HomeCelebs Update NewsInternationalခ်စ္သူသက္တမ္း ႏွစ္ႏွစ္ခြဲအၾကာမွာ လမ္းခြဲလိုက္ၾကၿပီဆိုတဲ့ Kylie Jenner နဲ႔ Travis Scott

ခ်စ္သူသက္တမ္း ႏွစ္ႏွစ္ခြဲအၾကာမွာ လမ္းခြဲလိုက္ၾကၿပီဆိုတဲ့ Kylie Jenner နဲ႔ Travis Scott

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Kylie Jenner နဲ႔ Travis Scott တို႔ဟာ သိပ္ခ်စ္ၾကတဲ့ ခ်စ္သူႏွစ္ေယာက္လို႔ ထင္ရၿပီး ခုိင္ၿမဲတဲ့ အခ်စ္ခရီးလမ္းကို ထူေထာင္ႏိုင္မယ္လို႔ အမ်ားက ေမွ်ာ္လင့္ေနၾကေပမယ့္ လက္ရိွမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ေက်ာခိုင္းလိုက္ၾကၿပီလို႔ သိရပါတယ္။

ဘယ္သူမွ ႀကိဳထင္မထားတဲ့ လမ္းခြဲသတင္းတစ္ခု ထြက္ေပၚလာျပန္ပါၿပီ။ Kylie နဲ႔ Travis တို႔ဟာ သူတို႔ရဲ႕ ႏွစ္ႏွစ္ခြဲနီးပါး ရိွေနၿပီျဖစ္တဲ့ ခ်စ္သူသက္တမ္းကို ရပ္တန္႔ပစ္လိုက္ၾကၿပီလို႔ သိရပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ လြန္ခဲ့တဲ့ ၾသဂုတ္လကပဲ အီတလီက အယ္လ္မာဖီကမ္းရိုးတန္းမွာ ဇိမ္ခံရြက္ေလွနဲ႔ ရြက္လႊင့္ၿပီး Kylie ရဲ႕ (၂၂)ႏွစ္ေျမာက္ေမြးေန႔ကို ရိုမန္႔တစ္ဆန္ဆန္ က်င္းပခဲ့ၾကေသးတာပါ။ သို႔ေပမယ့္ TMZ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ႏွစ္ေယာက္ၾကားက ဆက္ဆံေရးဟာ ရုတ္တရက္ဆိုသလို ေျပာင္းလဲသြားခဲ့ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ေက်ာခိုင္းခဲ့ၾကတာ ရက္သတၱပတ္အနည္းငယ္ ရိွေနၿပီလို႔ သိရပါတယ္။

Kylie နဲ႔ Travis တို႔ လူထုေရွ႕ကို ေနာက္ဆုံးထြက္ျပၿပီး အတူဓာတ္ပုံတြဲရိုက္ခဲ့တာကေတာ့ ၾသဂုတ္လ(၂၇)ရက္ေန႔ Netflix ရဲ႕ Look Mom, I Can Fly မွတ္တမ္းတင္ရုပ္ရွင္ အထူးပြဲတုန္းကပါ။ အဲ့ဒီ့တုန္းကလည္း ႏွစ္ေယာက္တည္း မဟုတ္ဘဲ သူတို႔ရဲ႕သမီးေလး Stormi ပါ ပါ၀င္ခဲ့ပါေသးတယ္။ စက္တင္ဘာလ(၃၀)ရက္ေန႔က က်င္းပခဲ့တဲ့ Justin Bieber နဲ႔ Hailey Baldwin တို႔ရဲ႕ South Carolina က မဂၤလာဧည့္ခံပြဲကို တက္ေရာက္လာတုန္းကလည္း Kylie နဲ႔ သမီးေလး Stormi ႏွစ္ေယာက္တည္းသာ ျဖစ္ၿပီး Travis က တက္ေရာက္ခဲ့ျခင္း မရိွပါဘူး။

သူတို႔ႏွစ္ေယာက္အေနနဲ႔ ျပတ္ဖူးတာ ဒါက ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ အရင္တစ္ေခါက္တုနး္ကလည္း အဆင္ေျပေအာင္ ျပန္လည္ညိွႏိႈင္းႏိုင္ခဲ့ၿပီး ေရႊလက္ျပန္တြဲႏိုင္ခဲ့တာေၾကာင့္ အခုတစ္ခါမွာလည္း ျပန္အဆင္ေျပသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Photo: kyliejenner/ Instagram

Kylie နဲ႔ Travis တို႔ စေတြ႕ခဲ့ၾကတာကေတာ့ ၂၀၁၇ခုႏွစ္ ဧၿပီလမွာ က်င္းပခဲ့တဲ့ Coachella ပြဲမွာပါ။ အဲ့ဒီ့ေနာက္ပိုင္းကစလို႔ ႏွစ္ေယာက္အတူတူ တပူးတြဲတြဲ ေတြ႕ခဲ့ရၿပီး Travis ရဲ႕ ေဖ်ာ္ေျဖပြဲေတြကို Kylie က ေတာက္ေလွ်ာက္ လိုက္ေပးခဲ့ေတာ့တာပါ။ အက်ိဳးဆက္အေနနဲ႔ ျမန္ျမန္ဆန္ဆန္ပဲ ကိုယ္၀န္ရခဲ့ပါတယ္။ ခန္႔မွန္းေခ် ၂၀၁၇ခုႏွစ္ ေမလေလာက္မွာ ကိုယ္၀န္ရခဲ့ၿပီး ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔မွာေတာ့ သမီးေလး Stormi ကို ေမြးဖြားခဲ့ပါတယ္။ Travis ဟာ ၂၀၁၈ – ၂၀၁၉ အတြင္းမွာ ျပဳလုပ္ခဲ့တဲ့ သူ႔ရဲ႕ Astroworld Tour မွာလည္း Kylie ကို “မိန္းမ” ဆိုတာက ပါးစပ္က မခ်ဘဲ ေတာက္ေလွ်ာက္ ခ်စ္ျပေနခဲ့တာ ျဖစ္ပါတယ္။

Kylie ကို ေၾကြတဲ့အေၾကာင္းေတြကိုလည္း ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလမွာ ျပဳလုပ္ခဲ့တဲ့ Rolling Stone မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ Travis က ေဖာက္သည္ခ်ခဲ့ပါေသးတယ္။ “ကၽြန္ေတာ္တို႔ ကေလးႏွစ္ေယာက္လိုပဲ ေလွ်ာက္ေဂၚေနခဲ့ၾကတာေပါ့ဗ်ာ။ ပထမတစ္ပတ္ေလာက္ထိေတာ့ တြဲေနတာလား၊ အီစီကလီလားဆိုတာ မသဲကြဲေသးဘူးဗ်။ ဒုတိယအပတ္ေလာက္ ေရာက္လာေတာ့ ႏွစ္ေယာက္က အျပန္အလွန္ စကားေတြ ေျပာေနၾကတုန္းပဲ။ ေျပာစရာစကားေတြလည္း မကုန္ႏိုင္ဘူး။ အဲ့မွာ တစ္ခုကို သိသြားတယ္။ ငါ့ဘ၀ကို ေရွ႕ဆက္ဖို႔ သူ႔ကိုလိုအပ္တယ္။ ငါလိုအပ္ေနတာ သူပဲဆိုၿပီး သိသြားတယ္။ ကၽြန္ေတာ္တို႔ မၾကာခင္မွာ လက္ထပ္ၾကမွာပါ။ သူ႔ကို ရွယ္ကို လက္ထပ္ခြင့္ေတာင္းမွာ” လို႔ ေျဖခဲ့ဖူးပါတယ္။

Photo: kyliejenner/ Instagram

Kylie ကလည္း ႏွစ္ေယာက္တစ္ဘ၀မွာ ဘယ္ေလာက္ေပ်ာ္ရေၾကာင္း ၾကြားခဲ့ပါေသးတယ္။ အဲ့ဒါကေတာ့ စက္တင္ဘာလ(၁၃)ရက္ေန႔ကမွ ပူပူေႏြးေႏြး ျပဳလုပ္ထားတဲ့ ပေလးဘိြဳင္းမဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျဖထားတာပါ။ “ကၽြန္မတို႔ႏွစ္ေယာက္လုံး နားတဲ့ရက္ေတြဆိုရင္ Stormi ေလးနဲ႔ တစ္ေနကုန္ ေဆာ့ၾကတယ္။ သုံးေယာက္သား ေပ်ာ္စရာႀကီး။ ေရလည္း အရမ္းကူးၾကတယ္။ Stormi က ေရကူးတာႀကိဳက္ေတာ့ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ေရကူးၾကတယ္။ ဒါမွမဟုတ္ သူ႔အခန္းမွာ သြားေဆာ့ေပးတယ္။ မဟုတ္ရင္လည္း အျပင္မွာ ေန႔လယ္စာ ထြက္စားၾကတယ္။ Stormi အိပ္သြားၿပီဆိုရင္ေတာ့ TV ပဲ ထိုင္ၾကည့္ေနၾကေတာ့တာ။ ရုပ္ရွင္ၾကည့္တဲ့ အခန္းထဲမွာပဲ အခ်ိန္ကုန္ေနတာလည္း မ်ားတယ္။ ရုပ္ရွင္ဇာတ္ကားေတြ၊ စီးရီးေတြ ေတာေတာ္မ်ားမ်ား ထိုင္ၾကည့္ၾကတယ္။ ဘာကားၾကည့္မယ္ဆိုၿပီး လုရင္းနဲ႔ ရန္သတ္ရတာလည္း ခဏခဏပဲ။ ကၽြန္မတို႔ အၿမဲတမ္း ေပ်ာ္ေနရပါတယ္။ ရယ္ရယ္ေမာေမာ ေနရင္ေန၊ မဟုတ္ရင္လည္း ေလးေလးနက္နက္ စကားေျပာတဲ့အခါေတြလည္း ရိွတယ္” လို႔ ဆိုထားပါတယ္။

ေရွ႕ဆက္ၿပီး ျပန္အဆင္ေျပသြားၾကမွာလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါပဲ။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Kylie Jenner နဲ့ Travis Scott တို့ဟာ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်လို့ ထင်ရပြီး ခိုင်မြဲတဲ့ အချစ်ခရီးလမ်းကို ထူထောင်နိုင်မယ်လို့ အများက မျှော်လင့်နေကြပေမယ့် လက်ရှိမှာတော့ တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းလိုက်ကြပြီလို့ သိရပါတယ်။

ဘယ်သူမှ ကြိုထင်မထားတဲ့ လမ်းခွဲသတင်းတစ်ခု ထွက်ပေါ်လာပြန်ပါပြီ။ Kylie နဲ့ Travis တို့ဟာ သူတို့ရဲ့ နှစ်နှစ်ခွဲနီးပါး ရှိနေပြီဖြစ်တဲ့ ချစ်သူသက်တမ်းကို ရပ်တန့်ပစ်လိုက်ကြပြီလို့ သိရပါတယ်။ သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ သြဂုတ်လကပဲ အီတလီက အယ်လ်မာဖီကမ်းရိုးတန်းမှာ ဇိမ်ခံရွက်လှေနဲ့ ရွက်လွှင့်ပြီး Kylie ရဲ့ (၂၂)နှစ်မြောက်မွေးနေ့ကို ရိုမန့်တစ်ဆန်ဆန် ကျင်းပခဲ့ကြသေးတာပါ။ သို့ပေမယ့် TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းခဲ့ကြတာ ရက်သတ္တပတ်အနည်းငယ် ရှိနေပြီလို့ သိရပါတယ်။

Kylie နဲ့ Travis တို့ လူထုရှေ့ကို နောက်ဆုံးထွက်ပြပြီး အတူဓာတ်ပုံတွဲရိုက်ခဲ့တာကတော့ သြဂုတ်လ(၂၇)ရက်နေ့ Netflix ရဲ့ Look Mom, I Can Fly မှတ်တမ်းတင်ရုပ်ရှင် အထူးပွဲတုန်းကပါ။ အဲ့ဒီ့တုန်းကလည်း နှစ်ယောက်တည်း မဟုတ်ဘဲ သူတို့ရဲ့သမီးလေး Stormi ပါ ပါဝင်ခဲ့ပါသေးတယ်။ စက်တင်ဘာလ(၃၀)ရက်နေ့က ကျင်းပခဲ့တဲ့ Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ South Carolina က မင်္ဂလာဧည့်ခံပွဲကို တက်ရောက်လာတုန်းကလည်း Kylie နဲ့ သမီးလေး Stormi နှစ်ယောက်တည်းသာ ဖြစ်ပြီး Travis က တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

သူတို့နှစ်ယောက်အနေနဲ့ ပြတ်ဖူးတာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အရင်တစ်ခေါက်တုန်းကလည်း အဆင်ပြေအောင် ပြန်လည်ညှိနှိုင်းနိုင်ခဲ့ပြီး ရွှေလက်ပြန်တွဲနိုင်ခဲ့တာကြောင့် အခုတစ်ခါမှာလည်း ပြန်အဆင်ပြေသွားမယ်လို့ မျှော်လင့်ရပါတယ်။

Photo: kyliejenner/ Instagram

Kylie နဲ့ Travis တို့ စတွေ့ခဲ့ကြတာကတော့ ၂၀၁၇ခုနှစ် ဧပြီလမှာ ကျင်းပခဲ့တဲ့ Coachella ပွဲမှာပါ။ အဲ့ဒီ့နောက်ပိုင်းကစလို့ နှစ်ယောက်အတူတူ တပူးတွဲတွဲ တွေ့ခဲ့ရပြီး Travis ရဲ့ ဖျော်ဖြေပွဲတွေကို Kylie က တောက်လျှောက် လိုက်ပေးခဲ့တော့တာပါ။ အကျိုးဆက်အနေနဲ့ မြန်မြန်ဆန်ဆန်ပဲ ကိုယ်ဝန်ရခဲ့ပါတယ်။ ခန့်မှန်းချေ ၂၀၁၇ခုနှစ် မေလလောက်မှာ ကိုယ်ဝန်ရခဲ့ပြီး ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှာတော့ သမီးလေး Stormi ကို မွေးဖွားခဲ့ပါတယ်။ Travis ဟာ ၂၀၁၈ – ၂၀၁၉ အတွင်းမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ Astroworld Tour မှာလည်း Kylie ကို “မိန်းမ” ဆိုတာက ပါးစပ်က မချဘဲ တောက်လျှောက် ချစ်ပြနေခဲ့တာ ဖြစ်ပါတယ်။

Kylie ကို ကြွေတဲ့အကြောင်းတွေကိုလည်း ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ Rolling Stone မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ Travis က ဖောက်သည်ချခဲ့ပါသေးတယ်။ “ကျွန်တော်တို့ ကလေးနှစ်ယောက်လိုပဲ လျှောက်ဂေါ်နေခဲ့ကြတာပေါ့ဗျာ။ ပထမတစ်ပတ်လောက်ထိတော့ တွဲနေတာလား၊ အီစီကလီလားဆိုတာ မသဲကွဲသေးဘူးဗျ။ ဒုတိယအပတ်လောက် ရောက်လာတော့ နှစ်ယောက်က အပြန်အလှန် စကားတွေ ပြောနေကြတုန်းပဲ။ ပြောစရာစကားတွေလည်း မကုန်နိုင်ဘူး။ အဲ့မှာ တစ်ခုကို သိသွားတယ်။ ငါ့ဘဝကို ရှေ့ဆက်ဖို့ သူ့ကိုလိုအပ်တယ်။ ငါလိုအပ်နေတာ သူပဲဆိုပြီး သိသွားတယ်။ ကျွန်တော်တို့ မကြာခင်မှာ လက်ထပ်ကြမှာပါ။ သူ့ကို ရှယ်ကို လက်ထပ်ခွင့်တောင်းမှာ” လို့ ဖြေခဲ့ဖူးပါတယ်။

Photo: kyliejenner/ Instagram

Kylie ကလည်း နှစ်ယောက်တစ်ဘဝမှာ ဘယ်လောက်ပျော်ရကြောင်း ကြွားခဲ့ပါသေးတယ်။ အဲ့ဒါကတော့ စက်တင်ဘာလ(၁၃)ရက်နေ့ကမှ ပူပူနွေးနွေး ပြုလုပ်ထားတဲ့ ပလေးဘွိုင်းမဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေထားတာပါ။ “ကျွန်မတို့နှစ်ယောက်လုံး နားတဲ့ရက်တွေဆိုရင် Stormi လေးနဲ့ တစ်နေကုန် ဆော့ကြတယ်။ သုံးယောက်သား ပျော်စရာကြီး။ ရေလည်း အရမ်းကူးကြတယ်။ Stormi က ရေကူးတာကြိုက်တော့ အချိန်တော်တော်များများ ရေကူးကြတယ်။ ဒါမှမဟုတ် သူ့အခန်းမှာ သွားဆော့ပေးတယ်။ မဟုတ်ရင်လည်း အပြင်မှာ နေ့လယ်စာ ထွက်စားကြတယ်။ Stormi အိပ်သွားပြီဆိုရင်တော့ TV ပဲ ထိုင်ကြည့်နေကြတော့တာ။ ရုပ်ရှင်ကြည့်တဲ့ အခန်းထဲမှာပဲ အချိန်ကုန်နေတာလည်း များတယ်။ ရုပ်ရှင်ဇာတ်ကားတွေ၊ စီးရီးတွေ တောတော်များများ ထိုင်ကြည့်ကြတယ်။ ဘာကားကြည့်မယ်ဆိုပြီး လုရင်းနဲ့ ရန်သတ်ရတာလည်း ခဏခဏပဲ။ ကျွန်မတို့ အမြဲတမ်း ပျော်နေရပါတယ်။ ရယ်ရယ်မောမော နေရင်နေ၊ မဟုတ်ရင်လည်း လေးလေးနက်နက် စကားပြောတဲ့အခါတွေလည်း ရှိတယ်” လို့ ဆိုထားပါတယ်။

ရှေ့ဆက်ပြီး ပြန်အဆင်ပြေသွားကြမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါပဲ။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular