HomeEntertainmentFilmတစ်ခဲနက်အားပေးမှုတွေ ရရှိနေတဲ့ ကိုရီးယား horror စီးရီး Kingdom 

တစ်ခဲနက်အားပေးမှုတွေ ရရှိနေတဲ့ ကိုရီးယား horror စီးရီး Kingdom 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယခုနောက်ပိုင်းမှာ ကိုရီးယားဇာတ်လမ်းတွဲတွေဟာ ဒရာမာသီးသန့်မဟုတ်တော့ဘဲ horror ဘက်မှာပါ ပရိသတ်ကို ဆွဲဆောင်လာနိုင်ပါတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ ကျောချမ်းစရာကောင်းတဲ့ horror စီးရီးများစွာ ထွက်ရှိခဲ့တဲ့အထဲက လက်ရှိမှာ ပရိသတ်တွေ တစ်ခဲနက်အားပေးကြည့်ရှုနေကြတာကတော့ Kingdom လို့ခေါ်တဲ့ စီးရီး ဖြစ်ပါတယ်။

ဒီစီးရီးဟာ Netflix ရဲ့ original စီးရီးတစ်ခုဖြစ်ပြီး Season 1 ကတော့ ၂၀၁၉ခုနှစ် ဇန်နဝါရီလတည်းက ထွက်ရှိထားခဲ့တာပါ။ ဒီစီးရီးဟာ The Kingdom of the Gods လို့ခေါ်တဲ့ Kim Eun Hee ရဲ့ ဝက်ဘ်ကာတွန်းစီးရီးကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အခုဆိုရင် Season 2 ပါ ထွက်ရှိလာခဲ့ပြီဖြစ်လို့ မကြည့်ရသေးရင် တစ်ဆက်တည်း ကြည့်ရမယ့်အချိန်အခါ ဖြစ်ပါတယ်။

©Netflix

ဇာတ်လမ်းကတော့ ဂျိုဆွန်းခေတ်အလယ်ပိုင်း ၁၃၉၂ခုနှစ်နဲ့ ၁၈၉၇ခုနှစ်ကြားမှာ အခြေတည်ထားပါတယ်။ ဂျိုဆွန်းခေတ်ဟာ အာဏာကို သွေးနဲ့သွန်းလောင်းထားပြီး အပြိုင်အဆိုင်တွေကြားထဲမှာ အုပ်ချုပ်၊ မင်းလုပ်ရတဲ့အကြောင်းကိုတော့ ကိုရီးယားနန်းတွင်းဒရာမာ ပရိသတ်တွေဆိုရင် သိထားပြီးသား ဖြစ်မှာပါ။ ဒီဇာတ်လမ်းမှာတော့ အမျိုးအမည်မသိတဲ့ ကပ်ရောဂါတစ်ခုက နိုင်ငံတွင်းမှာ ပျံ့နှံ့ဖြစ်ပွားလာပြီး တစ်ဖက်မှာလည်း နိုင်ငံတွင်းက ဆူပူအုံကြွသူတွေဟာ အိမ်ရှေ့မင်းသား ယီချန်းကို ပစ်မှတ်အဖြစ် သတ်မှတ်လာကြပါတယ်။ အိမ်ရှေ့မင်းသားရဲ့ ဖခမည်းတော်ဖြစ်တဲ့ မင်းကြီးကိုယ်တိုင်က သေနေပြီးသားလူတစ်ယောက်လို့ ကောလာဟလတွေ ထွက်လာရုံသာမက ရောဂါအဆန်းကြီးက ကြောက်စရာတစ်ခုအဖြစ် ပြောင်းလဲလာတဲ့အခါမှာတော့ အိမ်ရှေ့မင်းသားဟာ ရောဂါရဲ့ဇာစ်မြစ်ကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ ဇွန်ဘီအဖြစ် ပြောင်းလဲသွားတဲ့ လူသားတွေနဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ ဘယ်လိုကြက်သီးမွေးညင်းထစရာတွေ ခံစားရမလည်းဆိုတာကိုတော့  ကိုယ်တိုင် ခံစားကြည့်လိုက်ပါ။

©Netflix

သရုပ်ဆောင်တွေကတော့ မင်းသားချော Ju Ji-hoon နဲ့ မင်းသမီး Bae Doona တို့က ခေါင်းဆောင်ပါဝင်ထားပြီး Ryu Seung-ryong ၊ Kim Sang-ho ၊ Suk-ho Jun နဲ့ အခြားသော နာမည်ကျော်ဇာတ်ပို့များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ IMDb rating (8.3) ရရှိထားတဲ့ စီးရီးတစ်ခု ဖြစ်တာမို့ အထူးအထွေ ညွှန်းမနေတော့ဘဲ မကြည့်ရသေးရင် ကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

LaNina

(Zawgyi Version)

ယခုေနာက္ပိုင္းမွာ ကိုရီးယားဇာတ္လမ္းတြဲေတြဟာ ဒရာမာသီးသန႔္မဟုတ္ေတာ့ဘဲ horror ဘက္မွာပါ ပရိသတ္ကို ဆြဲေဆာင္လာႏိုင္ပါတယ္။ ဒီဘက္ႏွစ္ပိုင္းေတြမွာ ေက်ာခ်မ္းစရာေကာင္းတဲ့ horror စီးရီးမ်ားစြာ ထြက္ရွိခဲ့တဲ့အထဲက လက္ရွိမွာ ပရိသတ္ေတြ တစ္ခဲနက္အားေပးၾကည့္ရႈေနၾကတာကေတာ့ Kingdom လို႔ေခၚတဲ့ စီးရီး ျဖစ္ပါတယ္။

ဒီစီးရီးဟာ Netflix ရဲ႕ original စီးရီးတစ္ခုျဖစ္ၿပီး Season 1 ကေတာ့ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလတည္းက ထြက္ရွိထားခဲ့တာပါ။ ဒီစီးရီးဟာ The Kingdom of the Gods လို႔ေခၚတဲ့ Kim Eun Hee ရဲ႕ ဝက္ဘ္ကာတြန္းစီးရီးကို အေျခခံ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အခုဆိုရင္ Season 2 ပါ ထြက္ရွိလာခဲ့ၿပီျဖစ္လို႔ မၾကည့္ရေသးရင္ တစ္ဆက္တည္း ၾကည့္ရမယ့္အခ်ိန္အခါ ျဖစ္ပါတယ္။

©Netflix

ဇာတ္လမ္းကေတာ့ ဂ်ိဳဆြန္းေခတ္အလယ္ပိုင္း ၁၃၉၂ခုႏွစ္နဲ႔ ၁၈၉၇ခုႏွစ္ၾကားမွာ အေျခတည္ထားပါတယ္။ ဂ်ိဳဆြန္းေခတ္ဟာ အာဏာကို ေသြးနဲ႔သြန္းေလာင္းထားၿပီး အၿပိဳင္အဆိုင္ေတြၾကားထဲမွာ အုပ္ခ်ဳပ္၊ မင္းလုပ္ရတဲ့အေၾကာင္းကိုေတာ့ ကိုရီးယားနန္းတြင္းဒရာမာ ပရိသတ္ေတြဆိုရင္ သိထားၿပီးသား ျဖစ္မွာပါ။ ဒီဇာတ္လမ္းမွာေတာ့ အမ်ိဳးအမည္မသိတဲ့ ကပ္ေရာဂါတစ္ခုက ႏိုင္ငံတြင္းမွာ ပ်ံ႕ႏွံ႔ျဖစ္ပြားလာၿပီး တစ္ဖက္မွာလည္း ႏိုင္ငံတြင္းက ဆူပူအုံႂကြသူေတြဟာ အိမ္ေရွ႕မင္းသား ယီခ်န္းကို ပစ္မွတ္အျဖစ္ သတ္မွတ္လာၾကပါတယ္။ အိမ္ေရွ႕မင္းသားရဲ႕ ဖခမည္းေတာ္ျဖစ္တဲ့ မင္းႀကီးကိုယ္တိုင္က ေသေနၿပီးသားလူတစ္ေယာက္လို႔ ေကာလာဟလေတြ ထြက္လာ႐ုံသာမက ေရာဂါအဆန္းႀကီးက ေၾကာက္စရာတစ္ခုအျဖစ္ ေျပာင္းလဲလာတဲ့အခါမွာေတာ့ အိမ္ေရွ႕မင္းသားဟာ ေရာဂါရဲ႕ဇာစ္ျမစ္ကို ေဖာ္ထုတ္ဖို႔ ႀကိဳးစားရပါေတာ့တယ္။ ဇြန္ဘီအျဖစ္ ေျပာင္းလဲသြားတဲ့ လူသားေတြနဲ႔ ႏိုင္ငံေရးအရႈပ္အေထြးေတြၾကားမွာ ဘယ္လိုၾကက္သီးေမြးညင္းထစရာေတြ ခံစားရမလည္းဆိုတာကိုေတာ့  ကိုယ္တိုင္ ခံစားၾကည့္လိုက္ပါ။

©Netflix

သ႐ုပ္ေဆာင္ေတြကေတာ့ မင္းသားေခ်ာ Ju Ji-hoon နဲ႔ မင္းသမီး Bae Doona တို႔က ေခါင္းေဆာင္ပါဝင္ထားၿပီး Ryu Seung-ryong ၊ Kim Sang-ho ၊ Suk-ho Jun နဲ႔ အျခားေသာ နာမည္ေက်ာ္ဇာတ္ပို႔မ်ားစြာက ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။ IMDb rating (8.3) ရရွိထားတဲ့ စီးရီးတစ္ခု ျဖစ္တာမို႔ အထူးအေထြ ၫႊန္းမေနေတာ့ဘဲ မၾကည့္ရေသးရင္ ၾကည့္လိုက္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

LaNina

 

RELATED ARTICLES

Most Popular