HomeCelebs Update NewsInternationalInstagram မှာ follower အများဆုံး အမျိုးသမီး ဖြစ်လာတဲ့ Kylie Jenner

Instagram မှာ follower အများဆုံး အမျိုးသမီး ဖြစ်လာတဲ့ Kylie Jenner

Kylie Jenner ကတော့ နာမည်ကျော် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Instagram မှာ ဖော်လိုဝါအများဆုံး အမျိုးသမီးအဖြစ် စံချိန်တင်သွားပြီ ဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Kylie ဟာ IG မှာ ဖော်လိုဝါ (၃၀၁)သန်းကျော် ရရှိထားတဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာတာလည်း ဖြစ်ပါတယ်။ ဒါဟာ လူပုဂ္ဂိုလ်အနေနဲ့ဆိုရင်တော့ Kylie ဟာ ဒုတိယမြောက် ဖော်လိုဝါအများဆုံး နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Photo: kyliejenner/ Instagram

နာမည်ကျော် ဘောလုံးကစားသမား Cristiano Ronaldo ကတော့ ဖော်လိုဝါ (၃၈၉)သန်းကျော်နဲ့ လူပုဂ္ဂိုလ်တွေထဲမှာ ဖော်လိုဝါအများဆုံး ရရှိထားသူ ဖြစ်နေပါတယ်။ IG ရဲ့ ဖော်လိုဝါအများဆုံး အကောင့်ကတော့ Instagram ရဲ့ official အကောင့်ဖြစ်ပြီး ဖော်လိုဝါ (၄၆၁)သန်းကျော် ရရှိထားပါတယ်။

Photo: kyliejenner/ Instagram

ယခင်ကတော့ IG ရဲ့ ဖော်လိုဝါအများဆုံး အမျိုးသမီးနေရာမှာ နာမည်ကျော်အဆိုတော် Ariana Grande က ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာပဲ Ariana ဟာ ဖော်လိုဝါ (၁၄၆.၅)သန်းကျော် ရရှိပြီး ဖော်လိုဝါအများဆုံး အမျိုးသမီးအဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ ဒီနေရာမှာ နာမည်ကျော်အဆိုတော် Selena Gomez က ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

Photo: kyliejenner/ Instagram

Kylie ဟာ ပြီးခဲ့တဲ့ နှစ်လလောက်အတွင်းမှာ ဆိုရှယ်မီဒီယာကနေ ငြိမ်သက်စွာ နေထိုင်ခဲ့ပေမယ့် သူမရဲ့ ဖော်လိုဝါတက်နှုန်းကတော့ ပိုပြီးမြင့်မားလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမဟာ ချစ်သူ rapper Travis Scott နဲ့ ရရှိတဲ့ ဒုတိယကိုယ်ဝန်ကို လွယ်ထားရပြီး ဆိုရှယ်မီဒီယာမှာ အရင်တုန်းကလောက် active မဖြစ်တော့ဘဲ သီးသန့်နေထိုင်နေတာ တွေ့ရပါတယ်။ ဒါဟာ သူမရဲ့ချစ်သူ Travis Scott ရဲ့ Astroworld Festival မှာ မတော်တဆမှုကြောင့် လူ(၁၀)ဦး သေဆုံးသွားရပြီးနောက်မှာ Kylie လည်း ဆိုရှယ်မီဒီယာကနေ ခေတ္တအနားယူနေတာ ဖြစ်ပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular