HomeCelebs Update NewsInternationalလက်ထပ်သွားကြပြီဖြစ်တဲ့ Kourtney Kardashian နဲ့ Travis Barker တို့စုံတွဲ

လက်ထပ်သွားကြပြီဖြစ်တဲ့ Kourtney Kardashian နဲ့ Travis Barker တို့စုံတွဲ

Kourtney Kardashian နဲ့ Travis Barker တို့ကတော့ တရားဝင် လက်ထပ် ထိမ်းမြားလိုက်ပြီလို့ သိရပါတယ်။

အသက်(၄၂)နှစ်အရွယ် Kourtney နဲ့ အသက်(၄၆)နှစ်အရွယ် Travis တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ(၄)ရက်နေ့မှာပဲ လက်စ်ဗေးဂက်မြို့က ဘုရားကျောင်းမှာ ထိမ်းမြားမင်္ဂလာ ပြုလုပ်လိုက်တာလို့ TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါ့အပြင် ထူးခြားတာတစ်ခုကတော့ မင်္ဂလာမောင်နှံဟာ သူတို့နှစ်ဦးကို ဘိသိက်မြောက် လက်ထပ်မင်္ဂလာပြုပေးမယ့်သူကို Elvis Presley ပုံစံ ဝတ်စားဆင်ယင်စေပြီး ချီးမြှောက်စေခဲ့တာပဲ ဖြစ်ပါတယ်။

Photo: kourtneykadash/ Instagram

ဒါဟာ ဧပြီလ(၃)ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ဂရမ်မီဆုပေးပွဲအပြီး နောက်တစ်ရက်မှာ ထိမ်းမြားလိုက်ကြတာလည်း ဖြစ်ပါတယ်။ မင်္ဂလာမောင်နှံကတော့ မင်္ဂလာခမ်းမထဲကို သူတို့ရဲ့ ကိုယ်ပိုင်ဓာတ်ပုံဆရာနဲ့ လုံခြုံရေးတွေကိုပါ ခေါ်လာတယ်လို့ သိရပါတယ်။ ဟောလိဝုဒ်ရဲ့ နာမည်ကြီးစုံတွဲတစ်တွဲ ဖြစ်တာကြောင့် သူတို့ရဲ့ ယခုလို ပျော်ရွှင်စရာ အခိုက်အတန့်ကို ဒီလောက်နဲ့တော့ ကျေနပ်ကြဦးမှာ မဟုတ်ပါဘူး။ အထူးသဖြင့် Kardashian တစ်ယောက် ဖြစ်တာနဲ့အညီ Kourtney ဟာ သူမရဲ့ မင်္ဂလာပွဲကို သေချာပေါက် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ပွဲတွေနဲ့ ကျင်းပဦးမှာပါပဲ။

Photo: kourtneykadash/ Instagram

Kourtney နဲ့ Travis တို့ဟာ ချစ်သူသက်တမ်း တစ်နှစ်မပြည့်ခင်မှာပဲ စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ သူတို့နှစ်ဦးဟာ ယခင်တည်းက သိပ်ကိုစိတ်ချင်း နီးစပ်ကြတဲ့ မိတ်ဆွေတွေအဖြစ် ခင်မင်ရင်းနှီးလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အတွင်းသတင်းတွေအရ သူတို့နှစ်ဦးဟာ တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေ ရှိလာခဲ့ကြတာ ကြာပြီဖြစ်ပေမယ့် အချိန်ကိုက် မဟုတ်ခဲ့တာကြောင့် ယခင်က လက်တွဲခွင့် မရခဲ့ကြတာလို့ ဆိုပါတယ်။

Photo: kourtneykadash/ Instagram

Kourtney ကတော့ သူမရဲ့ချစ်သူဟောင်း Scott Discik နဲ့ ကလေးသုံးယောက် ရထားပြီး Travis ကတော့ ချစ်သူဟောင်း Shanna နဲ့ ကလေးနှစ်ယောက် ထွန်းကားထားကာ မွေးစားထားတဲ့ ကလေးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒါ့အပြင် မင်္ဂလာမောင်နှံကတော့ သူတို့ရဲ့ နှစ်ဖက်မိသားစုတွေ အားလုံးကို စုစည်းသွားစေဖို့ ကလေးတစ်ယောက်လောက် ထပ်ယူဖို့လည်း အစီအစဉ် ရှိသေးတယ်လို့ ဆိုပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular