယ္လီေတြကို ပရိသတ္ေတြရဲ့ မဲေပးမွုနဲ႔ Sexiest Man Alive ဘြဲ႕ ကို ႏွစ္စဥ္ ေပးအပ္ေနက် ျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္အတြက္ ဒီဘြဲ႕ရဲ့ ပိုင္ရွင္ကေတာ့ Chris Evans ျဖစ္လာမယ္လို႔ သတင္းထြက္ေနပါတယ္။

Chris Evans ဟာ သူ႔ရဲ့ သ႐ုပ္ေဆာင္ဘဝ အစကတည္းက “Not Another Teen Movie” ႐ုပ္ရွင္နဲ႔ မိန္းကေလးပရိသတ္ေတြရဲ့ အသည္းႏွလုံးကို အပိုင္သိမ္းယူနိုင္ခဲ့သူ ျဖစ္ပါတယ္။ ဒါ့အျပင္ အခုခ်ိန္မွာေတာ့ Steve Rogers တျဖစ္လည္း Captain America ဇာတ္ေကာင္နဲ႔ လူသိမ်ားေက်ာ္ၾကားၿပီး ေအာင္ျမင္မွုေတြလည္း ပိုမိုရရွိလာပါတယ္။

photo via screenrant

ပရိသတ္ေတြၾကားထဲမွာေတာ့ Chris Evans ဟာ သူ႔ရဲ့ ႐ုပ္ရည္ေခ်ာေမာေျပျပစ္မွုေၾကာင့္တင္ မဟုတ္ဘဲ သူ႔ရဲ့ ခႏၶာကိုယ္ ေတာင့္တင္းႀကံ့ခိုင္မွုေၾကာင့္ပါ နာမည္ႀကီးသူ ျဖစ္ပါတယ္။ Sexiest Man Alive မတိုင္ခင္တည္းက ပရိသတ္ေတြၾကားမွာ ခ်စ္စနိုးနဲ႔ ေပးထားတဲ့ ဘြဲ႕တစ္ခုလည္း ရွိပါေသးတယ္။ အဲဒါကေတာ့ “အေမရိကရဲ့ တင္ပါး” ဆိုတဲ့ ဘြဲ႕ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Avengers: Endgame ထဲမွာလည္း သူ႔ရဲ့ တင္ပါးနဲ႔ ပတ္သက္ၿပီး ဟာသေတြ ပါဝင္ခဲ့ပါေသးတယ္။

အခုခ်ိန္မွာေတာ့ Chris Evans ဟာ MCU ကေန အနားယူသြားၿပီ ျဖစ္ေပမယ့္လည္း Disney စတူဒီယိုနဲ႔ေတာ့ ဆက္လက္ၿပီး အလုပ္လုပ္ေနဆဲ ျဖစ္ပါတယ္။ သူ႔ရဲ့ အသစ္ထြက္ရွိလာမယ့္ ပေရာဂ်က္ကေတာ့ “Lightyear” ပဲ ျဖစ္ၿပီး Toy Story ထဲက Buzz Lightyear အေၾကာင္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ “Knives Out” ႐ုပ္ရွင္ထဲက သူ႔ရဲ့ သ႐ုပ္ေဆာင္မွုေၾကာင့္လည္း ပရိသတ္ေတြရဲ့ အားေပးမွုကို ထပ္မံရရွိခဲ့ပါေသးတယ္။

photo via screenrant

Page Six အပါအဝင္ တျခားသတင္းဌာနေတြရဲ့ ေဖာ္ျပခ်က္အရ Chris Evans ဟာ People မဂၢဇင္းက ေပးအပ္မယ့္ ၂၀၂၁ ခုႏွစ္အတြက္ Sexiest Man Alive ဘြဲ႕ကို ရရွိဖို႔ ေသခ်ာသေလာက္ ျဖစ္ေနၿပီလို႔ သိရပါတယ္။ တကယ္ေတာ့ Chris Evans ဟာ ၂၀၂၀ ခုႏွစ္ကတည္းက ဒီဘြဲ႕ကို ရရွိလုနီးပါး ျဖစ္ခဲ့ၿပီး အဲ့ဒီအခ်ိန္မွာပဲ သူ႔ရဲ့ ကိုယ္လုံးတီး ဓာတ္ပုံလို႔ ယူဆရတဲ့ ပုံတစ္ပုံဟာ ဆိုရွယ္မီဒီယာေပၚမွာ ထြက္ေပၚလာတာေၾကာင့္ ဒီဘြဲ႕နဲ႔ လြဲေခ်ာ္ခဲ့ရတာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ People ဟာ ၂၀၂၁ ခုႏွစ္အတြက္ Sexiest Man Alive ကို တရားဝင္ မေၾကညာေသးေပမယ့္လည္း တျခား Category ေတြကိုေတာ့ ေၾကညာၿပီးသြားပါၿပီ။ အဲ့ဒါကေတာ့ Sexiest TV Star အေနနဲ႔ Jensen Ackles ၊ Sexiest Olympian အေနနဲ႔ Caeleb Dressel ၊ Sexiest Newlyweb အေနနဲ႔ Justin Hartley နဲ႔ Sexiest First Time Dad အေနနဲ႔ Henry Golding တို႔က ရရွိထားပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular