HomeCelebs Update NewsInternationalချစ်သူတွေ ဖြစ်နေကြပြီဆိုတဲ့ Kourtney Kardashian နဲ့ Travis Barker 

ချစ်သူတွေ ဖြစ်နေကြပြီဆိုတဲ့ Kourtney Kardashian နဲ့ Travis Barker 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kourtney Kardashian နဲ့ Travis Barker တို့ဟာ ချစ်သူတွေ ဖြစ်နေကြပြီလို့ နီးစပ်တဲ့ အတွင်းသတင်းတစ်ခုက ဖော်ပြချက်အရ သိရပါတယ်။

အသက်(၄၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Kourtney နဲ့ အသက်(၄၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Travis တို့ဟာ Kourtney ရဲ့မိခင် Kris Jenner ရဲ့အိမ်ရှိရာ ကယ်လီဖိုးနီးယားပြည်နယ် Palm Springs က နေအိမ်မှာ ပြီးခဲ့တဲ့ ပိတ်ရက်တုန်းက အတူတူ အချိန်ကုန်ဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

Photo: kourtneykardashian/ Instagram

Keeping Up With The Kardashians စတား Kourtney နဲ့ Blink-182 ရဲ့ ဒရမ်သမား Travis တို့ဟာ အဲ့ဒီနေအိမ်က နောက်ဘက် ရှုခင်းပုံရိပ်ကို ပြီးခဲ့တဲ့ စနေနေ့တုန်းက သူတို့ရဲ့အင်စတာဂရမ်အကောင့်မှာ အသီးသီး တင်လိုက်ကြတာ ဖြစ်ပါတယ်။

“သူတို့နှစ်ယောက်ဟာ Palm Springs မှာ အတူတူ ရှိနေကြပါတယ်။ သူတို့တွဲနေကြတာ တစ်လ၊ နှစ်လလောက် ရှိနေပါပြီ။ သူတို့ဟာ မိတ်ဆွေတွေအဖြစ် နေထိုင်လာကြတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ဒါပေမယ့် အခုတော့ ချစ်သူတွေအဖြစ်ကို ပြောင်းလဲသွားကြတာပါ။ အခုချိန်မှာတော့ Travis ဟာ သူမကို သိပ်ပြီးနှစ်သက်နေတာပါ … ” လို့ နီးစပ်တဲ့ အတွင်းသတင်းတစ်ခုက People မဂ္ဂဇင်းကို ပြောကြားထားတယ်လို့ သိရပါတယ်။

Photo: travisbarker/ Instagram

ဒီသတင်းနဲ့ ပတ်သက်ပြီး Travis ရဲ့ ကိုယ်စားလှယ်ကို ဆက်သွယ်မေးမြန်းထားရာမှာ မှတ်ချက်တစ်စုံတစ်ရာတော့ ပြန်လည်ပြောကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ Kourtney နဲ့ Travis တို့ဟာ တစ်ဦးနဲ့တစ်ဦး ရင်းနှှီးသိကျွမ်းလာကြတာ နှစ်တွေ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ Calabasas မှာ နေထိုင်ကြတဲ့ အိမ်နီးချင်းတွေလည်း ဖြစ်ပါတယ်။

ဒါတင်မက မကြာသေးခင်ကပဲ Travis ဟာ Keeping Up With The Kardashians show မှာ ဧည့်သည်အဖြစ် ခဏလောက် ပါဝင်ပေးခဲ့ပါသေးတယ်။ သူတို့နှစ်ဦးဟာ လော့စ်အိန်ဂျလိစ် ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလိုပဲ အတူတူတွဲပြီး တွေ့ရလေ့ ရှိသူတွေလည်း ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်တုန်းကလည်း နှစ်ယောက်ကြားမှာ အချစ်ဇာတ်လမ်းတွေ ဖြစ်ပေါ်နေတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ဖူးပေမယ့် Travis ဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။

Photo: kourtneykardashian/ Instagram

Travis အနေနဲ့ Kourtney ကိုရော၊ သူမရဲ့ မိသားစုကိုပါ အလွန်တရာ ချစ်ခင်မြတ်နိုးပေမယ့် အဖြူထည်သာ ဖြစ်တယ်လို့လည်း People နဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါသေးတယ်။ “ကျွန်တော် ပြောချင်တာကတော့ Kourtney ကို အသေချစ်ပါတယ်။ သူမရဲ့မိသားစုကိုလည်း တကယ် အသေချစ်ပါတယ်။ ဒါပေမယ့် မိတ်ဆွေတွေအနေနဲ့ပဲ ချစ်တာပါ … ” လို့ ပြောခဲ့ဖူးပါတယ်။

Linda December

Source: people

(Zawgyi Version)

Kourtney Kardashian နဲ႔ Travis Barker တို႔ဟာ ခ်စ္သူေတြ ျဖစ္ေနၾကၿပီလို႔ နီးစပ္တဲ့ အတြင္းသတင္းတစ္ခုက ေဖာ္ျပခ်က္အရ သိရပါတယ္။

အသက္(၄၁)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Kourtney နဲ႔ အသက္(၄၅)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Travis တို႔ဟာ Kourtney ရဲ႕မိခင္ Kris Jenner ရဲ႕အိမ္ရွိရာ ကယ္လီဖိုးနီးယားျပည္နယ္ Palm Springs က ေနအိမ္မွာ ၿပီးခဲ့တဲ့ ပိတ္ရက္တုန္းက အတူတူ အခ်ိန္ကုန္ဆုံးခဲ့ၾကတာ ျဖစ္ပါတယ္။

Photo: kourtneykardashian/ Instagram

Keeping Up With The Kardashians စတား Kourtney နဲ႔ Blink-182 ရဲ႕ ဒရမ္သမား Travis တို႔ဟာ အဲ့ဒီေနအိမ္က ေနာက္ဘက္ ရႈခင္းပုံရိပ္ကို ၿပီးခဲ့တဲ့ စေနေန႔တုန္းက သူတို႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ အသီးသီး တင္လိုက္ၾကတာ ျဖစ္ပါတယ္။

“သူတို႔ႏွစ္ေယာက္ဟာ Palm Springs မွာ အတူတူ ရွိေနၾကပါတယ္။ သူတို႔တြဲေနၾကတာ တစ္လ၊ ႏွစ္လေလာက္ ရွိေနပါၿပီ။ သူတို႔ဟာ မိတ္ေဆြေတြအျဖစ္ ေနထိုင္လာၾကတာ ႏွစ္ေပါင္း မနည္းေတာ့ပါဘူး။ ဒါေပမယ့္ အခုေတာ့ ခ်စ္သူေတြအျဖစ္ကို ေျပာင္းလဲသြားၾကတာပါ။ အခုခ်ိန္မွာေတာ့ Travis ဟာ သူမကို သိပ္ၿပီးႏွစ္သက္ေနတာပါ … ” လို႔ နီးစပ္တဲ့ အတြင္းသတင္းတစ္ခုက People မဂၢဇင္းကို ေျပာၾကားထားတယ္လို႔ သိရပါတယ္။

Photo: travisbarker/ Instagram

ဒီသတင္းနဲ႔ ပတ္သက္ၿပီး Travis ရဲ႕ ကိုယ္စားလွယ္ကို ဆက္သြယ္ေမးျမန္းထားရာမွာ မွတ္ခ်က္တစ္စုံတစ္ရာေတာ့ ျပန္လည္ေျပာၾကားျခင္း မရွိေသးဘူးလို႔ သိရပါတယ္။ Kourtney နဲ႔ Travis တို႔ဟာ တစ္ဦးနဲ႔တစ္ဦး ရင္းႏွွီးသိကြၽမ္းလာၾကတာ ႏွစ္ေတြ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးစလုံးဟာ ကယ္လီဖိုးနီးယားျပည္နယ္၊ Calabasas မွာ ေနထိုင္ၾကတဲ့ အိမ္နီးခ်င္းေတြလည္း ျဖစ္ပါတယ္။

ဒါတင္မက မၾကာေသးခင္ကပဲ Travis ဟာ Keeping Up With The Kardashians show မွာ ဧည့္သည္အျဖစ္ ခဏေလာက္ ပါဝင္ေပးခဲ့ပါေသးတယ္။ သူတို႔ႏွစ္ဦးဟာ ေလာ့စ္အိန္ဂ်လိစ္ ပတ္ဝန္းက်င္မွာ မၾကာခဏဆိုသလိုပဲ အတူတူတြဲၿပီး ေတြ႕ရေလ့ ရွိသူေတြလည္း ျဖစ္ပါတယ္။ ၂၀၁၉ခုႏွစ္တုန္းကလည္း ႏွစ္ေယာက္ၾကားမွာ အခ်စ္ဇာတ္လမ္းေတြ ျဖစ္ေပၚေနတယ္လို႔ ေကာလာဟလေတြ ထြက္ခဲ့ဖူးေပမယ့္ Travis ဘက္ကေတာ့ ျငင္းဆိုခဲ့ပါတယ္။

Photo: kourtneykardashian/ Instagram

Travis အေနနဲ႔ Kourtney ကိုေရာ၊ သူမရဲ႕ မိသားစုကိုပါ အလြန္တရာ ခ်စ္ခင္ျမတ္ႏိုးေပမယ့္ အျဖဴထည္သာ ျဖစ္တယ္လို႔လည္း People နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ဖူးပါေသးတယ္။ “ကြၽန္ေတာ္ ေျပာခ်င္တာကေတာ့ Kourtney ကို အေသခ်စ္ပါတယ္။ သူမရဲ႕မိသားစုကိုလည္း တကယ္ အေသခ်စ္ပါတယ္။ ဒါေပမယ့္ မိတ္ေဆြေတြအေနနဲ႔ပဲ ခ်စ္တာပါ … ” လို႔ ေျပာခဲ့ဖူးပါတယ္။

Linda December

Source: people

 

RELATED ARTICLES

Most Popular