HomeCelebs Update NewsInternationalForbes ရဲ့ ဘီလျံနာစာရင်းကနေ ဖြုတ်ချခံလိုက်ရတဲ့ Kylie Jenner

Forbes ရဲ့ ဘီလျံနာစာရင်းကနေ ဖြုတ်ချခံလိုက်ရတဲ့ Kylie Jenner

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

reality TV စတားတစ်ယောက်ဖြစ်တဲ့ Kylie Jenner ဟာ တကယ့် ဘီလျံနာအစစ် မဟုတ်ဘူးပါလို့ Forbes မဂ္ဂဇင်းက ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၉ခုနှစ် မတ်လမှာ Forbes မဂ္ဂဇင်းဟာ အသက်(၂၁)နှစ်အရွယ် Kylie Jenner ကို အမေရိကန်ပြည်ထောင်စုရဲ့ အသက်အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာတစ်ယောက်အဖြစ် သတ်မှတ်ခဲ့တာပါ။ အဲ့ဒီ့နောက် တစ်နှစ်ကျော်အကြာမှာ ရှိရင်းစွဲ ချမ်းသာကြွယ်ဝမှုထက် ပိုမိုချဲ့ကားပြောဆိုတယ်၊ လိမ်ညာတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အခုလို ဘီလျံနာစာရင်းကနေ ပြန်လည်ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

Kim ၊ Khole ၊ Kourtney Kardashian တို့ရဲ့ အမေတူ၊ အဖေကွဲညီအစ်မဖြစ်တဲ့ Kylie Jenner ဟာ Kylie Cosmetics  ကုမ္ပဏီကို ၂၀၁၅ခုနှစ်မှာ စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ နှုတ်ခမ်းနီနဲ့ lip liner အတွဲလိုက်ပါဝင်တဲ့ သူမရဲ့ lip kit တစ်ဘူးကို (၂၉)ဒေါ်လာနဲ့ ရောင်းချခဲ့တာဖြစ်ပြီး ဒေါ်လာ သန်း(၆၃၀)ကျော် ရောင်းချထားရတယ်လို့ ဆိုထားပါတယ်။

Photo: kyliejenner/ Instagram

ပြီးခဲ့တဲ့နှစ်တုန်းက ဒေါ်လာ သန်း(၆၀၀)တန်ဖိုးရှိ သူမကုမ္ပဏီရဲ့ (၅၁)ရာခိုင်နှုန်းသော ရှယ်ယာတွေကို  ဧရာမ အလှကုန်ကုမ္ပဏီကြီးဖြစ်တဲ့ Coty ကို ရောင်းချခဲ့တယ်လို့ Kylie က ကြေငြာခဲ့ပါတယ်။ Kylie ရဲ့ မိသားစုစာရင်းကိုင်က Forbes ကို တင်ပြလာတဲ့ ငွေကြေးစာရင်းဇယားတွေအရ Kylie Cosmetics ကုမ္ပဏီဟာ ၂၀၁၆ခုနှစ်မှာ ဒေါ်လာသန်း(၃၀၀)ကျော်ဖိုး ရောင်းချခဲ့ရပြီး ၂၀၁၇ခုနှစ်မှာတော့ ဒေါ်လာသန်း(၃၃၀)ဖိုး ရောင်းချခဲ့ရတယ်လို့ ဆိုထားပါတယ်။

သို့ပေမယ့် Coty ကုမ္ပဏီဘက်က ပြလာတဲ့ အရောင်းအဝယ်လုပ်ပြီး သတင်းအချက်အလက်တွေအရ Kylie ရဲ့ကုမ္ပဏီဟာ သူတို့တစ်မိသားစုလုံး မီဒီယာတွေရှေ့မှာရော၊ အလှကုန်လောကမှာပါ ပြောနေသလောက် မကြီးကျယ်ဘဲ အမြတ်အစွန်းမှာလည်း သူတို့ပြောတာထက် နည်းပါးတယ်လို့ Forbes က ဆိုလိုက်ပါတယ်။

Photo: kyliejenner/ Instagram

Coty က ရင်းနှီးမြှုပ်နှံသူတွေကို ပြသတဲ့ presentation အရ Kylie ကုမ္ပဏီရဲ့ ရောင်းအားဟာ ၂၀၁၈ခုနှစ်အတွက် (၁၂၅)သန်းသာ ရှိနေပါတယ်။

“Kylie ကုမ္ပဏီက ၂၀၁၈မှာတောင် ဒေါ်လာ(၁၂၅)သန်းဖိုးပဲ ရောင်းခဲ့ရတယ်ဆိုရင် ၂၀၁၆မှာ ဘယ်လိုလုပ် ဒေါ်လာ(၃၀၇)သန်း ရောင်းရပါ့မလဲ။ ၂၀၁၇မှာရော ဒေါ်လာ သန်း(၃၃၀)ဖိုး ရောင်းရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား …” လို့ Forbes က ဆိုလာပါတယ်။

ဒါ့အပြင် Kylie ဟာ ကုမ္ပဏီရောင်းရငွေထဲက ဒေါ်လာ သန်း(၃၄၀)ကို အိတ်ထဲထည့်လိုက်တယ်လို့ Forbes က ဆိုထားပါတယ်။ အခုဆိုရင် သူမရဲ့ ငွေကြေးကြွယ်ဝမှုဟာ ဒေါ်လာ သန်း(၉၀၀)အောက်မှာပဲ ရှိနေတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

Photo: kyliejenner/ Instagram

ဒီကိစ္စနဲ့ ပတ်သက်ပြီး Kylie ကတော့ မတိကျတဲ့ စာရင်းရှင်းတမ်းနဲ့ သက်သေမပြနိုင်တဲ့ ခန့်မှန်းချက်တွေပါလို့ သူမရဲ့ Twitter စာမျက်နှာမှာ ပြန်လည်တုံ့ပြန်ထားပါတယ်။ “ကျွန်မက ဘာဘွဲ့ထူးတံဆိပ်ကိုမှ မတောင်းဆိုခဲ့ပါဘူး။ အဲ့လိုဘွဲ့တံဆိပ်တွေ ရဖို့ကိုလည်း လိမ်ညာပြီး မကြိုးစားခဲ့ပါဘူး… ” လို့ သူမရဲ့ Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။

Forbes မဂ္ဂဇင်းဟာ ပြီးခဲ့တဲ့အကြိမ်တွေတုန်းကလည်း တကယ်ရှိတာထက် ပိုချဲ့ကားပြောဆိုပြီး ဘီလျံနာဖြစ်ချင်ကြသူတွေဆိုပြီးတော့ အမေရိကန် စီးပွားရေးဝန်ကြီး Wilbur Ross နဲ့ အမေရိကန်သမ္မတ Donald Trump တို့ကို စွပ်စွဲထားပါသေးတယ်။

LaNina

Source: bbc

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

reality TV စတားတစ္ေယာက္ျဖစ္တဲ့ Kylie Jenner ဟာ တကယ့္ ဘီလ်ံနာအစစ္ မဟုတ္ဘူးပါလို႔ Forbes မဂၢဇင္းက ၿပီးခဲ့တဲ့ ေသာၾကာေန႔က ထုတ္ျပန္လိုက္ပါတယ္။

၂၀၁၉ခုႏွစ္ မတ္လမွာ Forbes မဂၢဇင္းဟာ အသက္(၂၁)ႏွစ္အ႐ြယ္ Kylie Jenner ကို အေမရိကန္ျပည္ေထာင္စုရဲ႕ အသက္အငယ္ဆုံး ကိုယ့္ထူးကိုယ္ခြၽန္ ဘီလ်ံနာတစ္ေယာက္အျဖစ္ သတ္မွတ္ခဲ့တာပါ။ အဲ့ဒီ့ေနာက္ တစ္ႏွစ္ေက်ာ္အၾကာမွာ ရွိရင္းစြဲ ခ်မ္းသာႂကြယ္ဝမႈထက္ ပိုမိုခ်ဲ႕ကားေျပာဆိုတယ္၊ လိမ္ညာတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ အခုလို ဘီလ်ံနာစာရင္းကေန ျပန္လည္ထုတ္ပယ္လိုက္တာ ျဖစ္ပါတယ္။

Kim ၊ Khole ၊ Kourtney Kardashian တို႔ရဲ႕ အေမတူ၊ အေဖကြဲညီအစ္မျဖစ္တဲ့ Kylie Jenner ဟာ Kylie Cosmetics  ကုမၸဏီကို ၂၀၁၅ခုႏွစ္မွာ စတင္ထူေထာင္ခဲ့တာ ျဖစ္ပါတယ္။ ႏႈတ္ခမ္းနီနဲ႔ lip liner အတြဲလိုက္ပါဝင္တဲ့ သူမရဲ႕ lip kit တစ္ဘူးကို (၂၉)ေဒၚလာနဲ႔ ေရာင္းခ်ခဲ့တာျဖစ္ၿပီး ေဒၚလာ သန္း(၆၃၀)ေက်ာ္ ေရာင္းခ်ထားရတယ္လို႔ ဆိုထားပါတယ္။

Photo: kyliejenner/ Instagram

ၿပီးခဲ့တဲ့ႏွစ္တုန္းက ေဒၚလာ သန္း(၆၀၀)တန္ဖိုးရွိ သူမကုမၸဏီရဲ႕ (၅၁)ရာခိုင္ႏႈန္းေသာ ရွယ္ယာေတြကို  ဧရာမ အလွကုန္ကုမၸဏီႀကီးျဖစ္တဲ့ Coty ကို ေရာင္းခ်ခဲ့တယ္လို႔ Kylie က ေၾကျငာခဲ့ပါတယ္။ Kylie ရဲ႕ မိသားစုစာရင္းကိုင္က Forbes ကို တင္ျပလာတဲ့ ေငြေၾကးစာရင္းဇယားေတြအရ Kylie Cosmetics ကုမၸဏီဟာ ၂၀၁၆ခုႏွစ္မွာ ေဒၚလာသန္း(၃၀၀)ေက်ာ္ဖိုး ေရာင္းခ်ခဲ့ရၿပီး ၂၀၁၇ခုႏွစ္မွာေတာ့ ေဒၚလာသန္း(၃၃၀)ဖိုး ေရာင္းခ်ခဲ့ရတယ္လို႔ ဆိုထားပါတယ္။

သို႔ေပမယ့္ Coty ကုမၸဏီဘက္က ျပလာတဲ့ အေရာင္းအဝယ္လုပ္ၿပီး သတင္းအခ်က္အလက္ေတြအရ Kylie ရဲ႕ကုမၸဏီဟာ သူတို႔တစ္မိသားစုလုံး မီဒီယာေတြေရွ႕မွာေရာ၊ အလွကုန္ေလာကမွာပါ ေျပာေနသေလာက္ မႀကီးက်ယ္ဘဲ အျမတ္အစြန္းမွာလည္း သူတို႔ေျပာတာထက္ နည္းပါးတယ္လို႔ Forbes က ဆိုလိုက္ပါတယ္။

Photo: kyliejenner/ Instagram

Coty က ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ျပသတဲ့ presentation အရ Kylie ကုမၸဏီရဲ႕ ေရာင္းအားဟာ ၂၀၁၈ခုႏွစ္အတြက္ (၁၂၅)သန္းသာ ရွိေနပါတယ္။

“Kylie ကုမၸဏီက ၂၀၁၈မွာေတာင္ ေဒၚလာ(၁၂၅)သန္းဖိုးပဲ ေရာင္းခဲ့ရတယ္ဆိုရင္ ၂၀၁၆မွာ ဘယ္လိုလုပ္ ေဒၚလာ(၃၀၇)သန္း ေရာင္းရပါ့မလဲ။ ၂၀၁၇မွာေရာ ေဒၚလာ သန္း(၃၃၀)ဖိုး ေရာင္းရတယ္ဆိုတာ ျဖစ္ႏိုင္ပါ့မလား …” လို႔ Forbes က ဆိုလာပါတယ္။

ဒါ့အျပင္ Kylie ဟာ ကုမၸဏီေရာင္းရေငြထဲက ေဒၚလာ သန္း(၃၄၀)ကို အိတ္ထဲထည့္လိုက္တယ္လို႔ Forbes က ဆိုထားပါတယ္။ အခုဆိုရင္ သူမရဲ႕ ေငြေၾကးႂကြယ္ဝမႈဟာ ေဒၚလာ သန္း(၉၀၀)ေအာက္မွာပဲ ရွိေနတယ္လို႔ ခန႔္မွန္းတြက္ခ်က္ထားပါတယ္။

Photo: kyliejenner/ Instagram

ဒီကိစၥနဲ႔ ပတ္သက္ၿပီး Kylie ကေတာ့ မတိက်တဲ့ စာရင္းရွင္းတမ္းနဲ႔ သက္ေသမျပႏိုင္တဲ့ ခန႔္မွန္းခ်က္ေတြပါလို႔ သူမရဲ႕ Twitter စာမ်က္ႏွာမွာ ျပန္လည္တုံ႔ျပန္ထားပါတယ္။ “ကြၽန္မက ဘာဘြဲ႕ထူးတံဆိပ္ကိုမွ မေတာင္းဆိုခဲ့ပါဘူး။ အဲ့လိုဘြဲ႕တံဆိပ္ေတြ ရဖို႔ကိုလည္း လိမ္ညာၿပီး မႀကိဳးစားခဲ့ပါဘူး… ” လို႔ သူမရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

Forbes မဂၢဇင္းဟာ ၿပီးခဲ့တဲ့အႀကိမ္ေတြတုန္းကလည္း တကယ္ရွိတာထက္ ပိုခ်ဲ႕ကားေျပာဆိုၿပီး ဘီလ်ံနာျဖစ္ခ်င္ၾကသူေတြဆိုၿပီးေတာ့ အေမရိကန္ စီးပြားေရးဝန္ႀကီး Wilbur Ross နဲ႔ အေမရိကန္သမၼတ Donald Trump တို႔ကို စြပ္စြဲထားပါေသးတယ္။

LaNina

Source: bbc

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular